နွေဦးလုံခြုံရေး
9.6K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Google Offline Map
==================
နွေဦးလုံခြုံရေး ရောင်းရင်းတို့ရေ..🔈

🗺ဘယ်သွားသွား Map နဲ့သွားနေသူများအတွက် Google Map ကတော့မရှိမဖြစ်..မသိလို့မဖြစ်ပါဘူး.

◆ဒီနေ့ခေတ်လို အင်တာနက်လိုင်းတွေက တော်တော်လေး နှေးနေတဲ့အချိန်မှာ သွားလိုရာရောက်ဖို့အတွက်ဆိုရင်တော့ဖြင့် အင်တာနက်ရတဲ့နေရာလေးမှာ Map ကို Download ချပြီး

📲 Google Offline Map လေးသုံးတတ်ဖို့ လိုပြီနော်…

Google Offline Map ဘယ်လိုသုံးရလဲဆိုတာ အသေးစိတ်ရှင်းပြထားလို့ ဖတ်ရှုပြီး ဝေမျှပေးကြဦးနော်..

နွေဦးတော်လှန်ရေးလည်းအောင်
ကပ်ဆိုးကြီးလည်း ကုန်အောင်ကျော်ဖြတ်ကြပါစို့နော်…
📢နွေဦးလုံခြုံရေး channel ရဲ့ စာဖတ်သူတို့ရေ 📢

💬ဒီတစ်ခါတော့ အက်မင်တို့က စာဖတ်သူတွေကို အလှည့်ပေးပီး နွေဦးလုံခြုံရေး ချယ်နယ်လေးအပေါ် ထားရှိတဲ့သဘောထားတွေနဲ့ အကြံပြုချက်လေးတွေကို ပြန်ပီး တောင်းချင်ပါတယ်နော် …..

☝️မေးခွန်းလေးတွေကို ဖြေပေးဖို့က မခက်ဘူးနော် …ဘယ်လိုဖြေရမလဲဆိုတော့ …..

👉 https://t.me/teleformsbot?start=lidG53limMOLxRDYpv1cC9VzZoKFX8

▪️Link လေးကိုနှိပ်ပြီးရင် Startလေးကိုနှိပ်ပါ..
▪️ပြီးရင် Answer this form ကိုနှိပ်ပါ..
▪️Continue ကို ဆက်နှိပ်ပါ...မေးခွန်းတွေကျလာပါလိမ့်မယ်..
▪️အဖြေလေးဖြေပေးပါနော်....
▪️တစ်ချို ရွှေးစရာ မေးခွန်းပုံစံလေး ပါရင်..ကြိုက်တဲ့အဖြေလေးရွေးပေးပြီး Done လေးနှိပ်ပေးပါ..

🔈ကဲ မခက်ဘူးမလား .... မေးခွန်း (၅) ခုပဲဖြေရမှာမို့..ဖြေပေးပါနော်...အားလုံးကိုကျေးဇူးပါ🙏
🔈ဒီနေ့မှတော့ အားလုံးကို အသစ်တစ်ခု မိတ်ဆက်ပေးစရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Facebook page လေးပါ🔈
👉 https://m.facebook.com/springrevsec
▪️နွေဦးလုံခြုံရေး telegram channel ကို အခုဆိုရင် Facebook page တစ်ခုအနေနဲ့လည်း မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
▪️Telegram channel ကို အမြဲမဝင်ကြည့်ဖြစ်တဲ့သူတွေအတွက်လည်း ကိုယ့်လူတို့ရဲ့ newsfeed မှာ ပေါ်လာတဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာဗဟုသုတတွေကို အမြဲဖတ်ရှုလေ့လာလို့ ရပါပြီ။ ပိုမိုအားကောင်းတဲ့အရှိန်တစ်ခုနဲ့ ပြန်လာပြီဖြစ်လို့ Facebook page ကို Like and Follow လုပ်ထားဖို့ အကြံပေးပါရစေလေ။
☝️အရင်ကလည်း telegram ကို join ထားတယ်၊ ဒီကပဲဖတ်မယ်လေဆိုရင်တော့ ဟိုကော်ဖီကြော်ငြာလို “ မတူဘူး “ လို့ပဲ အကျယ်ကြီး အော်ပြောပါရစေ။
📲Facebook page မှာ တော့ ကိုယ့်လူဟာ “ စာဖတ်သူ “ ဆိုတာထက် ပိုတဲ့ ခံစားမှုတွေကို ရနိုင်ပါတယ်။ ကိုယ်တိုင်ပါဝင်လို့ရတဲ့ Game တွေ၊ Quiz တွေ အပြင် ဒစ်ဂျစ်တယ် လုံခြုံရေးနဲ့ ဆိုင်တဲ့ ရုပ်ရှင်တွေလည်း မိတ်ဆက်ပေးသွားဦးမှာပါ။
ကိုယ် Like ပြီးသွားရင်လည်း တစ်ယောက်တည်း ကြိတ်ဖတ်မနေပါနဲ့လေ။ တခြားသူတွေလည်း မျှဝေပေးပါဦး...
👉{Update in comment}
သန်းရွှေသေပြီကြားတယ် ရောင်းရင်းတို့ ဟိဟိ
သေချာအောင် comfirm ပြီး ပြန်ပြောပေးပါမယ်။
Stay Tune!
နွေဦးလုံခြုံရေး
👉{Update in comment} သန်းရွှေသေပြီကြားတယ် ရောင်းရင်းတို့ ဟိဟိ သေချာအောင် comfirm ပြီး ပြန်ပြောပေးပါမယ်။ Stay Tune!
📣သတင်းဆိုသည်မှာလည်း ပေါ်လိုက်ပျောက်လိုက်ဆိုသလို..📣

✖️မှန်လိုက်..မှားလိုက်ပေါ့နော်
သတင်းကို Verify မလုပ်သေးလို့..အတည်ပြုရမလား..ဇဝေဇဝါပါပဲကိုယ့်လူတို့ရေ..

⚠️သတင်းတစ်ပုဒ်ကြောင့် အချင်းမများစေဖို့..
နွေဦးလုံခြုံရေး ကထပ်မံနှိုးဆော်လိုတာဖြစ်ပြီး...

အဓိက ပန်းတိုင်ဖြစ်တဲ့ အရေးတော်ပုံအောင်ဖို့ပဲ..အာရုံပြုရင်း...အရေးတော်ပုံ...အောင်လို့နေပါပြီနော်..
⚠️သင်ရဲ့ Password တွေကဘယ်လောက်လုံခြုံလဲ သိချင်ရင် စမ်းကြည့်မလား?

▪️Password ဘယ်လိုပေးရမလဲဆိုတဲ့ Content လည်းတင်ပေးထားပြီးပြီဆိုတော့ ဒီတစ်ခါက ကိုယ့်လူတို စာပြန်နွေးရမယ့်အလှည့်ပေါ့နော်...

▪️Password တွေလုံခြုံလား..မလုံခြုံဘူးလား ကိုယ့်လူတို ကိုယ်တိုင်စစ်နိုင်ဖို ဂိမ်းလေးတစ်ခုဖန်တီးထားပါတယ်...
ဂိမ်းလေးမဆော့ခင် စာပြန်နွေးဖိုလိုမယ်ဆိုရင် password Content လေးပြန်ဖတ်ပါဗျိူး...

👉Password : https://t.me/SpringRevSecurity/56

ကဲ…ready ဖြစ်ပြီဆိုရင် စလိုက်ရအောင်ပါ....

👉Password Game: https://t.me/teleformsbot?start=lidy7gSKObQkRnDAW1d5J3cr6IFf0j4h
YouTube Monetization, VPNs and Algorithm
=========================
နွေဦးလုံခြုံရေး ရောင်းရင်းတို့ရေ..🔈

📲ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ Youtube လို့ပြောရင် ကလေးအစသိပါတယ်
YouTube ဟာသာမန် Entertainment အတွက်မဟုတ်တော့ပဲ..သင်ယူမှုတွေအတွက်ပါအထောက်အကူပြုတဲ့ Platform တစ်ခုဖြစ်သလို…

📸YouTube ကိုအမြဲကြည့်တဲ့သူတစ်ယောက်ကလဲ...ကိုယ်တိုင် Video Creator, Content Creator လုပ်ပြီးပိုက်ဆံရှာနိုင်ပါတယ်....

👁‍🗨ဒီနေ့မှာတော့ YouTube နဲ့ပက်သက်ပြီး အားလုံးသိချင်တဲ့အကြောင်းအရာလေးတွေဆွေးနွေးထားလို့..

ခေတ်မီသွားအောင် လက်တို့ပြီး ဖတ်ကြည့်လိုက်ပါဦးဗျိူး....
⚠️Alert: City Mart Spam⚠️
=====================
📣နွေဦးရောင်းရင်းတို့ရေ

🗣သတိကြီးကြီးထားရတော့မယ်နော်
အက်မင်တို့ ပြောနေကြအတိုင်း တွေ့ကရာ Link တွေလျှောက် မနှိပ်ဖို့ကို အမြဲတမ်းသတိလေးကပ်ပါနော်.. အရင်က Phishing အကြောင်း ကိုလည်း ရှင်းပြထားတာလေ့လာနိုင်ပါတယ်။

🚨ဒီနေ့မနက်ကတည်း User တွေကြားထဲမှာပျံ့နှံ့နေတဲ့ Spam ads ပုံစံမျိုး တက်နေတာသတိထားမိမှာပါ..အဲ့ဒါကတော့ City Mart ကမေးခွန်းလေးတွေ ဖြေပေးရင် City Mart က ဒေါ်လာအများကြီးတန်တဲ့ ကူပွန်ပေးမယ်ဆိုပြီးပျံ့နှံ့နေတာပါ…

🚨အခုလက်ရှိမှာတော့ City Mart နဲ့ Nestle’ Company နာမည်နဲ့ Spam တွေပြန့်နေပါတယ်..နောက်ထပ်အခြားသော Company ကြီးနာမည်တွေနဲ့လည်းလာနိုင်လို့ သတိကပ်ပါနော်..

လောလောဆယ်မှာတော့ City Mart (Blue Mark ရထားတဲ့ Page) ကနေ အဲ့ဒါက Spam ဖြစ်ကြောင်း Post တင်ထားပါတယ်...
👉https://www.facebook.com/149817995179619/posts/1822310441263691/?d=n

▪️Link တွေလျှောက်မနှိပ်ပါနဲ့
▪️အစစ်အမှန်ဟုတ်..မဟုတ် Verify လုပ်ပါ…

အားလုံးပဲ နွေဦးမှာ ဒစ်ဂျစ်တယ်အချက်အလက်ခိုးယူခံရခြင်းကနေ လွတ်မြောက်ကြပါစေ…

မသိသေးရင်သင့်အပြစ်မဟုတ်ဘူး..သိပြီးခံရရင်တော့ ကိုယ့်လူရေ မခံသာဘူးနော်
ကိုယ့်ဘေးက ဘော်ဒါတွေမသိသေးရင် လက်တို့ ဦးနော်..
ဒါက နွေဦးတာဝန်ပဲ....
အရေးတော်ပုံ အောင်ရမည်..
ဒစ်ဂျစ်တယ်အလွဲများ အပိုင်း(1️⃣)
=======================
ပေါ့ပေါ့ပါးပါး ဒစ်ဂျစ်တယ် လုံခြုံရေး အလွဲများ

🗣ဒီနေ့တော့ နွေဦးလုံခြုံရေးရဲ့ စာဖတ်သူပရိတ်သတ် မပျင်းရလေအောင် ပေါ့ပေါ့ပါးပါး ဒစ်ဂျစ်တယ် လုံခြုံရေး အလွဲများ ကဏ္ဍလေး တင်ဆက်ပေးလိုက်တယ်နော် ….👏

▪️ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ အလွဲက ဘာလဲဆိုတာကို သိချင်ရင် Comment ထဲမှာသာ ဝင်ဖတ်သွားပါတော့ဗျာ.....👇
Digital Spring Security Clinic
======================
နွေဦးမှာတွေ့ဆုံရတဲ့ နွေဦးလုံခြုံရေး ရောင်းရင်းတို့‌ရေ...
ယခုအခြေအနေက ဒစ်ဂျစ်တယ်လုံခြုံရေးက အင်မတန်မှ အရေးကြီးနေတာဖြစ်သလို Channel ရဲ့ Comment လေးတွေမှာလည်း Digital အခက်အခဲလေးမေးမြန်းဝေမျှနေတာလေးတွေ တွေ့ရတော့ ဝိုင်းတော်သားတွေအနေနဲ့ ရောင်းရင်းတို့အတွက် အကူအညီဖြစ်စေနိုင်မယ့် ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ဆိုင်တဲ့ မေးလိုရာမေးနိုင်မယ့် Digital Security Clinic လေးဖွင့်ဖို့ စီစဉ်လိုက်ရပါတော့တယ်။

ကျနော်တို့ရဲ့ Content ကြီးဖတ်ပြီး လိုက်လုပ်လို့ အဆင်မပြေတာပဲဖြစ်ဖြစ်...လက်တွေ့ ဒစ်ဂျစ်တယ်အခက်အခဲများကို ဝိုင်းတော်သားတွေနဲ့ Live chat ဆွေးနွေးလို့ရမယ့် အခွင့်အရေးမို့ အပတ်စဉ်တိုင်း လက်လွတ်မခံကြပါနဲ့နော်....

Clinic ပြချင်တယ်ဆိုရင်တော့
နွေဦးလုံခြံရေး Clinic ကို Join ဖို့လိုအပ်ပါလိမ့်မယ်
📲Link:https://t.me/SpringSecClinic

နွေဦးလုံခြုံရေး Clinic ကဘယ်အချိန်တွေဖွင့်မှာလဲ?

နွေဦးလုံခြုံရေး Clinic ကို တစ်ပတ်တစ်ခါ
နေ့ရက် ▪️အပတ်စဉ် ဗုဒ္ဓဟူးနေ့
အချိန် 🕐1PM-3PM ထိ (၂) နာရီ တိတိ digital ဆိုင်ရာ လုံခြုံရေးအခက်အခဲတွေကိုဖြေရှင်းသွားမှာပါနော်..