နွေဦးလုံခြုံရေး
7.69K subscribers
2.43K photos
18 videos
6 files
696 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
VPN Safety Guard

💁🏻‍♀️ကိုယ့်လူတို့ရေ

💁🏾‍♂️ Safety Guard ကို အားလုံးသိပြီးကြပြီဟုတ်..

📍မိမိအသုံးပြုနေတဲ့ VPN လုံခြုံမှု ရှိ/မရှိကို စစ်ကြည့်ချင်ဖို့နဲ့

📍လက်ရှိ အလုပ်လုပ်နေတဲ့ VPN တွေကိုသိရှိရနိုင်ဖို့ VPN Safety Gard က အသုံးဝင်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

📢ဒီနေ့မှာတော့ ကိုယ့်လူတို့ ဖြေဆိုမှုကနေ အခြေခံထားတဲ့ VPN Safety Guard က စစ်တမ်းလေးတွေကို ကောက်နှုတ်ပေးထားပါတယ်။

📣ဖြေဆိုသူအရေအတွက် များလေလေ VPN အခြေအနေများကို သိရှိနိုင်တဲ့အတွက် ဖြေဆိုပေးဖို့ကိုလည်း အကြံထပ်မံပြုပါရစေဗျို့...

👉 https://vpnsafetyguard.org/
10
၂၀၂၆ ခုနှစ် မေလအတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ
==================================

🔥မတရားအာဏာသိမ်းတာ (၅နှစ်ကျော်ရှိခဲ့ပြီပဲဖြစ်ပါတယ်။

⚠️အဖက်ဖက် ပျက်သုန်းနေတဲ့ကြားထဲက အင်တာနက်ဖြတ် သတင်းတွေရပ်ဖို့ ကို အာဏာသိမ်း စစ်ကောင်စီက တစ်စိုက်မတ်မတ် လုပ်နေခဲ့တာဆိုရင်လည်း မမှားပါဘူး…

🔥 2025 အဆုံးပိုင်းကာလတွေမှာတော့ စောင့်ကြည့်နည်းပညာတွေပါ ထပ်ပေါင်းပြီး တစ်တိုင်းပြည်လုံးကို စောင့်ကြည့်နေတဲ့ အနေအထားပါ။ နှစ်ဆုံးပိုင်းကို ရောက်လာလေလေ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကလည်း သိသာထင်ရှားပြီး အရာရာကို ထိန်းချုပ်ထားနေတဲ့ အနေအထားပါ။

🔥၂၀၂၆ ခုနှစ်မှာလည်း ဆက်လက်ပြီးတော့ ပိုမိုတင်းကြပ်မှုတွေနဲ့ စောင့်ကြည့်ဖမ်းဆီးမှုတွေရှိနေဆဲဖြစ်ပါတယ်။

🗣 ဒီလိုမျိုး တစ်စတစ်စ ကြပ်တည်းလာမှုနဲ့အတူ ဒီနေ့မှာတော့ ၂၀၂၆ ခုနှစ် မေလအတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဖြစ်ပွားခဲ့သော ဖြစ်စဉ်များကိုဖော်ပြပေးလိုက်ရပါတယ်။

👉https://telegra.ph/Digital-Repression-in-May-06-02-2
12👍2
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================

🔹Monday ကို Clinic နဲ့စတင်ပါ။

🔹ဒစ်ဂျစ်တယ် အခက်အခဲ အကြပ်အတည်းတွေ ရှိနေရင် Clinic ကိုပြေးလာပါ။

🔹ဆေးခန်းပြဖို့ မကြောက်နဲ့၊ ဆေးမမှီမှာသာ စိုးရိမ်ပါဗျို့။

🔹 ကိုယ့်လူတို့ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးပြဿနာတွေကို
၂၄ နာရီလုံး အခမဲ့ ဖြေရှင်းပေးနေတာမို့
ဆေးခန်းကိုသာ အပြေးလှမ်းလာလိုက်ပါတော့။

🔻လုံခြုံရေးအတွက် ဘယ်သူမှန်းမသိနိုင်အောင်
Telegram ကနေသာမေးခွန်းတွေ လက်ခံပေးနေပါတယ်။

🏪Telegram ဆေးခန်း အကောင့် - https://t.me/SpringSecClinic
9👍1
Facebook Server Down

မြန်မာစံတော်ချိန် 8.30 PM ဝန်းကျင်လောက်မှာ Facebook Server စတင် Down သွားတယ်သိရပါတယ်....

Loading ဖြစ်ပြီး အဝိုင်းလည်နေတာမျိုး ၊ Screen Freeze နေပြီးရပ်တန့်နေတာမျိုး တွေအပြင် log out ထွက်သွားပြီး ပြန်ဝင်မရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

အကောင့်များကို Password ထည့်ပြီးပြန်ထည့်ရတာမျိုးဖြစ်နိုင်ချေလည်းရှိနိုင်ပါတယ်။ အချိန်ခတ္တခဏစောင့်ဆိုင်းပြီးမှ စိတ်အေးအေးထားပြီး ပြန်လည်ဝင်ရောက်အသုံးပြုဖို့အကြံပေးချင်ပါတယ်။

ဒစ်ဂျစ်တယ် အခက်အခဲများ ရှိလျှင်လည်း နွေဦးလုံခြုံရေးဆေးခန်းကို မေးခွန်းလေးများ ပို့ထားပြီး မေးမြန်းထားနိုင်ပါတယ်။
38🔥1
Google Passkey
=============

🔥Password တွေရဲ့ ခေတ်ကုန်သွားပြီလား?

🔥နည်းပညာခေတ်ကြီးထဲမှာ အကောင့်တွေလုံခြုံဖို့ဆိုရင် Password တွေ၊ PIN နံပါတ်တွေကို နေ့စဉ်နဲ့အမျှ မှတ်သားအသုံးပြုနေကြရပါတယ်။

🔹ဒါပေမယ့် Password တွေဆိုတာက မေ့တတ်သလို ဟက်ကာတွေအတွက်လည်း ခန့်မှန်းရလွယ်ကူတဲ့ အားနည်းချက်တွေ ရှိနေပါတယ်။

🔹ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် နည်းပညာကုမ္ပဏီကြီးတွေက စုပေါင်းပြီး "Passkey" ဆိုတဲ့ နည်းပညာအသစ်တစ်ခုကို မိတ်ဆက်လာကြပါတယ်။

🔹ဒီအထဲမှာမှ လူအသုံးအများဆုံးဖြစ်တဲ့ Google ကလည်း Google Passkey ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာအောင် တွန်းအားပေးလာတာကို တွေ့ရပါတယ်။

🔹ဒီနေ့မှာတော့ အဲဒီ Google Passkey ဆိုတာ ဘာလဲ၊ ဘာကြောင့် သုံးဖို့တိုက်တွန်းနေကြတာလဲ၊ နောက်ကွယ်က ဇီဝဆိုင်ရာအချက်အလက်တွေရဲ့ အန္တရာယ်တွေက ဘာတွေလဲဆိုတာကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
24👍7🔥2
ပြောင်းလဲမရသော အချက်အလက်များ နှင့် ကူကယ်ရာမရှိ ပေါက်ကြားမှု

😔 ကိုယ့်လူတိုရေ ပြင်ပမှာရော ဒစ်ဂျစ်တယ်လောကမှာပါ အနိဌာန်ရုံ တွေ ဖိနှိပ်မှု တွေကနေတစ်ဆင့် ကိုယ်တွေ သင်ယူခဲ့ရတာတွေရှိပါတယ်။

📌ပထမ တစ်ခုကတော့ အချက်အလက် ပေါက်ကြားပြီးရင် ကုစားရခက်ပါတယ်၊ ဒစ်ဂျစ်တယ် ခေါတ်မှာ ဒါ ပိုဆိုးပါတယ်၊ ကိုယ်တွေ အစဉ်တစ်စိုက် ပြောဆိုကြတဲ့ အထဲမှာ ဒါတွေ ပါပါတယ်။

📌နောက်တစ်ခုကတော့ တစ်ချို အချက်အလက်တွေက အလွန် စောင့်ထိန်းရပါတယ်၊ အထူးသဖြင့် မိမိ မည်သူ မည်ဝါကို ဖော်ညွှန်းနိုင်တဲ့ PII လို ခေါ်တဲ့ personally identifiable information ပါ။ ဒါကို သတိပြုမစောင့်ထိန်းနိုင်ရင် ထိရှလွယ်သူတွေဆို PSMS လိုစနစ်မျိုးနဲ့ပါ ပြဿနာရှာခံရနိုင်ပါတယ်။ ပုံမှန်လူတွေ အတွက်လည်း ဒီလို အချက်အလက်တွေပေါက်ကြားရင် အွန်လိုင်း လိမ်လည်မှု အတွက် ပိုမိုပစ်မှတ်ထားခံရတာ၊ ဒါမှမဟုတ် လက်ဝင်လျှိသလို ကြုံရနိုင်ပါတယ်။

🔎လက်ရှိမှာ ဒါတွေကို တင်းကျပ်ဖိုပဲ KYC လိုမျိုး ခေါ်တဲ့ Know Your Customer ကို လိုက်နာဖို ဘဏ်လို ငွေကြေးဝန်ဆောင်မှု ပေးသူတွေက တင်းကျပ်ထား တာတစ်သွယ်၊ transaction တွေကို စီစစ်တာ တစ်ကြောင်း နဲ့ မြန်မာနိုင်ငံတွင်း ဘဏ်တွေက သုံးစွဲသူတွေအတွက် မလုံခြုံလှပါဘူး (အခု အွန်လိုင်း လိမ်လည်မှုရယ်လို ပြဿနာ တက်မှ မဟုတ်ပါဘူး - အကောင့်ပိတ်တယ်၊ အိမ်အထိပြဿနာလာရှာတယ်ဆိုတာ ၂၀၂၁ ထဲက ရှိပါတယ်)

🚫ဒီဒေတာ တွေ က အရေးပါ ပါတယ်၊ ထိရှလွယ်ပါတယ်။
ဒီဒေတာပေါက်ခဲ့ရင်၊ ဆိုးကျိုးတွေဖြစ်လာရင် ယခု၊ နောက်နောင် ဖြစ်လာရင် ဘယ်သူမှာ တာဝန်ရှိမလဲ? ဆိုတာ မေးရမယ့် အနေအထားရောက်လာပါတယ်။

💥လက်ရှိမှာ မကြာသေးခင်က ပေါက်ကြားထားတဲ့ ဘဏ်စနစ်ကို ဟက်ကာတွေ ထိုးဖောက်ဝင်ရောက်ပြီး သုံးစွဲသူတွေရဲ့ အချက်လက်တွေကို ထုတ်‌ဖော်ချပြခံရမယ့် ဘေး ကြုံနေရပါတယ်။

‼️KYC ကို ညွှန်ကြားချက် လိုက်နာပြီးသာ တင်းတင်းကျပ်ကျပ် လိုလိုလားလားကောက်ယူနေ၊ မျိုးစုံစီစစ်နေပြီး ကာကွယ်မပေးနိုင်တဲ့ တာဝန်မယူပေးနိုင်တဲ့ လက်ပါးစေတွေကို ဘယ်လိုလုပ်ကြပါမလဲ ရောင်းရင်းတို?

‼️ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ အရ နောက်ကြောင်းပြန် အရေးယူမရတဲ့ ဘဏ်တွေရဲ့ပြဌာန်းချက်တွေနဲ့ သူတို စိတ်ကြိုက်ဆွဲထားတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ အရကော မှန်နေလား?

‼️သုံးစွဲသူတွေရဲ့ အခွင့်အရေးကို ဘာနဲ့ ကာကွယ်မှာလဲ? ကာကွယ်ဖိုကော အစီစဉ်ရှိလား? အွန်လိုင်း လိမ်လည်မှုတွေက ဒီလောက် စောင့်ကြည့်ခံနေရတဲ့ မြန်မာ ဆိုက်ဘာကွန်ယက်ထဲ ဖြစ်နေနိုင်တာလား?

‼️သူတိုပြောတဲ့ လုံခြုံရေး ဆိုတာ ဖိနှိပ်ရုံပဲသပ်သပ်ပဲလား?

ဆိုတာတွေ တွေးတောရင်း အားလုံးဘေးကင်းလုံခြုံကြပါစေ။
16👍15