နွေဦးလုံခြုံရေး
9.6K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Elon Musk Vs Twitter
===============
🗣အခုလက်ရှိမှာတော့ Twitter နဲ့ Elon Musk အကြောင်း လူတိုင်းစိတ်ဝင်စားနေကြမှာပါ..

သူဘာတွေဆက်လုပ်မှာလဲ❗️

Twitter ကြီးကရော လုံးဝ Open Sources ဖြစ်သွားမလား❗️
စတဲ့ သို့လော...သို့လော...မေးခွန်းတွေ သင့်ကိုယ်သင်မေးမိနေတယ်မလား..

ရောင်းရင်းတို့ရေ..
နောက်ဖြစ်လာမှာကို အသာထားဦး
လောလောဆယ်တော့ Twitter သုံးနေရင် အကောင့်လေးတော့ လုံခြုံအောင် အရင် Security လေး အရင်မြှင့်လိုက်ပါဦးဗျို့…

https://t.me/SpringRevSecurity/496
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===============
🗣ရောင်းရင်းတို့ရေ
👥ရောင်းရင်းတို့အတွက် ဝိုင်းတော်သားတွေက ရှိနေပါမယ်ဗျို့....

▪️ဒီတစ်ပတ်လုံးတင်ခဲ့တဲ့ Content တွေ App သုံးနည်း အသေးစိတ်ကို မသိလို့ပဲဖြစ်ဖြစ်…စိတ်ထဲမရှင်းလို့ဖြစ်ဖြစ်....

▪️လုံခြုံရေး အကြောင်းများ ဆွေးနွေးချင်ရင်ပဲဖြစ်ဖြစ်

▪️Elon Musk ကြီး Twitter ကိုဘာတွေဆက်လုပ်ဖို့ကြံနေလဲ..အတွေးပွားချင်ရင်ပဲဖြစ်ဖြစ် လုံခြုံရေးဆေးခန်းကို လှမ်းခဲ့ပါဗျို့

🔥မီးပျက်လည်း Mobile Data အကုန်ခံပြီးစောင့်နေပါ့မယ်ဗျာ...

Date: 27th April,2022
Clinic📲Link:https://t.me/SpringSecClinic
အချိန်ကတော့ ထုံစံအတိုင်း 1PM- 3PM ပါဗျို့....
📲Online Learning Platforms
=======================
📚သင်ယူလေ့လာမှုဟာ ဘယ်တော့မှ ရပ်တန့်သွားလို့ မဖြစ်တဲ့ အရာတစ်ခုပါ ရောင်းရင်းတို့ရေ။

▪️ကျောင်းတွေ ပြန်ဖွင့်တာတောင် အာဏာရှင်ကို ဖီဆန်ဖို့ ကျောင်းတံခါးတွေကို ကျောခိုင်းထားရတဲ့ သူတွေဟာလည်း သင်ယူလေ့လာမှုရပ်တန့်သွားပြီး အလုပ်ဝင်တဲ့သူကဝင်၊ ကောင်းမွန်လာမယ့် ပညာရေးကို စောင့်နေကြရတုန်းပါပဲ။

▪️ဒါကြောင့် အင်တာနက်ရတဲ့အခချိန်တွေမှာ အိမ်ကနေ ၊ မိမိရောက်ရှိတဲ့နေရာတွေကနေ လေ့လာသင်ယူနိုင်တဲ့ Online Learning Platforms တွေကို နွေဦးလုံခြုံရေးကနေ ပြောပြပေးသွားပါမယ်.....

▪️တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် Democracy ရတဲ့အချိန် ထိ အသိပညာဗဟုသုတတွေ အဆက်မပြတ်သွားဖို့ လေ့လာသင်ယူရင်း လုံခြုံစွာ‌ တော်လှန်နိုင်ကြပါစေ .....
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
====================
🗣လုံ..ဆိုတဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးအသိကို

⚠️သတိ...ဆိုတဲ့ သတိလေးအမြဲချပ်ပါ..
သတိရဲ့နောက်မှာတော့..

💻လုပ်..ဆိုတဲ့ လုပ်ဆောင်မှုလေးတွေတော့ပါ ပါစေနော်…

အားလုံး ဒစ်ဂျစ်တယ်လုံခြုံတယ် လုံခြုံရေးအတွက် ဆွေးနွေးမေးမြန်းလိုတာ များရှိရင်

👉Clinic📲Link:https://t.me/SpringSecClinic
ကိုသာ လှမ်းခဲ့ပါဗျို့…

👉Date:4th May,2022
အချိန်ကတော့ ထုံစံအတိုင်း 1PM- 3PM ပါဗျို့....
​​အဖိအနှိပ်ခံ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာဖြစ်စဉ်များ (ဧပြီလ - ၂၀၂၂)
=========================
🗣ရောင်းရင်တို့ရေ
အာဏသိမ်းစ Feb (1️⃣), 2️⃣0️⃣2️⃣1️⃣ထက ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေ စတင်လုပ်လာလိုက်တာ..အခုအချိန်ထိပါပဲ…

🗣ဒီနေ့မှာတော့ April လအတွင်း ဖိနှိပ်မှုများကို ရောင်းရင်းတိုသတိပြုမိစေဖို့တင်ပြလိုက်ရပါတယ်..

▪️ဧပြီ (၁) တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ တောင်ပျောက်တိုက်နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးစဉ် အင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။

▪️ဧပြီ (၈) လမ်းလျှောက်သင်္ကြန်ပြုလုပ်ရန်အတွက် စစ်ကောင်စီမှ ပြည်မြို့ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီများထံ ငွေကြေးအဓမ္မတောင်းယူ ခဲ့ပါတယ်။

▪️ဧပြီ (၉) NUG ၊ CRPH ၊ မီဒီယာများနှင့် စစ်တပ်ဆန့်ကျင်သူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများ ဖြုတ်ချပေးရန် စစ်ကောင်စီက ဆက်သွယ်ရေး အော်ပရေတာနှင့် ကုမ္ပဏီများသို့ ညွှန်ကြား၊ လုပ်ဆောင်မပေးပါက အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ပါတယ်။

▪️ဧပြီ (၁၇) ခန္တီးနဲ့ ဟုမ္မလင်းကို အင်တာနက်ပြန်ဖွင့်ပေး ခဲ့ပါတယ်။

▪️ဧပြီ (၁၈) ဖားကန့်မြို့နှင့် အနီးတဝိုက် ဧပြီလ (၄) ရက်နေ့မှ စပြီး Mytel Sim Card ဖြင့် အင်တာနက် ပြန်လည်အသုံးပြုနိုင်ခဲ့ပြီး ဧပြီလ (၁၈) ရက်နေ့ညတွင် ပြန်လည်ပြတ်တောက်ပစ်ခဲ့ပါတယ်။

▪️ဧပြီ (၂၄) တယ်လီနော ပိုင်ရှင်အသစ်က ဆင်းကတ်များအား ပြန်လည်မှတ်ပုံတင်ခိုင်းနေပြီး မှတ်ပုံမတင်သည့် ကတ်အချို့ အထွက်ခေါ်ဆိုမှု ပိတ်ပင်ခံရမှုများရှိနေ ခဲ့ပါတယ်။
iOS Device တွေကိုလုံခြုံအောင် ဘယ်လိုလုပ်မလဲ
======================
🗣ရောင်းရင်းတိုရေ ဒီအပတ်မှာတော့ ပန်းသီးမှ ပန်းသီးဆိုတဲ့ ကိုကို မမ များအတွက် ကိုယ်အသုံးပြုနေတဲ့ iPhone တွေကို ဘယ်လိုလုံခြုံအောင်ပြုလုပ်ရမလဲဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။

📱iPhone ကိုင်နေပေမယ့်လည်း ဖုန်းတစ်လုံးရဲ့ လုံခြုံစိတ်ချရမှုဆိုတာက Device တစ်လုံးကို သင့်ရဲ့ အသုံးပြုမှုပုံစံ နဲ့ သူတိုရဲ့ကိုယ်ပိုင် Software တွေရဲ့ လုံခြုံမှုအပေါ်အများကြီးမှုတည်သလို အဲ့ဒီ Software တွေကလည်း Vulnerabilities (အားနည်းချက်) တွေရှိနေ နိုင်ပါတယ်။

👉အဒါကြောင့် iOS သုံးတယ်ဆိုရင် ချိန်ညှိထားရမယ့် Setting တွေကိုပြောပြေပေးပါမယ်ဗျို။