နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
573 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Safari Browser လုံခြုံရေး ဘယ်လိုတိုးမြှင့်မလဲ⁉️
=========================

🗣ရောင်းရင်းတို့ရေ...ဒီအပတ်မှာတော့ ပန်းသီးသုံးတဲ့ သူတွေအတွက် ဘာပဲလိုလိုသွားရှာလေ့ရှိတဲ့ Safari Browser မှာ လုံခြုံရေးအတွက် ဘာတွေ ချိန်ညှိထားသင့်လဲ ဆိုတာကို ပြောပြထားပါတယ်…

💻. Computer Version မို့လို့ Macbook မှာချိန်ညှိရမယ့် Setting တွေပါ။

📲 ဖုန်းနဲ့ဆိုလည်း အရမ်းကြီးကွဲသွားတာမဟုတ်လို လိုက်လုပ်ကြည့်လို့ရပါတယ်ဗျို့…

▪️ တစ်ခုခုဆိုနောက်ကြောင်းရှင်းဖို့...History Setting ကိုလည်းမမေ့ကြပါနဲ့...

👉အသေးစိတ်ကိုတော့..ပုံထဲမှာဆက်ဖတ်ပေးပါနော်....
ကြည့်..ကြည့်..ကြည့်
=============
🗣ဒီအပတ်မှာရောင်းရင်းတို့ကို ကြည့်...ကြည့်..ကြည့် အစီအစဉ်ကနေ ညွှန်းဆိုလိုတဲ့ ဇာတ်ကားလေးကတော့

🧓🏼IT ဂုရုနှစ်ယောက်အကြောင်းကို ရိုက်ကူထားတဲ့ “ The Pirates of Silicon Valley” ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျို့…

👉https://telegra.ph/The-Pirates-of-Silicon-Valley-02-04
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣နွေဦးလုံခြုံရေး ရောင်းရင်းသစ်/ ရောင်းရင်းဟောင်းတို့ရေ

ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာများ တိုက်ခိုက်မှုများ များလားတဲ့အချိန်အခါမှာ

ဒစ်ဂျစ်တယ် ခြိမ်းခြောက်မှုရန်ကင်းဝေးအောင်..ဘယ်လိုလုပ်ရမလဲ⁉️

ကိုယ့် Device တွေထဲမှာရှိတဲ့ Data တွေကို ဘယ်လိုသိမ်းရမလဲ..စတဲ့
ဒစ်ဂျစ်တယ်နဲ့ ပက်သက်တဲ့ အကြောင်းအရာများကို ဆွေးနွေးလိုပါက..

Clinic ကိုပြေးလာခဲ့ပါကိုယ့်လူတို့ရေ

လာလိုသူများအတွက်📲Link:https://t.me/SpringSecClinic

အချိန်ကတော့ 🕐1PM-3PM ထိ ပါနော်..

တွေ့ဆုံ..ဆွေးနွေး..အကြံပေးဖို့ ဝိုင်းတော်သားတွေ စောင့်မျှော်ပါမယ်
Mozilla Firefox လုံခြုံရေးတိုးမြှင့်ခြင်း
=========================
🗣ရောင်းရင်းတို့ရေ

📲ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေနဲ့ စစ်ဆေးမှုတွေများပြားနေတဲ့ အချိန်ကာလမှာ နောက်ကြောင်းတွေရှင်းဖို့နဲ့ ကိုယ်ရဲ့ ဒစ်ဂျစ်တယ် ခြေရာတွေ မကျန်ခဲ့စေဖို့ကတော့ အခုအချိန်မှာ နံပါတ် (1️⃣)အနေနဲ့ အရေးကြီးပါတယ်....

💻ဒေတာကင်းဝေးဒို့ရန်အေးဆိုသလို..ကိုယ်ရဲ့ ရှာဖွေမှုမှတ်တမ်းတွေနဲ့ လုပ်ကိုင်နေတဲ့အကြောင်းအရာတွေကို နောက်ကြောင်းရှင်းအောင်အမြဲတမ်းလုပ်ဖို့လိုတယ်ဗျို့…

📱အခုနောက်ပိုင်း ဖုန်းတွေရော..ကွန်ပျူတာ Browser တွေကိုပါစစ်နေတာဆိုတော့..ကိုယ့် Browser လုံခြုံရေးတိုးမြှင့်နိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်....

👉 ကိုယ်သုံးနေတဲ့ Browser လုံခြုံမှု ရှိ/မရှိကိုစစ်ဖို့ Comment မှာပေးထားတဲ့ link ကိုနှိပ်ပြီး စစ်ကြရအောင်ဗျို့

🙏အားလုံးပဲ လုံခြုံကြပါစေဗျာ...