နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
နွေဦးလုံခြုံရေး Channel မှ မိတ်ဆွေများ သတိပြုရန် ….❗️

👉🏻 Channel သည် တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် ၊ ဒစ်ဂျစ်တယ်ဒလန်များရန်မှ ကာကွယ်နိုင်ရန်၊ တော်လှန်ရေးအား အထောက်ကူပြုနိုင်ရန် ဒစ်ဂျစ်တယ် လုံခြုံရေး အသိပညာများ မျှဝေပေးနေသော Channel တစ်ခုဖြစ်ပါတယ်။ 👈🏻

🧨 ယခုလို ထိရှလွယ်တဲ့ အခြေအနေမှာ Channel ထဲတွင် မလိုလားအပ်သော ပြသနာများမဖြစ်ပွားစေရန်အတွက် Admin Team မှ အခြေခံစည်းမျဉ်းများသတ်မှတ်ထားသောကြောင့် လိုက်နာပေးကြပါရန် တိုက်တွန်းလိုက်ပါရစေ.....

Public channel ဖြစ်တဲ့အတွက် မည်သူမဆိုဝင်ရောက်နေန်ိင်သဖြင့် မိမိ၏ ဒစ်ဂျစ်တယ်ပုဂ္ဂိုလ်ရေးရာဆိုင်ရာအချက်အလက်များကိုသတိထားပါ။

ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် ဝေမျှနေသော Channel ဖြစ်သောကြောင့် ဒစ်ဂျစ်တယ်လုံခြုံရေးနှင့်မဆိုင်သော Link များ Share ခြင်းများ၊ Comment များမပြုလုပ်ကြပါရန် ။

မိတ်ဆွေတို၏ လုံခြုံရေးအတွက် နွေဦးလုံခြုံရေး Clinic တွင်မိမိတို၏ ဖုန်းနံပါတ်များကို ပေးပိုခြင်းအား မပြုလုပ်ပါရန် ။

Malware လင့်တွေ၊ FB logout link တွေအပြင် Adult content တွေရှဲရင်တော့ ရာသက်ပန် ဘန်း မှာဖြစ်ပါတယ််။

⚙️⚙️ ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် ရောင်းရင်းမိတ်ဆွေများကိုယ်တိုင်သတိပြုလိုက်နာရန်လိုအပ်ပါသည်။ ⚙️⚙️

📱📱 ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပတ်သတ်တဲ့ အခက်အခဲတွေအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့ နေ့လည် (၁)နာရီမှ− (၃)နာရီအထိ အက်မင်များမှ အကြံပေး၍ ဖြေရှင်းပေးနေပါသဖြင့် လာရောက်မေးမြန်းနိုင်ပါသည်။
​​🎥 Movie Recommendation
======================
🍿ရောင်းရင်းတိုရေ..ဒီအပတ်မှာတော့ သိပ်မပေါ့ပါးတဲ့ Movie Recommendation လေးလုပ်ချင်ပါတယ်။

▪️1984 မှာထုတ်လုပ် ခဲ့တဲ့ Nineteen Eighty-Four လိုခေါ်တဲ့ Science Fiction ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။

▪️Nineteen Eighty-Four သည် 1948 ခုနှစ်မှာ George Orwell ကရေးသား ပြီးစီးခဲ့တဲ့ 1984 စာအုပ်ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် မှာ George Orwell က ၁၉၈၄ ခုနှစ် ကမ္ဘာကြီးကို စိတ်ကူးယဉ်ပုံဖော်ထားပြီး ရေးသားခဲ့တာလိုဆိုပါတယ်။ (PDF ကိုလိုချင်ရင် Comment မှာ ဒေါင်းလုပ်ရယူ ဖတ်ရှုနိုင်ပါတယ်။)

▪️ ပဂ္ဂိုလ်ရေးရာ လွပ်လပ်မှု အလုံးစုံ ဆိတ်သုဏ်းမှု၊ individualism အာဏာရှင်ဝါဒကြီးစိုးမှု၊ မတူကွဲပြားမှုကို ဆန့်ကျန်မှု၊ အမှန်တရား၏ ကျဆုံးမှုတွေနဲ့ Oceania ရဲ့ လူနေမှုအသိုက်အဝန်းတစ်ခုကို ‌ကျောချမ်းဖွယ်ရာ ဖော်ညွှန်းထားတဲ့ horror ကားဆိုလည်း မမှားပါဘူး။

▪️ ကျတော်တိုနဲ့ လက်ရှိအခြေအနေမှာ မစိမ်းလှတဲ့ narrative တွေဖြစ်တဲ့ တရားသောစစ်ပွဲ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အချာအာဏာတည်တံခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ အစရှိတာတွေနဲ့ သိပ်မကွာလှတဲ့ ideology တွေကို တွေ့ရမှာဖြစ်တဲ့ အပြင် သတင်းမှန်ပြန်ကြားရေးနဲ့ အလားတူတဲ့ Ministry of truth တိုလို institution တွေရဲ့ဝါဒမှိင်းတိုက်မှုတွေ၊ နည်းပညာအခြေပြု ဖိနှိပ်မှုတွေ ကိုလည်း တွေ့ရှိရမှာပါ။

👁‍🗨 ငါတိုနိုင်ကိုနိုင်ရမယ်ဆိုတာ ဘာကြောင့်လည်းဆိုတာကို Horror ပိုဆန်တဲ့ Science Fiction Drama ကားလေးကို ဒီအပတ်မှာတော့ recommend လိုက်ပါတယ်။ ရုပ်ရှင်တော့ R rated movie ဖြစ်တဲ့အတွက် အရွယ်မရောက်သေးသူတွေအနေနဲ့ ကော မိသားစုကြည့် အနေနဲ့ကော ကြည့်ရှုဖို မသင့်တော်ပါဘူး။

Link:
———
https://moviesjoy.to/movie/nineteen-eightyfour-57115
Messenger Unsend
===============
ရောင်းရင်းတို့ရေ ယူတို့အသဲကျော်ဇာတ်လိုက်ကြီး Messenger ကြီမှာ ပြောကြဆိုကြပြီး Conversation Delete လုပ်လိုက်ယုံနဲ့ လုံခြုံတယ်မှတ်ပြီး အေးဆေးနေကြတယ်ပေါ့လေ..သိချင်ရင် ပုံမှာသွားဖတ်
နွေဦးလုံခြုံရေး Digital Clinic
========================
ကဲ..ဒီနေ့မှာတော့ ထုံးစံအတိုင်းပဲရောင်းရင်းတို့ရေ.. ဒစ်ဂျစ်တယ်လုံခြုံရေး Clinic မှာတွေ့ကြမယ်နော်။
Clinic ဖွင့်ခဲ့တဲ့ (၅)ပတ်တာကာလမှာ တော်တော်များများသော အကောင့်လုံခြုံရေးများအပါအဝင် ဒစ်ဂျစ်တယ်် ပြသနာများကို ဖြေရှင်းပေးခဲ့ပါတယ်...

Clinic ပြချင်တယ်ဆိုရင်တော့
နွေဦးလုံခြံရေး Clinic ကို Join ဖို့လိုအပ်ပါလိမ့်မယ်
📲Link:https://t.me/SpringSecClinic

အချိန်ကတော့ 🕐1PM-3PM ထိ ပါနော်..

Clinic ကနေလာပြီး ပြသနာတွေပြေလည်သွားတဲ့ ရောင်းရင်းတွေလည်း Comment မှာ Clinic အတွေ့အကြုံလေးတွေဝေမျှသွားပါဦး…
Facebook ပြောတဲ့ Encrypted function အသစ်
====================================
Function အသစ်ကဘာမျာဖြစ်မလဲ?
Facebook ရဲ့အဆိုအရတော့ ရောင်းရင်းတို့ ပြောနေဆိုနေကြတဲ့ Messenger မှာရှိတဲ့ message တွေအပြင် Video call တွေမှာ လုပ်ပေးမယ့် Encryption တဲ့နော်…

စောင့်မျှော်ကြည့်ကြတာပေါ့နော်…
ကျွန်တော်တို့ စိုးရိမ်ရတဲ့ နေရက်တွေတော့ ရောက်လာပြီ ရောင်းရင်းတို့ရေ
သတင်းကို အောက်တွင် ဖတ်ရန်
👇👇👇👇
🚨Breaking News

🚨 Chin State

ချင်းပြည်နယ်တစ်ပြည်နယ်လုံး စစ်ကောင်စီ သူပုန်တပ်မှာ အင်တာနက် ဖြတ်တောက်ထားကြောင်း သိရှိရပါသည်။

လက်ရှိမြေပြင်စုံစမ်းသိရှိရသောအင်တာနက် အဖြတ်ခံရသော မြို့နယ်များ-

ထန်တလန်
တီးတိန်
မင်းတပ်
ဖလမ်း
မတူပီ
ကန်ပက်လက်

အခြားမြို့နယ်များအတွက် မြေပြင်အတည်ပြုချက်များရရှိရန် ထပ်မံကြိုးစား အတည်ပြုနေပါသည်။

MSI
Ref Chin N A
လတ်တလောတွင် Signal ဝန်ဆောင်မှုဆိုင်ရာပြတ်တောက်မှုများဖြစ်ပေါ်နေသည်ဟုသိရပါသည်။
27 SEP 2021
Clinic Infographic
==============
ရောင်းရင်းတို့ရေ🗣
ဒစ်ဂျစ်တယ်လုံခြုံရေး Clinic ကိုလုပ်ခဲ့တာဆိုရင် (6️⃣)ပတ်တာရှိပြီဗျို့..

🗣လာမေးတဲ့မေးခွန်းတွေကတော့ ခါးနာတာကအစ..Covid ကာကွယ်ဆေးထိုးတာကအဆုံးပါပဲ...😬 စတာပါ အဲ့တာတွေမမေးကြေး ဒစ်ဂျစ်တယ်လုံခြံုရေး Clinic မို့ပါနော်။😅

📲ဒစ်ဂျစ်တယ်နဲ့ဆိုင် ပြသနာတော်တော်များများကိုလာမေးကြတဲ့သူတွေကပိုများပါတယ်။

👁‍🗨ဒီနေ့မှာတော့ Clinic (၆)ပတ်တာကာလမှာ လာမေးတဲ့မေးခွန်းအမျိုးအစား၊ ဖြေးရှင်းပေးနိုင်တဲ့ ရာခိုင်နှုန်းတွေ ကိုတင်ပေးထားတာပါ။

📌ဒီနေ့ နေ့လည်(၁)နာရီ ကနေ (၃)နာရီထိလည်း Clinic ရှိတယ်ဗျို့

▪️ကိုယ့်ရဲ့ Social Media နဲ့ဆိုင်တဲ့ အကောင့်ပြသနာများ
▪️လုံခြုံရေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ App များအကြောင်းသိလိုသူများ
▪️Channel မှာပြောထားတဲ့ App တွေကို Setup လုပ်တဲ့အခါမှာ တွေ့တဲ့ ▪️အခက်အခဲတွေနဲ့
တစ်ခြား ဒစ်ဂျစ်တယ်ဆိုင်ရာအခက်အခဲများကိုလည်း မေးလို့ရပါတယ်ဗျိုး....

ဒီနေ့ နေ့လည် (1) နာရီမှာ အပြေးလေးလာခဲ့လိုက်ပါဗျို့....

👉Link: https://t.me/SpringSecClinic
Cambridge Analytica
=================
🗣နွေဦးရောင်းရင်းတို့ရေ
ဒီနေ့မှာတော့ Monday က Recommend လုပ်ခဲ့တဲ့ “The Great Hack” Movie လေးကို ကြည့်ထားပြီးရင်တော့ ဒီနေ့ပြောမယ့် Content လေးကိုအားလုံးကြေညက်သွားလိမ့်မယ်လို့မျှော်လင့်တယ်ဗျို့…

ဒီနေ့မှာတော့ Facebook နဲ့ Cambridge Analytica အကြောင်းကိုပြောပြပေးမှာပါ။
Facebook ကြီးကိုတော့လူတိုင်းသိပေမယ့် Cambridge Analytica ကိုတော့လူတွေသိပ်မသိကြပါဘူး..

📍သို့ပေမယ့် ကျွန်တော်တွေနဲ့ ရောင်းရင်းတို့တွေပေးလိုက်တဲ့ Data တွေရဲ့နောက်ကွယ်ကနေ ဒီ Company နှစ်ခုပေါင်းပြီးဘာတွေလုပ်ထားခဲ့လဲ..အနာဂါတ်တွေမှာ ဘာတွေလုပ်နိုင်ဦးမလဲဆိုတာ 2016 Donald Trump ‌ရွှေးကောက်ပွဲမှာ သုံးခဲ့တာကိုကြည့်ရင် အင်မတန်မှ ကြောက်စရာကောင်းလှပါတယ်…

👁‍🗨Invisible to Visible ပါ။ မမြင်ရတဲ့ Data တွေကို မြင်ရတဲ့ Election Result တစ်ခုကိုဖန်တီးနိုင်တာက...အနာဂါတ်ကာလဒီထက် ဆိုးရွားတဲ့ အရာတွေ ကြုံရမယ်ဆိုတဲ့ သဘောပါ..

👩🏻‍💻ကိုယ့် Personal Data တွေကိုဘယ်လောက်အတိုင်းအတာထိပေးမလဲဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပါ..

အသေးစိတ်ကို ဖတ်ရှုကြပါဗျို့..