နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
573 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
ရောင်းရင်းတို့ရေ

သတင်းအချက်အလက်စီးဆင်းဖို့က အင်မတန်မှ အခရာ ကျနေတဲ့အချိန်မှာ နွေဦးလုံခြုံရေးကနေ လုံခြုံရေးပိုင်းမှာစိတ်ချရတဲ့ App တွေကို ညွှန်းပေးနေတာပါ..

အင်တာနက် ဖြတ်ပစ်တာနဲ့ မပြက်တာက အရေးမကြီးဘူး..
တကယ်ကြီးပြတ်တောက် သွားပြီး ဆက်သွယ်ဖို့လိုအပ်ရင် အဆက်အသွယ်မပြတ်နိုင်ဖို့ Sentry ဆိုတဲ့ App ကို Download လုပ်ထားနော်…

▪️လုံခြုံတဲ့ App ပါ
▪️Message တွေကိုအချိန်နဲ့တစ်ပြေးညီ Share လို့ရပါတယ်....
💰ငွေကုန်ကြေးကျ ရှိပါတယ်..Message အတိုအရှည်ပေါ်မှုတည်ပြီး ပိုက်ဆံကုန်ပါတယ်..(Encrypted လုပ်ထားတဲ့ Message မို့လို့ ပိုရှည်တဲ့အတွက် ပိုက်ဆံအကုန်ကျ ရှိနိုင်ပါတယ်)....

👉Download link: https://bit.ly/3vZ6q6H

App ရဲ့အသုံးဝင်ပုံတွေကို ပုံတွေကိုကြည့်ပေးပါနော်…
အရေးတော်ပုံ အောင်ရမည်.....
ဒစ်ဂျစ်တယ်အလွဲများ အပိုင်း(၂)
=======================
ပေါ့ပေါ့ပါးပါး ဒစ်ဂျစ်တယ် လုံခြုံရေး အလွဲများ

🗣ဒီနေ့တော့ နွေဦးလုံခြုံရေးရဲ့ စာဖတ်သူပရိတ်သတ် မပျင်းရလေအောင် ပေါ့ပေါ့ပါးပါး ဒစ်ဂျစ်တယ် လုံခြုံရေး အလွဲများ ကဏ္ဍလေး တင်ဆက်ပေးလိုက်တယ်နော် ….👏

▪️ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ အလွဲက ဘာလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ Comment မှာဝင်ဖတ်ကြပါဦးဗျိုး...
Spring Security Clinic
=•=•=•=•=•=•=•=•=•=
ဒစ်ဂျစ်တယ်လုံခြုံရေးအခက်အခဲများအတွက် နွေဦးလုံခြုံရေးဆေးခန်းလေး

☝️ဒီနေ့ နေ့လည် ၁ နာရီကနေ ၃နာရီအထိရှိနေမယ်နော်..

👌နွေဦးလုံခြုံရေးက ဖော်ပြပေးတဲ့ App တွေ Download မရပဲဖြစ်ဖြစ်..Setup လုပ်မရတာတွေလည်း လာရောက်ဆွေးနွေးနိုင်သလို..

🔒မိမ်ိအကောင့်လုံခြုံရေးတိုးမြင့်မှုများအတွက်လည်း လာရောက်နိုင်ပါတယ်နော်…

ဒစ်ဂျစ်တယ်ဝေဒနာတွေကို ပြသချင်တယ်ဆိုရင်တော့ဖြင့် အောက်က Link လေးမှာလာရောက်ပြသနိုင်ပါတယ်...

https://t.me/SpringSecClinic
Telegram Privacy and Security Setting
==============================
နွေဦးရောင်းရင်းတိုရေ
Telegram ကိုတော့ အားလုံး Download ဆွဲပြီး သုံးနှင့်နေကြပြီမလား?
Telegram က လုံခြုံတယ်ဆိုပေမယ့်လည်း Privacy and Security Setting ကိုအသေးစိတ်လေးတွေ ချိန်ညှိထားဖိုလိုပါတယ်....

အသေးစိတ်ကို တစ်ပုံချင်း ထောက်ကြည့်ပေးပြီး လိုက်လုပ်ပေးပါနော်..

ကိုယ့်အသိ နွေဦးရောင်းရင်းတွေကို ဝေမျှဖိုရင်း နွေဦးတာဝန်ကို အတူတကွထမ်းရွက် ကြပါစို..

အရေးတော်ပုံ အောင်ရမည်...
နွေဦးလုံခြုံရေး Channel မှ မိတ်ဆွေများ သတိပြုရန် ….❗️

👉🏻 Channel သည် တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် ၊ ဒစ်ဂျစ်တယ်ဒလန်များရန်မှ ကာကွယ်နိုင်ရန်၊ တော်လှန်ရေးအား အထောက်ကူပြုနိုင်ရန် ဒစ်ဂျစ်တယ် လုံခြုံရေး အသိပညာများ မျှဝေပေးနေသော Channel တစ်ခုဖြစ်ပါတယ်။ 👈🏻

🧨 ယခုလို ထိရှလွယ်တဲ့ အခြေအနေမှာ Channel ထဲတွင် မလိုလားအပ်သော ပြသနာများမဖြစ်ပွားစေရန်အတွက် Admin Team မှ အခြေခံစည်းမျဉ်းများသတ်မှတ်ထားသောကြောင့် လိုက်နာပေးကြပါရန် တိုက်တွန်းလိုက်ပါရစေ.....

Public channel ဖြစ်တဲ့အတွက် မည်သူမဆိုဝင်ရောက်နေန်ိင်သဖြင့် မိမိ၏ ဒစ်ဂျစ်တယ်ပုဂ္ဂိုလ်ရေးရာဆိုင်ရာအချက်အလက်များကိုသတိထားပါ။

ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် ဝေမျှနေသော Channel ဖြစ်သောကြောင့် ဒစ်ဂျစ်တယ်လုံခြုံရေးနှင့်မဆိုင်သော Link များ Share ခြင်းများ၊ Comment များမပြုလုပ်ကြပါရန် ။

မိတ်ဆွေတို၏ လုံခြုံရေးအတွက် နွေဦးလုံခြုံရေး Clinic တွင်မိမိတို၏ ဖုန်းနံပါတ်များကို ပေးပိုခြင်းအား မပြုလုပ်ပါရန် ။

Malware လင့်တွေ၊ FB logout link တွေအပြင် Adult content တွေရှဲရင်တော့ ရာသက်ပန် ဘန်း မှာဖြစ်ပါတယ််။

⚙️⚙️ ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် ရောင်းရင်းမိတ်ဆွေများကိုယ်တိုင်သတိပြုလိုက်နာရန်လိုအပ်ပါသည်။ ⚙️⚙️

📱📱 ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပတ်သတ်တဲ့ အခက်အခဲတွေအတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့ နေ့လည် (၁)နာရီမှ− (၃)နာရီအထိ အက်မင်များမှ အကြံပေး၍ ဖြေရှင်းပေးနေပါသဖြင့် လာရောက်မေးမြန်းနိုင်ပါသည်။
​​🎥 Movie Recommendation
======================
🍿ရောင်းရင်းတိုရေ..ဒီအပတ်မှာတော့ သိပ်မပေါ့ပါးတဲ့ Movie Recommendation လေးလုပ်ချင်ပါတယ်။

▪️1984 မှာထုတ်လုပ် ခဲ့တဲ့ Nineteen Eighty-Four လိုခေါ်တဲ့ Science Fiction ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။

▪️Nineteen Eighty-Four သည် 1948 ခုနှစ်မှာ George Orwell ကရေးသား ပြီးစီးခဲ့တဲ့ 1984 စာအုပ်ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် မှာ George Orwell က ၁၉၈၄ ခုနှစ် ကမ္ဘာကြီးကို စိတ်ကူးယဉ်ပုံဖော်ထားပြီး ရေးသားခဲ့တာလိုဆိုပါတယ်။ (PDF ကိုလိုချင်ရင် Comment မှာ ဒေါင်းလုပ်ရယူ ဖတ်ရှုနိုင်ပါတယ်။)

▪️ ပဂ္ဂိုလ်ရေးရာ လွပ်လပ်မှု အလုံးစုံ ဆိတ်သုဏ်းမှု၊ individualism အာဏာရှင်ဝါဒကြီးစိုးမှု၊ မတူကွဲပြားမှုကို ဆန့်ကျန်မှု၊ အမှန်တရား၏ ကျဆုံးမှုတွေနဲ့ Oceania ရဲ့ လူနေမှုအသိုက်အဝန်းတစ်ခုကို ‌ကျောချမ်းဖွယ်ရာ ဖော်ညွှန်းထားတဲ့ horror ကားဆိုလည်း မမှားပါဘူး။

▪️ ကျတော်တိုနဲ့ လက်ရှိအခြေအနေမှာ မစိမ်းလှတဲ့ narrative တွေဖြစ်တဲ့ တရားသောစစ်ပွဲ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အချာအာဏာတည်တံခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ အစရှိတာတွေနဲ့ သိပ်မကွာလှတဲ့ ideology တွေကို တွေ့ရမှာဖြစ်တဲ့ အပြင် သတင်းမှန်ပြန်ကြားရေးနဲ့ အလားတူတဲ့ Ministry of truth တိုလို institution တွေရဲ့ဝါဒမှိင်းတိုက်မှုတွေ၊ နည်းပညာအခြေပြု ဖိနှိပ်မှုတွေ ကိုလည်း တွေ့ရှိရမှာပါ။

👁‍🗨 ငါတိုနိုင်ကိုနိုင်ရမယ်ဆိုတာ ဘာကြောင့်လည်းဆိုတာကို Horror ပိုဆန်တဲ့ Science Fiction Drama ကားလေးကို ဒီအပတ်မှာတော့ recommend လိုက်ပါတယ်။ ရုပ်ရှင်တော့ R rated movie ဖြစ်တဲ့အတွက် အရွယ်မရောက်သေးသူတွေအနေနဲ့ ကော မိသားစုကြည့် အနေနဲ့ကော ကြည့်ရှုဖို မသင့်တော်ပါဘူး။

Link:
———
https://moviesjoy.to/movie/nineteen-eightyfour-57115