နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
573 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
​​ရောင်းရင်းတိုရေ ကျွန်တော်တိုရဲ့ အင်တာနက် Data နှုန်းတွေအတက်ခံလိုက်ရစဉ်မှာပဲ Facebook ကြီးကလဲ စစ်တပ်ပိုင်လုပ်ငန်းတွေရဲ့ Page တွေတွေကို အရေးယူမှုတွေလုပ်နေပါပြီဗျို ။ သတင်းတွေအရတော့ Mytel Page ကြီးကိုလဲ Facebook ကဖြုတ်ချလိုက်ပြီတဲ့ .....

ဖေ့ဘုတ်ရဲ့ ထုတ်ပြန်ချက်အနှစ်ချုပ်လေးကိုလဲ အောက်မှာဖော်ပြပေးထားပါတယ်။

ယခု Facebook ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာစစ်တပ်နှင့်စစ်တပ်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေရဲ့ Facebook Page, Facebook Group နဲ့ Facebook account တွေကိုဖယ်ရှားပစ်မယ်လိုဆိုထားပါတယ်။ Feb လကစတင်ပြီး စစ်တပ်ပိုင်စီးပွားရေး သိုမဟုတ် စစ်တပ်နှင့်ပတ်သတ် တဲ့လုပ်ငန်းတွေအပေါ် Facebook အနေနဲ့ ဖိအားပေးတဲ့လုပ်ဆောင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
အီးယူ၊ အမေရိကန်နှင့် အခြားသောနိုင်ငံများ၏ အစိုးရများအနေနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် ပိုမိုပြင်းထန်းသည့်ပိတ်ဆိုအရေးယူမှုများ ပြုလုပ်နိုင်ရန်အတွက် အရက်ဘက်အဖွဲအစည်းများနှင့် လူ့အခွင့်အရေးအဖွဲအစည်းများက အချိန်တိုအတွင်းမှာ အပတ်တကုတ်အားထုတ်နေမှုတွေကိုလဲ Facebook ကမြင်တွေ့ခဲ့ရတယ်လိုဆိုထားပါသေးတယ်။ Facebook အနေနဲ့ မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်များအပေါ် ငွေကြေးဆိုင်ရာ အထောက်အပံ့ဖြစ်စေနိုင်တဲ့ အခြေအနေများနဲ့ ပါတ်သက်ပြီး နိုင်ငံတကာအစီအရင်ခံစာများအပေါ်အခြေခံပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုများကိုလုပ်ဆောင်နေတယ်လို ထုတ်ပြန်ထားပါတယ်။
စစ်တပ်ရဲ့ စီးပွားရေးလက်တံ ရှည်လျားလွန်းပြီး အတိအကျ ခြေရာကောက်ရန် ခက်ခဲတဲ့အခြေအနေများရှိတဲ့အတွက် Facebook ဟာ UN Fact-Finding Mission on Myanmar’s 2019 အစီအရင်ခံစာပါ တပ်မတော်ရဲ့ အကျိုးအမြတ်ရရှိစေတဲ့ လုပ်ငန်းဆိုင်ရာအချက်အလက်များကိုအခြေခံပြီး Facebook ရဲ့ အရေးယူမှုတွေကိုလုပ်ဆောင်နေတယ်လို ထည့်သွင်းဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ မြေပြင် အခြေအနေတွေကို စောင့်ကြည့်စစ်ဆေးနေပြီး လူမှုပတ်ဝန်းကျင်အတွင်း ဘေးကင်းလုံခြုံဖိုအတွက်ကိုလည်း ဆက်လက် အားစိုက်လုပ်ဆောင်သွားမှာဖြစ်တယ်လို ကတိကဝတ်ပြုထားပါတယ်။
Facebook ဟာ ရိုဟင်ဂျာကိစ္စမှာလည်း အမုန်းစကားတွေ ပြန့်နှံစေခဲ့လို လျော်ကြေးပေးရန် တရားစွဲခံထားရပါတယ်။ အခုကတော့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိထားစောင့်ကြည့်နေပြီး မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်စေခဲ့တဲ့ မုန်းတီးမှုရပ်ဝန်းတွေကို US အစိုးရရဲ့ စီးပွားရေးပိတ်ဆိုမှုတွေကို အခြေခံပြီး ပြန်လည်တိုက်ဖျက်နိုင်ဖိုကြိုးစားနေတယ်လို ယူဆရပါတယ်။

Facebook ရဲ့ တရားဝင်ကြေငြာချက်ကို‌တော့ ဒီမှာဝင်ရှိးလိုက်ဗျို
https://about.fb.com/news/2021/02/an-update-on-Myanmar/
📲အကောင့်လုံခြုံရေးအတွက်လုပ်သင့်တဲ့ အချက် 5️⃣ ချက် 📱

📣အကောင့်လုံခြုံရေးကိုမြှင့်တင်ခြင်းဖြင့် သင့်ဒစ်ဂျစ်တယ်ဘဝကို ပုံပြန်သွင်းပါ"

👉ရောင်းရင်းတို့ကို အသစ်သစ် Update တွေကြီးပဲပြောနေလို့ ဒစ်ဂျစ်တယ်ဘဝသစ်ကို ပုံသွင်းဖို့ကိစ္စ ကိုလည်းမေ့မနေနဲ့ဦးဗျို့…
ဒီနေ့မှာတော့ ဒစ်ဂျစ်တယ်ဘဝသစ်ကို သင့်အကောင့်လုံခြုံရေးက စတင်ဖို့ တိုက်တွန်းလိုတာဖြစ်ပါတယ်။

📍နွေဦးရောင်းရင်းတို့ကို ဝိုင်းတော်သားတွေက အကောင့်တွေကို ကြိုတင်ကာကွယ်ဖို့ လုံခြုံရေးအတွက် ခိုင်မာတဲ့ လျို့ဝှက်နံပါတ်တွေထားဖို့ ပြောခဲ့တာ April လလောက်တည်းကပါ။

⚠️မလုပ်ရသေးတဲ့သူတွေလည်းတစ်ခါတည်းလိုက်လုပ်နိုင်ဖို့..အခြေခံအကျဆုံးအချက်တွေကိုပြန်ပြောပေးပါမို့..ကိုယ့်လူတို့ရေ တကယ်လိုက်လုပ်ကြပါဗျို့

👉https://telegra.ph/5-ways-to-secure-your-Accounts-12-09
Timeline of Digital Coup in Myanmar
====================
ဒီနေ့မှာတော့ Silence Strike နဲ့အတူ အခွင့်အရေးဟူသမျှကို ရိုက်ချိုးရန် အမြဲတမ်းပြင်ဆင်လေ့ရှိတဲ့ အဓ္ဓမ ဝိုင်းတော်သားတွေက 2️⃣0️⃣2️⃣1️⃣ခုနှစ်၊ ဖေဖော်ဝါရီလ (1️⃣) နေ့ကစတင်လို့ ရောင်းရင်းတို့ ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ် အခွင့်အရေးတွေကိုလည်း အားသွန်ခွန်စိုက် ဖိနှိပ်ကြိုးစားခဲ့တာပါ။

ဒီနေ့မှာတော့ August ကနေ Oct အထိ ဒစ်ဂျစ်တယ်အခွင့်အရေးချိုးဖောက်ခံရမှုရဲ့ မှတ်တမ်းပါဗျို့….

👁‍🗨အခွင့်အရေးတွေ ချိုးဖောက်ရုံတင်မကပဲ အင်တာနက် ဒေတာ စျေးတွေပါ လိုက်ပစ်တဲ့ အဓ္ဓမ ဘက်တော်သားများရဲ့ ရည်ရွယ်ချက် မအောင်မြင် ကျုပ်တို့ ဘက်ပေါင်းစုံက တော်လှန်ရ မဟုတ်ပေဘူးလား..ရောင်းရင်းတို့ရေ..
👁‍🗨”Password” တွေမေ့လ်ို့ ကိုယ့်အကောင့်တွေဝင်မရဖြစ်နေပြီလား ?

👁‍🗨”Password” တွေကိုဘယ်မှာချရေးမှန်းမသိပဲ ခဏခဏမေ့တဲ့ ပြသနာကြုံနေရတာလား ?

👁‍🗨”Password” တစ်ခုနဲ့ ရှိသမျှအကောင့်တွေမှာ သုံးနေ ဝုန်းနေတုန်းလား ?

🗣အပေါ်ကအချက်တွေ တစ်ခုမဟုတ် တစ်ခုဖြစ်ဖြစ် ၊ အကုန်လုံးနဲ့ပဲဖြစ်ဖြစ် ငြိနေတယ်ဆိုရင် ဒီအောက်က Link မှာသာ ဝင်ကြည့်သွားကြတော့နော် ...အများကြီးမပြောတော့ဘူး ဖတ်သာကြည့်တော့ ......

👉https://telegra.ph/Reload-your-digital-life-by-using-Password-Manager-12-10
🗣ဒီနေ့ အက်မင်တို ပြောပြောနေတဲ့ “Reload Your Digital Life” သင့်ရဲဒစ်ဂျစ်တယ်ဘဝသစ်ကို စတင်ပါဆိုပြီး တစ်ရှိန်ထိုးပြောနေတာကို ရောင်းရင်းတိုသတိထားမိမှာပါ။

📍အလို ဒစ်ဂျစ်တယ်ဘဝသစ်ကို သွားဖိုဆိုရင် သင့်ရဲ့ဒစ်ဂျစ်တယ်ဘဝဟောင်းနဲ့ ဘဝဟောင်းမှာရှိခဲ့တဲ့ ဒေတာတွေကို အပြီးအပိုင်ဖျက်ပစ်ဖိုလည်း လိုပါတယ်။

🗑Move to Trash လုပ်လိုက်ရုံနဲ့ သင့်ဒေတာတွေ ပျက်သွားပြီလို ထင်နေတုန်းလား?

👩🏻‍💻Recycle Bin ထဲထည့်လိုက်ရုံနဲ့ ဒေတာတွေ တကယ်ပျက်သွားတာတဲ့လား?

👁‍🗨အရေးကြုံလို Telegram App ဖျက်လိုက်ရုံနဲ့ Data တွေအကုန်ပျက်သွားတာလား?

👉https://telegra.ph/How-to-delete-your-old-digital-footage-12-10
📈Reload Your Digital Life Test
=====================
🗣အက်မင်တို့ ဒီအတောအတွင်းမှာ “Reload Your Digital Life” သင့် ဒစ်ဂျစ်တယ်ဘဝကို အသစ်စတင်ဖို့ တောက်လျှောက်ပြောခဲ့တာမို့..ကိုယ့်လူတို့ကို

👁‍🗨စာမေးပွဲပြန်စစ်ရမယ်အချိန်ရပြီဗျို့..

🗣ဝိုင်းတော်သားတွေပြောပြထားတာတွေကို လိုက်လုပ်ဖြစ်ရင်း

▪️ဒစ်ဂျစ်တယ်ဘဝသစ်ကို စတင်နိုင်ပြီးလား

▪️ဒါမှမဟုတ် ဒစ်ဂျစ်ဘဝကြီးက အဝိုင်းလည်နေတုန်းလား
ဒစ်ဂျစ်ကလေးဘဝမှာပဲ ပျော်နေတုန်းလား?

ကိုယ့်အခြေအနေကို ကိုယ်သိဖို့ အက်မင်တို့ရဲ့ Survey ကိုဖြေပေးပါဦးဗျို့..

👉https://forms.gle/55wnoksanZ7Ec1wp8

အားလုံးကိုဖြေပြီးရင်တော့ View Score ကနေပြီးတော့ ကိုယ့်ရဲ့ အမှတ်လေးတွေကို ကြည့်ပြီးဂုဏ်ဆာလို့ရတယ်ဗျို့…

အမှတ်ပြည့်ရင်တော့..ကိုယ့်လူရေ..Comment မှာဂုဏ်ဆာလို့ရပြီပေါ့ဗျာ...👏
Telegram Update Setting အကြောင်းသင်သိပြီးပြီးလား⁉️
===========================

🗣ရောင်းရင်းတို့ရေ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Telegram ဟာဆိုရင်တော့ဖြင့် များမကြာသေးမီ ဒီဇင်ဘာလအတွင်းမှာ Update လေးထွက်ရှိလို့လာခဲ့ပါတယ်။

Update မှာဘာတွေပါဝင်နေပါသလဲ

▫️Privacy Setting အရလည်း Group တွေ Channel တွေအနေနဲ့ ထိန်းချုပ်မှုတွေကို လုပ်လို့ရအောင် Update Setting ထဲမှာ ထည့်သွင်းထားတယ်လို့ဆိုပါတယ်

▫️Security ရှုထောင့်အရရော ဘာတွေတိုးမြင့်လဲလာဆိုတာ တစ်ချက်လေ့လာကြည့်မယ်ဗျို့…

👉https://telegra.ph/Telegram-Setting-Update-12-16
📣MM Reporter App ကိုသုံးပြီး ဘောက်ချာစုတ်ရအောင်ဗျာ..
=========================
အမှောင်ထုကြီးစိုးချိန်မှာ အမှန်တရားတွေအမှောင်ချခံရပါတယ်..

▪️အဲ့လိုအမှောင်ချခံနေချိန်မှာ သတင်းအချက်အလက်တွေ မှန်မှန် နဲ့ မြန်မြန် မစီးဆင်းနိုင်ရင်တောင် တစ်ချိန်ချိန် အခွင့်အခါ ပေးတဲ့အချိန်မှာ အဓမ္မသမားတွေကို တစ်ခုခုပြန်လုပ်နိုင်ဖို့ ခေတ်စကားနဲ့တော့ ဘောက်ချာစုတ် မယ့်သဘောပေါ့ဗျာ....အဲ့လိုလုပ်ဖို့က ဖြစ်ပျက်သမျှတွေကို မှတ်တမ်းတင်ထားဖို့လိုပါတယ်ရောင်းရင်းတို့ရေ…

📸သေချာတာကတော့ ခေတ်ကာလ အခြေအနေအရ ဂျာနယ်လစ်တွေကို အားကိုးလို့မရနိုင်တော့တဲ့ အခြေအနေပါ ကင်မရာကိုင်ပြီး သတင်းလိုက်လို့မရတော့လို့ပါ...

📲သို့ပေမယ့် သင်ကိုယ်တိုင် ဖုန်းလေးတစ်လုံးတည်းနဲ့ (Citizen Journalist) လုပ်လို့ရပါတယ်

📱Citizen Journalist တွေဆိုတာက တာဝန်သိတတ်တဲ့ ပြည်သူတစ်ယောက်အနေနဲ့ အမှောင်ထုကြီးမှာ ဖြစ်ပျက်နေသမျှကို မှတ်တမ်းတင်ပြီး အခွင့်အခါပေးရင်တော့ သတင်း မီဒီယာတွေဆီ သတင်းပေးပို့ဖို့ပဲဖြစ်ပါတယ်၊ သတင်းပေးပို့တဲ့နေရာမှာလည်း တစ်ဖက်ရဲဘော်တွေအတွက် လုံခြုံရေးအရ ထိခိုက်မှုရှိနိုင်တဲ့ဟာလေးတွေကို သတိထားဖို့ကတော့ CJ တွေရဲ့ ကျင့်ဝတ်ဆိုတာလည်းသတိထားစေချင်တယ်ဗျို့..
▪️နောက်တစ်ခုက သတင်းယူတဲ့အခါမျိုမှာလည်း ကိုယ့်ရဲ့ Phyiscal လုံခြုံရေးကိုတော့ သတိထားပါဗျို့လို့ အကြံပေးလိုပါတယ်...
▪️အမှောင်ထုကြီးမှာ ဖြစ်ပျက်နေတဲ့ မတရားမှုတွေကို မှတ်တမ်းတင်ထားဖို့က အင်မတန်မှ အရေးကြီးတာမို့ ..အဲ့ဒါမျိုးကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ အမျိုးတွေကို MM Reporter ဆိုတဲ့ App လေးကညွှန်းဆိုလိုပါတယ်။

👉App Download link: https://play.google.com/store/apps/details?id=com.mm.reporter

▪️အဲ့ဒါဆို သတင်းတွေပေးပို့ရင်ရော ကျွန်တော်တို့နာမည်တွေနဲ့ရောက်သွားမှာလားဆိုပြီး လုံခြုံရေးစိုးရိမ်နေတဲ့ သူတွေအတွက်ကတော့ သတင်းဌာနတွေကို ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ပေးပို့တဲ့အခါမှာ မိမိအနေနဲ့ အမည်မဖော် (anonymity) ပဲပေးပို့နိုင်တာမို့ လုံခြုံရေးအရလည်း အဆင်ပြေပါတယ်။ App သုံးနည်းကို အသေးစိတ်သိချင်သူတွေအတွက် App သုံးနည်းလမ်းညွှန်ကိုလည်းပေးထားပါတယ်

👉App သုံးနည်း: https://t.me/SpringRevSecurity/274
Shreddit User Guide
================
✏️သင်ဒေတာတွေကို အပြီးအပိုင်ဘယ်လိုဖျက်မလဲ?

🗑Recycle Bin ထဲထည့်ရုံနဲ့ သင့် Data တွေတကယ်ပျက်သွားပြီလား?
📁Trash ထဲရောက်တာနဲ့ Data တွေအကုန်လစ်သွားပြီးလိုထင်နေတုန်းလား?

🔔ရောင်းရင်းတို တောင်းဆိုနေတဲ့ Shreddit ရဲ့သုံးနည်းလေး လမ်းညွှန်းထားတယ်ဗျို..
ဖတ်ကြည့်ပြီး..အသိမိတ်ဆွေတွေကိုလည်းဝေမျှပေးပါဦးဗျို...
👁‍🗨အင်တာနက်ပေါ်က ခြေရာ ခံတော့ ဘာဖြစ်လဲ ⁉️

👁Online သုံးနေလို့လဲ ငါ့မှာဘာမှ လျှို့ဝှက်ထားစရာ လူသိခံလို့မရတာတွေမရှိပါဘူးကွာ..

👀ဒါက ဒီတိုင်း အင်တာနက်ပါပဲ ငါက သန်းချီနေတဲ့လူတွေထဲက တစ်ယောက်ပဲ ဘာမှထူးခြားမနေဘူး

⚠️ဒါကြောင့် ခြေရာခံလဲ ဘာမှဂရုစိုက်စရာမရှိပါဘူး ဒစ်ဂျစ်တယ်လုံခြုံရေးဆိုတာလဲ ဘာမှအရေးကြီးမနေပါဘူး ဆိုပီး ခင်ဗျားကိုယ်တိုင် အပါအဝင် ခင်ဗျားရဲ့ပတ်ဝန်းကျင် က လူတွေက ဒီတိုင်းပဲ ယုံကြည် လက်ခံကြပါသလား⁉️

▪️ဒါဆိုရင်တော့ ခင်ဗျားအကြောင်းပြလေ့ရှိတဲ့ ဒီ အချက် ၇ ချက်ကို မိနစ်ပိုင်းလောက် အချိန်ပေးပြီး ခဏဝင်ဖတ်ကြည့်‌သွားစေချင်တယ်။

👉https://telegra.ph/7-Things-you-used-to-say-about-online-tracking-12-20
နွေဦးလုံခြုံရေးဆေးခန်း
==================
ကဲနွေဦးရောင်းရင်းတို့ရေ..
နှစ်တွေလည်း ကုန်ခါနီးပြီဗျို့....

▪️နှစ်မကုန်ခင်လေးမှာ သင့်ရဲ့ ဒစ်ဂျစ်တယ်နဲ့ ပက်သက်ပြီး မလုံခြုံဘူးခံစားနေရသလား❗️

▪️အခုထက်ထိ password မေ့တဲ့ပြသနာတွေနဲ့ တိုင်ပတ်နေတုန်းလား

▪️အကောင့်လုံခြုံရေးအတွက် အမြဲတမ်းစိတ်ပူနေရတုန်းလား⁉️

🙌နွေဦးလုံခြုံရေး Chanel ကဝိုင်းတော်သားတွေ နှစ်မကုန်ခင် Christmas အချိန်အခါသမယမှာ သင့်အခက်အခဲတွေကိုကူညီဖို့ ရှိနေပါမယ်နော်...

Group ထဲမှာ အမြဲတမ်းမေးခွန်းမေးတတ်တဲ့ ရောင်းရင်းများလည်း ဒီနေ့မှာ Clinic မှာလာပြီး ပြသနာတွေကို ဖြေရှင်းလို့ရပါတယ်ဗျို့....

နေ့ရက် − 22nd Dec,2021
အချိန် - 1:00 PM-3:00 PM
📲Link:https://t.me/SpringSecClinic

ဝိုင်းတော်သာတွေနဲ့ တွေ့ရအောင် Clinic ကိုလှမ်းသာလာခဲ့လိုက်တော့ ကိုယ့်လူရေ....
Merry Christmas to you all!
======================
☃️ရောင်းရင်းတိုရေ နွေးဦးမှာတွေ့လို ဆောင်းဦးရောက်ခဲ့ပြန်ပါပြီ..ထွေထွေထူးထူးမပြောချင်ပါဘူးဗျာ...အားလုံးပဲလုံခြုံပြီး အေးချမ်းတဲ့ Christmas ဖြစ်ကြပါစေဗျာ…🙏

🎁Christmas Present လေးလုပ်ထားလို လက်ဆောင်လိုချင်တဲ့သူတွေ ရင်ခုန်စွာ စောင့်မျှော်ပေးကြပါဗျို

👉https://telegra.ph/Password-is-my-digital-property-12-23