နွေဦးလုံခြုံရေး
9.6K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
ဒစ်ဂျစ်တယ် ဒရာမာ..
=============
🗣ကိုယ့်လူတို့ရေ..
ဒီနေ့မှာတော့ ဒစ်ဂျစ်လောကမှာ ကျင်လည်နေတဲ့သူတွေတိုင်း ကြုံတွေရတဲ့ ဒစ်ဂျစ်တယ် ဒရာမာအကြောင်းလေပါ…

⚠️အွန်လိုင်းပေါ်ကနေ Cyber Bullying မလုပ်သည့်တိုင်...အမုန်းစကားတွေ ပြောဆိုတာ..လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ကဲ့ရဲ့တာမျိုးတွေက အများကြီး…

☝️Post တစ်ခုအောက်မှာ Comment အချို့ကိုကြည့်လိုက်ရင်လည်း စာနာစိတ်လေးတွေ ပျောက်ကင်းလာတာမျိုးကိုတွေ့ရမှာပါ..

📍သေချာသတိထားဖို့က Screen ရဲ့နောက်မှာရှိတဲ့ အသက်ရှုတဲ့ လူတစ်ယောက်ရှိနေတာကိုသတိထားဖို့ပါ..ခံစားတတ်တဲ့ နှလုံးနဲ့ အသက်ရှုနေတဲ့ လူတစ်ယောက်မို့ပါ…

📲ကိုယ့်ရဲ့ အွန်လိုင်းက အပြုအမူတွေက သူတစ်ပါးကို နာကျင်မှုတွေ မဖြစ်စေဖို့လိုအပ်ပါတယ်ဗျို့…
Your Phone Number is Not Only Yours
=============================
သင့်ဖုန်း သင်တစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘူး?

🗣ကိုယ့်လူတို့ရေ,..ကိုယ်ဆီကိုမသိတဲ့ ဖုန်းနံပါတ်တွေ ခဏခဏဝင်လာတာကိုသတိထားမိလား?

🗣Message ထဲကို ကြေငြာ မက်ဆေ့(ချ်)တွေလည်း အများကြီးရောက်နေတာနော်..

▪️ဒါ့အပြင် Gmail/Facebook သုံးရင်တောင် ဖုန်းနံပါတ်တစ်လုံးကတော့ အနည်းဆုံးလိုအပ်တာမဟုတ်လား…
▪️အဲ့တော့ သင့်ရဲ့ ဖုန်းနံပါတ်တစ်လုံးက ဘယ်ကုမ္ပဏီ (သို့) ဘယ် Service တွေနဲ့ချိတ်ဆက်နိုင်မလဲ..

▪️ဘယ်သူတွေကရော သင့်ဒေတာတွေကို မျှယူနေမလဲဆိုတာသိချင်ရင်တော့ Link ကနေ Video အတိုလေး ကြည့်ပေးကြပါဦးဗျို့…

👉Link:https://theglassroom.org/en/capsule-1-0/exhibits/your-phone-number-is-not-only-yours
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣နှစ်သစ်ကို ဒစ်ဂျစ်တယ် လုံခြုံရေး ဂရုစိုက်ခြင်းဖြင့်စတင်ပါ။

▪️နှစ်တွေကတော့ ပြောင်းနေပေမယ့်..

▪️ဒစ်ဂျစ်တယ် လုံခြုံရေး ဂရုမစိုက်တတ်တဲ့ အကျင့်ဆိုးတွေ မဖျောက်လို့ မဖြစ်ဘူးဗျို့...

▪️တော်လှန်ရေးအတွက် ဒစ်ဂျစ်တယ် လုံခြုံရေးကလိုအပ်သလို…

▪️ဒစ်ဂျစ်တယ်လုံခြုံရေးဟာလည်း တော်လှန်ရေးကြီးတဲ့ ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုပေမို့…

💻နှစ်သစ်မှာ..Device တွေရှင်းလင်းရေးလုပ်ချင်သူများ…

Clinic ကိုကြွလှမ်းခဲ့လို့ရပါပြီဗျို့.....

📲Link:https://t.me/SpringSecClinic

ချစ်သူဆီက Reply စောင့်ရပေမယ့် ဝိုင်းတော်သားတွေကို မေးတဲ့မေးခွန်းတွေအတွက်တော့ ချက်ခြင်း Reply ရမှာသေချာပါတယ်....
Ceno Browser
=============
🗣ကိုယ့်လူတို့ရေ..
ဒီနေ့မှာတော့ Browser တွေထဲက တစ်ခုဖြစ်တဲ့ Ceno Browser ရဲ့ အသုံးပြုပုံလေး ကို မျှဝေပေးလိုက်ပါတယ်။

👉 အင်တာနက်ပိတ်ဆို့မှုတွေရှိနေရင်တောင် ပိတ်ဆို့ထားတဲ့ အကြောင်းအရာ Website တွေကို အတိုင်းအတာတစ်ခုထိ သွားရောက်ကြည့်ရှုနိုင်ပြီး Ceno မှတစ်ဆင့် Ouinet ကိုချိတ်ဆက်ကာ သတင်းအချက်အလက်များကို သိမ်းဆည်းခြင်း ပြန်လည်မျှဝေခြင်းတွေပြုလုပ်နိုင်တဲ့ နည်းပညာတွေပါဝင်ပါတယ်။

👉 ဒီအကြောင်းအရာမှာတော့ Ceno Browser ရဲ့ အလုပ်လုပ်ပုံနှင့် အသုံးပြုပုံတို့ကို ဦးစွာ မျှဝေပေးထားပါတယ်နော်...
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣Monday ကို Clinic နဲ့စတင်ပါ။

▪️အစစ်အဆေး များနေတဲ့ ဒီလိုကြပ်တည်းတဲ့ကာလကြီးမှာ..

▪️ ဒစ်ဂျစ်လုံခြုံရေးကို အထူးဂရုပြုဖို့လိုတယ်ဗျိုး..

▪️တစ်ခုခု အကြံဉာဏ်လိုအပ်တဲ့ အချိန်တိုင်း ၂၄ နာရီအတွင်းပြန်ဖြေပေးမယ့် Clinic ကိုသတိရလိုက်ပါဗျို့…

📲Link:https://t.me/SpringSecClinic
🗣ကိုယ့်လူတို့ရေ…


👉အခုတစ်လော လူတိုင်းမဖြစ်မနေ ကြုံတွေ့နေရတဲ့ ကိစ္စကတော့ ဧည့်စာရင်းကိစ္စပဲဖြစ်ပါတယ်။ဒါကလည်း စာရင်းကောက်တဲ့ အကြောင်းအရာတွေက နေရာဒေသပေါ်မှုတည်ပြီးတော့ တောင်းတဲ့ ဒေတာတွေနဲ့ ကောက်ယူတဲ့ပုံစံလည်း အနည်းငယ် ကွာခြားမှုရှိနေပါတယ်။

👉အခြေအနေတွေ အမျိုးမျိုးရှိပေမယ့် ညဘက်အိမ်ပေါ်တက်ပြီး ဧည့်စာရင်းနှင့်လူ တွဲပြီး စစ်ဆေးရာမှာတော့ တော်တော်လေး အန္တရာယ်ရှိနိုင်တာမို့ ကြိုတင်ပြင်ရမယ့် အချက်လေးတွေကို ဆွေးနွေးထားပါတယ်။