နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
574 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Android Launcher များ
===============
🗣ဒီအပတ်မှာတော့ application hide လိုမရတဲ့ကိုယ့်လူများအတွက်

‼️လောင်ချာမဟုတ်သော Android လောင်ချာများအကြောင်းနဲ့ အတူ

Launcher ဆိုတာဘာလဲ

ဘာ Launcher တွေရှိလဲ ⁉️

▶️လောင်ချာတွေကိုဘယ်လိုသုံးရမလဲ၊ ဘာအတွက်သုံးမလဲဆိုတာကို ပြောပြထားပါတယ် ...

📲 ဒီထဲမှာမပါပဲ ကိုယ်သုံးနေတဲ့ Launcher တွေရှိရင်လည်း တခြားသူတွေပါ သိရအောင် မျှဝေပေးသွားကြပါဦး။
How Your Phone is Designed to Grab your Attention
=============================================
သင့်ရဲ့စိတ်ဝင်စားမှုအပြည့်ရအောင် ဖုန်းတစ်လုံးကို ဘယ်လိုဒီဇိုင်းလုပ်ထားလဲ?

🗣ဖုန်းကိုလက်ကနေ မချချင်အောင် ဖြစ်နေပြီးလား..?

🗣ဖုန်းကြည့်လိုက်ရင် အချိန်ဘယ်လို ကုန်လို့ကုန်မှန်းမသိနို်င်အောင်ဖြစ်နေပြီလား?

🗣ဒါဆိုရင်တော့ ဖုန်းတစ်လုံးကို မသိမသာလေး စွဲလန်းမိနေပါပြီ..

▪️ဒီလိုစွဲလန်းမှုတွေဖြစ်နေအောင် ဒီဇိုင်နာ, အင်ဂျင်နီယာတွေနဲ့ စိတ်ပညာရှင်တွေက တီထွင်ဖန်တီးထားတာပဲဖြစ်ပါတယ်။

▪️လူတွေကိုစိတ်ခံစားမှုတွေနဲ့ အတူ Urgency လို့ခေါ်တဲ့ အလျင်လိုမှု အပေါ်မှုတည်ပြီးတော့ လုပ်ကိုလုပ်မှ ဖြစ်မယ်ဆိုတဲ့သဘောတရားတွေ အပေါ်အခြေခံပါတယ်။ Message ဝင်လာတဲ့အသံ Notification တက်လာတဲ့အသံကြားရင် မဖြစ်မနေဖုန်းကို ကိုင်ကြည့်အောင်လည်း လုပ်ထားတာမို့...အသေးစိတ်လေးကိုတော့ Link ကနေ ဗီဒီယိုအတိုလေး ကြည့်ပေးပါဦးဗျို့...

👉Link:https://theglassroom.org/en/capsule-1-0/exhibits/how-your-phone-grabs-your-attention/
နောက်ထပ်တစ်နှစ်ဖြတ်သန်းရပါတော့မယ် ..... 🕛🫡

ဒီနှစ်မှာလဲ စိတ်မပျက်အားမလျော့ပဲ အတွေးသစ်၊ ဗျူဟာသစ်တွေနဲ့ တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြပါဦးစို့...... 💪💪💪

နှစ်သစ်မှာ လုံခြုံကြပါစေ...🙏
ဒစ်ဂျစ်တယ် ဒရာမာ..
=============
🗣ကိုယ့်လူတို့ရေ..
ဒီနေ့မှာတော့ ဒစ်ဂျစ်လောကမှာ ကျင်လည်နေတဲ့သူတွေတိုင်း ကြုံတွေရတဲ့ ဒစ်ဂျစ်တယ် ဒရာမာအကြောင်းလေပါ…

⚠️အွန်လိုင်းပေါ်ကနေ Cyber Bullying မလုပ်သည့်တိုင်...အမုန်းစကားတွေ ပြောဆိုတာ..လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ကဲ့ရဲ့တာမျိုးတွေက အများကြီး…

☝️Post တစ်ခုအောက်မှာ Comment အချို့ကိုကြည့်လိုက်ရင်လည်း စာနာစိတ်လေးတွေ ပျောက်ကင်းလာတာမျိုးကိုတွေ့ရမှာပါ..

📍သေချာသတိထားဖို့က Screen ရဲ့နောက်မှာရှိတဲ့ အသက်ရှုတဲ့ လူတစ်ယောက်ရှိနေတာကိုသတိထားဖို့ပါ..ခံစားတတ်တဲ့ နှလုံးနဲ့ အသက်ရှုနေတဲ့ လူတစ်ယောက်မို့ပါ…

📲ကိုယ့်ရဲ့ အွန်လိုင်းက အပြုအမူတွေက သူတစ်ပါးကို နာကျင်မှုတွေ မဖြစ်စေဖို့လိုအပ်ပါတယ်ဗျို့…
Your Phone Number is Not Only Yours
=============================
သင့်ဖုန်း သင်တစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘူး?

🗣ကိုယ့်လူတို့ရေ,..ကိုယ်ဆီကိုမသိတဲ့ ဖုန်းနံပါတ်တွေ ခဏခဏဝင်လာတာကိုသတိထားမိလား?

🗣Message ထဲကို ကြေငြာ မက်ဆေ့(ချ်)တွေလည်း အများကြီးရောက်နေတာနော်..

▪️ဒါ့အပြင် Gmail/Facebook သုံးရင်တောင် ဖုန်းနံပါတ်တစ်လုံးကတော့ အနည်းဆုံးလိုအပ်တာမဟုတ်လား…
▪️အဲ့တော့ သင့်ရဲ့ ဖုန်းနံပါတ်တစ်လုံးက ဘယ်ကုမ္ပဏီ (သို့) ဘယ် Service တွေနဲ့ချိတ်ဆက်နိုင်မလဲ..

▪️ဘယ်သူတွေကရော သင့်ဒေတာတွေကို မျှယူနေမလဲဆိုတာသိချင်ရင်တော့ Link ကနေ Video အတိုလေး ကြည့်ပေးကြပါဦးဗျို့…

👉Link:https://theglassroom.org/en/capsule-1-0/exhibits/your-phone-number-is-not-only-yours
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣နှစ်သစ်ကို ဒစ်ဂျစ်တယ် လုံခြုံရေး ဂရုစိုက်ခြင်းဖြင့်စတင်ပါ။

▪️နှစ်တွေကတော့ ပြောင်းနေပေမယ့်..

▪️ဒစ်ဂျစ်တယ် လုံခြုံရေး ဂရုမစိုက်တတ်တဲ့ အကျင့်ဆိုးတွေ မဖျောက်လို့ မဖြစ်ဘူးဗျို့...

▪️တော်လှန်ရေးအတွက် ဒစ်ဂျစ်တယ် လုံခြုံရေးကလိုအပ်သလို…

▪️ဒစ်ဂျစ်တယ်လုံခြုံရေးဟာလည်း တော်လှန်ရေးကြီးတဲ့ ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုပေမို့…

💻နှစ်သစ်မှာ..Device တွေရှင်းလင်းရေးလုပ်ချင်သူများ…

Clinic ကိုကြွလှမ်းခဲ့လို့ရပါပြီဗျို့.....

📲Link:https://t.me/SpringSecClinic

ချစ်သူဆီက Reply စောင့်ရပေမယ့် ဝိုင်းတော်သားတွေကို မေးတဲ့မေးခွန်းတွေအတွက်တော့ ချက်ခြင်း Reply ရမှာသေချာပါတယ်....
Ceno Browser
=============
🗣ကိုယ့်လူတို့ရေ..
ဒီနေ့မှာတော့ Browser တွေထဲက တစ်ခုဖြစ်တဲ့ Ceno Browser ရဲ့ အသုံးပြုပုံလေး ကို မျှဝေပေးလိုက်ပါတယ်။

👉 အင်တာနက်ပိတ်ဆို့မှုတွေရှိနေရင်တောင် ပိတ်ဆို့ထားတဲ့ အကြောင်းအရာ Website တွေကို အတိုင်းအတာတစ်ခုထိ သွားရောက်ကြည့်ရှုနိုင်ပြီး Ceno မှတစ်ဆင့် Ouinet ကိုချိတ်ဆက်ကာ သတင်းအချက်အလက်များကို သိမ်းဆည်းခြင်း ပြန်လည်မျှဝေခြင်းတွေပြုလုပ်နိုင်တဲ့ နည်းပညာတွေပါဝင်ပါတယ်။

👉 ဒီအကြောင်းအရာမှာတော့ Ceno Browser ရဲ့ အလုပ်လုပ်ပုံနှင့် အသုံးပြုပုံတို့ကို ဦးစွာ မျှဝေပေးထားပါတယ်နော်...