နွေဦးလုံခြုံရေး
9.6K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
📵Mobile Malware

🗣ကိုယ့်လူတို့ကို

💻ကွန်ပျူတာမှာ  🦠Malware တိုက်ခိုက်နိုင်ပုံ အကြောင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

📲ဒီအပတ်မှာတော့ ဖုန်းတစ်လုံးကိုရော Malware တိုက်ခိုက်ခံရနိုင်လား?

👽 Malware တွေကိုဖန်းတီးတဲ့ မသမာသူတွေရဲ့ မက်လုံးထဲမှာ Mobile ဖုန်းတွေရော ပါဝင်နေမလား ဆိုတဲ့ အကြောင်းအရာတွေကိုဆွေးနွေးထားပါတယ်။
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================

🔹TGIF ရောက်လည်း ဒစ်ဂျစ်တယ်လုံခြုံရေးကိုဂရုစိုက်ကြမယ်။

🔹မလိုအပ်တော့ဒေတာတွေနဲ့ ကိုဖျက်ပြီး လိုအပ်တဲ့ လုံခြုံရေး အဆင့်မြင့်တယ်ချင်တယ်ဆိုရင်တော့ဖြင့်....

🔹 ကိုယ့်လူတို့ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးပြဿနာတွေကို
၂၄ နာရီလုံး အခမဲ့ ဖြေရှင်းပေးနေတာမို့
ဆေးခန်းကိုသာ အပြေးလှမ်းလာလိုက်ပါတော့။

🔻လုံခြုံရေးအတွက် ဘယ်သူမှန်းမသိနိုင်အောင်
Telegram ကနေသာမေးခွန်းတွေ လက်ခံပေးနေပါတယ်။

🏪Telegram ဆေးခန်း အကောင့် - https://t.me/SpringSecClinic
🔜 ဖုန်းနံပါတ် ဖျောက်လို့ရတော့မယ့် Signal
==============================

🔺 ကိုယ့်လူတို့ရေ... End to End Communication အတွက် စိတ်အချရဆုံးဖြစ်တဲ့ Signal မှာ ဟာကွက်တစ်ခုအနေနဲ့ ကိုယ့်ဖုန်းနံပါတ်ကို privacy ချိန်ညှိလို့မရတဲ့ ပြဿနာက ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။

🔺မကြာခင်မှာတော့ Signal မှာ username တွေ သတ်မှတ်နိုင်တော့မယ့် function တွေပါလာတော့မှာဖြစ်ပြီး အကောင့်ကို ဖုန်းနံပါတ်ဖျောက်တာ.. ဖုန်းနံပါတ်ကတစ်ဆင့် ကိုယ့်အကောင့်ကို ရှာလို့မရအောင် ပိတ်လို့ ရတော့မှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ သူတို့ website ဖြစ်တဲ့ ဒီ 🔣 Link 🔣 မှာသွားပြီး လေ့လာနိုင်ပါတယ်။


🔺 လောလောဆယ်တော့ Beta ဗားရှင်းမှာ လုပ်ဆောင်မှု အသစ်တွေကို စမ်းကြည့်ကြည့်လို့ရနေပြီမို့လို့ စိတ်ဝင်စားသူတွေအနေနဲ့ စမ်းသုံးကြည့်လို့ရပါတယ်။ ဒါပေမယ့ အတည် မဖြစ်သေးတဲ့ feature ဖြစ်တဲ့အတွက် ကိုယ်က Beta သုံးပြီး ဖုန်းနံပါတ်ဖျောက်ထားမယ်ဆိုရင်တောင်မှ upgrade မလုပ်ထားတဲ့ client တွေမှာ ကိုယ့် ဖုန်းနံပါတ်ကို မြင်နေရဦးမှာပါ။

🔺 Beta စမ်းသုံးမယ်ဆိုရင် သတိထားရမှာက Beta version ကတော့ စမ်းသပ် feature တွေဖြစ်တဲ့အတွက် လူတိုင်းနဲ့တော့ မသင့်တော်နိုင်လောက်ပါဘူး

🔺 အားလုံး စောင့်မျှော်ရမယ့် feature တစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးရင်း တကယ် အတည် ထွက်လာပြီဆိုရင် လည်း Channel ကနေ ပြည့်ပြည့်စုံစုံ ဆွေးနွေး တင်ပြသွားဦးပါမယ်....
Please open Telegram to view this post
VIEW IN TELEGRAM
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================

🔹Monday ကို Clinic နဲ့စတင်ပါ။

🔹ဆေးခန်းပြဖို့ မကြောက်နဲ့၊ ဆေးမမှီမှာသာ စိုးရိမ်ပါဗျို့။

🔹 ကိုယ့်လူတို့ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးပြဿနာတွေကို
၂၄ နာရီလုံး အခမဲ့ ဖြေရှင်းပေးနေတာမို့
ဆေးခန်းကိုသာ အပြေးလှမ်းလာလိုက်ပါတော့။

🔻လုံခြုံရေးအတွက် ဘယ်သူမှန်းမသိနိုင်အောင်
Telegram ကနေသာမေးခွန်းတွေ လက်ခံပေးနေပါတယ်။

🏪Telegram ဆေးခန်း အကောင့် - https://t.me/SpringSecClinic
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================

🔹Wednesday ရောက်လည်း Clinic နဲ့ ဆက်သွားပါ။

🔹ဆေးခန်းပြဖို့ မကြောက်နဲ့၊ ဆေးမမှီမှာသာ စိုးရိမ်ပါဗျို့။

🔹 ကိုယ့်လူတို့ရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးပြဿနာတွေကို
၂၄ နာရီလုံး အခမဲ့ ဖြေရှင်းပေးနေတာမို့
ဆေးခန်းကိုသာ အပြေးလှမ်းလာလိုက်ပါတော့။

🔻လုံခြုံရေးအတွက် ဘယ်သူမှန်းမသိနိုင်အောင်
Telegram ကနေသာမေးခွန်းတွေ လက်ခံပေးနေပါတယ်။

🏪Telegram ဆေးခန်း အကောင့် - https://t.me/SpringSecClinic
VirusTotal
=========

👉 ကိုယ့်လူတို့ရေ ...လိမ်လည်မှုတွေ မျိုးစုံများနေတဲ့ ခေတ်ကာလကြီးမှာ ဒီ လိမ်လည်မှုတွေထဲက ပါတဲ့ File တွေ link တွေကို အနည်းနဲ့ အများတော့ စစ်ဆေးလို့ရမယ်ဆိုရင် ခံလိုက်ရတာမျိုးမဖြစ်တော့ဘူးပေါ့ ။

🔐 ဒီလို စစ်ဆေးကြည့်ဖို့အတွက်  VirusTotal  ကို အသုံးပြုနိုင်ပါတယ်။ မသမာသူတွေပို့လာတဲ့ Link  တွေ Download ဆွဲခိုင်းတဲ့ App တွေကို VirusTotal ပေါ်မှာတင်ပြီး စိတ်ချ ရ မရ စစ်ဆေးကြည့်ရှုနိုင်ပါတယ်။

🔐ဒါကြောင့် ဒီနေ့မှာတော့ နွေဦးလုံခြုံရေးကနေ VirusTotal  အသုံးပြုပုံအကြောင်းကို မျှဝေပေးလိုက်ပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ
==========================================

🗣ကိုယ့်လူတို့...

၂၀၂၄ နှစ်စမှ စလို့ အကြမ်းဖက်စစ်ကောင်စီဟာဆိုရင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို လက်နက်သဖွယ်အသုံးပြုနေတာဟာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှု ဖြစ်စဉ်တွေပါ။

🗣ဒီနေ့မှာတော့ဖေဖော်ဝါရီလအတွင်း ကျူးလွန်ခဲ့တဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုများကို ဖော်ပြပေးလိုက်ရပါတယ်။



👉https://telegra.ph/Digital-Repression-03-01
“အွန်လိုင်းလိမ်ညာသတိပြု” ကမ်ပိန်း


ကိုယ့်လူတို့ရေ…

ဒီ ကမ်ပိန်းကို နွေဦးလုံခြုံရေး နဲ့ အတူ Engage Media , Exile Hub , Visual Rebellion တို့က ပူးပေါင်းပါဝင် ဆောင်ရွက်ထားပါတယ်။

ခုရက်ပိုင်းထဲမှာ အွန်လိုင်းပေါ်က ငွေကြေးလိမ်လည်မှု အမျိုးမျိုးနဲ့ ၊ ချိန်းခြောက်ငွေညှစ်မှုတွေကို ကြုံတွေရတာတွေကို ခပ်စိတ်စိတ်မြင်တွေ့နေရပါတယ်။

ဒါကြောင့် ဒီ Campaign ရဲ့ ရည်ရွယ်ချက်ကတော့

အွန်လိုင်းပေါ်မှာ ငွေကြေးလိမ်လည်မှုများအား နားလည်သိရှိပြီး အန္တရာယ်ကို ရှောင်ကြည်နိုင်ဖို့ နဲ့ မသမာသူ‌တွေ အသုံးပြုနေတဲ့ လိမ်လည်နည်းအမျိုးမျိုးကို သတိထားမိပြီး အချိန်မှီ ကာကွယ်နိုင်ရန်အတွက်ပဲဖြစ်ပါတယ်။

ကိုယ့်လူတို့လည်း Channel က Post တွေကို ဖတ်ရှုပြီး ကိုယ့်အသိမိတ်‌ဆွေတွေကို အလိမ်မခံရအောင် ပြန်လည်မျှဝေပေးပါ။ အွန်လိုင်းပေါ်မှာ လူတိုင်းမခံရလေအောင် များများဖြန့်ဝေ အသိပညာပေးခြင်းဖြင့် ပါဝင်ပေးပါ။

အွန်လိုင်းပေါ်က လိမ်လည်မှုတွေကို ကိုယ်တိုင်ပဲဖြစ်ဖြစ် ၊ မိတ်ဆွေတွေကပဲဖြစ်ဖြစ် ကြုံတွေ့ရရင် နွေဦးလုံခြုံရေးဆေးခန်းကိုလည်း လာရောင်တိုင်ပင်နိုင်ပါတယ်။

နွေဦးလုံခြုံရေးဆေးခန်းလင့် -  https://t.me/SpringSecClinic

#အွန်လိုင်းလိမ်ညာသတိပြု  #Beware_of_Online_Fraud
❗️ သူစိမ်းတွေကို အိမ်ထဲ ပေးမဝင်နဲ့

👉 Application တိုင်းက စိတ်ချလို့မရပါဘူး။

👉 ကိုယ့်ဖုန်းထဲကို ထည့်သွင်းတဲ့ အက်ပလီကေးရှင်းတိုင်းကို စစ်ဆေးပြီးမှသာ ထည့်သွင်းပါ။

👉 Permission တွေ တောင်းလာရင် စာအရင်ဖတ်၊ လိုအပ်တဲ့ တောင်းဆိုမှု ဟုတ်မဟုတ် စစ်ဆေးပါ။

🔹 သင့်အနေနဲ့ အွန်လိုင်းပေါ်မှာ ကိုယ်တိုင်လိမ်ခံရတာ ဒါမှမဟုတ် လိမ်နေတယ်လို့ ယူဆရတာ တစ်စုံတစ်ရာ တွေ့ပါက SRS ကို သတင်းပို့ပါ။

🔹 နွေဦးလုံခြုံရေးဆေးခန်းလင့် - https://t.me/SpringSecClinic

#Beware_of_Online_Fraud
#အွန်လိုင်းလိမ်ညာသတိပြု
❗️ မယုံရင် လုပ်ပိုင်ခွင့်မပေးနဲ့

👉 ကိုယ့်အနေနဲ့ မရင်းနှီးတဲ့ Application တွေကို Permission တွေ အလွယ်တကူမပေးပါနဲ့။

👉 အွန်လိုင်းမှာ လိမ်လည်ဖို့ ဖန်တီးထားတဲ့ Application တွေ များစွာ ရှိပြီး ကိုယ်သာ ထည့်သွင်းအသုံးပြုမိပါက ကိုယ့်ရဲ့ အချက်အလက်တွေကို ကြားဖြတ်ရယူသွားနိုင်ပါတယ်။

🔹 သင့်အနေနဲ့ အွန်လိုင်းပေါ်မှာ ကိုယ်တိုင်လိမ်ခံရတာ ဒါမှမဟုတ် လိမ်နေတယ်လို့ ယူဆရတာ တစ်စုံတစ်ရာ တွေ့ပါက SRS ကို သတင်းပို့ပါ။

🔹 နွေဦးလုံခြုံရေးဆေးခန်းလင့် -
https://t.me/SpringSecClinic

#Beware_of_Online_Fraud
#အွန်လိုင်းလိမ်ညာသတိပြု
Please open Telegram to view this post
VIEW IN TELEGRAM
❗️ အရမ်းတောင်းဆိုနေရင် စဉ်းစားတော့။

👉 Application တစ်ခုက လိုတာထပ်ပိုပြီး ဒေတာတောင်းဆိုမှုတွေ များနေပြီဆိုရင်တော့ သတိကြီးကြီး ထားဖို့လိုအပ်ပါတယ်။

👉ရှိသမျှ Permission တွေ တန်းစီပြီး တောင်းဆိုနေပြီဆိုရင်တော့ လိုအပ်လို့ တောင်းဆိုတာဟုတ်မဟုတ် စစ်ဆေးပြီး မူမမှန်ပါက App Data တွေရှင်းလင်းပြီး Uninstall ပြုလုပ်ပါ။

🔹 သင့်အနေနဲ့ အွန်လိုင်းပေါ်မှာ ကိုယ်တိုင်လိမ်ခံရတာ ဒါမှမဟုတ် လိမ်နေတယ်လို့ ယူဆရတာ တစ်စုံတစ်ရာ တွေ့ပါက SRS ကို သတင်းပို့ပါ။

🔹 နွေဦးလုံခြုံရေးဆေးခန်းလင့် - https://t.me/SpringSecClinic

#Beware_of_Online_Fraud
#အွန်လိုင်းလိမ်ညာသတိပြု
Please open Telegram to view this post
VIEW IN TELEGRAM
❗️ လူလိမ်တွေတွေ့ရင် သတင်းပို့ပါ

🔻 လိမ်လည်မှုတွေဟာ တစ်ခု နဲ့ တစ်ခု ပုံစံတွေကွဲကြပါတယ်။

🔻 အွန်လိုင်းပေါ်က လိမ်လည်မှုမှန်သမျှ အများပြည်သူ နားလည်အောင် သတိပေးနိုင်ဖို့ SRS က ကြိုးစားနေပါတယ်။

🔹 သင့်အနေနဲ့ အွန်လိုင်းပေါ်မှာ ကိုယ်တိုင်လိမ်ခံရတာ ဒါမှမဟုတ် လိမ်နေတယ်လို့ ယူဆရတာ တစ်စုံတစ်ရာ တွေ့ပါက SRS ကို သတင်းပို့ပါ။

🔹 နွေဦးလုံခြုံရေးဆေးခန်းလင့် - https://t.me/SpringSecClinic

#Beware_of_Online_Fraud
#အွန်လိုင်းလိမ်ညာသတိပြု
Please open Telegram to view this post
VIEW IN TELEGRAM