နွေဦးလုံခြုံရေး
9.06K subscribers
2.23K photos
13 videos
6 files
615 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
Veracrypt Part-I
============

🗣ကိုယ့်လူတို့ရေ
ဒီအပတ်မှာတော့ အားလုံးတောင်းဆိုနေကြတဲ့ Data Encryption Software လေးနဲ့ မိတ်ဆက်ထားပါတယ်။

▪️Veracrypt ကတော့ ကိုယ့် ကွန်ပျူတာထဲမှာရှိတဲ့ အရေးကြီးတဲ့ Data တွေကို သိမ်းနိုင်တဲ့ လုံခြုံအားပြီး ချိုးဖျက်ရ မလွယ်ကူတဲ့ Data Encryption software တစ်ခုပါ။

▪️အရေးကြီးတဲ့ အချက်အလက်တွေကို Veracrypt ထဲမှာ အခန်းလေးတွေခွဲပြီး လုံခြုံတဲ့ Password ထားပြီး သိမ်းဆည်းထားခြင်းမျိုးပြုလုပ်နိုင်ပါတယ်။

▪️Veracrypt နဲ့ Computer ထဲက ထိရှလွယ်တဲ့ ဒေတာတွေကိုသိမ်းနိုင်သလို Hard Disk, Memory stick တစ်ခုလုံးကိုလည်း Encrypted လုပ်ထားနိုင်တာမို့လို့ အသေးစိတ်လေး ဖတ်ပြီးလုပ်ပေးကြပါနော်…

▪️ဒီနေ့မှာတော့ Standard File Continer ဆောက်နည်းလေးကိုအရင်ပြောပေးထားပါတယ်။ VeraCrypt နဲ့ပက်သက်ပြီး Content တွေလည်း ဆက်တိုက်လာမှာမို့ စောင့်ကြည့်ပေးပါဗျို့...
SIM Registration Alert
⚠️⚠️⚠️⚠️⚠️⚠️⚠️

အသုံးပြုနေတဲ့ SIM Card တွေကို မှန်ကန်စွာ အချက်အလက်များဖြည့်သွင်းဖို့ နဲ့ မပြည့်စုံတဲ့ SIM Card များကို ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ပိုင်းမှာ ပိတ်သိမ်းသွားဖို့ စစ်ကောင်စီက ကြံစည်နေပါတယ်။
အရှေ့အပတ်တွေမှာ ပြောခဲ့သလိုပဲ National Database နဲ့ တိုက်ဆိုင်စစ်ဆေးသွားမှာ ဖြစ်တဲ့အတွက် အားလုံးရဲ့ အချက်အလက်တွေဟာတော့ စုဆောင်းထားပြီးသားဖြစ်နေပါပြီ။ ပိတ်သိမ်းသွားပြီးနောက်မှာတော့ အဲ့ SIM Card တွေနဲ့ တွဲဖက်အသုံးပြုနေတဲ့ ဝန်ဆောင်မှုတွေကိုလည်း အသုံးပြုရ အခက်အခဲ ရှိလာနိုင်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက် လုံခြုံရေးအတွက် ကြိုတင်စီစဉ်ထားနိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
👍2
Veracrypt Part-II
=============
🗣ကိုယ့်လူတို့ရေ

ဒီတစ်ခါမှာတော့ Veracrypt ရဲ့ အပိုင်း(၂)ပဲဖြစ်ပါတယ်။

▪️Hidden File Container တည်ဆောက်နည်းကို အသေးစိတ်ပြောပေးထားပါတယ်။

▪️Standard နဲ့ Hidden နဲ့ဘာကွာလဲလို့မေးရင်တော့

▪️Hidden File Container ကတော့ Standard ကို နှစ်ဆင့် နှစ်ခါလုပ်ဆောင်ခြင်းဖြစ်ပြီး မိမိ အချက်အလက်များကို သိမ်းဆည်းရန် အလွှာနှစ်ထပ်ခံထားသည့်ပုံစံဖြစ်သည်။

▪️File ကို နှစ်ကန့်ခွဲပြီး password နှစ်ခုနဲ့ခွဲသိမ်းထားတဲ့သဘောပါ။ အရေးပေါ်အခြေအနေမှာ မဖြစ်မနေ Password တောင်းပြီးဖွင့်ခိုင်းတဲ့ အခြေအနေမျိုးအတွက် အရမ်းကို အသုံးဝင်တာမို့ အသေးစိတ် ဖတ်ပြီး လိုက်လုပ်ကြည့်ပေးပါဗျို့...
တန်ဆောင်မုန်းလပြည့် အခါသမယမှာ မေတ္တာခြုံလို့ လုံခြုံကြပါစေကြောင်း နွေဦးလုံခြုံရေးဝ်ိုင်းတော်သားတွေက ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ။

🕯️ နေ့စဉ် လုပ်ငန်းဆောင်တာများကို အဆင်ပြေပြေ လုပ်ကိုင်နိုင်ကြရင်း... ဒစ်ဂျစ်တယ်လုံခြုံရေး ကိုလဲ အမြဲမပျက် သတိကပ်လျှက် စီမံဂရုစိုက်ကြဖို့လဲ တိုက်တွန်းလိုက်ရပါတယ်။

🕯️ တန်ဆောင်မုန်းလပြည့်နေ့မှာ နွေဦးလုံခြုံရေးရဲ့ ဝိုင်းတော်သားတွေရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်းက ပုံမှန်အတိုင်း အားလုံးနဲ့ အတူ ရှိနေမှာပဲမို့ ဒစ်ဂျစ်တယ်အခက်အခဲများရှိရင် ည ၇.၀၀ မှာ ဆေးခန်းကိုလာရောက်မေးမြန်းနိုင်ပါတယ်‌နော် .....