နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
573 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Mozilla Firefox လုံခြုံရေးတိုးမြှင့်ခြင်း
=========================
🗣ရောင်းရင်းတို့ရေ

📲ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေနဲ့ စစ်ဆေးမှုတွေများပြားနေတဲ့ အချိန်ကာလမှာ နောက်ကြောင်းတွေရှင်းဖို့နဲ့ ကိုယ်ရဲ့ ဒစ်ဂျစ်တယ် ခြေရာတွေ မကျန်ခဲ့စေဖို့ကတော့ အခုအချိန်မှာ နံပါတ် (1️⃣)အနေနဲ့ အရေးကြီးပါတယ်....

💻ဒေတာကင်းဝေးဒို့ရန်အေးဆိုသလို..ကိုယ်ရဲ့ ရှာဖွေမှုမှတ်တမ်းတွေနဲ့ လုပ်ကိုင်နေတဲ့အကြောင်းအရာတွေကို နောက်ကြောင်းရှင်းအောင်အမြဲတမ်းလုပ်ဖို့လိုတယ်ဗျို့…

📱အခုနောက်ပိုင်း ဖုန်းတွေရော..ကွန်ပျူတာ Browser တွေကိုပါစစ်နေတာဆိုတော့..ကိုယ့် Browser လုံခြုံရေးတိုးမြှင့်နိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်....

👉 ကိုယ်သုံးနေတဲ့ Browser လုံခြုံမှု ရှိ/မရှိကိုစစ်ဖို့ Comment မှာပေးထားတဲ့ link ကိုနှိပ်ပြီး စစ်ကြရအောင်ဗျို့

🙏အားလုံးပဲ လုံခြုံကြပါစေဗျာ...
ကြည့်..ကြည့်..ကြည့်
=============
🗣🗣 ဒီအပတ်မှာရောင်းရင်းတို့ကို ကြည့်...ကြည့်..ကြည့် အစီအစဉ်ကနေ ညွှန်းဆိုလိုတဲ့ ဇာတ်ကားလေးကတော့

အထာကျကျ မမ သုံးယောက်ပါဝင်ပြီး. ကျနော်တို့နေ့စဉ်ထိတွေ့ရတဲ့ Google လို Search Engine Company ဖြစ်တဲ့ ကိုရီးယားနိုင်ငံ က Search Engine နှစ်ခုအားပြိုင်တဲ့အကြောင်းရိုက်ကူးထားတဲ့ အစည်မှာ ဒီအပတ်အတွက် အလှည့်ကျတာက Search WWW ဆိုတဲ့ ကိုရီးယား Series ( K-Drama ) လေးတစ်ခုပဲဖြစ်ပါတယ်....

ဒီဇာတ်ကားလေးရဲ့ အပြည့်အစုံ Review လေးကို ဒီထဲဝင်ဖတ်ကြည့်နိုင်ပါပြီနော်
👉👉👉 https://telegra.ph/Search-WWW-Movie-Review-02-11
📶ပြတ်တစ်လှည့်..ငတ်တလှည့် အင်တာနက်
==========================

🔥လွန်ခဲ့တဲ့ နှစ်တွေက
ဒို့နိုင်ငံဆို့....အင်ဒိုနီးရှား မဟုတ်တဲ့ ရေမီးရှားနိုင်ငံတဲ့

🌍အရမ်းစိတ်ပူတတ်တဲ့ ကို ယူအမ်(န်) UN က သတ်မှတ်တာတော့ LDCတဲ့ဗျို့…
LDC ဆိုတော့ မသိတဲ့ရောင်းရင်းကို ပြောပြရဦးမယ် Least Developed Country တဲ့ ဖွံ့ဖြိုးတိုးတက်မှုနှေးတဲ့ နိုင်ငံတဲ့

🤷🏻‍♀️အခုလို 2️⃣1️⃣ရာစုမှာတော့ အင်တာနက်ကို ရွှေဈေးနီးပါး ပေးပြီးဝယ်ရတော့…

📶အင်တာနက်ဆိုတာတော့ ပြတ်တစ်လှည့်..ငတ်တလှည့်ပေါ့…

ဟိုနေ့ကလဲ ငတတ်ပု တစ်ယောက် ကယောင်ကတန်း ဖြစ်ပြီးတော့ ပြည်ထောင်စုနေ့ကြီးမယ် သူများသူ့ရဲ့ TV ကလုပ်ဇာတ်ပွဲတော်ကို လူတိုင်းကြည့်ဖို့အရေး တွေးပြီး ...တစ်လက်မ ဉာဏ်နဲ့ အင်တာနက်ဖြတ်လေသတည်း....

သူကဖြတ်လိုက်တော့လည်း ...ဖြတ်တယ်ပေါ့လေ..
ဒါပေမယ့် ခေတ်ကာလ သားသမီးတွေဖြစ်တဲ့ ရောင်းရင်းတို့ ကျွန်တော်တို့မယ်...ကယောက်ကယက်ပေါ့…

https://telegra.ph/Internet-Shutdown-02-14
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣ရောင်းရင်းတို့ရေ…

အောက်ကမေးခွန်း (3️⃣)ခုကို ကိုယ့်ကို ကိုယ် မေးကြည့်ပါဗျို့..

📍ဖုန်းထဲက ဆန်းဆန်းတင့် (Sensitive)..လိုဆိုရမယ့် ထိရှတဲ့ ဓါတ်ပုံတွေကို ဘာနဲ့သိမ်းရမလဲ❗️

📍အကောင့် Recovery တွေရော..ဘယ်လိုသိမ်းရမလဲ

📍တစ်ယောက်နဲ့ တစ်ယောက်လုံခြုံစွာ ဆက်သွယ်ဖို့ ဘယ်လိုဆက်သွယ်ရေး App တွေသုံးရမလဲ

အဲ့ဒါတွေအတွက် သင့်မှာ အဖြေမရှိသေးရင်တော့

ဝိုင်းတော်သားတွေနဲ့အတူ ဆွေးနွေးဖို့ နွေးဦးလုံခြုံရေး ဆေးခန်းကိုဖိတ်ခေါ်ပါရစေ...


Clinic📲Link:https://t.me/SpringSecClinic

အချိန်ကတော့ 🕐1PM-3PM ထိ ပါနော်..

တွေ့ဆုံ..ဆွေးနွေး..အကြံပေးဖို့ စောင့်မျှော်နေပါမယ်
ဟာ⁉️
=====
ဟာ❗️🗣Signal မှာ ဖုန်းနံပါတ် ပြောင်းလို့ရသွားပြီဟေ့..

👉Signal မှာ ဖုန်းနံပါတ် ပြောင်းလိုတဲ့ ရောင်းရင်းများ.. Click နှိပ်ပြီးကြည့်လိုက်ဗျို့...

👉https://telegra.ph/Change-Phone-Number-in-Signal-02-17
Google Chrome လုံခြုံရေးတိုးမြှင့်ခြင်း
=========================
🗣ရောင်းရင်းတို့ တောင်းဆိုချက်များအရ Browser တွေမှာ ချိန်ညှိထားရမယ့် Security and Privacy Setting တွေအကြောင်းကို ပြောပြထားပါတယ်ဗျို့…

💻ဒီနေ့ အလှည့်ကျ Browser ကတော့ လူတော်တော်များများသုံးလေ့ရှိပြီး Gmail အကောင့်နဲ့ အမြဲတမ်း Link လုပ်ပြီးသုံးလေ့ရှိတဲ့ Google Chrome ပဲဖြစ်ပါတယ်…

👉အသေးစိတ်လေးကိုဖတ်ရှုပြီး ရောင်းရင်းတွေကိုလည်းပြန်လည်မျှဝေပေးကြပါဗျို့..
Searching
=========
🗣🗣သောကြာနေ့ကတော့ဖြင့် ရောက်လို့လာပြီရောင်းရင်းတို့ရေ

👆ဒီအပတ်မှာ ကြည့်ကြည့်အစီအစဉ်ကနေ ညွှန်းဆိုလိုတဲ့ ဇာတ်ကားကတော့ “Searching” ပဲဖြစ်ပါတယ်....

👁နာမည်နဲ့လိုက်အောင် ဇာတ်ကားတစ်ခုလုံးမှာရှာဖွေနေရတာပါပဲ။

🐾လူတစ်ယောက်ရဲ့ ဒစ်ဂျစ်တယ်ခြေရာ တစ်ခုဆီရဲ့ ကောက်ကြောင်းက ဘယ်လောက်အရေးကြီးလဲ

👀ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်ခြေရာတွေကနေ ခြေရာခံလို့ရနိုင်လား❗️

အဲ့မေးခွန်းလေးတွေစိတ် ဝင်စားရင်တော့ ဒီကားကို Recommend လုပ်ပါတယ်ဗျို့…

👉https://telegra.ph/Searching-02-18
မဖြတ်တောက်မိသော သံယောဇဉ် အမျဉ်တန်းလေးများပေးသော သောကတသိုက်
===========================
🗣ရောင်းရင်းတွေကို ဒစ်ဂျစ်တယ် နဂ္ဂတစ် နေ့လေးကနေ ပြန်ကြိုဆိုလိုက်ပါတယ်....ဒီနေ့တော့ ရောင်းရင်းတစ်ယောက်ရဲ့ အတွေ့အကြုံလေးကိုဝေမျှလိုတာဗျ....

📲ဒစ်ဂျစ်တယ် လုံခြုံရေး အကြောင်းမသိဘူးလားဆိုတော့...မဟုတ်ဘူး...သိတယ်...သူ့လောက်သိတဲ့သူမရှိ

👀ဒစ်ဂျစ်တယ် လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ လေ့လာဆိုတော့.....ပြောမနေနဲ့ Channel ထဲက Subscriber လေဗျာ…

👉အဲ့တော့ ဒီလောက်သိတဲ့ရောင်းရင်း တစ်ယောက်ရဲ့ အလွဲက ဘာဖြစ်မလဲဗျာ...ကြည့်ကြတာပေါ့…

👉https://telegra.ph/Delete-Browsing-History-and-save-login-02-21
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
===================
🗣ရောင်းရင်းတို့ရေ ဒီအပတ်မှာတော့ ဒစ်ဂျစ်တယ် လုံခြုံရေးဆေးခန်းကနေ..

▪️Browser လုံခြုံရေး ဘယ်လိုတိုးမြှင့်ရမလဲ

▪️ကြည့်ခဲ့တဲ့ မှတ်တမ်းတွေ ဘယ်လိုဖျက်ပစ်ရမလဲ⁉️

▪️Browser ထဲမှာအကောင့် Login နဲ့ Password သိမ်းထားမိတာ ဘယ်လိုဖြုတ်ရမလဲ❗️

👇ဆိုတဲ့ မေးခွန်းရှိတဲ့သူတွေ အားလုံးအတွက် Clinic ရှိတယ်နော်…

ရောင်းရင်းတို့နဲ့ တွေ့ဖို့ ဝိုင်းတော်သားတွေ စောင့်မျှော်နေပါတယ်ဗျို့

📍Clinic📲Link:https://t.me/SpringSecClinic

အချိန်ကတော့ 🕐1PM-3PM ထိ ပါနော်..
Whatsapp Account လုံခြုံရေး
====================
▪️Whatsapp က End-to-End Encryption လား❗️
▪️Whatsapp အကောင့်မှာ 2FA ထားလို့ရလား
▪️Whatsapp မှာ Disappearing Message လုပ်လို့ရလား⁉️

🗣ရောင်းတို့ရေ ဒီအပတ်မှာတော့ Whatsapp လုံခြုံရေးလေးပြောပြပေးထားပါတယ်ဗျို့..

▪️အသေးစိတ်ကြည့်ပြီး Security နဲ့ Privacy Setting လေး တွေချိန်ညှိကြပါဦးနော်....

▪️လုပ်လို့မရတာလေးတွေရှိရင်လည်း Comment လေးမှာ မေးပေးကြဦးဗျို့…