နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
573 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
မိုဘိုင်းဖုန်းမှ ခြေရာခံခြင်း 📱

Channel မှာ အမေးအများဆုံးမေးပါလို့ပြောရင်တော့ "ဖုန်းသံတွေကို ခိုးနားထောင်နေတယ်ဆို? နားမထောင်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာပါ…

အင်တာနက်ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့အထဲမှာတော့ ပါသွားပေမယ့် ဒီနေ့ထပ်ပြီးတော့ Triangulation Method အကြောင်းလေးကို အသေးစိတ်ပြောပြပေးပါမယ်...
အင်တာနက်ဘယ်လိုအလုပ်လုပ်သလဲ ကိုသိချင်ရင်တော့ အောက်ပါ Link လေးထဲမှာဖတ်ရှုပေးပါနော်...
Link: https://t.me/SpringRevSecurity/123

Join ရန် Link များ :
https://www.facebook.com/springrevsec
https://t.me/SpringSecClinic
https://t.me/SpringRevSecurity
Sim Card Safety

ဩဂုတ်လထဲမှာပဲ စစ်ကောင်စီမှ ဖုန်းလိုင်းများအားလုံးကို ကြားဖြတ်နားထောင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အော်ပရေတာတွေကိုလည်း သုံးစွဲသူတွေရဲ့ ဖုန်း call log လို data တွေကို သုံးနှစ်အထိ သိမ်းထားရမယ်လို့ အမိန့်ပေးစေခိုင်းခဲ့တာတွေ ရှိပါတယ်။ ဒီလိုအချိန်မှာ အရေးကြီးလာတာကတော့ အသုံးပြုနေကြတဲ့ Sim card တွေရဲ့ လုံခြုံရေးပါပဲ။ Sim Card တွေကို အသုံးပြုပြီး ဖုန်းပြောဆိုခြင်း၊ SMS ပို့ခြင်းတွေဟာ ဒီအချိန်မှာ စစ်ကောင်စီရဲ့ ထိန်းချုပ်ခြင်းကို အပြည့်အဝခံလိုက်ရပြီဖြစ်ပါတယ်။ ဖုန်း call တွေအတွင်းမှာ ပြောဆိုကြတဲ့ စကားတွေဟာ လွပ်လွပ်လပ်လပ်ပြောလို့ရတော့တာမဟုတ်ပဲ စစ်ကောင်စီအတွက် မလိုလားတဲ့ CDM လို၊ PDF လို စကားတွေပြောမိတဲ့အခါ အိမ်တိုင်ရာရောက် လက်ထိပ်ခတ်ခံရနိုင်တဲ့ အခြေအနေဖြစ်နေပါပြီ။ SIM Card Safety ကို နားလည်ထားဖို့ တင်ပေးလိုက်ပါတယ်။
နွေဦးတာဝန်အရ တခြားသူတွေလည်း သိရအောင် မျှဝေကြပါဦး
Join ရန် Link များ :
https://www.facebook.com/springrevsec
https://t.me/SpringSecClinic
https://t.me/SpringRevSecurity
Spring Security Clinic

ကဲ မနက်ဖြန်မှာလည်း ဆေးခန်းပြန်ဖွင့်တော့မှာ ဖြစ်လို့ ၁ နာရီ ကနေ ၃ နာရီအတွင်း ဒစ်ဂျစ်တယ် လုံခြုံရေး နဲ့ သက်ဆိုင်တဲ့ အခက်အခဲတွေ၊ မေးခွန်းတွေကို နွေဦးလုံခြုံရေးဒစ်ဂျစ်တယ်ဆေးခန်းကို လာရောက်မေးမြန်းလို့ရပါပြီ။
Hi တို့၊ မင်္ဂလာပါ တို့ ပို့ထားတဲ့သူတွေလည်း မေးခွန်းလေးတွေပါ ပို့ပေးထားကြပါဦးဗျို့၊
မနက်ဖြန် ဆေးခန်းမှာ ဆုံကြမယ်။

https://t.me/SpringSecClinic
🔔အားလုံးစောင့်မျှော်နေကြတဲ့ နွေဦး လုံခြုံရေး Clinic လေး လာပြီနော်...🔔

📲💻ရောင်းရင်တို့ရဲ့ ဒစ်ဂျစ်တယ်အခက်အခဲကို ဝိုင်းဝန်းဖြေရှင်းပေးဖို့ ဝိုင်းတော်သားတွေ

👉 https://t.me/SpringSecClinic

စောင့်နေပြီနော် နေ့လည် ၁နာရီ -၃နာရီအတွင်း ဒစ်ဂျစ်နဲ့ ပက်သက်ပြီး မေးလိုရာမေးနိုင်ပါကြောင်း မောင်းတီးပြီး နှိုးဆော်လိုက်ရပါတယ်ဗျိုး📣
အင်တာနက်မပြတ်တောက်ခင် လုပ်ဆောင်သင့်သည့်အချက်များ 🚨🚨🚨

ရောင်းရင်းတို့ရေ…
သတင်းတွေက အားလုံး ကြားတဲ့အတိုင်းပဲ။ အမြဲတမ်းသတိပေးနေတဲ့အတိုင်း သတိဆိုတာ ပိုတယ်ရယ်လို့မရှိပါဘူး။ အင်တာနက်မပြတ်တောက်ခင် သတိထားပြီး လုပ်ဆောင်ရမှာလေးတွေကို ပြောပြပေးထားပါတယ်။ ပြတ်တောက်သွားရင် အဆက်အသွယ် အချိတ်အဆက်တွေပြုလုပ်နိုင်ဖို့ကို အင်တာနက် ရရှိချိန်မှာ ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်နော်။ ကဲ အင်တာနက်မပြတ်တောက်သွားတာကတော့ အကောင်းဆုံးဆိုပေမယ့် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ပြီး အင်တာနက် ပြတ်တောက်သွားတဲ့အခါမှာလည်း နွေဦးလုံခြုံရေးဝိုင်းတော်သားတွေကို သတိရပေးကြပါဦးဗျို့။
အားလုံးသိသွားအောင် Channel တွေမှာ မျှဝေတာ မိတ်ဆွေတွေကို မျှဝေပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Join ရန် Link များ :
https://www.facebook.com/springrevsec
https://t.me/SpringSecClinic
https://t.me/SpringRevSecurity
🎥 Movie Recommendation
=====================
🍿ရောင်းရင်းတို့ရေ..ဒီနေ့မှာတော့ အားလုံးသောက များနေစဉ်မှာ ပေါ့ပေါ့ပါးပါးလေးဖြစ်သွားအောင် Movie Recommendation လေးလုပ်ချင်ပါတယ်။
▪️အဲ့ဒါကတော့ Social Dilemma ဆိုတဲ့ Documentary ပဲဖြစ်ပြီးတော့ Netflix မှာလည်း Top 10 List ထဲမှာပါဝင်ခဲ့တာပါ၊ တော်တော်များများကြည့်ဖူးကြမှာဖြစ်ပေမယ့် ဒီနေ့လို့ ဒစ်ဂျစ်တယ်လုံခြုံရေးတွေကို သိပြီးနောက်ပိုင်းမှတော့ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်အပြုအမှုတွေ...လက်တွေ့အတွေ့အကြုံတွေကိုပါ ထည့်သွင်းစဉ်းစားရင်း …ပြန်ကြည့်ရင်းပေါ့.ဒီ documentary ထဲမှာတော့
▪️ဆိုရှယ်မီဒီယာပေါ်မှာရောင်းရင်းတို့မြင်နေရတဲ့ Notiတွေက ဘယ်လိုထိန်းချုပ် လွှမ်းမိုးနေလဲ?
▪️ကိုယ်က Free ထင်ပြီးသုံးနေပေမယ့် တကယ် Free မဟုတ်ပဲ ကိုယ့်ရဲ့ Data တွေပေးရင်း ကိုကိုယ်တိုင်က FB, Instagram, Social Media Platform တွေရဲ့ ထုတ်ကုန်တွေ ဖြစ်နေကြတယ်ဆိုတာပါ…

👁‍🗨Documentary ကပေးချင်တဲ့ အဆုံးသတ်က တစ်ခုပဲရှိပါတယ်..ရှာဖွေကြည့်နော်
Link:
———
📍https://www.netflix.com/my-en/title/81254224

📍https://channelmyanmar.org/the-social-dilemma2020/

📍https://moviesjoy.to/movie/the-social-dilemma-63373
Silence
======
👁‍🗨အင်တာနက်တွေပျက်တောက်ခဲ့ရင် မဖြစ်မနေဖုန်းခေါ်မှုများနှင့် မက်ဆေ့(ချ်) များပေးပို့ပြီး သတင်းအချက်အလက်များ စီးဆင်းအောင်ပြုလုပ်ရမည်ဖြစ်သည်..

👁‍🗨အချင်းချင်းလုံခြုံစွာ ဆက်သွယ်နိုင်ဖို့အရေးကြီးပါသည်…
ထို့သို့ မက်ဆေ့(ချ်) ဖြင့်လုံခြုံစွာဆက်သွယ်နိုင်ရန် အချိန်ရတုန်း Silence App ကို Download ဆွဲပြီးချိတ်ဆက်ထားကြပါ…

👁‍🗨အသုံးပြုပုံအသေးစိတ်လေးကို ပုံမှာကြည့်ပြီး လိုက်လုပ်ကြည့်လိုလဲရပါတယ်..

👁‍🗨Silence က Android မှာပဲရပါတယ်ဗျိုး

📍Download Link: https://play.google.com/store/apps/details?id=org.smssecure.smssecure&hl=en&gl=RU

https://f-droid.org/packages/org.smssecure.smssecure

ကြိုတင်ချိတ်ဆက်ထားရန် တိုက်တွန်းလိုပါတယ်..ရောင်းရင်းတို့ရေ