နွေဦးလုံခြုံရေး
9.6K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Timeline of Digital Coup in Myanmar
==========================
2️⃣0️⃣2️⃣1️⃣ခုနှစ်၊ဩဂုတ်လ (1️⃣)နေ့ဖြစ်တဲ့ ဒီနေ့ဟာ စစ်ကောင်စီမတရား အာဏသိမ်းမှုရဲ့ (6️⃣)လတင်းတင်းပြည့်မြောက်သွားတဲ့နေ့ဖြစ်ပါတယ်။ ယင်းကာလအတွင်း စစ်ကောင်စီဟာ ဒစ်ဂျစ်တယ်ဆိုင်ရာအခွင့်အရေးများစွာကို ထင်ထင်ပေါ်ပေါ်ချိုးဖောက်ခဲ့မှုများကို လူတိုင်းလက်တွေ့ခံစားခဲ့ကြရတာပါ။

▪️ဒီနေ့မှာဆိုရင်တော့ နွေဦးလုံခြုံရေး ဝိုင်းတော်သားများက (၆)လတာ အတွင်း မြန်မာနိုင်ငံသူ/သားများရင်ဆိုင်ခဲ့ရတဲ့ ဒစ်ဂျစ်အမှောင်ထုကာလတွေကို ပြန်ပြီးစုစည်း မှတ်တမ်းတင်ထားတဲ့ Timeline လေးကို ဝေမျှခြင်းပဲဖြစ်ပါတယ်။

▪️တင်ပြရန်လိုအပ်ခဲ့သော ဒစ််ဂျစ်တယ်အခွင့်အရေးများ ချိုးဖောက်ခံရမှုများရှိပါကလည်း နွေဦးလုံခြုံရေး Channel ရဲ့ Content ကို အမြဲတမ်းအစဉ်တစိုက် ဖတ်ရှုအားပေးနေသောစာဖတ်သူများအနေနဲ့ Comment မှာ ဖြည့်စွက်ပေးပါဦးနော်.....

▪️Resolution အကြည်လေးလိုကို အောက်က Link လေးမှာ Downlaod ချလို့ရပါတယ်
https://tinyurl.com/cz3wbuwm

🙏အားလုံးပဲ ဒစ်ဂျစ်တယ်အမှောင်ထုကြီးကနေ အမြန်ဆုံးရုန်းထွက်နိုင်ဖို့နဲ့ ကပ်ရောဂါကြီးဘေးကလည် အမြန်လွတ်မြောက်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်…
အရေးတော်ပုံအောင်ရမည်......
🗣နွေဉီးလုံခြုံရေး ရောင်းရင်းတို့ရေ🗣
▪️လွန်ခဲ့တဲ့ စနေနေ့ကစပြီး ဒီနေ့အထိ အင်တာနက်လိုင်းတွေ သုံးစွဲလို့အဆင်မပြေနေတာဟာ လစဉ်ကြေးကို တန်သလောက်ပေးဆောင်ပြီး သုံးစွဲနေတဲ့ coustomer တွေကို အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေက မျက်နှာပြောင်နဲ့စော်ကားနေတာပါပဲ။
▪️ဒါကို သုံးစွဲသူတွေက သည်းခံစရာ မလိုပါဘူး။ သုံးစွဲသူဘက်ကနေ ပြီးအပြည့်အဝသိပိုင်ခွင့်နဲ့ ဖြေရှင်းချက်ရပိုင်ခွင့်လည်းရှိပါတယ်။
▪️ပြင်နေတယ်ပြောပေမယ့် ရက်က လိုတာထက်ကြာပါတယ်။မကောင်းနေတဲ့အချိန်တွေကျတော့ ငါးမန်းကိုက်လိုက်..ရေကြီးလိုက်နဲ့၊ ကောင်းသွားတော့လည်း သူတို့အင်ဂျင်နီယာတွေက တော်လို့ပဲ အရင်ပြင်ပြီးပြီ၊ အွန်လိုင်းက ဘေဆောင်ချင်ရင်တော့ % ပိုပေးလိုက်တော့တို့ တွေနဲ့ စည်းဝါးတွေမကိုက် လောဘဇောတွေနဲ့ လုပ်လာကြတွေအပေါ်မှာလဲ သုံးစွဲသူတွေရဲ့ လုံခြုံရေးအတွက်တွေးပူရပါတယ်
✖️အခြေအနေအပေါ်အမြတ်ထုတ်တဲ့ကိစ္စကို ထပ်အဖြစ်ခံလို့မရပါဘူး။ တချို့တွေအခုကောင်းသွားပေမယ့် မကောင်းသေးတဲ့သူတွေ ကျန်နေသေးတယ်။
👉ဒီလိုနောက်ဘယ်တော့မှ ထပ်မဖြစ်စေရအောင် အောက်က ကွန်မန့်စာစု ကို တာဝန်ယူမှုကင်းမဲ့တဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့အော်ပရေတာတွေရဲ့ Facebook post တွေရဲ့ အောက်မှာ ကော်ပီယူပြီး လူတိုင်းမန့်ကြမယ်။ 📲
Google Offline Map
==================
နွေဦးလုံခြုံရေး ရောင်းရင်းတို့ရေ..🔈

🗺ဘယ်သွားသွား Map နဲ့သွားနေသူများအတွက် Google Map ကတော့မရှိမဖြစ်..မသိလို့မဖြစ်ပါဘူး.

◆ဒီနေ့ခေတ်လို အင်တာနက်လိုင်းတွေက တော်တော်လေး နှေးနေတဲ့အချိန်မှာ သွားလိုရာရောက်ဖို့အတွက်ဆိုရင်တော့ဖြင့် အင်တာနက်ရတဲ့နေရာလေးမှာ Map ကို Download ချပြီး

📲 Google Offline Map လေးသုံးတတ်ဖို့ လိုပြီနော်…

Google Offline Map ဘယ်လိုသုံးရလဲဆိုတာ အသေးစိတ်ရှင်းပြထားလို့ ဖတ်ရှုပြီး ဝေမျှပေးကြဦးနော်..

နွေဦးတော်လှန်ရေးလည်းအောင်
ကပ်ဆိုးကြီးလည်း ကုန်အောင်ကျော်ဖြတ်ကြပါစို့နော်…
📢နွေဦးလုံခြုံရေး channel ရဲ့ စာဖတ်သူတို့ရေ 📢

💬ဒီတစ်ခါတော့ အက်မင်တို့က စာဖတ်သူတွေကို အလှည့်ပေးပီး နွေဦးလုံခြုံရေး ချယ်နယ်လေးအပေါ် ထားရှိတဲ့သဘောထားတွေနဲ့ အကြံပြုချက်လေးတွေကို ပြန်ပီး တောင်းချင်ပါတယ်နော် …..

☝️မေးခွန်းလေးတွေကို ဖြေပေးဖို့က မခက်ဘူးနော် …ဘယ်လိုဖြေရမလဲဆိုတော့ …..

👉 https://t.me/teleformsbot?start=lidG53limMOLxRDYpv1cC9VzZoKFX8

▪️Link လေးကိုနှိပ်ပြီးရင် Startလေးကိုနှိပ်ပါ..
▪️ပြီးရင် Answer this form ကိုနှိပ်ပါ..
▪️Continue ကို ဆက်နှိပ်ပါ...မေးခွန်းတွေကျလာပါလိမ့်မယ်..
▪️အဖြေလေးဖြေပေးပါနော်....
▪️တစ်ချို ရွှေးစရာ မေးခွန်းပုံစံလေး ပါရင်..ကြိုက်တဲ့အဖြေလေးရွေးပေးပြီး Done လေးနှိပ်ပေးပါ..

🔈ကဲ မခက်ဘူးမလား .... မေးခွန်း (၅) ခုပဲဖြေရမှာမို့..ဖြေပေးပါနော်...အားလုံးကိုကျေးဇူးပါ🙏
🔈ဒီနေ့မှတော့ အားလုံးကို အသစ်တစ်ခု မိတ်ဆက်ပေးစရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Facebook page လေးပါ🔈
👉 https://m.facebook.com/springrevsec
▪️နွေဦးလုံခြုံရေး telegram channel ကို အခုဆိုရင် Facebook page တစ်ခုအနေနဲ့လည်း မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
▪️Telegram channel ကို အမြဲမဝင်ကြည့်ဖြစ်တဲ့သူတွေအတွက်လည်း ကိုယ့်လူတို့ရဲ့ newsfeed မှာ ပေါ်လာတဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာဗဟုသုတတွေကို အမြဲဖတ်ရှုလေ့လာလို့ ရပါပြီ။ ပိုမိုအားကောင်းတဲ့အရှိန်တစ်ခုနဲ့ ပြန်လာပြီဖြစ်လို့ Facebook page ကို Like and Follow လုပ်ထားဖို့ အကြံပေးပါရစေလေ။
☝️အရင်ကလည်း telegram ကို join ထားတယ်၊ ဒီကပဲဖတ်မယ်လေဆိုရင်တော့ ဟိုကော်ဖီကြော်ငြာလို “ မတူဘူး “ လို့ပဲ အကျယ်ကြီး အော်ပြောပါရစေ။
📲Facebook page မှာ တော့ ကိုယ့်လူဟာ “ စာဖတ်သူ “ ဆိုတာထက် ပိုတဲ့ ခံစားမှုတွေကို ရနိုင်ပါတယ်။ ကိုယ်တိုင်ပါဝင်လို့ရတဲ့ Game တွေ၊ Quiz တွေ အပြင် ဒစ်ဂျစ်တယ် လုံခြုံရေးနဲ့ ဆိုင်တဲ့ ရုပ်ရှင်တွေလည်း မိတ်ဆက်ပေးသွားဦးမှာပါ။
ကိုယ် Like ပြီးသွားရင်လည်း တစ်ယောက်တည်း ကြိတ်ဖတ်မနေပါနဲ့လေ။ တခြားသူတွေလည်း မျှဝေပေးပါဦး...
👉{Update in comment}
သန်းရွှေသေပြီကြားတယ် ရောင်းရင်းတို့ ဟိဟိ
သေချာအောင် comfirm ပြီး ပြန်ပြောပေးပါမယ်။
Stay Tune!
နွေဦးလုံခြုံရေး
👉{Update in comment} သန်းရွှေသေပြီကြားတယ် ရောင်းရင်းတို့ ဟိဟိ သေချာအောင် comfirm ပြီး ပြန်ပြောပေးပါမယ်။ Stay Tune!
📣သတင်းဆိုသည်မှာလည်း ပေါ်လိုက်ပျောက်လိုက်ဆိုသလို..📣

✖️မှန်လိုက်..မှားလိုက်ပေါ့နော်
သတင်းကို Verify မလုပ်သေးလို့..အတည်ပြုရမလား..ဇဝေဇဝါပါပဲကိုယ့်လူတို့ရေ..

⚠️သတင်းတစ်ပုဒ်ကြောင့် အချင်းမများစေဖို့..
နွေဦးလုံခြုံရေး ကထပ်မံနှိုးဆော်လိုတာဖြစ်ပြီး...

အဓိက ပန်းတိုင်ဖြစ်တဲ့ အရေးတော်ပုံအောင်ဖို့ပဲ..အာရုံပြုရင်း...အရေးတော်ပုံ...အောင်လို့နေပါပြီနော်..
⚠️သင်ရဲ့ Password တွေကဘယ်လောက်လုံခြုံလဲ သိချင်ရင် စမ်းကြည့်မလား?

▪️Password ဘယ်လိုပေးရမလဲဆိုတဲ့ Content လည်းတင်ပေးထားပြီးပြီဆိုတော့ ဒီတစ်ခါက ကိုယ့်လူတို စာပြန်နွေးရမယ့်အလှည့်ပေါ့နော်...

▪️Password တွေလုံခြုံလား..မလုံခြုံဘူးလား ကိုယ့်လူတို ကိုယ်တိုင်စစ်နိုင်ဖို ဂိမ်းလေးတစ်ခုဖန်တီးထားပါတယ်...
ဂိမ်းလေးမဆော့ခင် စာပြန်နွေးဖိုလိုမယ်ဆိုရင် password Content လေးပြန်ဖတ်ပါဗျိူး...

👉Password : https://t.me/SpringRevSecurity/56

ကဲ…ready ဖြစ်ပြီဆိုရင် စလိုက်ရအောင်ပါ....

👉Password Game: https://t.me/teleformsbot?start=lidy7gSKObQkRnDAW1d5J3cr6IFf0j4h
YouTube Monetization, VPNs and Algorithm
=========================
နွေဦးလုံခြုံရေး ရောင်းရင်းတို့ရေ..🔈

📲ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ Youtube လို့ပြောရင် ကလေးအစသိပါတယ်
YouTube ဟာသာမန် Entertainment အတွက်မဟုတ်တော့ပဲ..သင်ယူမှုတွေအတွက်ပါအထောက်အကူပြုတဲ့ Platform တစ်ခုဖြစ်သလို…

📸YouTube ကိုအမြဲကြည့်တဲ့သူတစ်ယောက်ကလဲ...ကိုယ်တိုင် Video Creator, Content Creator လုပ်ပြီးပိုက်ဆံရှာနိုင်ပါတယ်....

👁‍🗨ဒီနေ့မှာတော့ YouTube နဲ့ပက်သက်ပြီး အားလုံးသိချင်တဲ့အကြောင်းအရာလေးတွေဆွေးနွေးထားလို့..

ခေတ်မီသွားအောင် လက်တို့ပြီး ဖတ်ကြည့်လိုက်ပါဦးဗျိူး....
⚠️Alert: City Mart Spam⚠️
=====================
📣နွေဦးရောင်းရင်းတို့ရေ

🗣သတိကြီးကြီးထားရတော့မယ်နော်
အက်မင်တို့ ပြောနေကြအတိုင်း တွေ့ကရာ Link တွေလျှောက် မနှိပ်ဖို့ကို အမြဲတမ်းသတိလေးကပ်ပါနော်.. အရင်က Phishing အကြောင်း ကိုလည်း ရှင်းပြထားတာလေ့လာနိုင်ပါတယ်။

🚨ဒီနေ့မနက်ကတည်း User တွေကြားထဲမှာပျံ့နှံ့နေတဲ့ Spam ads ပုံစံမျိုး တက်နေတာသတိထားမိမှာပါ..အဲ့ဒါကတော့ City Mart ကမေးခွန်းလေးတွေ ဖြေပေးရင် City Mart က ဒေါ်လာအများကြီးတန်တဲ့ ကူပွန်ပေးမယ်ဆိုပြီးပျံ့နှံ့နေတာပါ…

🚨အခုလက်ရှိမှာတော့ City Mart နဲ့ Nestle’ Company နာမည်နဲ့ Spam တွေပြန့်နေပါတယ်..နောက်ထပ်အခြားသော Company ကြီးနာမည်တွေနဲ့လည်းလာနိုင်လို့ သတိကပ်ပါနော်..

လောလောဆယ်မှာတော့ City Mart (Blue Mark ရထားတဲ့ Page) ကနေ အဲ့ဒါက Spam ဖြစ်ကြောင်း Post တင်ထားပါတယ်...
👉https://www.facebook.com/149817995179619/posts/1822310441263691/?d=n

▪️Link တွေလျှောက်မနှိပ်ပါနဲ့
▪️အစစ်အမှန်ဟုတ်..မဟုတ် Verify လုပ်ပါ…

အားလုံးပဲ နွေဦးမှာ ဒစ်ဂျစ်တယ်အချက်အလက်ခိုးယူခံရခြင်းကနေ လွတ်မြောက်ကြပါစေ…

မသိသေးရင်သင့်အပြစ်မဟုတ်ဘူး..သိပြီးခံရရင်တော့ ကိုယ့်လူရေ မခံသာဘူးနော်
ကိုယ့်ဘေးက ဘော်ဒါတွေမသိသေးရင် လက်တို့ ဦးနော်..
ဒါက နွေဦးတာဝန်ပဲ....
အရေးတော်ပုံ အောင်ရမည်..