နွေဦးလုံခြုံရေး
9.6K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
လုံခြုံရေးရေချိန်တိုင်းတာခြင်း
=====================
ရောင်းရင်းတိုတော်တော်များများ မေးလေ့ရှိတာက
Signal နဲ့ Telegram က ဘယ်တစ်ခုပိုလုံခြုံလဲ?
Viber ကရော?
ပုံဖွက်တဲ့ App တွေကရော အဆင်ပြေနိုင်ရဲ့လား?

စတဲ့မေးခွန်းတွေအတွက် App တစ်ခုရဲ့ လုံခြုံရေး ရေချိန်ကို ဘယ်လိုတိုင်းတာလဲဆိုတာ ပြောပြပေးထားပါတယ်ဗျို..

ဖတ်ကြည့်ပြီး ဆွေးနွေးလိုတာများလည်း Comment မှာဖြည့်စွက်ပေးပါဦးဗျို...
Elon Musk Vs Twitter
===============
🗣အခုလက်ရှိမှာတော့ Twitter နဲ့ Elon Musk အကြောင်း လူတိုင်းစိတ်ဝင်စားနေကြမှာပါ..

သူဘာတွေဆက်လုပ်မှာလဲ❗️

Twitter ကြီးကရော လုံးဝ Open Sources ဖြစ်သွားမလား❗️
စတဲ့ သို့လော...သို့လော...မေးခွန်းတွေ သင့်ကိုယ်သင်မေးမိနေတယ်မလား..

ရောင်းရင်းတို့ရေ..
နောက်ဖြစ်လာမှာကို အသာထားဦး
လောလောဆယ်တော့ Twitter သုံးနေရင် အကောင့်လေးတော့ လုံခြုံအောင် အရင် Security လေး အရင်မြှင့်လိုက်ပါဦးဗျို့…

https://t.me/SpringRevSecurity/496
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===============
🗣ရောင်းရင်းတို့ရေ
👥ရောင်းရင်းတို့အတွက် ဝိုင်းတော်သားတွေက ရှိနေပါမယ်ဗျို့....

▪️ဒီတစ်ပတ်လုံးတင်ခဲ့တဲ့ Content တွေ App သုံးနည်း အသေးစိတ်ကို မသိလို့ပဲဖြစ်ဖြစ်…စိတ်ထဲမရှင်းလို့ဖြစ်ဖြစ်....

▪️လုံခြုံရေး အကြောင်းများ ဆွေးနွေးချင်ရင်ပဲဖြစ်ဖြစ်

▪️Elon Musk ကြီး Twitter ကိုဘာတွေဆက်လုပ်ဖို့ကြံနေလဲ..အတွေးပွားချင်ရင်ပဲဖြစ်ဖြစ် လုံခြုံရေးဆေးခန်းကို လှမ်းခဲ့ပါဗျို့

🔥မီးပျက်လည်း Mobile Data အကုန်ခံပြီးစောင့်နေပါ့မယ်ဗျာ...

Date: 27th April,2022
Clinic📲Link:https://t.me/SpringSecClinic
အချိန်ကတော့ ထုံစံအတိုင်း 1PM- 3PM ပါဗျို့....
📲Online Learning Platforms
=======================
📚သင်ယူလေ့လာမှုဟာ ဘယ်တော့မှ ရပ်တန့်သွားလို့ မဖြစ်တဲ့ အရာတစ်ခုပါ ရောင်းရင်းတို့ရေ။

▪️ကျောင်းတွေ ပြန်ဖွင့်တာတောင် အာဏာရှင်ကို ဖီဆန်ဖို့ ကျောင်းတံခါးတွေကို ကျောခိုင်းထားရတဲ့ သူတွေဟာလည်း သင်ယူလေ့လာမှုရပ်တန့်သွားပြီး အလုပ်ဝင်တဲ့သူကဝင်၊ ကောင်းမွန်လာမယ့် ပညာရေးကို စောင့်နေကြရတုန်းပါပဲ။

▪️ဒါကြောင့် အင်တာနက်ရတဲ့အခချိန်တွေမှာ အိမ်ကနေ ၊ မိမိရောက်ရှိတဲ့နေရာတွေကနေ လေ့လာသင်ယူနိုင်တဲ့ Online Learning Platforms တွေကို နွေဦးလုံခြုံရေးကနေ ပြောပြပေးသွားပါမယ်.....

▪️တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် Democracy ရတဲ့အချိန် ထိ အသိပညာဗဟုသုတတွေ အဆက်မပြတ်သွားဖို့ လေ့လာသင်ယူရင်း လုံခြုံစွာ‌ တော်လှန်နိုင်ကြပါစေ .....