နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
573 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣Monday ကို Clinic နဲ့စတင်ပါ။

▪️အစစ်အဆေး များနေတဲ့ ဒီလိုကြပ်တည်းတဲ့ကာလကြီးမှာ..

▪️ ဒစ်ဂျစ်လုံခြုံရေးကို အထူးဂရုပြုဖို့လိုတယ်ဗျိုး..

▪️တစ်ခုခု အကြံဉာဏ်လိုအပ်တဲ့ အချိန်တိုင်း ၂၄ နာရီအတွင်းပြန်ဖြေပေးမယ့် Clinic ကိုသတိရလိုက်ပါဗျို့…

📲Link:https://t.me/SpringSecClinic
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ
==========================================

🗣ကိုယ့်လူတို့...

၂၀၂၃ နှစ်စမှာတင် အကြမ်းဖက်စစ်ကောင်စီဟာဆိုရင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို လက်နက်သဖွယ်အသုံးပြုနေတာဟာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှု ဖြစ်စဉ်တွေပါ။

🗣ဒီနေ့မှာတော့ ဖေဖော်ဝါရီလ အတွင်း ကျူးလွန်ခဲ့တဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုများကို ဖော်ပြပေးလိုက်ရပါတယ်။

▪️ဖေဖော်ဝါရီ (၁) ဖမ်းဆီးခံရသူများ၏ မိုဘိုင်းဖုန်းများအား ဝင်ရောက်စစ်ဆေးပြီးနောက် ရရှိလာသည့် လိင်အသားပေးဓာတ်ပုံများအား စစ်လော်ဘီ အကောင့်များမှ ဖြန့်ဝေ မှုများပြုလုပ်ခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၁) ​​NUG ရဲ့ အမြင့်ဆုံးတာဝန်ရှိသူ ယာယီသမ္မတကြီး ဒူးဝါလရှီးလ၏ Facebook page hack ခံခဲ့ရခြင်း

▪️ဖေဖော်ဝါရီ (၃) စစ်အာဏာသိမ်း (၂) နှစ်တာ ကာလအတွင်း
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ချိုးဖောက်မှုများအား အချိန်မှတ်တမ်းတစ်ခု အား FEM အဖွဲ့မှ ထုတ်ပြန်ခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၃) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း မြို့နယ် တွင် စစ်ရဟတ်ယာဉ်တစ်စီး ပစ်ချခံရသည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်ဘက်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၆) အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က ၎င်းတို့ စိုးမိုးထားသော နယ်မြေတချို့တွင် အင်တာနက်ရအောင် ဆောင်ရွက် ထားနိုင်ပြီဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်မှ Global Town Hall အစီအစဉ်တွင် ထည့်သွင်းပြောသွားခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၇) မရမ်းကုန်းမြို့နယ်ရှိ MPT Exchange ရုံးမီးလောင်မှု ဖြစ်ပွားပြီး MPT ဖုန်းလိုင်းများနှင့် ဖိုက်ဘာ အင်တာနက် လိုင်းများ မနက် (၁၀) နာရီ ဝန်းကျင်မှ ညနေပိုင်းအထိ သုံးစွဲရ အခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်း

▪️ဖေဖော်ဝါရီ (၁၃) အီလက်ထရောနစ် မဲပေးစနစ်အား စစ်ကောင်စီ စမ်းသပ်ခြင်း

▪️ဖေဖော်ဝါရီ (၂၁) FOEIM ကျောင်းသားစာရင်းများပေါက်ကြားမှု ငွေညှစ်ခြိမ်းခြောက်မှုများ အပါအဝင် နောက်ဆက်တွဲ ပြဿနာများမိဘများရင်ဆိုင်နေရခြင်း

▪️ဖော်ဖော်ဝါရီ (၂၅) လေဆိပ်သို့ ပို့ထားသည့် စီဒီအမ် နှစ်သိန်းကျော်နာမည်စာရင်း The Fifth Column ရရှိထား ယင်း ချန်နယ်မှတဆင့် အမည်စာရင်းတွင် ပါဝင်ခြင်း ရှိမရှိ မေးမြန်းနိုင်ကြောင်း ကြေငြာခဲ့ခြင်းတို့ပဲဖြစ်ပါတယ်။
Digital အဓိငှါန် (၆)ချက်

=================

🗣ကိုယ့်လူတို့ရေ…

▪️ဒီနေ့မှာတော့ ဒစ်ဂျစ်တယ် နိုင်ငံသား တစ်နည်းအားဖြင့် တော်လှန်ရေးကြီးအတွက် ဒစ်ဂျစ်တယ် ပိုင်းဆိုင်ရာ လိုက်နာ ကျင့်သုံးရမယ့် အဓိငှါန် (၆) ချက်ကိုဝေမျှထားပါတယ်ဗျို့
နွေဦးလုံခြုံရေး ဝိုင်းတော်သားတို့ရေ ဒီနေ့ စစ်တမ်းလေးတစ်ခုကောက်ယူချင်လို့ပါ။ စစ်တမ်းမှာ ကျား/မ အမျိုးအစားနဲ့ နေထိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် ဒါလေးကိုပဲ ရွေးဖြေပေးရမှာမို့ အချိန်အများကြီး မပေးရပါဘူးနော်....

စစ်တမ်းလေးကို ဒီ 👉 link 👈 လေးကို နှိပ်ပြီး ဖြေသွားပေးပါဦးနော်...

Anonymous Form ဖြစ်လို့ ဝိုင်းတော်သားတို့ရဲ့ မည်သည့် အချက်အလက် ( နာမည် ၊ အကောင့် စတာ ) တွေကို လုံးဝ လုံးဝ သိနိုင်မှာမဟုတ်လို့ စိတ်ချလက်ချ ဖြေပေးလို့ ရပါတယ်ဗျ 🥰
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣Monday ကို Clinic နဲ့စတင်ပါ။

▪️အစစ်အဆေး များနေတဲ့ ဒီလိုကြပ်တည်းတဲ့ကာလကြီးမှာ..

▪️ ဒစ်ဂျစ်လုံခြုံရေးကို အထူးဂရုပြုဖို့လိုတယ်ဗျိုး..

▪️တစ်ခုခု အကြံဉာဏ်လိုအပ်တဲ့ အချိန်တိုင်း ၂၄ နာရီအတွင်းပြန်ဖြေပေးမယ့် Clinic ကိုသတိရလိုက်ပါဗျို့…

📲Link:https://t.me/SpringSecClinic
ဒစ်ဂျစ်တယ် လုံခြုံရေးဆိုတာ စက်ဘီး ချိန်းကြိုးတွေ လိုပါပဲ။ ချိန်းဆက်တစ်ခု ပြတ်တာနဲ့ စက်ဘီးတစ်စီးလုံး ဒုက္ခ ရောက်ရတာပဲ မဟုတ်လား။

ဒီဗီဒီယို 👉 https://cinemata.org/view?m=OArQut069 မှာ ပါဝင်တဲ့ ပုံပြင် သုံးပုဒ်ကို နားထောင်ပြီး လုံခြုံရေးသင်ခန်းစာတွေကို လေ့လာကြည့်ကြရအောင်။

အားလုံးလုံခြုံတဲ့ အသိုက်အဝန်းဖြစ်ဖို့
#DigitalSafetyFirstMM ကမ်ပိန်းမှာ ပါဝင်ပြီး နေ့စဉ် တစ်ရက်တစ်ခါ ပို့ပေးတဲ့ လုံခြုံရေး မြှင့်တင်စရာတွေကို လိုက်ပါ လုပ်ဆောင်ကြဖို့ တိုက်တွန်း လိုက်ပါတယ်ဗျို့။
ဒစ်ဂျစ်တယ်လုံခြုံရေးဆိုတာ ကိုယ်တစ်ဦးတစ်ယောက်တည်းလုံခြုံနေလို့မရပါဘူး။ ကိုယ့်ရဲ့သူငယ်ချင်း၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်က အလေးထား ဂရုစိုက်ဆောင်ရွက်မှသာ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံး လုံခြုံမှာဖြစ်ပါတယ်။ အန္တရာယ်တွေကနေလုံခြုံစေဖို့ အတူတူ လေ့လာကြပါစို့။

#DigitalSafetyFirstMM
ပြောပြီး ပြန်ဖျက်
=============

အရေးကြီး ထိရှလွယ်တဲ့ အကြောင်းအရာတွေကို ပြောဆိုပြီးတာနဲ့ ပြန်ဖျက်ပါ။

ပိုမိုလုံခြုံစိတ်ချစေရန် Auto Delete Timer/Disappearing Message ဖွင့်ထားပါက ပြောပြီးတာနဲ့ သူ့အချိန်နဲ့သူ ပျက်သွားမည်ဖြစ်သည်။

Disappearing message ဖွင့်နည်းဖတ်ရန် - https://t.me/SpringRevSecurity/295
Browser အသုံးပြုမှု
===============

နေ့စဉ် ထိတွေ့ အသုံးပြုနေတဲ့ Browser တွေဟာ ကိုယ်သတိမထားမိဘဲ အချက်အလက်အများဆုံးပေးနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် လုံခြုံစိတ်ချရတဲ့ Browser တွေကို ကြိုတင် ရွေးချယ် အသုံးပြုပါ။ (ဥပမာ - Brave၊ Ceno၊ Firefox (with extensions)၊ Tor)။ Browser နောက်ဆုံး ဗားရှင်း ကိုလည်း ပုံမှန် မြှင့်ပေးဖို့ လိုအပ်တယ်။

Browser တွေရဲ့ လုံခြုံရေးများကို ပြည့်စုံစွာဖတ်ရှုရန် -

Firefox:
https://t.me/SpringRevSecurity/526

Google Chrome:
https://t.me/SpringRevSecurity/542

Safari: https://t.me/SpringRevSecurity/505

Brave: https://t.me/SpringRevSecurity/1060
ဒစ်ဂျစ်တယ်လုံခြုံရေးဆေးခန်း
=====================

ဒစ်ဂျစ်တယ် နေ့စဉ်ဘဝမှာ အခက် အခဲ သံသယ မေးခွန်းထုတ်စရာများ ရှ်ိပါက ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်းများကို မေးမြန်းနိုင်သည်။

ဒစ်ဂျစ်တယ် လုံခြုံရေးဆေးခန်း၏ ဆက်သွယ်ရန် အသေးစိတ် အချက်အလက်များကို သိမ်းဆည်းထားပါ။ အချင်းချင်းကြားမှာ မျှဝေပေးပါ။

ဆေးခန်း Link များ - https://t.me/SpringSecClinic
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣Monday ကို Clinic နဲ့စတင်ပါ။

▪️အစစ်အဆေး များနေတဲ့ ဒီလိုကြပ်တည်းတဲ့ကာလကြီးမှာ..

▪️ ဒစ်ဂျစ်လုံခြုံရေးကို အထူးဂရုပြုဖို့လိုတယ်ဗျိုး..

▪️တစ်ခုခု အကြံဉာဏ်လိုအပ်တဲ့ အချိန်တိုင်း ၂၄ နာရီအတွင်းပြန်ဖြေပေးမယ့် Clinic ကိုသတိရလိုက်ပါဗျို့…

📲Link:https://t.me/SpringSecClinic
Browser လုံခြုံရေး
==============

Browser တွေဟာ ကိုယ့်အကြောင်းကို ကိုယ့်မိဘထက် ပိုသိပါတယ်။ ရှာဖွေထားတာတွေ၊ ဝင်ရောက်ထားတဲ့ အကောင့်တွေ၊ ကိုယ်ခွင့်ပြုခဲ့တဲ့ Cookie တွေကတစ်ဆင့် ကိုယ့်ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိနိုင်လို့ Browser တွေကို လုံခြုံရေးတိုးမြှင့်ပြီး အသုံးပြုသင့်ပါတယ်။

Browser ကို လုံခြုံရေးတိုးမြှင့်နည်းများအား လေ့လာရန် .....

Firefox:
https://t.me/SpringRevSecurity/526

Google Chrome:
https://t.me/SpringRevSecurity/542

Safari: https://t.me/SpringRevSecurity/505

Brave: https://t.me/SpringRevSecurity/1060
Email တစ်ကောင့်တည်းကို အလုပ်အတွက်ရော ကိုယ်ရေးကိုယ်တာ အတွက်ရော အသုံးပြုတဲ့အခါမှာ ကိုယ့်ရဲ့အချက်အလက်မှန်သမျှ တစ်နေရာတည်းမှာ ရှိသွားတတ်ပါတယ်။

တကယ်လို့ ဒီအကောင့်သာ Hack ခံရတယ်ဆိုရင် အချက်အလက် အားလုံး ပါဝင်သွားမှာပါ။ ဒါကြောင့် လုံခြုံရေးအတွက် အကောင့်တွေကို ခွဲခြားအသုံးပြုသင့်ပါတယ်။