နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
နွေဦးလုံခြုံရေး ဆေးခန်း
================
🗣နှစ်သစ်ရဲ့ ဒုတိယအပတ်လေးတော့ရောက်ရှိလာပြီကိုယ့်လူတို့ရေ…

📍နှစ်ပတ်လောက်ကုန်သွားတာနဲ့ ၂၀၂၂ အတွက်ချမှတ်ခဲ့တဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးသံဒိဋ္ဌာန် (၅) ချက်ကိုမေ့မသွားနဲ့ဦးနော်…

🩺ကိုယ့်လူတွေနေမကောင်းရင် ဆေးခန်းမှာပုံမှန် Medical Checkup လုပ်သလိုပဲ...ကိုယ်ရဲ့ အကောင့်တွေနဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ ဒီနေ့ နေ့လည် (၁) နာရီမှာ လုံခြုံရေးဆေးန်း ဝိုင်းတော်သားတွေ စောင့်နေမယ်ဗျို့...

📍ဆေးခန်း 📲Link:https://t.me/SpringSecClinic

အချိန်ကတော့ 🕐1PM-3PM ထိ ပါနော်..

ဒါနဲ့ စကားမစပ်...ချမှတ်ခဲ့တဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးသံဒိဋ္ဌာန် (၅) ချက်ထဲကတစ်ခုခုကို မှတ်မိသေးတယ်ဆို Comment မှာ ဂုဏ်ဆာ ခဲ့ပါဦးဗျို့....
Facebook Hack ခံရပြီလို သံသယရှိရင် ဘာလုပ်မလဲ
=========================

နွေဦးလုံခြုံရေးရောင်းရင်းတို FB အကောင့်ကို
📍 တစ်ယောက်ယောက်ဝင်သုံးတယ်လိုသံသယရှိနေပြီလား?

📍ကယ့်အကောင့်ကို Hack ဖိုကြိုးစားတိုင်း Alert ဖြစ်ချင်လား?

📍FB အကောင့် တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ဘာလုပ်ရမလဲဆိုတာ သိချင်ရင်တော့ ဆက်ဖတ်ကြပါဗျို..

🗣FB Security ဘယ်လိုမြှင့်တင်ရမလဲ အသေးစိတ်ကိုတော့ လွန်ခဲ့နှစ်များမှာ အဖန်ဖန်တလဲလဲ အာပေါက်အောင် ပြောထားပြီမို အခုအချိန်မှာတော့ တကယ်ဖြစ်ခဲ့ရင် ဘာလုပ်ရမလဲဆိုတဲ့ နည်းလမ်းပါဗျို…

👉FB အကောင့်လုံခြံရေး ဘယ်လိုမြှင့်တင်ရမလဲ အခုထိစာမကျေတဲ့ သူတွေလည်း Channel မှာရှာဖတ်လိုက်ပါဦးဗျို.....
Inside Bill's Brain: Decoding Bill Gates
===========================
👁‍🗨ဒနေ့က Friday ဆိုတော့ ပေါ့ပေါ့ပါးပါး ကြည့်ရင်းသုတရစေမယ့် Documentary လေးတစ်ခုကိုညွန်းဆိုပါစရေ..

👁‍🗨ဒတစ်ခါ ညွန်းဆိုလိုတဲ့ Documentary လေးကတော့ အားလုံးသိထားတဲ့ Bill Gate ရဲ့ Decoding Bill Gates ဆိုတဲ့ Documentary လေးပဲဖြစ်ပါတယ်…

🍿အမြည်းလေးဖတ်ပြီးမှ ..ပေါက်ပေါက်လေးစားရင်း...ကြည့်ချင်သူများ အောက်က Link ကိုဝင်ရောက်လိုသာ ရှုစားတော်မှုကြပါဗျို..

👉https://telegra.ph/Inside-Bills-Brain-Decoding-Bill-Gates-01-14
Zoom (ဇွန်းတစ်ခွင် ဗြဲဗြဲစင်....)
=====================
🗣ရောင်းရင်းတို့ရေ
ဘာလိုလိုနဲ့ Monday ရောက်ပါပြီဆိုတော့…

📍ဒီဂျစ်တယ် နဂ္ဂတစ် ပေါ့ပေါ့ပါးပါးလေးဖတ်ကြပြီး တစ်ပတ်တာအားယူကြပါစို့…

👩🏻‍💻ဒီအပတ်မှာတော့ အိမ်မှာနေရင်း
အလုပ်လုပ်..ကျောင်းတက်နေတဲ့ရောင်းရင်းတွေအတွက်
Zoom မှဖြစ်လေ့ဖြစ်ထရှိပြီး သတိပြုစရာလေးတွေမျှဝေထားတယ်ဗျို့....

👉https://telegra.ph/Zoom-Ethic-01-17
ကဲ ဒီနေ့ ၁ နာရီ ကျရင်တော့ နွေဦးလုံခြုံရေးဒစ်ဂျစ်တယ်ဆေးခန်း ဖွင့်ပါတော့မယ်ဗျို့

ကြို hi ထားကြတဲ့သူတွေလည်း တွေ့ပါတယ်။ အခုကတည်းက လည်း သိချင်တဲ့ မေးခွန်းတွေ ရှိရင် ပို့ထားလို့ရပါတယ်။

ဒစ်ဂျစ်တယ် အခက်အခဲတွေ၊ လုံခြုံရေးကို တိုးမြှင့်ချင်တာတွေ၊ နည်းပညာနဲ့ ပတ်သတ်ပြီး သိချင်တာတွေကို ဖြေကြားပေးဖို့ အတွက်

❄️နေ့လည် ၁ နာရီ ကနေ ၃ နာရီ အထိ

Clinic Link : https://t.me/SpringSecClinic
❄️အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း

နွေဦးလုံခြုံရေးဒစ်ဂျစ်တယ်ဆေးခန်း ရှိနေပါတယ်။
Instagram ကိုရောပစ်ထားတော့မှာလား⁉️

🗣ကိုယ့်လူတွေတော်တော်များများက အကောင့်လိုပြောရင် FB အကောင့်ကိုပဲပြေးမြင်ကြတယ်ဟုတ်…

👁‍🗨FB အကောင့် လုံခြုံရေးတိုးမြင့်ဖိုတော့ ခဏခဏပြောပြီးပြီးဗျို

👁‍🗨Instagram Account လုံခြုံရေးတိုးမြင့်ချင်ရင်တော့…

👉လုပ်နေတာတွေခဏအသာထားပြီး ဒစ်ဂျစ်တယ်ဓါတ်ဆာကိုဖတ်ပါဗျို...
ကိုယ်ယုံကြည်ရာတွေကိုတောင် ကိုယ့်ဖုန်းထဲထည့်ထားလို့မရနေတဲ့အပြင် ကိုယ်ရေးကိုယ်တာဆန်တဲ့ ဖုန်းကိုတောင် ခွင့်ပြုပြု မပြုပြု စစ်ဆေးနေတဲ့ စစ်ကောင်စီကို ရသလောက် ရသလိုတော့ တော်လှန်နေကြရဦးမှာပဲဗျို့ ။ ဖုန်းထဲက ဖိုင်တွေ ၊ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ ၊ အသံဖိုင်တွေကို လုံလုံခြုံခြုံသိမ်းထားနိုင်ဖို့ ကိ်ု အရင်ကတည်းက မိတ်ဆက်ပေးလာတဲ့ MM Reporter တို့ Datshin တို့ နဲ့ ထည့်သိမ်း ကာကွယ်ထားကြပါဗျို့ ၊ သူတို့ ရှိတဲ့ နားကို သွားရတော့မယ်ဆိုရင်တော့ ဖုန်းတွေထဲမှာ ဘာမှ မရှိ်တာတော့ အကောင်းဆုံးပါပဲ ၊ ဒေတာတွေကို Cloud Storage တွေပေါ် တင်ထားပြီး အကောင့်တွေကိုပါ ထွက်ထားကြပါဗျို့ ။