နွေဦးလုံခြုံရေး
8.34K subscribers
2.36K photos
13 videos
6 files
649 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
VPN များပိတ်ဆို့ခြင်း၊ အခမဲ့ VPN နှင့် လုံခြုံသော VPN
—————————————————————

ကိုယ့်လူတို့ ပိတ်ဆို့မှုတိုင်းမှာ ထွက်ပေါက်ဆိုတာရှိမြဲပါပဲ။

ကိုယ်သုံးနေတဲ့ VPN က စိတ်ချရလား၊ လုံခြုံရဲ့လား ဆိုတာကို

https://cakka.net/ ကနေ စစ်ကြည့်လို့ရတဲ့အပြင်

အလုပ်လုပ်တဲ့ VPN တွေ၊ မလုပ်တဲ့ VPN တွေကိုလည်း

ရွေးချယ်ပြီး Report လုပ်ပေးနိုင်ပါတယ်။

Engage Media က ကာလတို ထောက်ပံ့တဲ့ လွတ်လပ်နက် ကနေ

Outline VPN အတွက် Key တွေကို အခမဲ့ရယူနိုင်ပါတယ်။

https://lwatlapnet.engagemedia.org/

Outline VPN အသုံးပြုနည်း - https://t.me/SpringRevSecurity/2604
26
Wormhole
===========
❗️ကိုယ့်ရဲ့ အချက်အလက်တွေ လုံခြုံစွာမျှဝေနိင်ဖို့ Platform တစ်ခုရှာဖွေနေပါသလား?

❇️ အချက်အလက်တွေကို လုံခြုံစွာ မျှဝေနိုင်ဖို့ကတော့ လုံခြုံတဲ့ App တွေ ဒါမှမဟုတ် Cloud Service တွေ အသုံးပြုဖို့လိုအပ်ပါတယ်။


❇️ဒီနေ့မှာတော့ ကိုယ်ရဲ့အချက်အလက်တွေကို လုံခြုံစွာမျှဝေနိုင်ဖို့ Application Download လုပ်စရာမလိုပဲ အစွန်းနှစ်ဖက် လုံခြုံရေး (End-To-End Encryption) အပြည့်အဝ ပါဝင်တဲ့ Platform တစ်ခုကို ညွှန်းဆိုပါရစေ။

❇️Wormhole နဲ့ Destiny တို့ပဲဖြစ်ပါတယ်…..


❇️https://wormhole.app/
👍73
Tella
===========
❗️အခုအချိန်ထိ ဖုန်းထဲမှာ ဓါတ်ပုံတွေ ဖိုင်တွေကို လုံခြုံစွာ သိမ်းနိုင်ဖို့ Application ရှာနေတုန်းလား?

❇️ Tella Application ရှိပါတယ်။

🔻 ကိုယ့်လူတို့ရဲ့ အရေးကြီးတဲ့ ပုံတွေ ဗီဒီယိုတွေ ဒေတာအချက်အလက်တွေကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်တဲ့ Encrypted ( ဝှက်စာစနစ်ပါဝင်သော ) မိုဘိုင်းဖုန်း Application ပဲဖြစ်ပါတယ်…

🔻 အခုဆိုရင် Tella မှာ File တွေ ကိုလဲ သိမ်းဆည်းနိုင်တဲ့ အပြင် ပုံစံပြောင်းလဲ ထားရှိနိုင်သလို အရေးကြုံလာရင် သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ၅ စက္ကန့်အတွင်း ဖျက်ပစ်နိုင်တဲ့ အတွက် အရမ်းကို အသုံးဝင်တဲ့ App ပဲဖြစ်ပါတယ်...

🔻 အသုံးမပြုဖြစ်သေးဘူးဆိုရင် အသုံးပြုပုံလေးသိနိုင်အောင် ပြန်တင်ပေးလိုက်ပါတယ် ...
11👍5