နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
ဒေတာများအား နားလည်ခြင်း
====================

🟡 အားလုံးရဲ့ စိတ်ထဲမှာ ကိုယ့်အချက်အလက်တွေ ပေါက်ကြားသွားမှာ ၊ စစ်ဆေးခံရမှာကို စိုးရိမ်တဲ့စိတ်တွေ ရှိတတ်ကြမှာပါ။
🟡 ဒါကြောင့် ကိုယ့်မှာ ရှိနေတဲ့ ဒေတာတွေကို စီမံခန့်ခွဲတတ်ပြီး လုံခြုံစွာ သိမ်းဆည်းတတ်ဖို့ ၊ ဖျက်ဆီးတတ်ဖို့ လိုအပ်ပါတယ်။
🟡 လက်ရှိမှာလည်း စစ်ဆေးမှုတွေ ရှိနေသေးတာကြောင့် မပေါ့ဆပဲ အမြဲဂရုတစိုက် နေသင့်ပါတယ်။
ဖုန်းထဲမှာ ဒေတာတွေ လုံခြုံစွာသိမ်းဖို့
👉MM Reporter: https://t.me/SpringRevSecurity/274
👉Datshin: https://t.me/SpringRevSecurity/214

ကွန်ပျူတာမှာ ဒေတာတွေ လုံခြုံစွာ သိမ်းဖို့
👉Veracrypt part 1 - https://t.me/SpringRevSecurity/1133
👉Veracrypt part 2 - https://t.me/SpringRevSecurity/1143
ဘာမှမလုပ်ခင် ဒေတာတွေ မဆုံးရှုံးရအောင် သေချာစွာ Backup လုပ်ဖို့ ထပ်မံသတိပေးလိုက်ပါတယ်။
🔹 ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုဖြစ်စဉ်များ 🔹
==================================================

🔻 အကြမ်းဖက်စစ်ကောင်စီဟာဆိုရင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို လက်နက်သဖွယ်အသုံးပြုနေတာဟာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှု ဖြစ်စဉ်တွေပဲဖြစ်ပါတယ်။

🔻 ဒီနေ့မှာတော့ အတွင်းဧပြီလ အတွင်း ကျူးလွန်ခဲ့တဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုများကို ဖော်ပြပေးလိုက်ရပါတယ်။


🔹 ဧပြီ (၂)  ဟင်္သာတမြို့တွင် Social Media များမှ ရေးသားသော အချက်အလက်များကို အခြေခံပြီး  PDF ထောက်ပံ့သည်ဟု စွပ်စွဲကာ နေအိမ်ငါးလုံးကို ချိတ်ပိတ်ခဲ့ပါတယ်။

🔹 ဧပြီ (၃)  ရန်ကုန်လေဆိပ်အတွင်း ပြေးဆွဲလိုသည့် အငှားယာဉ်များအား မိုဘိုင်း Application မှတဆင့် စီးနင်းသူများ၏ သွားလာခဲ့မှုများကို ခြေရာခံနိုင်သည့် Grab ကုမ္ပဏီဖြင့် ချိတ်ဆက်ရန် စစ်ကောင်စီ မှ ဖိအားပေးခဲ့‌ပြီး လုံခြုံရေးအတွက်ဟု အကြောင်းပြခဲ့ပါတယ်။

🔹 ဧပြီ (၃)  ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သော မင်းတပ်၊ မတူပီ နှင့် ကန်ပက်လက် မြို့နယ် များတွင် မိုဘိုင်းဖုန်း ဆက်သွယ်မှုများ ဖြတ်တောက်ထားသည်မှာ (၄) လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။

🔹 ဧပြီ (၃) Electronic မှတ်ပုံတင်စနစ် ပြုလုပ်ရန် Biometric Data ကောက်ယူရေးကြေညာချက်အား Naypyitaw Council ၏ Facebook စာမျက်နှာပေါ်တွင် ကြေငြာခဲ့ပါတယ်။

🔹 ဧပြီ (၄)  NUG နှင့်ဆက်သွယ်ပြီး တရားမဝင်ပညာသင်ကြားရေးပြုလုပ်သည်ဟုဆိုကာ အမျိုးသမီး ၁၃ ဦးအပါအဝင် ၁၅ ဦးကို ဖမ်းဆီးထားဟု စစ်ကောင်စီထုတ်ပြန်ခဲ့ပါတယ်။

🔹ဧပြီ (၁၂) ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ၎င်းတို့၏ Social Media Account များမှဝမ်းနည်းကြောင်းရေးသားခြင်း ၊ Profile အမဲများ ပြောင်းလဲခြင်းအတွက် တေးသံရှင် မေလသံစဉ်၊ သတင်းစာဆရာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီ နှင့် ရွှေရည်သိန်းတို့ အပါအဝင် ၁၁ ဦး  ဖမ်းဆီးခံရပြီး ၅၀၅ နဲ့ အမှုဖွင့်ခံထားရပါတယ်။

🔹 ဧပြီ (၁၇) ဟားခါးမြို့တွင် Telenor နှင့် MPT ဝိုင်ဖိုင်လိုင်းများ ဧပြီ (၁၇) နေ့မှ စတင်ပြီး အသုံးပြုမရ ဖြစ်နေပါတယ်။

🔹 ဧပြီ (၂၄) တော်လှန်ရေး ရန်ပုံငွေ စုဆောင်းနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် PDF ဂိမ်းများ ဆော့ကစားပါက  ဥပဒေအရ အရေးယူခံရနိုင်ကြောင်း စစ်ကောင်စီထုတ် သတင်းစာမှ တဆင့် ကြော်ငြာခဲ့ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
Secure File Transfer
===============
👉ကိုယ့်လူတို့ရေ…

▪️ဒီနေ့မှာတော့ ဒေတာတွေကို လျင်မြန်လုံခြုံစွာ ဘယ်လိုရွေ့ရမလဲ ဆိုတဲ့အကြောင်းအရာလေးကိုရှင်းပြထားသလို

👉ဒေတာရွေ့ပြောင်းရာမှ အင်မတန်မှ လုံခြုံတဲ့ ပလက်ဖောင်းနှစ်ခုကိုလည်း မိတ်ဆက်ပေးထားပါတယ်ဗျို့...
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ ပက်သက်တဲ့ အကြံဉာဏ်များကို ရယူဖို့ Clinic ကိုသာလှမ်းခဲ့ပါ....

▪️အစစ်အဆေး များနေတဲ့ ဒီလိုကြပ်တည်းတဲ့ကာလကြီးမှာ..

▪️ ဒစ်ဂျစ်လုံခြုံရေးကို အထူးဂရုပြုဖို့လိုတယ်ဗျိုး..

▪️တစ်ခုခု အကြံဉာဏ်လိုအပ်တဲ့ အချိန်တိုင်း ၂၄ နာရီအတွင်းပြန်ဖြေပေးမယ့် Clinic ကိုသတိရလိုက်ပါဗျို့…

📲Link:https://t.me/SpringSecClinic