နွေဦးလုံခြုံရေး
9.56K subscribers
2.17K photos
12 videos
6 files
580 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
🔹  ကိုယ့်လူတို့ရေ အာဏာသိမ်းမှု (၂)နှစ်ကျော်ကာလမှာ

ဒီတစ်နေ့ထက်တစ်နေ့ ဖိနှိပ်မှုတွေ တစ်စ..တစ်စနဲ့ မြင့်တက်လာခဲ့သလို

ဒီတစ်ဖက်မှာလည်း အင်တာနက် ဖြတ်တောက်မှုတွေကို တောက်လျှောက်လုပ်လာတာတွေအပြင်

ဒီလက်တစ်လုံးကြားလုပ်နိုင်မယ့် ဉပဒေတွေကိုလည်း ပြင်ဆင်တာ...အသစ်ထုတ်တာတွေကိုလည်း တစ်နေ့နဲ့တစ်နေ့ မရိုးအောင် ပြုလုပ်နေခဲ့ပါ။

🔸ဒီနေ့မှာတော့ ကိုယ့်လူတို့ ချိန်ထိုးဖတ်နိုင်အောင် ဉပဒေသုံးသပ်ချက်လေးတွေကို အသေးစိတ်ဖော်ပြပေးထားလို့ ဖတ်ဖြစ်အောင် ဖတ်ကြပါဗျို့…
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍50
၂၀၂၃ ခုနှစ် မတ်လအတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ
==========================================

🔻 ကိုယ့်လူတို့...

အကြမ်းဖက်စစ်ကောင်စီဟာဆိုရင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို လက်နက်သဖွယ်အသုံးပြုနေတာဟာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှု ဖြစ်စဉ်တွေပဲဖြစ်ပါတယ်။

🔻 ဒီနေ့မှာတော့မတ်လအတွင်း ကျူးလွန်ခဲ့တဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုများကို ဖော်ပြပေးလိုက်ရပါတယ်။

🟦 မတ်လ (၁) အကြမ်းဖက်မှုတိုက်ဖျက်ရေး နည်းဥပဒေ ကို စစ်ကောင်စီ ထုတ်ပြန်ပြီး ယင်းဥပဒေတွေ အခန်း (၁၄) တွင် အီလက်ထရောနစ် သတင်းအချက်အလက် ကြားဖြတ်ဖမ်းယူခြင်း ဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်း ပြဋ္ဌာန်းခဲ့ခြင်း

🟦 မတ်လ (၁) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် အွန်လိုင်း စာသင်ကျောင်းများတွင် အပ်နှံသော ကျောင်းသားမိဘများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်းခဲ့ခြင်း


🟦 မတ်လ (၂) စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအပါအဝင် ကုမ္ပဏီ ၂ ခုကို နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အမေရိကန်ကုန်သွယ်ရေးဌာန စက်မှုနှင့်လုံခြုံရေးဗျူရို (BIS)က အမည်ပျက်စာရင်းသွင်းခဲ့ခြင်း

🟦 မတ်လ (၂) Access Now နှင့် KeepItOn အဖွဲ့တို့၏ အစီရင်ခံစာအ၇ ၂၀၂၂ ခုနှစ်အတွင်း အင်တာနက်ဖြတ်တောက်မှု အများဆုံးနိုင်ငံတွေထဲ မြန်မာပါဝင်းခဲ့ခြင်း

🟦 မတ်လ (၄) ချင်းပြည်နယ် မတူပီ မြို့တွင် ဇန်နဝါရီလ ၇ ရက်နေ့မှစတင်၍ စစ်ကောင်စီက တယ်လီဖုန်းလိုင်း ဖြတ်တောက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ သတင်းအမှောင်ချခံနေရပြီး ရိက္ခာဝယ်ယူနိုင်မှု ပိုမိုခက်ခဲလာခြင်း

🟦 မတ်လ (၅) စစ်အုပ်ချုပ်ရေးဒေသဖြစ်သည့် တနင်္သာရီမြို့နယ်တွင် တစ်ပတ်အတွင်း ပြည်သူအများအပြားဖမ်းဆီးခံရပြီး တော်လှန်ရေးတွင် ပါဝင်သူများနှင့် “ဆက်သွယ်ခြင်း / အလှုငွေ မှတ်တမ်း တွေရှိခြင်းတို့ကြောင့် ဖမ်းဆီးခံရသူ အများအပြား ပါဝင်နေခဲ့ခြင်း


🟦 မတ်လ (၇) ခင်ဦးဒေသခံပျောက်ကျားတပ်ဖွဲ့ (Khin U Local Guerrilla Force) Facebook စာမျက်နှာမှ မျှဝေသည့် အကြောင်းအရာများကို ပြန်လည်မျှဝေသည်ဟုဆိုကာ လက်လီအရောင်းဆိုင် အလုပ်လုပ်ကိုင်နေသည့် မဇင်မို့မို့ဖြူ အားစစ်ကောင်စီမှ ဖမ်းဆီးခဲ့ခြင်း

🟦 မတ်လ (၉) စစ်ကောင်စီက ဖေ့ဘုတ်ပေါ်တွင် ၎င်းတို့နှင့် ဆန့်ကျင်သည့် အကြောင်းအရာများ မျှဝေသည်ဆိုသော စွတ်စွဲချက်ဖြင့် ပဲခူးတိုင်း​၊ ပြည်မြို့ရှိ အမျိုးသမီး တစ်ဦးနှင့် ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Chindwin News Agency သတင်းတွင် ဖော်ပြထားခြင်း

🟦 မတ်လ (၁၂) အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ညွှန်ကြားရေးမှုးချုပ် မျိုးဆွေအား မက္ကဆီကိုနိုင်ငံတွင် မတ်လ ၁၁ မှ ၁၆ အထိ ကျင်းပမည့် ICANN ၏ ၇၆ ကြိမ်မြောက် ICANN ညီလာခံ တက်ရောက်ရန် ဖိတ်ကြားခြင်းခံရခြင်း

🟦 မတ်လ (၁၂) စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် နိရဉ္စရာသတင်းဌာနအယ်ဒီတာချုပ်အား ဆယ်သွယ်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်ခဲ့ခြင်း

🟦 မတ်လ (၁၃) ဖုန်း ဆင်းကတ်များ ပြန်လည်မှတ်ပုံမတင်လျှင် ရက် (၃၀) အတွင်း ပိတ်သိမ်းမည်ဟု စစ်ကောင်စီ လက်အောက်ခံ ဆက်သွယ်ရေး ညွန်ကြားမှုဦးစီးဌာနက မတ်လ (၁၃) ရက်နေ့ညပိုင်းက ထုတ်ပြခြင်း

🟦 မတ်လ (၁၅) စစ်ဆင်ရေး လုပ်ဆောင်နေသည့်​ နေရာများတွင် ဖုန်းလိုင်းများ ဖြတ်တောက်ရန် စစ်ကောင်စီ လော်ဘီအကောင့်မှ လှုံ့ဆော်ခြင်း

🟦 မတ်လ (၁၇) FOEIM ကျောင်းသားစာရင်း ပေါက်ကြားမှု၏ နောက်ဆက်တွဲ သက်ရောက်မှုအနေဖြင့် ကျောင်းသားမိဘ (၄) ဦး ဖမ်းဆီခံရခဲ့ခြင်း ျ

🟦 မတ်လ(၂၁) စစ်ကောင်စီကို အစိုးရနဲ့ပုဂ္ဂလိကကုမ္ပဏီတွေက ထောက်လှမ်းရေးနည်းပညာ ရောင်းချတာ၊ ဝန်ဆောင်မှုပေးတာ၊ လွှဲပြောင်းတာနဲ့ တင်ပို့တာတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တားမြစ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews) က ပြောကြားခဲ့ခြင်းတို့ပဲဖြစ်ပါတယ်။
Please open Telegram to view this post
VIEW IN TELEGRAM
👍31
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🔻 နွေဦးကို တစ်ပတ်ပြန်လည်လာပြန်ပါပြီ ...
ဒီတော်လှန်သင်္ကြန်ကာလမှာ နွေဦးလုံခြုံရေးဆေးခန်းပိတ်မှာဆိုတော့ ဒီအပတ်က အတာနှစ်ကူး ပိတ်ရက်တွေမတိုင်ခင် ဆေးခန်းဖွင့်မယ့် နောက်ဆုံးအပတ်လေးဖြစ်မှာဖြစ်ပြီး ‌သင်္ကြန်ကာလအပြီးမှာ ပြန်ဖွင့်သွားမှာပါနော်...

🔺 အဲ့တော့ထုံးစံအတိုင်း ဒီအပတ် Monday ကို လည်း Clinic နဲ့စတင်ဖို့ရာ ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အခက်အခဲ‌တွေကိုလာရောက်မေးမြန်းနိုင်ပါပြီ ...

🔺 အစစ်အဆေး များပြီး ဖိနှိပ်နေတဲ့ ဒီလိုကြပ်တည်းတဲ့ကာလကြီးမှာ.. ဒစ်ဂျစ်လုံခြုံရေးကို အထူးဂရုပြုဖို့လိုတယ်နော်...

🔺 ဒစ်ဂျစ်တယ် အခက်အခဲတွေနဲ့ပတ်သတ်ပြီး တစ်ခုခု အကြံဉာဏ်လိုအပ်တဲ့ အချိန်တိုင်း ၂၄ နာရီအတွင်းပြန်ဖြေပေးမယ့် Clinic ကိုသတိရလိုက်ပါ။

🏪 Link:https://t.me/SpringSecClinic
Please open Telegram to view this post
VIEW IN TELEGRAM
👍29
🗣ကိုယ့်လူတို့ရေ…

▪️တစ်နေ့တစ်နေ့ သင့်ရဲ့ကွန်ပျူတာ ဗိုင်းရပ်(စ်) ကိုက်နေပြီ..ရှင်းပါ…

▪️13 သိန်းတန် Handset ကို (၄)သိန်းနဲ့ဝယ်ဖို့ မိတ်ဆွေကံထူးပါတယ်…

▪️Email ကနေတစ်ဆင့် သင့်အကောင့် (သို့) သင့် Page ကိုပြန်ဆယ်ရန် ဒီ Link လေးကိုနှိပ်ပြီး ဆက်လုပ်ပါ..စသဖြင့်...စသဖြင့်

▪️စာတွေ၊ မက်ဆေ့(ချ်) တွေ ကိုယ့်လူတို့ ကြုံဖူးပါသလား…

👉ကြုံဖူးသည်ဖြစ်စေ၊ မကြုံဖူးသည်ဖြစ်စေ..သတိလေးထားနိုင်ဖို့..

👉Social Engineering အကြောင်းလေးဖတ်ကြည့်ကြပါဗျို့...
👍34
နွေဉီးလုံခြုံရေး ဆေးခန်းပိတ်တယ်ဗျို့…

🗣ကိုယ့်လူတို့အတွက် နေ့ရက်အစဉ်အတိုင်း

▪️မေးလိုရာမေး..ဆွေးနွေးလိုရာ ဆွေးနွေးနေတဲ့

👉နွေဦးလုံခြုံရေး ဆေးခန်းကိုတော့ 7th April မှာစလို့ 17th April ထိ ပိတ်ကြောင်း

အားလုံးအသိပေးလိုက်ပါတယ်ဗျို့….

👉ဆွေးနွေးစရာများရှိရင် စုထားပြီး 18th April မှာ အကုန်လုံးလာရောက်မေးမြန်းနိုင်ကြောင်းပါ...

အားလုံးပဲ ဒစ်ဂျစ်တယ်ရပ်ဝန်းမှာ လုံခြုံကြပါစေ..
👍45
🟡 ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေတဲ့ သင်္ကြန်နှစ်တွေ ထပ်နေပေမယ့် 🔹

🟡 မကြာခင် လွတ်လပ်ပျော်ရွှင်ရတဲ့သင်္ကြန်နေ့ရက်တွေကို ပြန်လည် ပိုင်ဆိုင်ကြနိုင်ဖို့ 🔹

🟡 ဒီနှစ်သစ်မှာလည်း ဆက်လက်ပြီး တော်လှန်ရေးကို ဖေးကူကြဦးစို့နော် 🔹
Please open Telegram to view this post
VIEW IN TELEGRAM
👍105