နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
iOS Device တွေကိုလုံခြုံအောင် ဘယ်လိုလုပ်မလဲ
======================
🗣ရောင်းရင်းတိုရေ ဒီအပတ်မှာတော့ ပန်းသီးမှ ပန်းသီးဆိုတဲ့ ကိုကို မမ များအတွက် ကိုယ်အသုံးပြုနေတဲ့ iPhone တွေကို ဘယ်လိုလုံခြုံအောင်ပြုလုပ်ရမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

📱iPhone ကိုင်နေပေမယ့်လည်း ဖုန်းတစ်လုံးရဲ့ လုံခြုံစိတ်ချရမှုဆိုတာက Device တစ်လုံးကို သင့်ရဲ့ အသုံးပြုမှုပုံစံ နဲ့ သူတိုရဲ့ကိုယ်ပိုင် Software တွေရဲ့ လုံခြုံမှုအပေါ်အများကြီးမှုတည်သလို အဲ့ဒီ Software တွေကလည်း Vulnerabilities (အားနည်းချက်) တွေရှိနေ နိုင်ပါတယ်။

👉အဒါကြောင့် iOS သုံးတယ်ဆိုရင် ချိန်ညှိထားရမယ့် Setting တွေကိုပြောပြေပေးပါမယ်ဗျို။
Password မမေ့တဲ့ ဆရာကြီးတွေ လက်ထောင်

မေလရဲ့ ပထမဦးဆုံးကြာသပတေးနေ့၊ ဒီနေ့ကတော့ World Password Day ဖြစ်ပါတယ်။
အားလုံးပဲသိတဲ့ အတိုင်း password ဆိုတာက ကျတော်တို့ရဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးနေတဲ့ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး အရာပါပဲ။

World Password Day အမှတ်တရ၊ ရောင်းရင်းတို့ရဲ့ password တွေကို ရှုပ်ရှည်ခက်မှတ် ဆိုသမျိုး ဖြစ်နိုင်အောင်လို့ ကျတော်တို့ ချယ်နေက တင်ထားတဲ့ password နဲ့ ပတ်သတ်တဲ့ စုစည်းမှုကို ပြန်တင်လိုက်ပါတယ်။

"ငါ့ Password သည် ငါ့ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု "

https://t.me/SpringRevSecurity/491

Password Manager

https://t.me/SpringRevSecurity/436

KeepassDX

https://t.me/SpringRevSecurity/51

Keepassium

https://t.me/SpringRevSecurity/346


လုံခြုံတဲ့ လျို့ဝှက်နံပါတ် (Password) ထားနည်း

https://t.me/SpringRevSecurity/56
ကြည့် ကြည့် ကြည့်
============
🗣ရောင်းရင်းတို့ ဒီအပတ် သောကြာနေ့မှာ အားလုံးကို ညွှန်းဆိုလိုတဲ့ ဇာတ်ကားကိုတော့ Hacking နယ်ပယ်ကို မြည်းစမ်းကြည့်လို့ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။

📽ဇာတ်ကားနာမည်ကတော့ "Who Am I" ပဲဖြစ်ပါတယ်။

ဇာတ်ကားအညွှန်းလေး ကိုဖတ်ကြည့်ချင်တယ်ဆိုရင်တော့..

👉https://telegra.ph/Who-Am-I-05-06-7
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===============
🗣ရောင်းရင်းတို့ရေ
👥ရောင်းရင်းတို့အတွက် ဝိုင်းတော်သားတွေက ရှိနေပါမယ်ဗျို့....

📳Privacy ဆန်ဆန်မေးချင်တာ...

📱သိလိုတာတွေအတွက် Admin တို့နဲ့ဆွေးနွေးလိုတာဆိုရင်တော့

💬Comment မှာပြောမယ့်အစား
Clinic ကိုလာခဲ့ပေးပါဗျို့…

Date:11th May,2022
👉Clinic📲Link:https://t.me/SpringSecClinic
အချိန်ကတော့ ထုံစံအတိုင်း 1PM- 3PM ပါဗျို့....
ရောင်းရင်းတို Join နိုင်တဲ့အချိန်ကို Clinic လေးဖွင့်ပေးဖိုစီစဉ်ထားပါတယ်။ အချိန်လေးတွေ Vote ပေးခဲ့ပါဦး။ Clinic အတွက် Feedback တွေလည်း ချန်ခဲ့နိုင်ပါတယ်။
Anonymous Poll
27%
Monday 6-8 PM
73%
Monday 7-9 PM
ကြည့်..ကြည့်,,ကြည့်
===============
🗣ရောင်းရင်းတို့ရေ...

🍿ဒီအပတ်သောကြာမှာတော့ ရောင်းရင်းတို့အတွက် ညွှန်းဆိုလိုတဲ့ဇာတ်ကားကတော့ “The Imitation Game” ပဲဖြစ်ပါတယ်။

▪️ Movie Review လေးကို အောက်မှာ ဆက်ကြည့်ပေးပါဦးဗျို့..

👉https://telegra.ph/The-Imitation-Game-05-13
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===================
ရောင်းရင်းတို့ရေ
အပတ်စဉ် ဗုဒ္ဓဟူး‌ မှာတွေ့နေကြ Clinic လေးအား ရောင်းရင်းတို့အားလုံး ပါဝင်နိုင်ဖို့ Monday ရုံးချိန်လွှတ်အောင်လေး စီစဉ်ထားပြီး ဒီမိုကရေစီဆန်ဆန် Vote ခိုင်းတဲ့အခါမှာတော့ .....Monday (7:00- 9:00 PM) အဖွဲ့က အနိုင်ရသွားပါတယ်ဗျို့…

အပြတ်အသတ်နိုင်သွားတာပါဗျို့..

အဲ့ဒါကြောင့် ဒီနေ့ ညနေ ((7:00- 9:00 PM) မှာ ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်းရှိပါမယ်..

Date:16th May,2022
Clinic📲Link:https://t.me/SpringSecClinic
အချိန်ကတော့ ထုံစံအတိုင်း 7PM- 9PM ပါဗျို့....

ရုံးချိန်လွှတ်အောင် စီစဉ်ထားတာမို့...ဒစ်ဂျစ်တယ်အခက်အခဲများရှိရင် ဆေးခန်း Link လေးကို Click လုပ်ပြီး လာခဲ့ကြပါဗျို့...
IMEI
===========
🗣ရောင်းရင်းတို့ရေ အစိုးရလို့ လုထုကမသတ်မှတ်တဲ့ အကြမ်းဖက်စစ်အုပ်စုကတော့ အာဏသိမ်းစကာစကနေ စပြီး ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို အစဉ်တစ်စိုက် လုပ်ဆောင်လာတာကို အားလုံးသိပြီးတဲ့ အတိုင်းပဲဖြစ်ပါတယ်။

📳တစ်နှစ်နဲ့ သုံးလ အကျော် မေလ (၁၃) ရက်နေ့မှာတော့ ပျံ့နှံထွက်ပေါ်လာတဲ့ သတင်းတွေအရ စစ်ကောင်စီဟာ ပြည်သူများ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေမှာ ပါဝင်တဲ့ IMEI နံပါတ်တွေပေါ်မှာ အခြေပြုပြီး မှတ်ပုံတင်ကာ အခွန်ဆောင်ခိုင်းမယ့် အခြေအနေမျိုး လုပ်ဆောင်ဖို ထပ်မံ ကြိုးပမ်းလာတာတွေ့ရပါတယ်။

👆ဒီအပတ်မှာတော့ ဒစ်ဂျစ်တယ်ဓါတ်စာ အစီအစဉ်ကနေ အားလုံးသဲထိတ်ရင်ဖို ဖြစ်နေတဲ့ IMEI Registration ကိစ္စကို ပြောပြသွားမှာပဲဖြစ်ပါတယ်။

▪️IMEI ဆိုတာဘာလဲ?
▪️IMEI ဘယ်လိုအလုပ်လုပ်လဲ?
▪️IMEI Register လုပ်ထားတဲ့သူတွေအပေါ် ဘာတွေသက်ရောက်မှုရှိမလဲ?
ဝိုင်းတော်သားတွေ တွေးဆနေတဲ့ Concern တွေက ဘာဖြစ်မလဲ? ကို အသေးစိတ်လေး ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။
ကြည့်..ကြည့်..ကြည့်
==========
🗣ရောင်းရင်းတို့ရေ...ဒီတစ်ပတ် သောကြာနေ့မှာတော့ စိတ်အပန်းလည်း ဖြေရင်း ဒစ်ဂျစ်တယ်လုံခြုံရေးအကြောင်းကို နားလည်နိုင်စေမယ့် ရုပ်ရှင်တွေထဲက Series ကောင်းတစ်ခုကို ညွှန်းပေးပါရစေဗျို့။ Series ရဲ့ နာမည်ကတော့ Super Pumped လို့ခေါ်ပါတယ်။

🍿အားလုံး Uber ဆိုတဲ့ ဖုန်းကနေ ကားငှားလို့ရတဲ့ ဝန်ဆောင်မှုအကြောင်းကို ကြားဖူးကြမှာပါ။ ဒီ Series ကတော့ Uber ကုမ္ပဏီရဲ့ လူတွေမသိသေးတဲ့ နောက်ကွယ်ကအကြောင်းအရာတွေကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

▪️၁ နာရီ ကြာမြင့်တဲ့ အပိုင်း ၇ ပိုင်းသာ ပါဝင်ပြီး တစ်ပိုင်းပြီး တစ်ပိုင်း ဆက်ကြည့်ချင်နေအောင် ဆွဲခေါ်သွားနိုင်မယ်ဆိုတာတော့ အာမခံပါတယ်။ ဇာတ်လမ်းအညွှန်းကိုလည်း ဖတ်ကြည့်သွားလို့ရပါတယ်။

▪️ Movie Review လေးကို အောက်မှာ ဆက်ကြည့်ပေးပါဦးဗျို့..

https://telegra.ph/Super-Pumped-2022-05-20