နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
573 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
ဒစ်ဂျစ်တယ်လုံခြုံရေးဆိုတာ ကိုယ်တစ်ဦးတစ်ယောက်တည်းလုံခြုံနေလို့မရပါဘူး။ ကိုယ့်ရဲ့သူငယ်ချင်း၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်က အလေးထား ဂရုစိုက်ဆောင်ရွက်မှသာ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံး လုံခြုံမှာဖြစ်ပါတယ်။ အန္တရာယ်တွေကနေလုံခြုံစေဖို့ အတူတူ လေ့လာကြပါစို့။

#DigitalSafetyFirstMM
ပြောပြီး ပြန်ဖျက်
=============

အရေးကြီး ထိရှလွယ်တဲ့ အကြောင်းအရာတွေကို ပြောဆိုပြီးတာနဲ့ ပြန်ဖျက်ပါ။

ပိုမိုလုံခြုံစိတ်ချစေရန် Auto Delete Timer/Disappearing Message ဖွင့်ထားပါက ပြောပြီးတာနဲ့ သူ့အချိန်နဲ့သူ ပျက်သွားမည်ဖြစ်သည်။

Disappearing message ဖွင့်နည်းဖတ်ရန် - https://t.me/SpringRevSecurity/295
Browser အသုံးပြုမှု
===============

နေ့စဉ် ထိတွေ့ အသုံးပြုနေတဲ့ Browser တွေဟာ ကိုယ်သတိမထားမိဘဲ အချက်အလက်အများဆုံးပေးနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် လုံခြုံစိတ်ချရတဲ့ Browser တွေကို ကြိုတင် ရွေးချယ် အသုံးပြုပါ။ (ဥပမာ - Brave၊ Ceno၊ Firefox (with extensions)၊ Tor)။ Browser နောက်ဆုံး ဗားရှင်း ကိုလည်း ပုံမှန် မြှင့်ပေးဖို့ လိုအပ်တယ်။

Browser တွေရဲ့ လုံခြုံရေးများကို ပြည့်စုံစွာဖတ်ရှုရန် -

Firefox:
https://t.me/SpringRevSecurity/526

Google Chrome:
https://t.me/SpringRevSecurity/542

Safari: https://t.me/SpringRevSecurity/505

Brave: https://t.me/SpringRevSecurity/1060
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
=====================

ဒစ်ဂျစ်တယ် နေ့စဉ်ဘဝမှာ အခက် အခဲ သံသယ မေးခွန်းထုတ်စရာများ ရှ်ိပါက ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်းများကို မေးမြန်းနိုင်သည်။

ဒစ်ဂျစ်တယ် လုံခြုံရေးဆေးခန်း၏ ဆက်သွယ်ရန် အသေးစိတ် အချက်အလက်များကို သိမ်းဆည်းထားပါ။ အချင်းချင်းကြားမှာ မျှဝေပေးပါ။

ဆေးခန်း Link များ - https://t.me/SpringSecClinic
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣Monday ကို Clinic နဲ့စတင်ပါ။

▪️အစစ်အဆေး များနေတဲ့ ဒီလိုကြပ်တည်းတဲ့ကာလကြီးမှာ..

▪️ ဒစ်ဂျစ်လုံခြုံရေးကို အထူးဂရုပြုဖို့လိုတယ်ဗျိုး..

▪️တစ်ခုခု အကြံဉာဏ်လိုအပ်တဲ့ အချိန်တိုင်း ၂၄ နာရီအတွင်းပြန်ဖြေပေးမယ့် Clinic ကိုသတိရလိုက်ပါဗျို့…

📲Link:https://t.me/SpringSecClinic
Browser လုံခြုံရေး
==============

Browser တွေဟာ ကိုယ့်အကြောင်းကို ကိုယ့်မိဘထက် ပိုသိပါတယ်။ ရှာဖွေထားတာတွေ၊ ဝင်ရောက်ထားတဲ့ အကောင့်တွေ၊ ကိုယ်ခွင့်ပြုခဲ့တဲ့ Cookie တွေကတစ်ဆင့် ကိုယ့်ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိနိုင်လို့ Browser တွေကို လုံခြုံရေးတိုးမြှင့်ပြီး အသုံးပြုသင့်ပါတယ်။

Browser ကို လုံခြုံရေးတိုးမြှင့်နည်းများအား လေ့လာရန် .....

Firefox:
https://t.me/SpringRevSecurity/526

Google Chrome:
https://t.me/SpringRevSecurity/542

Safari: https://t.me/SpringRevSecurity/505

Brave: https://t.me/SpringRevSecurity/1060
Email တစ်ကောင့်တည်းကို အလုပ်အတွက်ရော ကိုယ်ရေးကိုယ်တာ အတွက်ရော အသုံးပြုတဲ့အခါမှာ ကိုယ့်ရဲ့အချက်အလက်မှန်သမျှ တစ်နေရာတည်းမှာ ရှိသွားတတ်ပါတယ်။

တကယ်လို့ ဒီအကောင့်သာ Hack ခံရတယ်ဆိုရင် အချက်အလက် အားလုံး ပါဝင်သွားမှာပါ။ ဒါကြောင့် လုံခြုံရေးအတွက် အကောင့်တွေကို ခွဲခြားအသုံးပြုသင့်ပါတယ်။
🛑 လုံးဝ မနှိပ်ရ 🛑

ခုတလော ကိုယ့် Page ကို Mention ခေါ်ပြီး ဒီ Link ကိုနှိပ်ပါ ဒီ Link ကိုမနှိပ်ရင် Facebook ကနေ Ban ချမယ် Block ပြစ်မယ် ။ Facebook သုံးလို့ရမှာ မဟုတ်ဘူးဆိုတဲ့ စာတွေ နဲ့ တင်ထားတာတွေရင် အတုပါနော် 🚨

သူတို့ပေးတဲ့ Link တွေကို လုံးဝ သွားမနှိပ်ပါနဲ့ ကိုယ်ရဲ့ Page တွေ Hack ခံရပြီး ဆုံးရှုံးရပါလိမ့်မယ် 🚨🚨

👉 ခု ဒီ Page က mention ထားတဲ့ထဲမှာ တော်လှန်ရေးအတွက် လုပ်နေတဲ့ Page တွေ သတင်းမီဒီယာ Page တွေ စီးပွားရေး Page တွေပါ ပါဝင်နေတာမို့ အထူး အထူး သတိထားစေလိုပါတယ် 🚨

👉 Page များအနေ နဲ့လည်း ဂရုစိုက်သင့်တာက community standards နဲ့ ငြိစွန်းတာဖြစ်ဖြစ်၊ page quality ကျ တာဖြစ်ဖြစ် Facebook direct notification အနေနဲ့ပဲ ဝင်လာမှာဖြစ်ပါတယ်။ မည်သည့် page က မှ လာရောက် mention မှာ မဟုတ်ပါဘူးဆိုတာ သတိပြုသင့်ပါတယ် 🚨🚨
သဲလွန်စတွေမချန်နဲ့
=============

နေ့စဉ် ဒစ်ဂျစ်တယ်ဘဝတွေမှာ Browser တွေကနေတစ်ဆင့် ရှာဖွေမှုတွေပြုလုပ်ကြသလို၊ အွန်လိုင်းပေါ်က Download
လုပ်ထားပြီး ဒေတာတွေလည်း ရှိပြန်ပါတယ်။ သင့်ဖုန်း၊ ကွန်ပျူတာတွေထဲမှာ ရှိနေတဲ့ ဒေတာတွေကိုလည်း မေ့လို့မရပါဘူး။ ထိရှလွယ်တဲ့ ဒေတာတွေကို မဖြစ်မနေ သဲလွန်စမကျန်အောင် ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။

Shreddit: https://t.me/SpringRevSecurity/442
သင်သိပါသလား။
=============

ဒစ်ဂျစ်တယ်လုံခြုံရေးဟာ ၂၁ ရာစုမှာ မဖြစ်မနေသိထားရမယ့် အကြောင်းအရာတစ်ခုဆိုတာ သင်သိပါသလား။

ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ကာကွယ်တတ်ဖို့၊ ဆက်သွယ်မှုမှာ ကြားဖြတ်စောင့်ကြည့်ခြင်းမခံရအောင် ကာကွယ်တတ်ဖို့၊ အကောင့်အချက်အလက်တွေ ပေါက်ကြားပြီး Hack မခံရအောင် ကာကွယ်တတ်ဖို့ ဒစ်ဂျစ်တယ်လုံခြုံရေး သင်တန်းတစ်ခု တက်ရောက်ပါ။

အွန်လိုင်းပေါ်မှာ လေ့လာနိုင်သည့် သင်တန်းများ - Digisec Labs: https://www.digiseclab.org/courses/DigitalSafety

Spring University Myanmar: https://sumlearn.springuniversitymm.com/local/course-preview/view.php?id=2

Burma Academy: https://burma.ac/courses/course-v1:SpringUniversityMyanmar+CS001+2022_CS001/about
နေ့တိုင်း သွားတိုက် မျက်နှာသစ် ရေချိုးသလို ဒစ်ဂျစ်တယ်ဘဝမှာလည်း တစ်ကိုယ်ရည်သန့်ရှင်းရေးကို အမြဲ ဂရုစိုက်နေဖို့ လိုပါတယ်။

Password တွေကို ၃ လတစ်ခါ ပြောင်းဖို့၊​ Software တွေကို အမြဲ Update လုပ် အသုံးပြုဖို့ နဲ့ အကောင့်တွေကို နှစ်ဆင့်ခံလုံခြုံရေးခံထားတာတို့ဟာ ဒစ်ဂျစ်တယ်တစ်ကိုယ်ရည်သန့်ရှင်းရေးတွေ ဖြစ်ပါတယ်။ ဒီလို ဆောင်ရန် ရှောင်ရန်တွေကို အောက်ပါ Link များကတစ်ဆင့် လေ့လာဖတ်ရှုနိုင်ပါတယ်။

Digital Hygiene:

1) https://t.me/SpringRevSecurity/1070

2) https://engagemedia.org/2022/digital-hygiene-safety-security/
ကိုယ်အသုံးပြုနေတဲ့ Online Password Manager ရဲ့ Server ပေါက်ကြားသွားတယ် ဆိုတဲ့ သတင်းကိုကိုယ်မသိလိုက်ဘူး ဆိုရင် ကိုယ့်အကောင့် အချက်အလက်တွေကို အချိန်မီ ပြောင်းလဲလိုက်နိုင်မှာ မဟုတ်လို့ အကောင့်တွေ အားလုံးကို ဆုံးရှံးလိုက် ရနိုင်ပါတယ်။

ဒီလိုသတင်းတွေကို အချိန်နဲ့တပြေးညီသိရှိနေနိုင်ဖို့ ဒစ်ဂျစ်တယ်ပညာပေးချန်နယ်တွေကို ပုံမှန် ဝင်ရောက်ဖတ်ရှု သင့်ပါတယ်။

Spring Revolution Security Telegram Channel:
https://t.me/SpringRevSecurity
ဖုန်းပျောက်သွားလို့ ပါသွားတဲ့ ဒေတာ အချက်အလက်တွေကို ခေါင်းတောက်ရတယ်ဆိုရင်အချက်အလက်တွေကို လှမ်းဖျက်နိုင်ဖို့ Google Find My Device ကို ကြိုတင်ထည့်သွင်း အသုံးပြုသင့်ပါတယ်။

Google Find My Device မှာ ကိုယ့် Gmail အကောင့်နဲ့ချိတ်ဆက်ပြီး ဖုန်းပျောက်ရှာတာ ဒေတာလှမ်းဖျက်တာ စတာတွေကို လုပ်နိုင်ပါတယ်။

Google Find My Device အသုံးပြုနည်းကိုဖတ်ရှုရန် - https://t.me/SpringRevSecurity/1155

Find My for iOS User - https://t.me/SpringRevSecurity/1167
ဖုန်းပျောက်သွားလို့ Signal က ပြောထားတာတွေကို စိတ်ပူနေရ တော့မလား .....

Signal ရဲ့ 2 Factor Authentication လို့ သတ်မှတ်လို့ရနိုင်တဲ့ Registration Lock ကို ON ထားပါ။ အဲ့ဒါဆို ကိုယ့်ဖုန်းနံပါတ်နဲ့ Signal ကို ပြန်ဝင်ရင်တောင် ကိုယ်ပေးခဲ့တဲ့ PIN နံပါတ်မသိရင် ဖွင့်လိုမရပါဘူး။

Signal လုံခြုံရေးကို ဖတ်ရှုရန် - https://t.me/SpringRevSecurity/429
⚠️ အသိပေးချက် ⚠️

လက်ရှိအချိန်မှာ Zoom Video Conferencing Platform ကို ဝင်ရောက်ရ အခက်အခဲဖြစ်ပေါ်နေပါတယ်။

ကျွန်တော်တို့ နွေဦးလုံခြုံရေးအနေနဲ့ စမ်းသပ်ရသလောက်မှာတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး၊ အခက်အခဲတွေတော့ ကြုံနေရပြီး ISP တစ်ခုချင်း ၊ Carrier တစ်ခုချင်းစီပေါ်မူတည်ပြီး ပိတ်ဆို့ခံထားရတာဖြစ်နိုင်ကြောင်းသုံးသပ်ရပါတယ်။

အကြံပြုချက်တွေအနေနဲ့
၁။ ကိုယ့်လူတို့ကို အမြဲပြောသလိုပဲ VPN အမြဲသုံးဖို့
၂။ Jitsi တို့လို alternative platform လေးတွေသုံးပြီး ခဏ စောင့်ကြည့်ရနိုင်အောင်လို့ အသိပေးနှိုးဆော်ပါရစေဗျို့။

Jitsi အသုံးပြုနည်း လမ်းညွှန်

https://t.me/SpringRevSecurity/753
ဖုန်းပျောက်သွားပြီဆို ချက်ချင်းဘာလုပ်မယ်ဆိုပြီး တွေးထားတာမျိုး ရှိပါသလား။ တကယ်တော့ ဒါကို ကြိုတွေးထားသင့်ပါတယ်။ ဒါမှသာ ကိုယ့်အကောင့်တွေကို ဖုန်းကောက်ရတဲ့သူက ကိုယ်မသိပဲ ဝင်ရောက်ကြည့်ရှုတာမျိုးမခံရခင်အကောင့်တွေ ထွက်ပစ်တာ၊ Password တွေ ပြောင်းပစ်တာမျိုး လုပ်နိုင်မှာပါ။

ဖုန်းပျောက်ရင်လုပ်မယ့် တုံပြန်ရေးလမ်းညွှန်တစ်ခု ပြင်ဆင်ထားပါ။

Android ဖုန်းပျောက်သွားရင် ပြန်ရှာရန် - https://t.me/SpringRevSecurity/1167

iPhone ပျောက်သွားရင် ပြန်ရှာရန် - https://t.me/SpringRevSecurity/1167

Digital First Aid Kit Website:
https://digitalfirstaid.org/en/topics/lost-device/
#DigitalSafetyFirstMM ကမ်ပိန်းတစ်လျှောက် ၁၅ ရက်တာအတွင်း ဘာတွေလိုက်လုပ်ဖြစ်ခဲ့လဲ ပြောပြခဲ့ပါအုံး။ နောက်တစ်ခါ ကမ်ပိန်းမှာ ထပ်တွေ့ကြမယ်နော်။

ပိုမိုလုံခြုံတဲ့ ဒစ်ဂျစ်တယ်ဘဝများကို ပိုင်ဆိုင်ဖို့ တစ်လှမ်းချင်း တူတူသွားကြစို့။
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣ကမ်းပိန်းလေးပြီးသွားတဲ့နောက်မှာလည်း...ရောင်းရင်းတို့ရဲ့စက်ပစ္စည်းတွေရဲ့လုံခြုံရေးဂရုစိုက်ဖို့ လိုပါသေးတယ်ဗျို့..

▪️အဲ့တော့ထုံးစံအတိုင်း Monday ကို Clinic နဲ့စတင်ဖို့မမေ့ပါနဲ့နော်...

▪️အစစ်အဆေး များပြီး ဖိနှိပ်နေတဲ့ ဒီလိုကြပ်တည်းတဲ့ကာလကြီးမှာ..

▪️ ဒစ်ဂျစ်လုံခြုံရေးကို အထူးဂရုပြုဖို့လိုတယ်ဗျိုး..

▪️တစ်ခုခု အကြံဉာဏ်လိုအပ်တဲ့ အချိန်တိုင်း ၂၄ နာရီအတွင်းပြန်ဖြေပေးမယ့် Clinic ကိုသတိရလိုက်ပါဗျို့…

📲Link:https://t.me/SpringSecClinic