နွေဦးလုံခြုံရေး
9.59K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Cloud Storage Security
==================
🗣နေဦးလုံခြုံရေး Channel ကရောင်းရင်းတွေ မေးလေ့ရှိတဲ့ မေးခွန်းတွေထဲမှာ

▪️ထရှလွယ် Data တွေကို ဘယ်မှာသိမ်းရမလဲ

☁️Cloud Storage ပေါ်မှာသိမ်းထားရောလုံခြုံရဲ့လား

💻Google Drive လုံခြုံရေး အတွက် ဘာလုပ်ရမလဲ

အဲ့မေးခွန်းတွေအတွက် Cloud Storage Security နဲ့ပက်သက်ပြီးမျှဝေပေးထားပါတယ်ဗျို…

ဒီ Content လေးကိုဖတ်ရင်း Gmail Security မတိုးမြှင့်ရသေးဘူးဆိုရင်

👉https://t.me/SpringRevSecurity/77

Datshin/ MMreporter မသုံးတတ်သေးဘူးဆိုရင်

👉https://t.me/SpringRevSecurity/214

👉https://t.me/SpringRevSecurity/279

Link တွေကို ဝင်ပြီးတော့ အသေးစိတ်ဖတ်ပြီး လိုက်လုပ်ပေးကြပါဦးဗျို…

👥Cloud Storage နဲ့ပက်သက်ပြီး ရောင်းရင်းတိုသိတာလေးတွေလည်း Comment မှာအချင်းချင်းဝေမျှပေးပါဦးဗျို...
Ex Machina
=========
🗣ရောင်းရင်းတို့ရေ…

☄️မီးပျက်တာကို အသားကျလို့မရဘူးနော်..ပိတ်လောင်မှုတွေကြားမှ...စိတ်အပန်းဖြေဖို့လည်း မမေ့ကြနဲ့ဗျို့...

💻သောကြာနေ့မှာတော့ ထုံစံအတိုင်းပဲ ကြည့်..ကြည့်..ကြည့် အစီအစဉ်ကနေ ညွှန်းဆိုလိုတဲ့ ဇာတ်ကားကတော့ “Ex Machina” ပဲဖြစ်ပါတယ်။

👉https://telegra.ph/Ex-Machina-03-25
​​နွေဦးလုံခြုံရေး ချယ်နယ် တစ်နှစ်ပြည့်
=========================
🗣ရောင်းရင်းတို့ရေ...တော်လှန်ရေးကြီး အဓွန့်ရှည်မယ်ဆိုတာသိလျက်နဲ့ တော်လှန်ရေး နဲ့အတူရပ်တည်နေခဲ့တဲ့ ရပ်တည်နေဆဲဖြစ်တဲ့ ဒစ်ဂျစ်တယ်လုံခြုံရေး Channel ဟာ ဒီနေ့မှာ (1️⃣)နှစ်တင်းတင်းပြည့်ခဲ့ပြီမို့....

🙏ပထမဆုံးအနေနဲ့ ကျေးဇူးတင်စကား ဆိုလိုက်ရပါတယ်..တော်လှန်ရေးမှာသိ..တော်လှန်ရေးမှာ အချင်းချင်းဆုံတွေခဲ့ကြရတဲ့ ရောင်းရင်းတွေကို ဝိုင်းတော်သားတွေက အင်မတန်မှ ကျေးဇူးတင်ရှိသလို…ရင်ဘတ်ချင်း..ရင်ခုန်သံချင်း တစ်ထပ်တည်းမကျရင်တောင် အတိုင်းအတာ တစ်ခုထိနီးစပ်ခဲ့တာမို့....

🙏ယနေ့ အချိန်ထိ Channel ကို Subscribe လုပ်ပြီး မထွက်သွားပဲ Channel ထဲမှာ စည်းချက်ညီညီ စီးမျောလိုက်ပါခဲ့တဲ့ အတွက်လည်း အင်မတန်မှ ဝမ်းသာရကြောင်းပါဗျို့....

🗣Channel ရဲ့ ရပ်တည်ချက် ကတော့ အားလုံးသိနှင့်ပြီးသားဖြစ်တဲ့အတိုင်း ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာကို လက်နက်သဖွယ် အသုံးချပြီး ဖိနှိပ်လာတဲ့ တော်လှန်ရေးအခင်အကျင်းမယ်....ရှိတဲ့နေရာမှာ တော်လှန်ရေး စိတ်ဓါတ်မွေးမြူရင်း...ရရာကနေတော်ဖို..အဓိကဖြစ်တဲ့ ဒစ်ဂျစ်တယ် ပိုင်းဆိုင်ရာမှာလည်း လုံခြုံစွာနဲ့ တော်လှန်နိုင်ဖိုကို ရည်ရွယ်ပြီးရပ်တည်ခဲ့တာဖြစ်သလို...ဒစ်ဂျစ်တယ် အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့တစ်စိတ်တစ်ပိုင်း အကူအညီပေးဖို့ရည်ရွယ်ခဲ့တာပါ....

တစ်နှစ်တာအတွင်းပြန်ကြည့်ခဲ့မယ်ဆိုရင်တော့...
📍Channel အနေနဲ့ Content ပေါင်း 200
📍Clinic မှာလာရောက်ဆွေးနွေးမှုပေါင်း 231 ခုကို .ကိုဖြေရှင်းပေးနိုင်ခဲ့ပါတယ်.....

ရောင်းရင်းတို့ရေ… တစ်နှစ်တာဆိုတဲ့ အချိန်မှာ..ဝိုင်းတော့သားတွေဆီ...ရောင်းရင်းတို့...📩📮ဖွင့်ပေးစာ တစ်စောင်ပေးခွင့်ရှိမယ်ဆိုရင်…


👁‍🗨ရင်ထဲမှာရှိတဲ့ စကားလုံးတစ်လုံးလား

👁‍🗨ဝိုင်းတော်သား တွေကို ပြန် ကောမှာလား

👁‍🗨ဒါမှမဟုတ်...အကြံပြုချက်တွေနဲ့ Channel အပေါ်မျှော်လင့်ချက်တွေလား

မျှော်လင့်မိတယ်ဗျို့...တွေးရင်းနဲ့တောင် ရင်တွေခုန်တယ်လို့...ပြောပါရစေ....
တစ်နှစ်တာအတွက်...အိပ်ဖွင့်ပေးစာပေးမယ်ဆိုရင်တော့ဖြင့် link လေးမှာလာပေးလိုရပါတယ်...

📮 အိတ်ဖွင့်ပေးစာ ပေးရန် Link: https://t.me/SpringSecClinic

စကားလုံးလောက်တော့ လာပြောဖို့...ထိုက်တန်လို့တော့ယူဆပါရစေဗျ.....

🎁 ဒါနဲ့ ဘာပဲဖြစ်ဖြစ် မွေးနေ့ဆိုတော့ လက်ဆောင်တောင်းမယ်ဗျာ....
Channel မှာ ရှိတဲ့ရောင်းရင်းတို့အနေနဲ့ ဒီ Channel မှာရှိနေခြင်းက အဓိပ္ပါယ်ရှိတယ်ဆိုရင်..ဒါမှမဟုတ်..အကျိုးရှိတယ်လို့ခံစားရရင်…

🎁အနည်းဆုံး ကိုယ့်အနီးစပ်လူ (5️⃣)ယောက်ကို Channel link Share ပြီးမျှဝေပေးပါ....🎁

Subscriber တွေများမှ..ဆိုတာမျိုးမဟုတ်ပဲနဲ့ တကယ်ပဲ လူတိုင်းဒစ်ဂျစ်တယ် ခေတ်ကြီးနဲ့အတူ တော်လှန်ရေးရေးအခင်းအကျင်းမှာ..လုံခြုံဖို့လိုတယ်ဆိုတာ..လေးလေးနက်နက်မျှဝေပေးချင်လို့ပဲဖြစ်ပါတယ်..

ဝိုင်းတော်သားတွေရဲ့ စိတ်ရင်းကိုယ့်လူတိုသိပြီးသားဟုတ်....

လုပ်ရမှာက (၂) ခုတည်းနော်....

📩ရင်ဘတ်ထဲက စကားတွေကို အိတ်ဖွင့်ပေးစာအနေနဲ့ရေးပေး
🎁ကိုယ်နဲ့ အနီးစပ်ဆုံးသူ (၅)ယောက်ကို Subscriber ခေါ်ဖိုပဲဗျို့....

တော်လှန်ရေးအခင်းအကျင်းကြီးမယ်...ရောင်းရင်းတိုနဲ့ အတူရပ်မည့်...ဒစ်ဂျစ်တယ် လုံခြုရေးမှ ဝိုင်းတော်သားများ...
🗣ရောင်းရင်းတို့ရေ
ရောင်းရင်းတို့အတွက် ဝိုင်းတော်သားတွေက ရှိနေပါမယ်ဗျို့....

📩တစ်နှစ်တာအတွက် စကားလာပြောမယ်ဆိုလည်းရတယ်နော်...

📍ဒါမှမဟုတ် ဒီတစ်ပတ်လုံးတင်ခဲ့တဲ့ Content တွေ App သုံးနည်း အသေးစိတ်ကို မသိလို့ပဲဖြစ်ဖြစ်…
📍စိတ်ထဲမရှင်းလို့ဖြစ်ဖြစ်....
📍ကောင့်လုံခြုံရေး...ဆက်သွယ်မှုတွေအတွက် လုံခြုံရေး အကြောင်းများ ဆွေးနွေးချင်လည်း ကျွန်တော်ဆီသာ လှမ်းခဲ့လိုက်ပါတော့လို့

🔥မီးပျက်လည်း သစ္စာရှိစွာ စောင့်နေလျက်ပါနော်…

Date: 30th March,2022
Clinic📲Link:https://t.me/SpringSecClinic
အချိန်ကတော့ ထုံစံအတိုင်း 1PM- 3PM ပါဗျို့....
အသိပေးချက်။ ။ Tera Box အသုံးပြုပုံ content နှင့် စပ်လျှင်း၍ Admin team မှ ပြန်လည် စစ်ဆေးမှုများပြုလုပ်နေပြီး၊ အမြန်ဆုံး ပြန်လည် ပြုပြင်တင်ဆက်ပေးသွားမည်ဖြစ်ပါတယ်။ အကြံပေးမှုများကိုလဲအထူး‌ကျေးဇူးတင်ပါတယ် 🤎
ကြည့်..ကြည့်...ကြည့်
==============
🗣ရောင်းရင်းတို့ရေ…

🗣ဒီနေ့က April Fool နော်....

⚠️သတိလည်း ကြီးကြီးထားပေးပါဦးဗျို့...
တော်ကြာ...အချင်းချင်းတွေပတ် ဆေးထိုးခံရနေဦးမယ်....

ဘာပဲပြောပြော ဒီနေ့လို Friday မှာကြည့်ပြီး Chill လို့ရမယ့် ဇာတ်ကားလေး
ညွှန်းဆို လိုက်ရပါတယ်။

💻ဒီနေ့မှာညွှန်းဆိုလိုတဲ့ ဇာတ်ကားလေးရဲ့ နာမည်လေးကတော့ "Snowden” ဆိုတဲ့ ဖြစ်ရပ်မှန်ပေါ် အခြေခံပြီးရိုက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

👉https://telegra.ph/Edward-Snowden-04-01
Happy 2 FA ( FA + FA = 2FA )

FA ဆိုတာနဲ့ ထာဝရ အထီးကျန် ကျန်ရစ်ကြီးတွေဖြစ်တဲ့ channel က ရောင်းရင်းတွေက ကိုယ့်ကိုများ‌ စောင်းပြောပြီလားဟဲ့လို့ ထင်သွားကြပီမှတ်လား ? မဟုတ်ပါဘူး လို့ ဒီ FA က ရောင်းရင်းတို့ ဒစ်ဂျစ်တယ်ဘဝအတွက် အင်မတန် အရေးပါတဲ့ FA ကြီးမလို့ 👉👉 https://telegra.ph/Happy-2FA--FA-FA-2FA-04-04 ဝင်ဖတ်ကြည့်လိုက်ကြပါတော့ ......
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
====================
ကဲ...ရောင်းရင်းတို့ရေ..
နှစ်သစ်လည်း ရောက်တော့မှာမို့…
နှစ်ဟောင်းက ဒစ်ဂျစ်တယ် အကျင့်ဆိုးတွေကိုဖျောက်လို့
နှစ်သစ်မှာ...ဒစ်ဂျစ်တယ် အလေ့သစ်တွေနဲ့ လုံခြုံစွာနေထိုင်ကြဖို့လိုပါတယ်ဗျို့....

နှစ်မကူခင်...အခါတော်မှီလေး...လုံခြုံချင်တယ်ဆိုရင်တော့ဖြင့်
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်းသို့ အမြန်ဆုံးသာ လှမ်းခဲ့လိုက်တော့ဗျို့...

Date: 6th April,2022
Clinic📲Link:https://t.me/SpringSecClinic
အချိန်ကတော့ ထုံစံအတိုင်း 1PM- 3PM ပါဗျို့....
​​အဖိနှိပ်ခံ ဒီဂျစ်တယ်ရပ်ဝန်းဆိုင်ရာဖြစ်စဉ်များ (မတ်လ - ၂၀၂၂)
==========================
🗣ရောင်းရင်တို့ရေ
အာဏသိမ်းစ Feb (1️⃣), 2️⃣0️⃣2️⃣1️⃣ထက ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေ စတင်လုပ်လာလိုက်တာ..အခုအချိန်ထိပါပဲ…

🗣ဒီနေ့မှာတော့ March လအတွင်း ဖိနှိပ်မှုများကို ရောင်းရင်းတိုသတိပြုမိစေဖို့တင်ပြလိုက်ရပါတယ်..

▪️မတ်လ (၂)- စစ်ကောင်စီ၏ Wave Money မှ တဆင့် တော်လှန်ရေးဆိုင်ရာ ထောက်ပံ့မှုများကို လိုက်လံဖမ်းဆီးမှုဆိုင်ရာ များကြောင့် တော်လှန်ရေး ရန်ပုံငွေ ကောက်ခံသည့်အဖွဲ့တစ်ချို့ခေတ္တရပ်နားကြောင်းကြေငြာခဲ့ရပါတယ်။

▪️မတ်လ (၃)- မုံရွာ၊ စစ်ကိုင်း၊ ကလေး၊ ရွှေဘို (၄) မြိုနယ်မှ အပ စစ်ကိုင်းတိုင်းအတွင်းရှိ မြိုနယ်များအားလုံးနီးပါး အင်တာနက်ဖြတ်တောက်ခံရခဲ့ပါတယ်။

▪️မတ်လ (၉)– တယ်လီနောထိပ်တန်းအရာရှိအချို မြန်မာပြည်မှ ထွက်ခွာခွင့်မရ ကြောင်း နော်ဝေးသတင်းများတွင် ဖော်ပြခဲ့ပါတယ်။

▪️မတ်လ (၁၂)ဖုန်းခေါ်ဆိုမှုများနှင့်မက်ဆေ့ချ်များကို တပြိုင်နက်စောင့်ကြည့် ကြားဖြတ်နားထောင်နိုင်သော Gateway များကို ဂျာမန်ကုမ္ပဏီထံမှ တယ်လီနော ဝယ်ယူတပ်ဆင်ထားသည်ဟု Justice for Myanmar မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

▪️မတ်လ (၁၆)ကြားဖြတ်ကိရိယာများ မတပ်ဆင်လိုသဖြင့် တယ်လီနောမြန်မာကုမ္ပဏီကို ရောင်းချခြင်းဖြစ်ကြောင်း တယ်လီနောမှ ပြန်လည်ချေပမှုတွေရှိခဲ့ပါတယ်။

▪️မတ်လ (၁၈)တယ်လီနောရောင်းချမှုအတည်ပြု - စစ်တပ်ကျောထောက်နောက်ခံ ရွှေဗျိုင်းဖြူကုမ္ပဏီအနေဖြင့် အစုရှယ်ယာ (၈၀) ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။

▪️မတ်လ (၂၄) တယ်လီနောမြန်မာအား ဝယ်ယူခွင့်ရသည့် Investcom PTE ကုမ္ပဏီတွင် တပ်ချုပ်သမီးရှယ်ယာပါဝင်နေကြောင်းပါ။h
Tera Box
=======
🗣နွေဦးရောင်းရင်းတို့ရေ

🗣31ရက်နေ့ကတင်တဲ့ Tera Box Content လေးအတွက် ပြန်လည်ဖြည့်စွက် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။

👁‍🗨ကုမ္ပဏီရဲ့ နောက်ကြောင်းလေးနဲ့အတူ Tera သုံးရင် သိသင့်အချက်အလက်တွေကို ဝိုင်းတော်သားတွေက ထပ်မံပြင်ဆင် ဖြည့်စွက်ထားတာမို့..သေချာလေးပြန်ဖတ်ပေးကြပါဦးဗျို့......