နွေဦးလုံခြုံရေး
9.38K subscribers
2.19K photos
12 videos
6 files
589 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Whatsapp Account လုံခြုံရေး
====================
▪️Whatsapp က End-to-End Encryption လား❗️
▪️Whatsapp အကောင့်မှာ 2FA ထားလို့ရလား
▪️Whatsapp မှာ Disappearing Message လုပ်လို့ရလား⁉️

🗣ရောင်းတို့ရေ ဒီအပတ်မှာတော့ Whatsapp လုံခြုံရေးလေးပြောပြပေးထားပါတယ်ဗျို့..

▪️အသေးစိတ်ကြည့်ပြီး Security နဲ့ Privacy Setting လေး တွေချိန်ညှိကြပါဦးနော်....

▪️လုပ်လို့မရတာလေးတွေရှိရင်လည်း Comment လေးမှာ မေးပေးကြဦးဗျို့…
The Internet's Own Boy
==================
🗣အသိပညာဟာ အခမဲ့ဖြစ်သင့်တယ်၊ လူတိုင်းရရှိသင့်တယ်ဆိုတဲ့ အတွေးအခေါ် နဲ့ လူငယ်တစ်ယောက်ဟာ တက္ကသိုလ်တစ်ခုရဲ့ အသိပညာအစုအဝေးကြီး တစ်ခုလုံးကို လူတိုင်းလက်လှမ်းမီနိုင်အောင် လုပ်ပေးလိုက်တဲ့အခါမှာ အမေရိကန်အစိုးရရဲ့ စွဲချက်တွေကိုခံရပြီး ထောင်ဒဏ် ၂၅ နှစ် နဲ့ $ 1 Million ပါ ပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတော့တယ်။

🗣အစိုးရက သူတို့အချက်အလက်တွေကို လူတွေဆီဖြန့်ဝေဖို့ ကြိုးစားတဲ့သူတွေကို ဉပမာအနေနဲ့ လုပ်ပြဖို့ Aaron Swartz ဆိုတဲ့ လူငယ်တစ်ယောက်ကို ကြီးမားလေးလံတဲ့ ပြစ်ဒဏ်တွေ ချမှတ်ပစ်ခဲ့ပါတယ်။

🗣အသိပညာဟာ ငွေကြေးတတ်နိုင်တဲ့သူတွေသာ ပိုင်ဆိုင်နိုင်တဲ့ အရာတစ်ခုဖြစ်ပါသလား

👉ဒီရုပ်ရှင်လေးကို ဒီတစ်ပတ် ကြည့်ကြည့်ကြည့် အစီအစဉ်အတွက် ရွေးချယ်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေး နဲ့ ရုပ်ရှင်ကြည့်နိုင်တဲ့ LInk ကိုလည်း အောက်က Instant Article ထဲမှာ ကြည့်ရှုလို့ရပါတယ်။

👉https://telegra.ph/Kyi-Kyi-Kyi-02-25 in
👍1
Facebook Profile Lock
===================
နွေဦးလုံခြုံရေး ရောင်းရင်းတို့ရေ .....

ဒီရက်ပိုင်း တို့ ပြည်သူတွေ အပြစ်မဲ့ ဖမ်းခံရတာ .... အိမ်တွေချိတ်ပိတ်သွားတာ .... ကိုယ်ရဲ့ Facebook မှာတော်လှန်ရေးနဲ့ ပတ်သတ်တဲ့ post တွေ Share ရုံ တင်ရုံ နဲ့ ကိုယ့် Profile ကို Screenshot တွေနဲ့ တကွ တင်ခံရပြီး လုံခြုံမှုမရှိတော့ပဲ အဖမ်းခံလိုက်ရတာမျိူးတွေ ကြုံနေရတာ သိပ်ကိုရင်နာစရာကောင်းလှပါတယ်

ဒါဟာ တော်လှန်ရေး အစောပိုင်းကာလတွေတုန်းက ရခဲ့တဲ့ လွဲမှားတဲ့ အယူအဆတွေကြောင့်ပါပဲ

ကျနော်တို့ဟာ ကိုယ်လုပ်နေတဲ့ ကိစ္စတွေ ကိုယ်ပါဝင်နေတဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး လူသိဖို့ လိုအပ်ကောင်းလိုအပ်ခဲ့ပါလိမ့်မယ် ... ဒါပေမယ့် ဒီနေ့ဒီချိန်မှာတော့ မိမိ ဘေးအန္တရာယ် , လူယုတ်မာ အန္တရာယ်တွင်း ထဲကို မကျရောက်သ၍ မိမိ ဘေးကင်းအသက်ရှင်နေသ၍ စိတ်တိုင်းကျ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် ။

ဒါကြောင့် ဒီကနေ အဓိက မှာချင်တာကတော့ မိမိ Facebook အကောင့်ကို Profile Lock လုပ်ထားကြပါ ။

Profile Lock လုပ်တာဟာ ရှက်စရာမဟုတ်ပါဘူး ။
မိမိကိုယ်ကို‌ ကာကွယ်ကြပါ ။ Privacy ဆိုတာမရှိတော့တဲ့ အခြေအနေမှာ မိမိကသာ မိမိ Privacy ကို ကာကွယ်ရမှာပါ ။ ကျနော်တို့ပြည်သူတွေ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဒစ်ဂျစ်တယ်ပေါ်က အချက်အလက်တွေကြောင့် လူကိုယ်တိုင် မထိခိုက်နိုင်ကြဖို့ Profile Lock ချထားသင့်တဲ့အပြင် တခြားလိုအပ်တဲ့ Privacy / Security setting တွေပါ ချိန်ညှိပြင်ဆင် ထားကြဖို့ အထူး တိုက်တွန်းလိုက်ရပါတယ်....

Profile Lock ပြုလုပ်နည်း ဒီမှာကြည့်ပါ 👉https://t.me/SpringRevSecurity/31

Facebook Privacy / Security setting ချိန်ညှိနည်း 👉https://t.me/SpringRevSecurity/60
ဒစ်ဂျစ်တယ် လုံခြုံရေးဆေးခန်း
================
⚠️ညဘက်သန်းခေါင်စာရင်းလာစစ်ရင် ကြောက်နေပြီလား?

Telegram အကောင့်တွေ ဘယ်ကစဖျက်ရမှန်းမသိဘူးလား

ဒါမှမဟုတ် YouTube History တွေ ဖျက်ရမှာ တိုင်ပတ်နေတုန်းလား⁉️

Facebook အကောင့်နှစ်ခုကြားမှာ ဗျာများနေတုန်းလားဗျ❗️

အဲ့လိုဆိုရင်တော့ Clinic ကိုသာ လှမ်းခဲ့ပါတော့လို့ ဖိတ်ခေါ်ပါရစေဗျာ…
.

📌Clinic📲Link:https://t.me/SpringSecClinic

အချိန်ကတော့ 🕐1PM-3PM ထိ ပါနော်..
🔺 ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လအတွင်း လှုပ်လှုပ်ရှားရှား ဒီဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ 🔺


ဖေဖော်ဝါရီ (၂) ၂၀၂၂ - တောင်ကြီးမြို၌ စစ်ကောင်စီနှင့် PNO ပူးပေါင်းပြီး VPN အသုံးပြုခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း MeKongNews သတင်းဋ္ဌာနမှ တင်ပြခဲ့။

ဖေဖော်ဝါရီ (၄) ၂၀၂၂ - မြန်မာစစ်တပ်၏ မိတ်ဖက်ကုမ္ပဏီ ရွှေဗျိုင်းဖြူသည် တယ်လီနော၏အဓိက ရှယ်ယာပိုင်ရှင်ဖြစ်လာနိုင်ကြောင်း သတင်းများစတင်ထွက်ပေါ်ခဲ့။

ဖေဖော်ဝါရီ (၅) ၂၀၂၂ - စဉ့်ကိုင်စျေးနှင့်မြင်းခြံ စံပြစျေးတွင် စျေးရောင်းသူ ၁၂ ဦးအပါအဝင် ပိုစ့်တင်သူ ၄၃ ဦးအား နစကမှ အရေးယူမှုများ ပြုလုပ်ခဲ့။

ဖေဖော်ဝါရီ (၇) ၂၀၂၂ - ဖုန်းအသုံးပြုသူများ၏ အသုံးပြုမှုမှတ်တမ်းနှင့် အချက်အလက်များအား စစ်တပ်မှ တောင်းယူခဲ့မှုများရှိနေပြီး တယ်လီနော အနေဖြင့် စစ်တပ်အားပေးအပ်ခဲ့ရမှုများရှိကြောင်း Myanmar Now သတင်းဋ္ဌာန၏ စုံစမ်းမှုများအရေ သိရှိရ။

ဖေဖော်ဝါရီ (၈) ၂၀၂၂ - အင်တာနက် ဖြတ်တောက်ခံထားရသော မတူပီတွင် တာဝါတိုင်များ ဆီဖြည့်မလည်ပတ်နိုင်သဖြင့် ဖုန်းလိုင်းများပါ ထပ်မံပြတ်တောက်။

ဖေဖော်ဝါရီ (၁၂) ၂၀၂၂ - ယမန်နေ့က ရန်ကုန်မြို (၂၆) မြိုနယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်မည်ဟု အတည်မပြုနိုင်သည့် သတင်းများပျံ့နှံပြီးနောက် ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရန်ကုန်မြိုမြိုနယ်အတော်များများတွင် စစ်ကောင်စီက မနက် (၄) နာရီမှ ညနေ (၄) နာရီ ဝန်းကျင်အထိ စကစမှ မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုမှုအား ဖြတ်တောက်ခဲ့ပြီး နေပြည်တော်အပါအဝင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံအပြားမှ မြိုကြီးများတွင် မိုဘိုင်း အင်တာနက်ဖြတ်တောက်ခံရမှုများ ကြုံတွေ့ရ။

ဖေဖော်ဝါရီ (၂၀) ၂၀၂၂ - မိုဘိုင်းဖုန်းအသုံးပြုမှုများအား 21/22/23 ရက်နေ့များတွင် ပြတ်တောက်နိုင်သည့်အတွက် စကစ ရဲတပ်စခန်းများတွင် ကြိုတင််ပြင်ဆင်ကြရန် လျှိဝှက်ညွှန်ကြားထား သည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြိုကြီးများတွင် ပျက်တောက်မှုများ မဖြစ်ပေါ်ခဲ့။

ဖေဖော်ဝါရီ (၂၂) ၂၀၂၂ - ကရင်ပြည်နယ်၊ ကော့ကရိတ် မြိုနယ်၊ အံဖလေးရွာဒေသခံများ၏ လက်ကိုင်ဖုန်းများကို စစ်ကောင်စီတပ်ဖွဲဝင်များက သိမ်းဆည်းခဲ့ကြောင့် ဒေသသတင်းမီဒီယာ တစ်ခုဖြစ်သည့် သံလွင်ခတ်မှ ဖော်ပြ

ဖေဖော်ဝါရီ (၂၅)၂၀၂၂ - မော်လိုက်မြိုတွင် Mpt, Ooredoo, Mytel ဖုန်းလိုင်းများဖြတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း telegram Channel များတွင် တွေ့ရှိခဲ့ရပါသည် ။
❗️ တချို့သော ဒေသတွေမှာ အင်တာနက်ပြတ်တောက်မှုတွေ ဖုန်းလိုင်းပြတ်တောက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ် ဆိုတဲ့ သတင်း အမှန်/အမှား မခွဲခြားနိုင်သေးတဲ့ သတင်းတွေပျံ့နှံ့နေပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကြိုတင်ပြင်ဆင်ထားတာတော့မမှားဘူးပေါ့ဗျာ❗️

ဒါကြောင့် အင်တာနက်နှင့် ဖုန်းလိုင်းများပြတ်တောက်သွားသည့်အခါတွင် အသုံးပြုနိုင်သော ဆက်သွယ်ရေး Application ဖြစ်သော Briar > https://t.me/SpringRevSecurity/204 နှင့် အင်တာနက်များ ပြတ်တောက်သွားချိန်တွင် အသုံးပြုနိုင်သော ဆက်သွယ်ရေး Application Silence > https://t.me/SpringRevSecurity/264 ကိုပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

မိမိဖုန်းထဲတွင် ရှိပြီးသားသူများကလဲ ကြိုတင် Set up လုပ်ထားသင့်ပြီး မရှိသေးတဲဲ့လူများကလဲ အင်တာနက်ရတုန်းလေး download လုပ်ပြီး ကြိုတင်ဖတ်ရှုထားကြပါဦးနော် မတော်မဆများပြတ်တောက်သွားတဲ့ အချိန်မျိုးတွေမှာ ဆက်သွယ်မှုမပြတ်တောက်သွားနိုင်အောင်ကြိုတင်ပြင်ဆင်ထားကြပါရန် ...အသိပေးလိုက်ရပါတယ်။
Seen မပြတော့သောစာများ

စစ်ကိုင်းတိုင်းက မြို့တစ်ချို့ အင်တာနက် စတင်ပြတ်တောက်သွားပြီလို့ သိရပါတယ်။ စစ်ကိုင်းက အသိမိတ်ဆွေတွေကို ပို့တဲ့ စာတွေဟာ Seen မဖြစ်တော့ဘူး မဟုတ်လားဗျို့၊​ဒါပေမယ့် ဘယ်မြို့တွေပြတ်တောက်သွားပြီလဲတော့ လုံးဝ အတိအကျမသိရသေးပါဘူး။​ စစ်ကိုင်းတိုင်း က မြို့တွေထဲက အသိမိတ်ဆွေတွေကို ဆက်သွယ်လို့မရတော့ဘူးဆိုရင် ကျေးဇူးပြုပြီး Comment မှာ ဆက်သွယ်လို့မရတော့တဲ့ မြို့တွေကို ရေးပေးခဲ့ကြပါဦး။​ ဘယ်မြို့တွေ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်သွားကြပြန်ပြီလဲ။ ဒီစာကိုလည်း နီးစပ်ရာတွေဆီဖြန့်ပြီး လက်လှမ်းမှီသူတွေ ပြောပြကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။
📶အင်တာနက်တွေ ပြတ်တောက်တဲ့ အချိန်မှာ သတင်းတွေကိုမှတ်တမ်းတင်လို့ရမလဲ

📵အင်တာနက် ပြတ်တောက်အောင်လုပ်ပြီး သတင်း အမှောင်ချထားခံရတဲ့ အချိန်မှာ

📍သတင်းစီးဆင်းမှုတွေ အဆက်မပြတ်သွားဖို့

📍ဖြစ်ပျက်သမျှကို လုံခြုံစွား မှတ်တမ်းတင်ထားနိုင်ဖို့အရေးကြီးပါတယ်…

⁉️ဘယ်လို Application တွေသုံးရမလဲ?ဘယ်လို မှတ်တမ်းတင်ထားရမလဲသိချင်ရင်တော့ အောက်က Link လေးတွေမှာ ကြည့်လို့ရပါတယ်ဗျို့..

သိပြီးရင်လည်း ရောင်းရင်းမိတ်ဆွေတွေကို ဝေမျှပေးပါဦးဗျို့..


ဆိုရင် App လေးတွေသုံးဖို့လိုပါလိမ့်မယ်

👉MM Reporter: https://t.me/SpringRevSecurity/274

👉Datshin: https://t.me/SpringRevSecurity/214
နောက်ပြန်ဆွဲနေတဲ့ ငပုတက်တို့ခေတ်💭
=========================
🗣ဒီအပတ် ဒစ်ဂျစ်တယ်နဂ္ဓများကတော့ ငပုတက်ရဲ့ နောက်ပြန်ဆွဲတဲ့ခေတ်တဲ့ဗျာ....

👎နိုင်းတင်းဂွမ်းတီပေါ့
ဘယ်လောက်လွှဲတဲ့ ခေတ်မှာလူဖြစ်ရလဲသိချင်ရင်တော့ Link ကိုနှိပ်စေသတည်းဗျာ....

👉https://telegra.ph/Back-to-Ninety-Gwanty-03-07
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===================
🔥မီးပျက်မှုတစ်သိန်း…
☀️ရာသီဉတု ပူနေမှုကြီး ကြားထဲက အပြေးလေး ရောင်းရင်းဆီကို Clinic နှင့်တကွ လာခဲ့ပါမယ်လို့

▪️နွေဦးမှာ ဖုန်းတွေ ကွန်ပျူတာတွေ လုံခြုံဖို့
▪️အကောင့်တွေ လုံခြုံဖို့နဲ့အတူ
▪️ဆက်သွယ်ရေးတွေ လုံခြုံဖို့....သိလိုတာများဆွေနွေးချင်ရင် Clinic လာခဲ့လို့ရပါတယ်...

🗣Group ထဲဆွေးနွေးလို့ အဆင်မပြေတဲ့ အကြောင်းအရာများကိုလည်း ဝိုင်တော်သားတွေနဲ့ Clinic မှာ အသေးစိတ်ဆွေးနွေးနိုင်ကြောင်းပါဗျို့....

👉Clinic📲Link:https://t.me/SpringSecClinic

အချိန်ကတော့ 🕐1PM-3PM ထိ ပါနော်..
DuckDuckGo
==========
🗣ရောင်းရင်းတို့ရေ တစ်ခုခုရှာမယ်ဆိုရင်

📌Google ပြေးခေါက်နေတုန်းလား?

📌Google တို့ Yahoo တို့က အပြင် တစ်ခြား Search Engine တစ်ခုကိုရောသိချင်လား?

📌Privacy မြှင့်တဲ့ Search Engine တစ်ခုကို ရှာနေပြီဆိုရင်တော့ ဒီ Content လေးကို ဖတ်ပြီးဝေမျှပေးကြပါဗျို့..
“Black Mirror”
===========
🗣ရောင်းရင်းတို့ရေ

🙌အပတ်စဉ်သောကြာနေ့ရဲ့ ကြည့်ကြည့်ကြည့်အစီအစဉ်ပြန်ရောက်လာပြီဗျို့…

🔥မီးပျက်တာတွေသိပေမယ့်..
မီးလာရင် ရှုလို့ရအောင်…
☄️နှိုးဆော်လိုက်ရပါတယ်ဗျို့....

👯‍♂️ဒီအပတ်မှာ ရွှေးချယ်ထားတာတော့ “Black Pink” မဟုတ်တဲ့ “Black Mirror” ပါဗျာ....

👉https://telegra.ph/Black-Mirror-03-11