နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
ကိုယ့်လူတို့ရေ…

▪️နှစ်စမှာပဲ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း ဖိနှိပ်မှုတွေက ပြန်လည်စတင်လို့လာပါပြီ..

⚠️လွန်ခဲ့နှစ်တွေက ပြောခဲ့တဲ့ ဆိုက်ဘာလုံခြုံရေး ဉပဒေကို အကြမ်းကနေ ဇန်နဝါရီလ တစ်ရက်နေ့မှပဲ အတည်ပြုခဲ့ပြီပဲဖြစ်ပါတယ်။

⚠️ဒီလို ကြပ်တည်းလာတဲ့ ဒစ်ဂျစ်တယ်အခင်းအကျင်းကြားမှာ ဘယ်လိုမျိုးရှင်သန်နေထိုင်ရမလဲနဲ့ သတိချပ်ရန်များ ဆောင်ရန်/ရှောင်ရန်များကို သိထားရန် အသေးစိတ်လေးကို ဖတ်ရှုကြည့်ပါ။

ဉပဒေအသေးစိတ်ကို သုံးသပ်မှုကို ကြည့်ရှုနိုင်ရန် :

👉https://www.myanmarinternet.info/my/post/cyber_law_in_myanmar
VPN များ အလုပ်လုပ်မှုအား ဆန်းစစ်ခြင်း
==========================

VPN တွေ သုံးလို့ အဆင်ပြေကြလားဗျို့။

သြဂုတ်လ ( ၃၀ ) ရက်နေ့ က စတင် ကောက်ခံခဲ့တဲ့
VPN များ အလုပ်လုပ်မှုဆန်းစစ်ခြင်းစစ်တမ်းဟာ ယခုမှာ
ဖြေဆိုသူ ( ၂၀၆ ) ယောက် ရရှိခဲ့ပါတယ်။

အဆင်ပြေလိုင်းကောင်းသော VPN တွေကို သိရအောင် နဲ့
စိတ်ချရမှုမရှိသော VPN တွေကို သုံးမိနေလား စစ်ဆေးနိုင်အောင်
ရှာဖွေတွေ့ရှိချက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ပုံမှန်ဖြည့်စွက်သွားကြမယ်ဆိုရင် ချိတ်ဆက်လို့ရနေသေးတဲ့ VPN တွေကို စစ်ထုတ်ရွေးချယ်နိုင်မည်ဖြစ်ပြီး စိတ်မချရတဲ့ VPN တွေ ကို မသိပဲ အသုံးပြုမိနေပါကလည်း ချန်နယ်အနေနဲ့ အသိပေးနိုင်ပါတယ်။

Form ကရရှိတဲ့ အချက်အလက်တွေပါဝင်တဲ့ Sheet ကိုလည်း အများကြည့်ရှုနိုင်အောင် နဲ့ Comment ပေးနိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။

ဖြည့်စွက်ရမည့် ဖောင် - https://forms.gle/cEZaWGfVFBN3Tm7G6

စစ်တမ်းရလာဒ်များအား Google Sheet မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတိ ။ Form များ ဖြည့်စွက်ရာမှတစ်ဆင့် ရရှိလာတဲ့ အချက်အလက်တွေဟာ အော်ပရေတာ၊ နေထိုင်ရာမြိုနယ် စတာတွေပေါ် မူတည်ပြီး ကွဲပြားနိုင်တာကြောင့် မြေပြင်အခြေအနေကို မထင်ဟပ်တာမျိုး ရှိနိုင်ပါဦးမယ်။
‼️Proton ဝန်ဆောင်မှုများ ယာယီရပ်တန့်နေ‼️
------------------------------------------------------

လက်ရှိမှာ Proton ရဲ့ ဝန်ဆောင်မှုတွေကို ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ အသုံးပြုမရဖြစ်နေကြတာဖြစ်ပါတယ်။

Proton ဝန်ဆောင်မှု ချို့ယွင်းမှုဖြစ်တာကြောင့် သိပ်မစိုးရိမ်ကြဖို့ နဲ့ ဝန်ဆောင်မှုတွေ ပြန်လည်လည်ပတ်တဲ့အခါမှာ အကောင့်များကို စစ်ဆေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
👀 ချန်နယ်အဖွဲ့ဝင် အားလုံးမင်္ဂလာပါ

လက်ရှိ VPN ပိတ်ဆို့မှု အခြေအနေတွေအရ .....Form ထဲမှာ ....

➡️ ဘယ် VPN တွေ အလုပ်လုပ်နေသေးလဲ

➡️ ဘယ် အော်ပရေတာ တွေနဲ့ အလုပ်လုပ်နေသေးလဲ


စတာတွေကို သိရနိုင်ဖို့ အားလုံးဝိုင်းဝန်းဖြည့်စွက်နိုင်မှာဖြစ်ပါတယ်။


အပတ်စဉ်ဖြည့်စွက်သွားကြမယ်ဆိုရင်

နောက်ဆုံးရအခြေအနေတွေကို သိရနိုင်မှာဖြစ်ပြီး

ချန်နယ်ကို လာရောက်မေးမြန်းကြတဲ့

VPN နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကိုလည်း မြန်ဆန်စွာ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Form ကို ဝိုင်းဝန်းဖြည့်စွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Form ကရရှိတဲ့ အချက်အလက်တွေပါဝင်တဲ့ Sheet ကိုလည်း အများကြည့်ရှုနိုင်အောင် နဲ့ Comment ပေးနိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။


ဖြည့်စွက်ရမည့် ဖောင် -
https://forms.gle/cEZaWGfVFBN3Tm7G6

စစ်တမ်းရလာဒ်များအား Googl Sheet မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတိ ။ Form များ ဖြည့်စွက်ရာမှတစ်ဆင့် ရရှိလာတဲ့ အချက်အလက်တွေဟာ အော်ပရေတာ၊ နေထိုင်ရာမြို့နယ် စတာတွေပေါ် မူတည်ပြီး ကွဲပြားနိုင်တာကြောင့် မြေပြင်အခြေအနေကို မထင်ဟပ်တာမျိုး ရှိနိုင်ပါဦးမယ်