နွေဦးလုံခြုံရေး
9.6K subscribers
2.16K photos
11 videos
6 files
573 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
📣📣 ငလျင်ဘေးကြောင့် ဒုက္ခတွေများရတဲ့ ကြား တောမီးလောင် ကျားဖြန့်လက်ခမောင်းခတ်တွေ လာပါပြီ....😔

ဒီရက်ထဲမှာ ကျားဖြန့်တွေရဲ့ Phishing နည်းလမ်းတစ်ခုဖြစ်တဲ့ ဖုန်းနံပါတ်မျိုးစုံနဲ့ link တွေကို ဖုန်း Operator တွေရဲ့ SMS messages တွေကနေတစ်ဆင့်ပို့နေကြပါတယ်။

ဒီ Phishing Link တွေကို လုံးဝ လုံးဝ သွားမနှိပ်မိကြပါနဲ့ ။ မတော်မဆ နှိပ်မိခဲ့ပြီးဖြစ်ရင်တောင် Browser တွေဆီရောက်သွားပြီး file တွေကို Download ဆွဲခိုင်းရင် Download မဆွဲမိပါစေနဲ့။ ဆွဲမိခဲ့ရင်လည်း မသွင်းမိပါစေနဲ့။သွင်းမိရင်လည်း မသုံးမိပါစေနဲ့ Permission တွေ ခွင့်မပေးပါနဲ့။

မိမိကိုယ့်ကို ဆွဲထားမိတယ် သွင်းမိတယ်လို့ သံသယရှိရင် File ထဲသို့ဝင်ရောက်ပြီးရှာဖွေ ဖျက်ဆီးပါ ။Permission တွေ Default App တွေ စစ်ပါ။ ဖုန်းကိုအမြန်ဆုံးစစ်ဆေး ရှင်းလင်းဖို့လိုအပ်ပါတယ်။

ဒီရက်တွေမှာ အလှူငွေတွေ လက်ခံထားပြီးကူညီပေးကြသူတွေရဲ့ အကောင့်တွေ အပြင် နေ့စဉ် မိုဘိုင်းငွေကြေးတွေသုံးစွဲနေသူများ အထူးအထူး သတိထားသင့်ပါတယ်။

နွေဦးလုံခြံရေးအဖွဲ့သားတွေရဲ့စစ်ဆေးချက်အရ..

➡️ ဒီဟာ‌တွေသည် ကျားဖြန့်တွေရဲ့ Game ပေါင်း ၅၀၀ ကျော် application‌ တွေ ဖြစ်ပါတယ်။

➡️ ပြင်ဆင်မွန်းမံထားသော app ဖြစ်နိုင်ပါတယ်။(ကောင်းသောရည်ရွယ်ချက်နဲ့ မဟုတ်ပါဘူး)

➡️ မလိုအပ်သော permission များရယူပါတယ်။(အန္တရာယ်ရှိနိုင်တာတွေများသော်လည်း၊ လူကို အရှက်ခွဲပြီး အကြွေးပတ်တောင်းခဲ့တဲ့ အဖြစ်လိုမျိုး contact permission လည်းယူပါတယ်)

➡️လုံခြုံရေးကိုဂရုမပြုမိရင် app က တောင်းသမျှ ပေးမိ့ရင် သူခိုးဓါးရိုးကမ်းမိ သလိုဖြစ်နိုင်ပြီး ဘဏ်အက်ပလိကေးရှင်းတွေအထိ ပြဿနာပြုနိုင်ပါတယ်။

ဒါကြောင့် ဒီလို Phishing Link တွေတွေ့ရင် အလျင်စလို မနှိပ်ကြည့်ပဲ အထူးဂရုပြုရှောင်ရှားဖို့ တိုက်တွန်းရင်း.. လုံခြုံဘေးကင်းကြပါစေကြောင်း

အတ္တာဟိ အတ္တနော နာထော - ဒစ်ဂျစ်တယ်လောကမှာ သင်ကိုယ်တိုင်သည် ပထမဦးဆုံး ခံတပ်ဖြစ်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
❗️ကိုကို စောင့်နေမယ် ပြောတိုင်းလည်း မယုံနဲ့…

Link တွေကို လျှောက်မနှိပ်နဲ့...



⚠️ငလျင်ဘေးကြောင့် ဒုက္ခတွေများရတဲ့ကြား တောမီးလောင် ကျားဖြန့်လက်ခမောင်းခတ်တွေ လာပါပြီ....⚠️

ဒီရက်ထဲမှာ ကျားဖြန့်တွေရဲ့ Phishing နည်းလမ်းတစ်ခုဖြစ်တဲ့ ဖုန်းနံပါတ်မျိုးစုံနဲ့ link တွေကို ဖုန်း Operator တွေရဲ့ SMS messages တွေကနေတစ်ဆင့်ပို့နေကြပါတယ်။

ဒီ Phishing Link တွေကို လုံးဝ လုံးဝ သွားမနှိပ်မိကြပါနဲ့ ။

❗️ ကိုကိုလို့ ခေါ်လည်း မနှိပ်နဲ့

❗️ချစ်ချစ်လို့ မက်ဆေ့(ချ်)ရလည်း မနှိပ်နဲ့

❗️အဓိကက မနှိပ်ဖို့ပါပဲ...ကိုယ့်လူတို့

🔻မတော်မဆ နှိပ်မိခဲ့ပြီးဖြစ်ရင်တောင် File တွေ Download ဆွဲခိုင်းရင် မဆွဲနဲ့

🔻Download ဆွဲမိရင်လည်း ဖုန်းထဲ ကွန်ပျူတာထဲ install မလုပ်မိစေနဲ့…

🔻Permission တွေမပေးမိစေနဲ့…

⚠️အတ္တာဟိ အတ္တနော နာထော - ဒစ်ဂျစ်တယ်လောကမှာ သင်ကိုယ်တိုင်သည် ပထမဦးဆုံး ခံတပ်ဖြစ်ပါတယ်။

🔹 မနှိပ်ခင် ယုံကြည်ရလို့ရလား..မရဘူးလား..ဆုံးဖြတ်ဖို့ Clinic ကိုလည်း လာပြီး ဆွေးနွေးလို့ရပါတယ်ဗျို့…

🔹 နွေဦးလုံခြုံရေးဆေးခန်းလင့် - https://t.me/SpringSecClinic
🗣ကိုယ့်လူတိုရေ…

နှစ်သစ်မှာ အားလုံးပဲ စိတ်ကျန်းမာခြင်းတွေ ရှိပါစေလို့ ဆန္ဒပြုပါရစေ..

📌အဆိုးပြီးသွားရင် အကောင်းတွေရောက်ရှိလာနိုင်ဖို့ အားလုံးပဲ ဆန္ဒပြုကြရအောင်…

📌ဒီနေ့မှာတော့ အလှူတွေ လှူကြရင်းနဲ့ပဲ အွန်လိုင်းပေါ်မှာ ငွေကြေးလိမ်လည်ခံရတဲ့ ကိစ္စတွေအရမ်းများတာကို တွေ့နေရပါတယ်…

📌ဒါကြောင့် အွန်လိုင်းပေါ်မှာ ငွေအလိမ်မခံရဖို့ ဆောင်ရန်/ ရှောင်ရန်များကို ပြောပြထားပါတယ်။
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================

⚠️ 2025 မှာ ဒစ်ဂျစ်တယ် ဖိနှိပ်မှုတွေနဲ့ အတူ ဒစ်ဂျစ်တယ် အကြပ်အတည်းတွေ ပိုများ နိုင်တာမို့ အခက်အခဲဖြစ်မှ ဂရစိုက်တယ် ဆိုတာထပ်..မဖြစ်ခင်ကနေ ကြိုတင်ပြင်ဆင် စီမံထားဖို့ လိုပါတယ် ကိုယ့်လူတို့….📲💻

🔹Wednesday ရောက်လည်း Clinic နဲ့ ဆက်သွားကြမယ်။

🔹ဆေးခန်းပြဖို့ မကြောက်နဲ့၊ ဆေးမမှီမှာသာ စိုးရိမ်ပါဗျို့။ ဆေးမှီဖို့ဆိုတာ မိမိအခက်အခဲကို ကြိုသိမှရမှာမို့…

🔹 ကိုယ့်လူတို့ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးပြဿနာတွေကို
၂၄ နာရီအတွင်း အခမဲ့ ဖြေရှင်းပေးနေတာမို့
ဆေးခန်းကိုသာ အပြေးလှမ်းလာလိုက်ပါတော့။

🔻လုံခြုံရေးအတွက် ဘယ်သူမှန်းမသိနိုင်အောင်
Telegram ကနေသာမေးခွန်းတွေ လက်ခံပေးနေပါတယ်။

🏪Telegram ဆေးခန်း အကောင့် - https://t.me/SpringSecClinic
စစ်ကောင်စီ စတင်အသုံးပြုနေပြီဖြစ်တဲ့ စောင့်ကြည့်နည်းပညာ PSMS အကြောင်း


⛔️‘PSMS’ဆိုတဲ့ နည်းလမ်းကို အသုံးပြုပြီး စောင့်ကြည့်ဖမ်းဆီးမှုတွေ စစ်ကောင်စီလုပ်လာတယ်လို့ သတင်းတွေ မကြာမီရက်ပိုင်းက ထွက်ပေါ်လာပါတယ်⛔️

👁‍🗨ဒါက စစ်ကောင်စီက နေ့ချင်းညချင်း အကောင်အထည်ဖော်ခဲ့တာလား..⁉️

⚠️သေချာတာကတော့ တော်တော်လေး အချိန်ယူပြင်ဆင်ခဲ့တာဖြစ်ပြီး စနစ်တစ်ခုလုံးလွှမ်းခြုံနိုင်ချေရှိမှ လက်တွေ့မှာ ထုတ်ယူသုံးစွဲလာတဲ့ နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်..

🛑အဲ့တော့ PSMS က ဘယ်သူတွေကို ပစ်မှတ်ထားနေလဲ..သူ့အကျိုးဆက်က ဘာဖြစ်မလဲ..နောက်ဆက်တွဲက ဘာတွေလဲ စတာတွေကို ဆွေးနွေးပေးထားပါတယ်။

👁‍🗨အသေးစိတ်ဖတ်ချင်သူများအတွက် အောက်ကပေးထားတဲ့ Link လေးကနေဖတ်ကြည့်လို့ရပါတယ်

မြန်မာဘာသာစကားဖြင့် ဖတ်ရှုရန်

📍https://www.myanmarinternet.info/my/post/surveillance_ecosystem_over_four_years

English ဘာသာစကားဖြင့် ဖတ်ရှုရန်

📍https://www.myanmarinternet.info/post/surveillance_ecosystem_over_four_years-1