နွေဦးလုံခြုံရေး
9.61K subscribers
2.16K photos
11 videos
6 files
573 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
တန်ဆောင်မုန်းလပြည့် အခါသမယမှာ မေတ္တာခြုံလို့ လုံခြုံကြပါစေကြောင်း နွေဦးလုံခြုံရေးဝ်ိုင်းတော်သားတွေက ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ။

🕯️ နေ့စဉ် လုပ်ငန်းဆောင်တာများကို အဆင်ပြေပြေ လုပ်ကိုင်နိုင်ကြရင်း... ဒစ်ဂျစ်တယ်လုံခြုံရေး ကိုလဲ အမြဲမပျက် သတိကပ်လျှက် စီမံဂရုစိုက်ကြဖို့လဲ တိုက်တွန်းလိုက်ရပါတယ်။

🕯️ တန်ဆောင်မုန်းလပြည့်နေ့မှာ နွေဦးလုံခြုံရေးရဲ့ ဝိုင်းတော်သားတွေရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်းက ပုံမှန်အတိုင်း အားလုံးနဲ့ အတူ ရှိနေမှာပဲမို့ ဒစ်ဂျစ်တယ်အခက်အခဲများရှိရင် ည ၇.၀၀ မှာ ဆေးခန်းကိုလာရောက်မေးမြန်းနိုင်ပါတယ်‌နော် .....
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣ကိုယ့်လူတို့ တန်ဆောင်တိုင် ပိတ်ရက်လေးဆိုတော့ အေးဆေးတယ်ပေါ့...

💻နားနေတုန်းလေး ဒစ်ဂျစ်တယ်လုံခြုံရေး လုပ်ကြပါဦးဗျို့...

💻အားနေတဲ့ အချိန်လေးမှာ..Device တွေလုံခြုံဖို့ လုပ်ချင်တယ်ဆိုရင်တော့

ဒီအပတ်ရဲ့ Clinic မှာလာရောက်ဆွေးနွေးလို့ရပြီနော်....

📲Link:https://t.me/SpringSecClinic

အချိန်ကတော့ 🕐 ဒီနေ့ည 7PM-9PM ထိ ပါနော်..
Veracrypt Full Disk Encryption Part-I
========================

ကိုယ့်လူတို့ရေ
ဒီနေ့မှာတော့ Veracrypt ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ အပိုင်း(၂)ပိုင်းခွဲပြီးပြောထားပါတယ်။

▪️ ပထမ တစ်ပိုင်းကတော့ မိမိကွန်ပျူတာ မှာရှိတဲ့ Storage ကိုအပိုင်းလေးကန့်တဲ့ အပိုင်းလေးပြောပေးထားပါတယ်။ Partition လို့ခေါ်ပါတယ်..အပိုင်းကန့်ခြင်းပေါ့…

▪️Partition လေးခွဲပြီးရင်တော့ မိမိအတွက် အရေးကြီးပြီး ထိရှလွယ်တဲ့ ဒေတာတွေကို Memory Stick ထဲမှာပဲဖြစ်ဖြစ် External Hard Drive ထဲမှာပဲ ဖြစ်ဖြစ် သိမ်းနိုင်ပြီး တစ်ခုလုံးကို Encryption ထည့်တဲ့ အပိုင်းလေးကို ပြောပြထားပါတယ်။

▪️အပိုင်း (၂) ပိုင်းကို တစ်ခါတည်းဖတ်ကြည့်ပြီးမှ ပြုလုပ်နိုင်တာမို့ နှစ်ခုလုံးကို ဖတ်ကြည့်ပါဗျို့...
Veracrypt Full Disk Encryption Part-II
========================

ကိုယ့်လူတို့ရေ
ဒီနေ့မှာတော့ Veracrypt ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ အပိုင်း(၂)ပိုင်းခွဲပြီးပြောထားပါတယ်။

▪️ဒုတိယ အပိုင်းမှာတော့ Partition လေးခွဲပြီးရင်တော့ မိမိအတွက် အရေးကြီးပြီး ထိရှလွယ်တဲ့ ဒေတာတွေကို Memory Stick ထဲမှာပဲဖြစ်ဖြစ် External Hard Drive ထဲမှာပဲ ဖြစ်ဖြစ် သိမ်းနိုင်ပြီး တစ်ခုလုံးကို Encryption ထည့်တဲ့ အပိုင်းလေးကို ပြောပြထားပါတယ်။

▪️အပိုင်း (၂) ပိုင်းကို တစ်ခါတည်းဖတ်ကြည့်ပြီးမှ ပြုလုပ်နိုင်တာမို့ Part-I ကိုဖတ်ပြီးမှ လုပ်ပေးပါဗျို့...