နွေဦးလုံခြုံရေး
9.6K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Your Phone Number is Not Only Yours
=============================
သင့်ဖုန်း သင်တစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘူး?

🗣ကိုယ့်လူတို့ရေ,..ကိုယ်ဆီကိုမသိတဲ့ ဖုန်းနံပါတ်တွေ ခဏခဏဝင်လာတာကိုသတိထားမိလား?

🗣Message ထဲကို ကြေငြာ မက်ဆေ့(ချ်)တွေလည်း အများကြီးရောက်နေတာနော်..

▪️ဒါ့အပြင် Gmail/Facebook သုံးရင်တောင် ဖုန်းနံပါတ်တစ်လုံးကတော့ အနည်းဆုံးလိုအပ်တာမဟုတ်လား…
▪️အဲ့တော့ သင့်ရဲ့ ဖုန်းနံပါတ်တစ်လုံးက ဘယ်ကုမ္ပဏီ (သို့) ဘယ် Service တွေနဲ့ချိတ်ဆက်နိုင်မလဲ..

▪️ဘယ်သူတွေကရော သင့်ဒေတာတွေကို မျှယူနေမလဲဆိုတာသိချင်ရင်တော့ Link ကနေ Video အတိုလေး ကြည့်ပေးကြပါဦးဗျို့…

👉Link:https://theglassroom.org/en/capsule-1-0/exhibits/your-phone-number-is-not-only-yours
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣နှစ်သစ်ကို ဒစ်ဂျစ်တယ် လုံခြုံရေး ဂရုစိုက်ခြင်းဖြင့်စတင်ပါ။

▪️နှစ်တွေကတော့ ပြောင်းနေပေမယ့်..

▪️ဒစ်ဂျစ်တယ် လုံခြုံရေး ဂရုမစိုက်တတ်တဲ့ အကျင့်ဆိုးတွေ မဖျောက်လို့ မဖြစ်ဘူးဗျို့...

▪️တော်လှန်ရေးအတွက် ဒစ်ဂျစ်တယ် လုံခြုံရေးကလိုအပ်သလို…

▪️ဒစ်ဂျစ်တယ်လုံခြုံရေးဟာလည်း တော်လှန်ရေးကြီးတဲ့ ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုပေမို့…

💻နှစ်သစ်မှာ..Device တွေရှင်းလင်းရေးလုပ်ချင်သူများ…

Clinic ကိုကြွလှမ်းခဲ့လို့ရပါပြီဗျို့.....

📲Link:https://t.me/SpringSecClinic

ချစ်သူဆီက Reply စောင့်ရပေမယ့် ဝိုင်းတော်သားတွေကို မေးတဲ့မေးခွန်းတွေအတွက်တော့ ချက်ခြင်း Reply ရမှာသေချာပါတယ်....
Ceno Browser
=============
🗣ကိုယ့်လူတို့ရေ..
ဒီနေ့မှာတော့ Browser တွေထဲက တစ်ခုဖြစ်တဲ့ Ceno Browser ရဲ့ အသုံးပြုပုံလေး ကို မျှဝေပေးလိုက်ပါတယ်။

👉 အင်တာနက်ပိတ်ဆို့မှုတွေရှိနေရင်တောင် ပိတ်ဆို့ထားတဲ့ အကြောင်းအရာ Website တွေကို အတိုင်းအတာတစ်ခုထိ သွားရောက်ကြည့်ရှုနိုင်ပြီး Ceno မှတစ်ဆင့် Ouinet ကိုချိတ်ဆက်ကာ သတင်းအချက်အလက်များကို သိမ်းဆည်းခြင်း ပြန်လည်မျှဝေခြင်းတွေပြုလုပ်နိုင်တဲ့ နည်းပညာတွေပါဝင်ပါတယ်။

👉 ဒီအကြောင်းအရာမှာတော့ Ceno Browser ရဲ့ အလုပ်လုပ်ပုံနှင့် အသုံးပြုပုံတို့ကို ဦးစွာ မျှဝေပေးထားပါတယ်နော်...
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣Monday ကို Clinic နဲ့စတင်ပါ။

▪️အစစ်အဆေး များနေတဲ့ ဒီလိုကြပ်တည်းတဲ့ကာလကြီးမှာ..

▪️ ဒစ်ဂျစ်လုံခြုံရေးကို အထူးဂရုပြုဖို့လိုတယ်ဗျိုး..

▪️တစ်ခုခု အကြံဉာဏ်လိုအပ်တဲ့ အချိန်တိုင်း ၂၄ နာရီအတွင်းပြန်ဖြေပေးမယ့် Clinic ကိုသတိရလိုက်ပါဗျို့…

📲Link:https://t.me/SpringSecClinic
🗣ကိုယ့်လူတို့ရေ…


👉အခုတစ်လော လူတိုင်းမဖြစ်မနေ ကြုံတွေ့နေရတဲ့ ကိစ္စကတော့ ဧည့်စာရင်းကိစ္စပဲဖြစ်ပါတယ်။ဒါကလည်း စာရင်းကောက်တဲ့ အကြောင်းအရာတွေက နေရာဒေသပေါ်မှုတည်ပြီးတော့ တောင်းတဲ့ ဒေတာတွေနဲ့ ကောက်ယူတဲ့ပုံစံလည်း အနည်းငယ် ကွာခြားမှုရှိနေပါတယ်။

👉အခြေအနေတွေ အမျိုးမျိုးရှိပေမယ့် ညဘက်အိမ်ပေါ်တက်ပြီး ဧည့်စာရင်းနှင့်လူ တွဲပြီး စစ်ဆေးရာမှာတော့ တော်တော်လေး အန္တရာယ်ရှိနိုင်တာမို့ ကြိုတင်ပြင်ရမယ့် အချက်လေးတွေကို ဆွေးနွေးထားပါတယ်။
ဟာKBZ Pay Service Myanmar ဆိုပြီးဂျင်းထည့်ပြီ..
=====================================

အားလုံးပဲ သတိရှိပါဗျို့..
အခုလက်ရှိမှာ “KBZ Pay” အယောင်ဆောင်သော Page တွေရှိလာပြီး..
အသုံးပြုသူတွေရဲ့ ငွေကြေးကိုလိမ်လည်နည်းမျိုးစုံးနဲ့ ကြိုးစားနေပါတယ်။

ပုံစံတွေကတော့ Kpay အကောင့်လုံခြုံဖို့ Special အကောင့်ပြောင်းပေးမယ်။ Chat Box ကိုလာခဲ့ပါ။

လူကြီးမင်းတို့ Kpay အကောင့် လုံခြုံရန်နှင့် တစ်ရက်ကို ငွေ သိန်း ၁၀၀ ထိထုတ်နိုင်ရင် Kpay Special အကောင့် ပြောင်းလိုက်ပါ စသဖြင့် Chat Box ကိုခေါ်ဆိုပြီး လိမ်လည်လျက်ရှိပါတယ်။

▪️အဲ့ဒါကြောင့် တကယ်လိုအပ်ရင် KBZPay ရဲ့ Blue Mark (အပြာရောင် အမှန်ခြစ်) Page ကိုဝင်ကြည့်ပါ။

▪️Call Center ကိုဖုန်းခေါ်ပါ။

▪️ဘဏ်နဲ့နီးရင် ဘဏ်ကိုကိုယ်တိုင်သွားပါ။

မလိုအပ်ပဲ မိမိရဲ့ ဖုန်းနံပါတ် OTP လို့ခေါ်တဲ့ One Time Password (KBZPay) အကောင့်ဝင်ရင် ရိုက်ထည့်ရတဲ့ တစ်ခါသုံး လျို့ဝှက်နံပါတ်ကိုမပေးမိပါစေနဲ့။

ကိုယ့်လူတို့ သတိကြီးကြီးကပ်ကြပါဗျို့....
အပြင်မထွက်..ငြိမ်သက်တိတ်ဆိတ်ခြင်း..သပိတ်…
=========================
ကိုယ့်လူတို့ရေ…
အာလုံးအတွက် အကျည်းတန်တဲ့
အားလုံးအတွက် အမှောင်ကျခဲ့တဲ့
ဖေဖော်ဝါရီ (၁) ရက်နေ့ကို ရောက်လာပြန်ပြီဆိုတော့....
မနက်ဖြန်ဆိုရင် အကြမ်းဖက် စစ်ကောင်စီရဲ့ မတရား အာဏသိမ်းမှုက (၂)နှစ်ပြည့်ခဲ့ပါပြီ…

အကြမ်းဖက် စစ်ကောင်စီက ပြည်သူတွေကို အမျိုးမျိုးညှင်းပန်းနှိပ်စက်မှုတွေနဲ့ ရက်စက်စွာသတ်ဖြတ်မှုတွေအတွက် ပြန်ပြီးပေးဆပ်ရမှာပါ။ လက်ရှိမှာလည်း အဘက်ဘက်ကနေအသက်ပေးပြီးတိုက်ပွဲဝင်နေတဲ့သူတွေ...ရှိနေသလို..မြို့ပြမှာနေတဲ့သူတွေအတွက်လည်း မနက်ဖြန်မှာ ဒီဆန့်ကျင်မှုမှာပါဝင်ခြင်းဖြင့် မတရားမှုကို ဆန့်ကျင်ရပါလိမ့်မယ်..

မတရား အာဏသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့…

တသံတည်းညီ..တချီတည်းရုန်းပြီး
တိတ်ဆိတ်မှုနဲ့သက်သေပြကြစို့..ဆိုတဲ့အတိုင်း.....

မနက်ဖြန် မနက် (၁၀)နာရီ..ကနေ ညနေ(၃)နာရီအထိ..
မိမိအိမ်..လုပ်ငန်းခွင်ထဲမှ အပြင်မထွက်ခြင်းဖြင့် မတရားမှုဆန့်ကျင်ကြစို့.....
၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖြစ်စဉ်များ
==========================================

🗣ကိုယ့်လူတို့...

၂၀၂၃ နှစ်စဖြစ်တဲ့ ဇန်နဝါရီလမှာတင် အကြမ်းဖက်စစ်ကောင်စီဟာဆိုရင် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကို လက်နက်သဖွယ်အသုံးပြုနေတာဟာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှု ဖြစ်စဉ်တွေပါ။

🗣ဒီနေ့မှာတော့ ဇန်နဝါရီလ အတွင်း ကျူးလွန်ခဲ့တဲ့ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာ ဖိနှိပ်မှုများကို ဖော်ပြပေးလိုက်ရပါတယ်။

ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ (2023 ခုနှစ် ဇန်နဝါရီလ)

▪️ဇန်နဝါရီ (၁) ​​တောင်ကြီးမြို့‌မှ "Aye Aye Soe” ဖေ့ဘွတ်ခ် အကောင့်ပိုင်ရှင် မအေးသွယ်(ခ) မအေးအေးစိုး အပါအဝင် ဖေ့ဘွတ်ခ် သုံးစွဲသူ ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မတွေနဲ့ အရေးယူခံထားရခဲ့ခြင်း

▪️ဇန်နဝါရီ (၁) မော်လမြိုင်မှာ တော်လှန်ရေးလုပ်သူရဲ့ လူမှုကွန်ရက်မှာ မှတ်ချက်ပေးရုံနဲ့ ဖမ်းဆီးတာတွေရှိလာခဲ့ခြင်း

▪️ဇန်နဝါရီ (၂) အွန်လိုင်း Token ရယူမှု စနစ် အဆင့်မြှင့်တင်ရန် ဟူသော အကြောင်းပြချက်ဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ Passport ထုတ်ပေးရေး ရုံးများ ပိတ်ထားခဲ့ခြင်း

▪️ဇန်နဝါရီ (၄) ကချင်(ဖားကန့်)နဲ့ စစ်ကိုင်း ( မြင်းမူ ၊ ဆားလင်းကြီး ၊ အရာတော် ၊ ယင်းမာပင် ၊ မင်းကင်း ၊ကန့်ဘလူ၊ကသာ၊ ကောလင်း၊ ဘုတလင်၊ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ အင်းတော်၊ ကျွန်းလှ) မြို့နယ်တချို့မှာ Atom/Mytel Sim Card များဖြင့် အင်တာနက်လိုင်းပြန်ရခဲ့ခြင်း
▪️ဇန်နဝါရီ (၅) BBC နှင့် Mizzima Facebook Page စာမျက်နှာအောက်ရှိ ဒေသခံများ၏ Comment များအရ မိုဘိုင်းအင်တာနက် လိုင်းများ ဇန်နဝါရီ (၅) ရက်နေ့တွင် ပြန်ပိတ်သွားခဲ့ခြင်း

▪️ဇန်နဝါရီ (၁၀) နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေးတို့ တွင် ယခုရက်ပိုင်းအတွင်း အင်တာနက်၊ ဝိုင်ဖိုင် လိုင်းများနှေးသည့်အပြင် VPN ချိတ်ဆက်မှုတွင်လည်း အခက်အခဲများဖြစ်ပေါ်ခဲ့ခြင်း

▪️ဇန်နဝါရီ (၁၅) NASDAQ စာရင်းဝင် Israeli အခြေစိုက် Cognyte Software လုပ်ငန်းအနေဖြင့် (Myanmar Posts and Telecommunications (MPT) ထံသို့ နိုင်ငံတကာဥပဒေနှင့် Israeli တို့ကို ချိုးဖောက်မှုဖြစ်ဖွယ်ရှိသည့် ကြားဖြတ်စောင့်ကြည့်မှုဆိုင်ရာ ပစ္စည်းများကို ၂၀၂၀ ဒီဇင်ဘာလ ရောင်းချခဲ့ကြောင်းကို Justific For Myanmar အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၂) ရက်နေ့ နေ့စွဲဖြင့် ပေါက်ကြားလာခဲ့သည့် အချက်အလက်များပေါ် အခြေခံပြီး ယခုလ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်း

▪️ဇန်နဝါရီ (၁၅) စစ်ကောင်စီ၏ လျှို့ဝှက်အစည်းအဝေး မှတ်တမ်းတစ်ခု ပေါက်ကြားလာခဲ့ပြီး ယင်းအစည်းအဝေးမှတ်တမ်းပါ အချက်အလက်များအရ စစ်ကောင်စီ အနေဖြင့်
Facebook, PDF Game နှင့် Application Link များအား Operator များမှ တဆင့် ပိတ်ပင်ခြင်း၊
စစ်ကောင်စီ လက်အောက်ခံ ပို့ဆောက်ဆက် ဝန်ကြီး ဋ္ဌာနအနေဖြင့် Google, Facebook တို့ထံ ကန့်ကွက်စာများ ပေးပို့ခြင်း တို့ကို ဆောင်ရွက်ခဲ့သည့်အပြင် ၊ဆက်လက်လုပ်ဆောင်မည့်ကိစ္စရပ်များထဲတွင် SMS များမှ တဆင့် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေး ဝန်ကြီးဋ္ဌာန၏ ကြေငြာချက်များကို ပေးပို့ခြင်း၊ လူဦးရေ စာရင်း ကောက်ယူစဉ် တော်လှန်ရေး သမားများကို စုံစမ်းဖော်ထုတ်ခြင်း၊ လူမှုကွန်ယက်များအား HACKING လုပ်တိုက်ခိုက်မှုများပြုလုပ်ခြင်း တို့ ပြုလုပ်လာနိုင်ကြောင်းတွေ့ရှိခဲ့ခြင်း

▪️ဇန်နဝါရီ (၁၉) ကိုဂျင်မီ အသုံးပြုခဲ့သည့် Viber နှင့် Signal Account များ မီစိမ်းနေသည်ဟု မိတ်ဆွေများထံမှ ပြန်လည်ကြားသိရကြောင်း မနီလာသိန်း၏ FB Account တွင် ဖော်ပြခဲ့ခြင်း

▪️ဇန်နဝါရီ (၂၄) တပ်ကြပ်ကြီး ဖိုးစည်၊ ဘညွှန့်၊ ဟန်ငြိမ်းဦး စသည့် စစ်ကောင်စီ လော်ဘီ Telegram Channel များ ကျသွားသဖြင့် အသစ်ပြန်လည် ဖွင့်လှစ်အသုံးပြုခဲ့ခြင်း

▪️ဇန်နဝါရီ (၃၀) စစ်ကောင်စီအနေဖြင့် SMS မှ တဆင့် "အကြမ်းဖက်မှုနှင့်ဆိုင် သော Post ၊ Share ၊ Like ၊ Comment တင် ခြင်းများသည် ဥပဒေအရ အရေးယူခံရနိုင်ကြောင်း CCCT (အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို ကော်မတီ) မှ အသိပေး အပ်ပါသည်"၊ "အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ခြင်းသည် ဥပဒေအရအရေးယူခံရနိုင်သည်" ဆိုသည့် စာတိုများ ပေးပို့ပြီး Social Media သုံးစွဲသူများကို ခြိမ်းခြောက်နေ
ဇန်နဝါရီ (၃၀) ရန်ကုန်မြို့ရှိ Wifi/Internet လိုင်း အတော်များများ ညဦးပိုင်းမှ စတင်ပြီး လိုင်းများ ကျဆင်းကာ အသုံးပြုရ အခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
Telegram Group တွင် Member များဖျောက်ခြင်း
================================
🗣ကိုယ့်လူတို့ရေ…

▪️Group တစ်ခုထဲဝင်ပြီး...Group Member တွေကြည့်လိုက်ပြီးဆိုတာနဲ့
ဘယ်သူတွေ Group ထဲမှာရှိနေလဲဆိုတာကို မြင်ရပါတယ်..

📲ဖုန်းနံပါတ်တွေ မဖျောက်ထားရင်တော့
ဖုန်းနံပါတ်ကတစ်ဆင့် မလိုလားအပ်တဲ့ အန္တရာယ်တွေ ရှိလာနိုင်သလို

⚠️Group တွေကို ပစ်မှတ်ထားပြီး မယုံကြည်ရတဲ့ တစ်နည်းအားဖြင့် မလုံခြုံတဲ့ Link တွေပိုခံရခြင်း ကြောင့်လည်း လုံခြုံရေး ကျိုးပေါက်မှုတွေဖြစ်နို်င်တာကြောင့်..

👉Group Member တွေ Telegram မှာဖျောက်ထားလို့ရပါပြီဗျို့…