နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Red Code
==========
ဒီနေ့မှာတော့ အားလုံးကို Red Code လေးအကြောင်းပြောပြပေးပါမယ်..
Red Code ကတော့ စိုးရိမ်ရေမှတ်အမြင့်ဆုံးအချိန်ပင်ဖြစ်ပါသည်
Red Code ..ဆိုသည်မှာ အင်တာနက်လုံးဝမရနိုင်တော့သည်အခြေအနေပဲဖြစ်ပါသည်..မိမိကိုယ်တိုင်မိမိ၏ ဒစ်ဂျစ်တယ်အချက်အလက်များနှင့် လုံခြုံရေးဆိုင်ရာများကို အတတ်နိုင်ဆုံး ဝှက်ထားပြီးသားအခြေအနေတွင်ဖြစ်နေရမည်ဖြစ်ပါသည်…

Backup များကို Yellow Code တွင်လုပ်ရမည်သာဖြစ်ပါသည်..

Yellow Code 👉 link:https://t.me/SpringRevSecurity/196

ဆက်သွယ်ရေးတွင် အင်တာနက်မရှိတော့သည့်အတွက် Offline လုံခြုံတဲ့ Messaging App တွေကိုသာအသုံးပြုရတော့မည်ဖြစ်သည်…

Silence အသုံးပြုနည်း 👉 link: https://t.me/SpringRevSecurity/202
Briar အသုံးပြုနည်း 👉 link : https://t.me/SpringRevSecurity/204

Redcode အခြေအနေမရောက်ခင် ပြင်ဆင်သင့်တာများကို အချိန်ရှိခိုက်လုံလစိုက်ပြီး ပြုလုပ်ထားရန်အကြံပြုလိုပါသည်။

မိမိသိပြီးသွားရင်တော့ ဘေးနားကသူတွေကိုမျှဝေပေးဖို့ကတော့နွေဦးတာဝန်နော်

https://m.facebook.com/springrevsec ( Facebook Page )

https://t.me/SpringSecClinic ( Digital clinic)
မနေ့က နွေဦးလုံခြုံရေး Clinic ကိုသွားဖြစ်ခဲ့ကြသေးလား ?
Anonymous Poll
22%
သွားခဲ့တယ်။
78%
မသွားခဲ့ဘူး။
Clinic မှာ ဒစ်ဂျစ်တယ်အခက်အခဲတွေမေးမြန်းခဲ့ရတာ အဆင်ပြေရဲ့လား?
Anonymous Poll
84%
အဆင်ပြေတယ်။
16%
အဆင်မပြေဘူး။
နွေဦးလုံခြုံရေးဆေးခန်းကို အမှတ်ပေးရမယ်ဆိုရင် ၁ ကနေ ၁၀ အတွင်းအမှတ်ဘယ်လောက်ပေးချင်လဲ?
Anonymous Poll
6%
၁ ( အဆင်မပြေဆုံး)
2%
2%
1%
16%
၅ ( အဆင်ပြေပါတယ် သာမန်ပါပဲ )
6%
9%
8%
5%
45%
၁၀ ( တော်တော်လေးအဆင်ပြေတယ်။ နောက်တစ်ခေါက်လဲလုပ်ပေးပါဦး )
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ နွေဦးလုံခြုံရေးဆေးခန်းကို လာရောက်မေးမြန်းကြတဲ့လူတွေထဲမှာတော့ ၁ နာရီကနေ ၃ နာရီအတွင်း စုစုပေါင်း ၂၅ ယောက်ကို ပြဿနာတွေ၊ သိချင်တာတွေ ဖြေရှင်းဆွေးနွေးပေးလိုက်နိုင်ပါတယ် ရောင်းရင်းတို့ရေ။
ကျန်းမာရေးရောဂါကုဆေးခန်းနဲ့ မှားပြီး လာမေးကြတာတွေလည်း ရှိပါတယ်။
နွေဦးလုံခြုံရေးဆေးခန်းကတော့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ဆိုင်တဲ့ပြဿနာတွေ၊ အခက်အခဲတွေကိုပဲ ဖြေရှင်းပေးဖို့ ရည်ရွယ်တယ်ဆိုတာ ထပ်မံကြေငြာလိုက်ပါရစေခင်ဗျာ။
အချိန်ကလည်း ၁ နာရီ ကနေ ၃ နာရီအတွင်းမှာပဲ ဖြေရှင်းပေးနိုင်တာလည်း နားလည်ကြမယ်လို့ မျှော်လင့်ပါတယ်။
နောက်အပတ်မှာလည်း လာရောက်မေးမြန်းကြဖို့ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။
မိုဘိုင်းဖုန်းမှ ခြေရာခံခြင်း 📱

Channel မှာ အမေးအများဆုံးမေးပါလို့ပြောရင်တော့ "ဖုန်းသံတွေကို ခိုးနားထောင်နေတယ်ဆို? နားမထောင်နိုင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာပါ…

အင်တာနက်ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့အထဲမှာတော့ ပါသွားပေမယ့် ဒီနေ့ထပ်ပြီးတော့ Triangulation Method အကြောင်းလေးကို အသေးစိတ်ပြောပြပေးပါမယ်...
အင်တာနက်ဘယ်လိုအလုပ်လုပ်သလဲ ကိုသိချင်ရင်တော့ အောက်ပါ Link လေးထဲမှာဖတ်ရှုပေးပါနော်...
Link: https://t.me/SpringRevSecurity/123

Join ရန် Link များ :
https://www.facebook.com/springrevsec
https://t.me/SpringSecClinic
https://t.me/SpringRevSecurity
Sim Card Safety

ဩဂုတ်လထဲမှာပဲ စစ်ကောင်စီမှ ဖုန်းလိုင်းများအားလုံးကို ကြားဖြတ်နားထောင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အော်ပရေတာတွေကိုလည်း သုံးစွဲသူတွေရဲ့ ဖုန်း call log လို data တွေကို သုံးနှစ်အထိ သိမ်းထားရမယ်လို့ အမိန့်ပေးစေခိုင်းခဲ့တာတွေ ရှိပါတယ်။ ဒီလိုအချိန်မှာ အရေးကြီးလာတာကတော့ အသုံးပြုနေကြတဲ့ Sim card တွေရဲ့ လုံခြုံရေးပါပဲ။ Sim Card တွေကို အသုံးပြုပြီး ဖုန်းပြောဆိုခြင်း၊ SMS ပို့ခြင်းတွေဟာ ဒီအချိန်မှာ စစ်ကောင်စီရဲ့ ထိန်းချုပ်ခြင်းကို အပြည့်အဝခံလိုက်ရပြီဖြစ်ပါတယ်။ ဖုန်း call တွေအတွင်းမှာ ပြောဆိုကြတဲ့ စကားတွေဟာ လွပ်လွပ်လပ်လပ်ပြောလို့ရတော့တာမဟုတ်ပဲ စစ်ကောင်စီအတွက် မလိုလားတဲ့ CDM လို၊ PDF လို စကားတွေပြောမိတဲ့အခါ အိမ်တိုင်ရာရောက် လက်ထိပ်ခတ်ခံရနိုင်တဲ့ အခြေအနေဖြစ်နေပါပြီ။ SIM Card Safety ကို နားလည်ထားဖို့ တင်ပေးလိုက်ပါတယ်။
နွေဦးတာဝန်အရ တခြားသူတွေလည်း သိရအောင် မျှဝေကြပါဦး
Join ရန် Link များ :
https://www.facebook.com/springrevsec
https://t.me/SpringSecClinic
https://t.me/SpringRevSecurity