နွေဦးလုံခြုံရေး
9.6K subscribers
2.16K photos
11 videos
6 files
573 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Shreddit User Guide
================
✏️သင်ဒေတာတွေကို အပြီးအပိုင်ဘယ်လိုဖျက်မလဲ?

🗑Recycle Bin ထဲထည့်ရုံနဲ့ သင့် Data တွေတကယ်ပျက်သွားပြီလား?
📁Trash ထဲရောက်တာနဲ့ Data တွေအကုန်လစ်သွားပြီးလိုထင်နေတုန်းလား?

🔔ရောင်းရင်းတို တောင်းဆိုနေတဲ့ Shreddit ရဲ့သုံးနည်းလေး လမ်းညွှန်းထားတယ်ဗျို..
ဖတ်ကြည့်ပြီး..အသိမိတ်ဆွေတွေကိုလည်းဝေမျှပေးပါဦးဗျို...
👁‍🗨အင်တာနက်ပေါ်က ခြေရာ ခံတော့ ဘာဖြစ်လဲ ⁉️

👁Online သုံးနေလို့လဲ ငါ့မှာဘာမှ လျှို့ဝှက်ထားစရာ လူသိခံလို့မရတာတွေမရှိပါဘူးကွာ..

👀ဒါက ဒီတိုင်း အင်တာနက်ပါပဲ ငါက သန်းချီနေတဲ့လူတွေထဲက တစ်ယောက်ပဲ ဘာမှထူးခြားမနေဘူး

⚠️ဒါကြောင့် ခြေရာခံလဲ ဘာမှဂရုစိုက်စရာမရှိပါဘူး ဒစ်ဂျစ်တယ်လုံခြုံရေးဆိုတာလဲ ဘာမှအရေးကြီးမနေပါဘူး ဆိုပီး ခင်ဗျားကိုယ်တိုင် အပါအဝင် ခင်ဗျားရဲ့ပတ်ဝန်းကျင် က လူတွေက ဒီတိုင်းပဲ ယုံကြည် လက်ခံကြပါသလား⁉️

▪️ဒါဆိုရင်တော့ ခင်ဗျားအကြောင်းပြလေ့ရှိတဲ့ ဒီ အချက် ၇ ချက်ကို မိနစ်ပိုင်းလောက် အချိန်ပေးပြီး ခဏဝင်ဖတ်ကြည့်‌သွားစေချင်တယ်။

👉https://telegra.ph/7-Things-you-used-to-say-about-online-tracking-12-20
နွေဦးလုံခြုံရေးဆေးခန်း
==================
ကဲနွေဦးရောင်းရင်းတို့ရေ..
နှစ်တွေလည်း ကုန်ခါနီးပြီဗျို့....

▪️နှစ်မကုန်ခင်လေးမှာ သင့်ရဲ့ ဒစ်ဂျစ်တယ်နဲ့ ပက်သက်ပြီး မလုံခြုံဘူးခံစားနေရသလား❗️

▪️အခုထက်ထိ password မေ့တဲ့ပြသနာတွေနဲ့ တိုင်ပတ်နေတုန်းလား

▪️အကောင့်လုံခြုံရေးအတွက် အမြဲတမ်းစိတ်ပူနေရတုန်းလား⁉️

🙌နွေဦးလုံခြုံရေး Chanel ကဝိုင်းတော်သားတွေ နှစ်မကုန်ခင် Christmas အချိန်အခါသမယမှာ သင့်အခက်အခဲတွေကိုကူညီဖို့ ရှိနေပါမယ်နော်...

Group ထဲမှာ အမြဲတမ်းမေးခွန်းမေးတတ်တဲ့ ရောင်းရင်းများလည်း ဒီနေ့မှာ Clinic မှာလာပြီး ပြသနာတွေကို ဖြေရှင်းလို့ရပါတယ်ဗျို့....

နေ့ရက် − 22nd Dec,2021
အချိန် - 1:00 PM-3:00 PM
📲Link:https://t.me/SpringSecClinic

ဝိုင်းတော်သာတွေနဲ့ တွေ့ရအောင် Clinic ကိုလှမ်းသာလာခဲ့လိုက်တော့ ကိုယ့်လူရေ....
Merry Christmas to you all!
======================
☃️ရောင်းရင်းတိုရေ နွေးဦးမှာတွေ့လို ဆောင်းဦးရောက်ခဲ့ပြန်ပါပြီ..ထွေထွေထူးထူးမပြောချင်ပါဘူးဗျာ...အားလုံးပဲလုံခြုံပြီး အေးချမ်းတဲ့ Christmas ဖြစ်ကြပါစေဗျာ…🙏

🎁Christmas Present လေးလုပ်ထားလို လက်ဆောင်လိုချင်တဲ့သူတွေ ရင်ခုန်စွာ စောင့်မျှော်ပေးကြပါဗျို

👉https://telegra.ph/Password-is-my-digital-property-12-23
SpringRevSec_Christmas_wallpaper.png
1.1 MB
ဝိုင်းတော်သားတွေ Christmas လက်ဆောင်ကတော့ Spr-Rev-Sec Christmas Wallpaper လေးပဲဖြစ်ပါတယ်..
အားလုံးပဲလုံခြုံအေးချမ်းကြပါစေ..
Facebook က ဘာပဲ လုပ်လုပ် အကုန်သိနေသလိုခံစားနေရလား ?

တစ်ခုခုကို ရှာလိုက်ရုံ တွေးနေရုံ နဲ့ Facebook ပေါ်မှာ ကြော်ငြာတွေတတ်လာနေပြီလား ?


သူငယ်ချင်းနဲ့ ဒါလေးဝယ်ကြရင်ကောင်းမလား လို့ပြောကြတုန်းရှိသေးတယ် Facebook ပေါ် မှာ မြင်လိုက်ရပြန်ပီလား ?


အဲ့လိုတွေးမိနေပြီဆိုရင်တော့ ဒီတစ်ခေါက်နွေဦးလုံခြုံရေးက မျှဝေပေးမယ့်အကြောင်းအရာလေးကိုဖတ်သွား ကြည့်လိုက်ပါဦး မိတ်ဆွေတို့‌ရေ ...

ဒါဆိုရင် အပေါ်မှာပြောတဲ့ မေးခွန်းတွေအတွက် အဖြေရသွားစေရပါမယ်ဗျို့ ....

ဒီမှာဖတ်ပါ 👉 https://telegra.ph/Lets-check-about-Facebook-Privacy-Policy-12-21
​​"ဒစ်ဂျစ်တယ်လုံခြုံရေးပေါင်းချုပ်"

📚ဘာပဲလိုလို လုံခြုံရေး ပေါင်းချုပ်ရှိတယ် ကိုယ့်လူရေ..

⚠️၂၀၂၁ ကို ဒါတွေ လုပ်ပြီးမှ ကုန်ဆုံးပါ။

▪️အာဏာသိမ်းခံရပြီးကတည်းက နွေဦးလုံခြုံရေးအဖွဲသားတွေဟာ လူတွေရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို မြင့်တင်နိုင်ဖို ကြိုးစားခဲ့လာတာ အခုဆိုရင်တော့ ၂၀၂၁ နှစ်ကို ကုန်လို ၂၀၂၂ ထဲကို ချည်းနှင်းဝင်ရောက်လာပါပြီ။

▪️ကယ့်ဒေတာက ကိုယ့်ကို လက်ထိပ်ပြန်မခတ်ဖို ၊ ကြိုလုပ်ထားရမယ့် လုံခြုံရေးအဆင့် တွေကို သိရှိထားနိုင်ဖို အပတ်စဉ်တိုင်း ခေါင်းစဉ်မျိုးစုံနဲ့ အသိပညာပေးလာခဲ့တာပါ။

▪️အခုတော့ နှစ်အကုန်မှာ မလုံခြုံပဲ မဖြစ်စေဖို လုံခြုံရေးပေါင်းချုပ်ကြီး ရောက်ရှိလိုလာပါပြီ။

👉အောက်ကစာတွေ မဖတ်ရသေးဘူးဆိုရင်တော့ ဖတ်ဖြစ်အောင် ဖတ်ကြပါဗျို ။ မလုံခြုံပဲ နှစ်မကူးပါနဲ့ဗျို။


📍Account Security (အကောင့်လုံခြုံရေး)

သင့် Gmail လုံခြုံရေးတိုးမြှင့်ပြီးပြီးလား?

https://t.me/SpringRevSecurity/79

Google Authenticator

https://t.me/SpringRevSecurity/59


Facebook

Lock Profile ဖွင့်နည်း ( ကိုယ်ရေးကိုယ်တာမှတ်တမ်းပိတ်ခြင်း )

https://t.me/SpringRevSecurity/32

Facebook Security Setting ချိန်ညှိခြင်း

https://t.me/SpringRevSecurity/64

Facebook Privacy Setting များချိန်ညှိခြင်း

https://t.me/SpringRevSecurity/69

Facebook and Cambridge Analytica

https://t.me/SpringRevSecurity/332



📍ဆက်သွယ်ရေးလုံခြုံရေး


Silence အသုံးပြုနည်း။

https://t.me/SpringRevSecurity/271


Briar အသုံးပြုနည်း။r

https://t.me/SpringRevSecurity/43

Signal ရဲ့ Setting ကိုချိန်ညှိခြင်း

https://t.me/SpringRevSecurity/6


Telegram Privacy and Security Setting

https://t.me/SpringRevSecurity/294

Telegram Update Setting

https://t.me/SpringRevSecurity/440


Protonmail အသုံးပြုနည်း

https://t.me/SpringRevSecurity/55



📍ဒေတာလုံခြုံရေး

Datshin

https://t.me/SpringRevSecurity/47

MMReporter

https://t.me/SpringRevSecurity/281

ဒေတာများကို အပြီးအပိုင် ဖျက်ဆီးခြင်း

https://t.me/SpringRevSecurity/450

https://t.me/SpringRevSecurity/438


Password and Password Manager

KeepassDX

https://t.me/SpringRevSecurity/51

Keepassium

https://t.me/SpringRevSecurity/346


လုံခြုံတဲ့ လျိုဝှက်နံပါတ် (Password) ထားနည်း

https://t.me/SpringRevSecurity/56

Phishing and Malware

https://t.me/SpringRevSecurity/94

Code Yellow

https://t.me/SpringRevSecurity/200

Code Red

https://t.me/SpringRevSecurity/115


မိုဘိုင်းဖုန်းမှ ခြေရာခံခြင်း

https://t.me/SpringRevSecurity/239

Sim Card Safety

https://t.me/SpringRevSecurity/254

အင်တာနက်မပြတ်တောက်ခင် လုပ်ဆောင်သင့်သည့်အချက်များ

https://t.me/SpringRevSecurity/261



အင်တာနက်ပေါ်မှာလုံခြုံဖို သင်သတိထားသင့်တဲ့အချက် (၁၀) ချက်

https://t.me/SpringRevSecurity/96

“လက်ရှိအခင်းအကျင်းတွင် ပြင်ဆင်ထားရန် လိုအပ်သော ဒစ်ဂျစ်တယ်အလေ့အထများ နှင့် ပြင်ဆင်မှုများ”

https://t.me/SpringRevSecurity/106


အင်တာနက်ဘယ်လိုအလုပ်လုပ်သလဲ။

https://t.me/SpringRevSecurity/126

Encryption ( ဝှက်စာစနစ် )

https://t.me/SpringRevSecurity/134

Virus အကြောင်းသိကြောင်းစရာ..

https://t.me/SpringRevSecurity/138

Digital Currency

https://t.me/SpringRevSecurity/157


တော်လှန်ရေးကာလမှာ လုံခြုံရေးအသိ အထူးရှိကြပါ!!!!

https://t.me/SpringRevSecurity/403

သင့်အိမ်ရှေ့သို အဓမ္မသမားတွေ မရောက်လာခင် လုပ်သင့်တဲ့အချက် (၆)ချက်

https://t.me/SpringRevSecurity/404


မိမိဖုန်းကို ပစ်မှတ်ထားခံရချိန်မှာ ဆောင်ရွက်သင့်သည်များ

https://t.me/SpringRevSecurity/423

ဒစ်ဂျစ်တယ်ဘဝအသစ်

Sim Card

https://t.me/SpringRevSecurity/425

Telegram

https://t.me/SpringRevSecurity/426

Signal

https://t.me/SpringRevSecurity/429

အကောင့်လုံခြုံရေးအတွက်လုပ်သင့်တဲ့ အချက် 5️⃣ ချက်

https://t.me/SpringRevSecurity/434

”Password” တွေမေ့လ်ိ ကိုယ့်အကောင့်တွေဝင်မရဖြစ်နေပြီလား ?

https://t.me/SpringRevSecurity/436

ဟာ အများကြီး အဆုံးထိဖတ်တယ်ဆိုရင်တော့ လုံခြုံရေးဂရုစိုက်တဲ့သူပဲဗျို။
ဖတ်ရုံနဲ့ မပြီးသေးဘူးနော်၊ တကယ်လည်း လိုက်လုပ်ဖို လိုပါသေးတယ်။
နှစ်သစ်မှာ ဒစ်ဂျစ်တယ်ဘဝအသစ် နဲ့ လုံခြုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို ၂၀၂၁ ကို မလုံခြုံပဲ မကုန်ဆုံးပါနဲ့ဗျို။
နွေဦးလုံခြုံရေးဆေးခန်း
==================
ရောင်းရင်းတိုရေ..
နွေဦးရောင်းရင်းနဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးအကြောင်းကိုမျှဝေလာတာဆိုရင်တော့ဖြင့် အချိန်အတိုင်းအတာ တစ်ခုတောင်ရောက်ခဲ့ပြီဗျို.....
နှစ်လည်းကုန်တော့မှာမို အတိအကျပြောရရင်တော့ 2 ရက်တိတိလိုတယ်ပေါ့ဗျာ..
နှစ်ကုန်တဲ့အထိ ဝိုင်းတော်သားတွေနဲ့ Clinic မှာ စကားတောင်လာမပြောဘူးဖူးဆိုရင် ကိုယ့်လူရေ
နှစ်လည်းကုန်...အခက်အခဲတွေလည်းကုန်လို ဆိုလိုရအောင် Clinic ကိုလှမ်းသာ လာခဲ့လိုက်ကြပါဗျို....

နေ့ရက်− 29th Dec,2021
အချိန် - 1:00 PM-3:00 PM
📲Link:https://t.me/SpringSecClinic
ဝိုင်းတော်သာတွေနဲ့ တွေ့ရအောင် Clinic ကိုလှမ်းသာလာခဲ့လိုက်တော့ ကိုယ့်လူရေ....
Digital Resolution for 2️⃣0️⃣2️⃣2️⃣
=========================
ကဲ..နွေဦးရောင်းရင်းတိုရေ နှစ်တွေလည်းကုန်ခါနီးပြီဗျို....

👁‍🗨နစ်တစ်နှစ်အစမှာ ကဲ..ငါတော့ ဒီနှစ်မှာ ဒါတွေလုပ်မယ်ဆိုကြီး စာလုံးအကြီးကြီးတွေနဲ့ ရေးထားဖြစ်တယ်ဟုတ်..

နစ်တစ်နှစ်ရဲ့အဆုံးမှာတော့ ငါဒါတွေလုပ်ဖြစ်ခဲ့ရဲ့လား ဆိုတာ ကိုယ့်ကိုယ်ကို အမြဲတမ်းမေးပြန်တော့ လည်း အရမ်းကြီးမသေချာတာမျိုးမဖြစ်ရလေအောင်…

👆ဒနှစ်မှာတော့ ဝိုင်းတော်သားတွေက.. ရောင်းရင်းတိုနဲ့ ၂၀၂၂ အတွက် Digital Resolution လေး(၅)ချက် လုပ်ဖြစ်ဖိုစဉ်းစားထားတယ်ဗျို....

👉https://telegra.ph/Digital-Resolution-for-2022-12-23
“ဒစ်ဂျစ်တယ် နဂ္ဂတစ်များ “

📣ချယ်နယ်က ရောင်းရင်းတိုရေ ...နွေဦးလုံခြုံရေးချယ်နယ်မှ မကြာခဏတင်ဆက်ပေးနေတဲ့ ပေါ့ပေါ့ပါးပါး ဒစ်ဂျစ်တယ်အလွဲများ အစီအစဉ်ကိုမှတ်မိတယ်ဟုတ်,...

👉ဒစ်ဂျစ်တယ် အလွဲလေးတွေကို တစ်ခါတစ်လေ မှာ

▪️ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ပါးပါးလေး
▪️တစ်ခါတစ်လေတော့လည်း အလွမ်းအဆွေးပေါ့
▪️တစ်ခါတစ်ရံတော့လည်း ရင်နာနာနဲ့ အမှတ်တရ..အနာတရ လေးတွေပေါ့လေ..

👁‍🗨နယ်ပယ်ပေါင်းစုံ ဒစ်ဂျစ်တယ် ရသပေါင်းစုံကို ခံစားရစေဖို ဒစ်ဂျစ်တယ် နဂ္ဂတစ်များ Content လေးတွေကို မလွတ်တမ်း စောင့်ကြည့်နိုင်ဖို အတွက် " ဒစ်ဂျစ်တယ် နဂ္ဂတစ်များ " ဆိုတဲ့ နာမည်လေးနဲ့ အသစ်တစ်ဖန် တင်ဆက်ပေးပါဦးမယ်နော်.....

ရောင်းရင်းတိုရဲ့ တစ်ပတ်တာကို အပျော်လေးတွေနဲ့စတင်ဖို အပတ်စဉ် တနင်္လာနေ့တိုင်း စောင့်မျှော်ဖတ်ရှုပေးကြပါဦးဗျို…

#digital_mishaps
#digital_drama
#springrevsec
တော်လှန်နှစ်သစ်မှသည်..တော်လှန်ခေတ်သစ်ဆီသို အရှိန်ဟုန်ပြင်းပြင်းနဲ့ လျှောက်လှန်းပြီး ဒီမိုကရေစီတိုက်ပွဲကို အနိုင်ရဖို ရှိနေတဲ့နေရာကနေ ရရာနည်းလမ်းနဲ့ တော်လှန်တိုက်ပွဲမှာ ပါဝင်အားဖြည့်ပြီး စစ်ကျွန်ဘဝကနေ ရုန်းထွက်ကြပါစို....
“ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း”

ကိုယ်နဲ့ မတည့်တဲ့ ဒစ်ဂျစ်တယ် ယင်နားစာတွေ စားမိသွားတာလား....

စားသုံးနေကျ ဒစ်ဂျစ်တယ် အာဟာရတွေက ရုတ်တရပ် ဓာတ်မတည့်ဖြစ်သွားရတာလား ....

⁉️ဒါမှမဟုတ် တစ်ခုခု မလုပ်ခင် မစားခင် စစ်ဆေးကြည့်ချင်တာလား.....

▪️ဘာပဲဖြစ်ဖြစ် ဒီလို ဒစ်ဂျစ်တယ်ပြသနာ အခက်အခဲတွေ ကိုဖြေရှင်းနိုင်ဖို နွေဦးလုံခြုံရေး ဒစ်ဂျစ်တယ်ဒေါက်တာတွေက နွေဦးလုံခြုံရေးရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်းမှာ live ကူညီဖြေရှင်းပေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။


👨‍⚕️အဲ့ဒါတွေကိုဖြေရှင်းပေးမယ့် ဒစ်ဂျစ်တယ် ဆာဂျင် ဝိုင်းတော်သားတွေနဲ့ တွေ့ဆုံပြီး ရောင်းရင်းတိုရဲ့ အခက်အခဲတွေကို Live ကြည့်ပေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်…

ဆေးခန်းပြရမယ့် Link : https://t.me/SpringSecClinic

အခက်အခဲတွေဖြေရှင်းဖို..လုံခြုံရေးဆေးခန်းကို အရောက်လှမ်းခဲ့စို…

#digitalsecurityclinic
#springrevsec
“ဒစ်ဂျစ်တယ်ဓာတ်စာ”

📲လတိုင်း လူတိုင်း ဒစ်ဂျစ်တယ်တာဇံတွေမဖြစ်စေဖို ဒစ်ဂျစ်တယ်ဓာတ်စာ ဆိုတဲ့ အစီအစဉ်လေး လာပါပြီ။

📍အကောင့်တွေ မလုံခြုံနေဘူးလား ၊ ဒစ်ဂျစ်တယ်ဓာတ်စာကိုဖတ်ပါ။
📍နည်းပညာဗဟုသုတကြွယ်ဝချင်လား ၊ ဒစ်ဂျစ်တယ်ဓာတ်စာကိုဖတ်ပါ။
📍၂၁ ရာစုမှာ ခေတ်မီချင်လား ၊ ဒစ်ဂျစ်တယ်ဓာတ်စာကိုဖတ်ပါ။

အစားတွေစွတ်စားလို လေ့ကျင့်ခန်းတွေစွတ်လုပ်တိုင်းလဲ ကိုယ်ခံအား မကောင်းဘူးနော်။

👁‍🗨လအပ်တဲ့အားဆေးလဲ သင့်တင့်လျောက်ပတ်အောင် ကူဦးမှမလား ကိုယ့်လူတိုရဲ့ ။

▪️ဒလိုပဲပေါ့ ....ဒစ်ဂျစ်တယ် လောကမှာလဲ သိတာတွေများ စားသုံးတာတွေများနေပေမယ့် လိုအပ်တဲ့ ဓာတ်စာလေးတွေလဲ အလောတော်လေး ကူသင့်တယ်နော်။

▪️ဒါကြောင့် ဒစ်ဂျစ်တယ်ကိုယ်ခံအား ကောင်းစေဖို ကြာသပတေးနေ့တိုင်း ဒစ်ဂျစ်တယ်ဓာတ်စာကို ဖတ်ရှုကြပါစို။

#digital_diet
#not_digital_tarzen
#springrevsec
“ဖတ်ကြည့်ကြည့် “

မသိရင်မေး.....
မစင်ရင်ဆေး.....
မတတ်ရင် ဖတ်..မှတ် ဆိုတဲ့ စကားအတိုင်းပဲ

ဒစ်ဂျစ်တယ်နဲ့ဆိုင်တဲ့ သုတတွေကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးမယ့် ဖတ်..ကြည့်..ကြည့် အစီအစဉ်ပဲဖြစ်ပါတယ်။

▪️သင်ပုန်းကြီးစာတွေ မကျေရင်နေ

▪️ဒစ်ဂျစ်တယ်ခေတ်မှာနေထိုင်ပြီး အင်တာနက်နဲ့ ကမ္ဘာပတ်နေတဲ့သူတစ်ယောက်ဆိုရင်တော့ သေချာပါတယ် နည်းပညာသုတတွေတော့ ကြွံယ်ဝနေဖို လိုတယ်နော်

📖ဒါကြောင့် ဖတ်..ကြည့်..ကြည့်...ဆိုတဲ့ အစီအစဉ်လေးနဲ့ ကိုယ့်လူတွေကို စာအုပ်စာပေတွေ ...ဆောင်းပါးတွေ စတဲ့စတဲ့ ဖတ်စရာ တွေကို ( ဖက်စရာမဟုတ်ဘူးနော် ) မျှဝေပေးမှာမို

အပတ်စဉ် အသင့်ပေးမယ့် ဖတ်စာလေး‌တွေကို...One Click လုပ်ပြီး အမုန်းဖတ်စို....

#read_it
#book_rcmd
#springrevsec
“ကြည့်...ကြည့်...ကြည့်”


➡️ဘဝအမောတွေ ပြေပျောက်စေဖို တစ်နေ့တာ အနားယူချိန်လေးတွေမှာ ရုပ်ရှင်လေးတွေကြည့်ရင်း ကုန်ဆုံးတတ်ကြတယ်ဆိုရင် .... တစ်နေ့တခြား တိုးတတ်လာတဲ့ နည်းပညာခေတ်ကြီးကို အမှီလိုက်နိုင်ဖို နည်းပညာဆိုင်ရာ ဒစ်ဂျစ်တယ်ဆိုင်ရာ ရုပ်ရှင်တွေကိုလဲ မကြာမကြာ ကြည့်ပေးဖိုလိုတယ်နော့ .....

👁‍🗨နေပါဦး အဲ့ဒါဆို ဘယ်ကားတွေက ကောင်းလဲ ဘယ်လိုကားမျိုးတွေကိုကြည့်ရမလဲလိုရွေးချယ်ရခက်နေတယ် ဆို နွေဦးလုံခြုံရေး ချယ်နယ် ဝိုင်းတော်သားတွေက Recommendation ကောင်းလေးတွေနဲ့ ညွှန်းပေးနေပါတယ်။ အစီအစဉ်လေးရဲ့ နာမည်က " ကြည့် ကြည့် ကြည့် " တဲ့ ....အဲ့တော့
နွေဦးလုံခြုံရေးချယ်နယ်က ညွှန်းပေးတဲ့ ရုပ်ရှင်ကားတွေကို ပေါက်ပေါက်ဆုတ်လေးယူ ကိုလာလေးနဲ့အတူ နေကြာစေ့လေး ဝါးရင်း ကြည့်ကြည့်ကြည့်လိုက်တော့ဗျို......

#watch\it
#movie_rcmd
#springrevsec
နွေဦးလုံခြုံရေး ဆေးခန်း
================
🗣နှစ်သစ်ရဲ့ ဒုတိယအပတ်လေးတော့ရောက်ရှိလာပြီကိုယ့်လူတို့ရေ…

📍နှစ်ပတ်လောက်ကုန်သွားတာနဲ့ ၂၀၂၂ အတွက်ချမှတ်ခဲ့တဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးသံဒိဋ္ဌာန် (၅) ချက်ကိုမေ့မသွားနဲ့ဦးနော်…

🩺ကိုယ့်လူတွေနေမကောင်းရင် ဆေးခန်းမှာပုံမှန် Medical Checkup လုပ်သလိုပဲ...ကိုယ်ရဲ့ အကောင့်တွေနဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ ဒီနေ့ နေ့လည် (၁) နာရီမှာ လုံခြုံရေးဆေးန်း ဝိုင်းတော်သားတွေ စောင့်နေမယ်ဗျို့...

📍ဆေးခန်း 📲Link:https://t.me/SpringSecClinic

အချိန်ကတော့ 🕐1PM-3PM ထိ ပါနော်..

ဒါနဲ့ စကားမစပ်...ချမှတ်ခဲ့တဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးသံဒိဋ္ဌာန် (၅) ချက်ထဲကတစ်ခုခုကို မှတ်မိသေးတယ်ဆို Comment မှာ ဂုဏ်ဆာ ခဲ့ပါဦးဗျို့....