နွေဦးလုံခြုံရေး
9.2K subscribers
2.2K photos
12 videos
6 files
609 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Veracrypt Full Disk Encryption Part-II
========================

ကိုယ့်လူတို့ရေ
ဒီနေ့မှာတော့ Veracrypt ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ အပိုင်း(၂)ပိုင်းခွဲပြီးပြောထားပါတယ်။

▪️ဒုတိယ အပိုင်းမှာတော့ Partition လေးခွဲပြီးရင်တော့ မိမိအတွက် အရေးကြီးပြီး ထိရှလွယ်တဲ့ ဒေတာတွေကို Memory Stick ထဲမှာပဲဖြစ်ဖြစ် External Hard Drive ထဲမှာပဲ ဖြစ်ဖြစ် သိမ်းနိုင်ပြီး တစ်ခုလုံးကို Encryption ထည့်တဲ့ အပိုင်းလေးကို ပြောပြထားပါတယ်။

▪️အပိုင်း (၂) ပိုင်းကို တစ်ခါတည်းဖတ်ကြည့်ပြီးမှ ပြုလုပ်နိုင်တာမို့ Part-I ကိုဖတ်ပြီးမှ လုပ်ပေးပါဗျို့...
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣ကိုယ့်လူတို့

💻ဒီတစ်ပတ်တာလုံးမှာ လုံခြုံအားကောင်းတဲ့ Encryption Tools တစ်ခုဖြစ်တဲ့ Veracrypt ကိုပြောပေးခဲ့တာဆိုတော့…

💻မိမိရဲ့ ထိရှလွယ်တဲ့ ဒေတာကို Veracrypt နဲ့လည်းသိမ်းချင်တယ်…

💻ဒါပေမယ့် လိုက်လုပ်ကြည့်တော့ သိပ်အဆင်မပြေဘူးဆိုတဲ့ ရောင်းရင်းတို့အတွက် ဒီအပတ် Clinic မှာ လာရောက်ဆွေးနွေးလို့ရတယ်နော်....

💻Clinic လာပြီး..ဘော်ဒါတွေကို ငါ Veracrypt သုံးနေတယ်ကွ ကြွယ်နိုင်ဖို့ ဝိုင်းတော်သားတွေဆီ အရောက်လှမ်းခဲ့ပါဗျို့....

📲Link:https://t.me/SpringSecClinic

အချိန်ကတော့ 🕐 ဒီနေ့ည 7PM-9PM ထိ ပါနော်..
👍4
သင့်ဖုန်းသာ ပျောက်ခဲ့မယ်ဆိုရင် တကယ့်ဆုံးရှုံးမှုတန်ဖိုးက ဘယ်လောက်လဲ?

ဒီနေ့ ဒီချိန် ဒီခေတ်မှာ သင်ရဲ့ ဖုန်း ဟာ အကြောင်းအမျိူးမျိုးကြောင့် ပျောက်ဆုံးသွားပြီဆိုရင် ဘာတွေက အရေးကြီးဆုံးပါလဲ ?မိမိဖုန်းကိုပြန်လည်ရယူနိုင်ရန်အတွက် လူ ၁၀၀ မှာ ၉၉ ယောက်ကတော့ မျှော်လင့်တတ်ကြပါတယ်။ ဖုန်းတစ်လုံးပျောက်ဆုံးပြီဆိုရင် ဖုန်းရဲ့ တန်ဖိုးအပြင် ဖုန်းထဲမှာပါဝင်တဲ့ ဒေတာ အချက်အလက်တွေဆုံးရှံးရမှာကိုပါ စိုးရိမ်ကြရပါတယ်။

ဒါကြောင့် ဒီနေ့ နွေဦးလုံခြုံရေးကနေ ဖုန်းရဲ့တည်နေရာကိုရှာဖွေပြီး ပြန်လည်ရယူနိုင်ခြင်း ၊ ဖုန်းရဲ့တည်နေရာကို လုံးဝရှာဖွေလို့မရသည့်တိုင်အောင် ဖုန်းထဲ အချက်အလက်တွေကို အဝေးမှ လှမ်းဖျက်နိုင်တဲ့ Find my Device ကို အသုံးပြုနည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
👍15
🗣ကိုယ့်လူတို့ရေ…

🍿ဒီအပတ်မှာတော့ ၂၀၁၃ ဝန်းကျင်လောက်က ဇာတ်ကားလေးတစ်ခုကို ညွှန်းထားပါတယ်။

▪️“Disconnect” ပါ။

▪️အထီးကျန်မှုတွေ ဖြည့်ဆည်းဖို့ အင်တာနက်ကနေ အချင်းချင်း ချိတ်ဆက်ကြရင်း နောက်ဆက်တွဲတွေ ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမယ့် ကားလေးပါ။

☝️အညွှန်းလေးဖတ်ချင်တယ်ဆိုရင်တော့

👉https://telegra.ph/Disconnect-11-18
👍1