နွေဦးလုံခြုံရေး
9.19K subscribers
2.2K photos
12 videos
6 files
609 links
တော်လှန်ရေး ရဲဘော်များအတွက် လုံခြုံစွာဆက်သွယ်နိုင်ရန် နှင့် ဒစ်ဂျစ်တယ်ဒလန်များ၏ရန်မှ ကာကွယ်နိုင်ရန်
Download Telegram
👊👊Two Factor  လေးတောင် မခံထားပဲ Facebook မှာ Fighter လုပ်နေရင်တော့ အနှေးနဲ့အမြန် အကောင့်ပါ လူပါ ဖြစ်ဖို့   မျှော်လင့်ထားလိုက်ပါတော့ ......

🗣🗣မသမာသူတွေနဲ့ Hacker တွေက အကောင့်မရွေးဘူးနော်... ငါ  Fighter မဟုတ်ပါဘူး Two Factor မလိုပါဘူးဆိုရင် အလှူရေစက်လက်နဲ့မကွာ ကိုယ့်အကောင့်နဲ့ ကိုယ် Data တွေကိုရေစက်ချပြီး အမျှဝေဖို့သာပြင်ထားကြပါတော့ ကိုယ့်လူတို့ရေ ....

🔥🔥ဒါကြောင့် လူတိုင်းလူတိုင်း အကောင့်နဲ့ အကောင့်ဆိုင်ရာ အချက်အလက်တွေလုံခြုံစိတ်ချရဖို့ နွေဦးလုံခြုံရေးက မမောတမ်းပြောနေတာလေးတွေ ဖတ်ပြီး လိုက်လုပ်ကြသွားပါဦး ။
​​ဒစ်ဂျယ်တယ်ရပ်ဝန်းဆိုင်ဖြစ် ဖြစ်ပျက်ခဲ့မှုများ (2022 ခုနှစ် ဩဂုတ်)

August (3) အင်းတော်မြိုမှာ အင်တာနက်အပြင် ဖုန်းလိုင်းပါ ဖြတ်တောက်ခံရ

August (5) နန်းမွေစံနှင့်သဉ္ဇာဝင့်ကျော် တိုအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့်ဖမ်းဆီး

August (8) စစ်ကိုင်းတိုင်း၊ အရာတော်မြိုတွင်(သြဂုတ်၈ရက်)မှစတင်ကာ အက်တမ်ဖုန်းလိုင်း ပြတ်တောက်မှု ဖြစ်ပေါ်နေခြင်းဖြစ်ပြီး MPTဖုန်းလိုင်းလည်း ရံဖန်ရံခါ အဝင်မရခြင်းများ ဖြစ်ပေါ်ခဲ့

August (10) SE-ME-WE 5 ထိခိုက်မှုကြောင့်ဟုဆိုကာ ဩဂုတ်လ (၁၀) ရက် ည (၁၁) နာရီ ဝန်းကျင်မှ စတင်ပြီး ဩဂုတ်လ (၁၁) ရက်နေ့ ညနေပိုင်းအထိ အင်တာနက် လိုင်းများ နှေးကွေးပျက်တောက်မှုများ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဖြစ်ပေါ်ခဲ့

August (15) မိုဘိုင်း ငွေသွင်းထုတ် လုပ်သူများအားသိရှိနိုင်ရန် မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကိုယ်စားလှယ်များအနေနှင့် လျှိဝှက်ဓာတ်ပုံရိုက်ထားရန် / ဆိုင်အတွင်း CCTV များတပ်ဆင်ထားရန် စသည့်အချက်အလက်များပါဝင်သည့် ဗဟိုဘဏ်၏ညွှန်ကြားစာ ပေါက်ကြား

August (17) ဖေ့ဘွတ်ခ် အစားထိုး လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုကို ဖန်တီးနေကြောင်း စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆို

August (21) မြိုင်မြိုနယ်တောင်ပိုင်းတွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရ

August(28) ရန်ကုန်တိုင်းအတွင်း ဓာတ်တိုင်းများတွင် ချည်နှောင်ချိတ်ဆက်ထားတော့ အင်တာနက်ကြိုးလိုင်းများအား စည်ပင်နှင့် လျှပ်စစ်မှ ဖြတ်တောက် ဖယ်ရှားမှုများ လုပ်ဆောင်ခြင်းကြောင့် အင်းစိန် လှိင်သာယာ မြိုနယ်များ အပါအဝင် မြိုနယ်အချိုတွင် အင်တာနက်ဖြတ်တောက်

August (30) မောင်းတောမြောက်ပိုင်းတွင် ဖုန်းလိုင်းများ ပြတ်တောက်

(ယခုလသည် ဖားကန့်အား အင်တာနက်ဖြတ်တောက်ထားသည့် တစ်နှစ်ပြည့်ကာလလဲဖြစ်သည်။)
အကောင့် Hacked ခံရပြီလို သံသယရှိနေပြီလား?
=========================
ပျာယာခတ်မနေနဲ့
ကိုယ့်လူတိုရေ..
အကောင့် Hacked ခံရပြီလုပ်ပါဦး
ဘာလုပ်ရမလဲ…
ညာလုပ်ရမလဲ…
တွေးမနေနဲ့ကိုယ့်လူ…
လုံခြုံရေးဆိုတာ..ကိုယ်ကစတာ..
ကိုယ့်အကောင့်ကိုစစ်
Password ခိုင်အောင်ထား..
2FA လည်းခံဦးထားမှ...တော်ကာကြလို..အဆင်ပြေမှာဗျို
ဒီအဆင့်လေးတွေသာ မြဲအောင်မှတ်....
Facebook က သဗ္ဗညုတ ဉာဏ်ရနေတာလား? အလုံးစုံကိုသိမြင်တော်မူသော Facebook တော်မြတ်ကြီးထံမှ မိမိရဲ့ Data များကို တတ်နိုင်သမျှ ကာကွယ်နိုင်ရန်

Facebook က ငါအကြောင်းသိပ်သိနေတာပါလား ငါဘာပဲဖြစ်ချင်ချင် Facebook က ပြပေး လုပ်ပေးနေတာ အရမ်းမိုက်တာပဲ..ဆိုတဲ့လူတွေ နွေဦးလုံခြုံရေးရဲ့ ဖေ့စဘွတ်ရက်သတ္တပတ်တာ မှာ ပေးတဲ့ ဒေတာမှန်သမျှ ယူမယ်ကွလို့ မင်းစိုးမင်းစံနေတဲ့ Facebook တော်မြတ်ကြီးဆီကနေ ကိုယ့်ရဲ့ Data Privacy ကိုကာကွယ်နိုင်ရန်လုပ်ဆောင်နိုင်တာလေးတွေ Sharing လုပ်ပေးဦးမှာမို့ ဖတ်လဲဖတ် လိုက်လဲလိုက်လုပ်ကြပါဦး
DigitalSafetyFirstMM Campaign
======================
🗣အားလုံးလက်မခံလို့မရတာတော့ တော်လှန်ရေးမှာ လုံခြုံရေးကအရေးကြီးဆုံးပဲ။

■ အဲ့ဒါကြောင့် #DigitalSafetyFirstMM Campaign မှာပါဝင်ပြီး ကိုယ့်လူရဲ့ သူငယ်ချင်းတွေ၊​ရဲဘော်တွေ၊​လုပ်ဖော်ကိုင်ဖက်တွေ၊​ ဖေဖေ၊​မေမေ ကိုပါ တစ်ကိုယ်ရည်လုံခြုံရေးကို ဒစ်ဂျစ်တယ်လောကမှာ ဂရုစိုက်တတ်ကြဖို့ ပြောပြကြရအောင်။၊​သင်ပေးကြရအောင်။

👉ဘာတွေလုပ်ရမှာလဲဆိုတာလည်း စိတ်ပူမနေနဲ့၊​ ပြောပြမယ်။
ဒစ်ဂျစ်တယ်ဘဝမှာ အမှန်တကယ်လုံခြုံဖို့ ဘာတွေလိုအပ်မလဲ?
ဒစ်ဂျစ်တယ်လုံခြုံရေးကိုဦးစားပေးလုပ်ဆောင်ဖို့ ဘာတွေလိုအပ်မလဲ။

အတူတကွ လုံခြုံဖို့ #DigitalSafetyFirst ကမ်ပိန်းမှာ ဒါတွေ လေ့လာကြည့်ကြပါစို့

■ လူမှုကွန်ရက်လုံခြုံရေး
■ ဆက်သွယ်မှုလုံခြုံရေး
■ဒစ်ဂျစ်တယ်ပစ္စည်းများ  လုံခြုံရေး 
■လူမှုဘဝ လုံခြုံရေး
ကိုယ့်လူတို့လည်း လိုက်လုပ်ကြပါ။ တခြားသူတွေကိုလည်း ပြောပြပါ။

Forward လုပ်ပါ၊ Share ပါ၊ #DigitalSafetyFirstMM နဲ့ ကိုယ်သိထားတဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို Social Media တွေမှာ မျှဝေကြမယ်။ တိုက်တွန်းကြမယ်။

ဒီ Campaign ကို နွေဦးလုံခြုံရေးနဲ့ Engage Media တို့ ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး သံလွင်ခက် Media နှင့် Exile Hub အဖွဲ့အစည်းတွေရဲ့ သက်ဆိုင်ရာ Channel တွေကတစ်ဆင့်လည်း Campaign မှာ ပူးပေါင်းပါဝင်ကြမှာ ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်လုံခြုံရေး ဆေးခန်း
=====================
🗣ကိုယ့်လူတို့ရေ

ခက်ခဲ ကြမ်းတမ်းမှုတွေနဲ့ အပြင်းအထန်ရုန်းကန်းရင်းနဲ့ပဲ
မှောင်မိုက်တဲ့ အနာဂါတ်မဖြစ်စေဖို့ နည်းလမ်းမျိုးစုံ.. ရှိတဲ့အားတွေနဲ့ ရုန်းတဲ့နေရာမှာ..
ဒစ်ဂျစ်တယ် လုံခြုံရေးကလည်း အရေးပါတာမို့…

💻ဒစ်ဂျစ်တယ် နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေး မေးမြန်းလိုတာရှိရင်တော့..
လက်မနှေးပဲ..အပြေးသာ လာခဲ့ပါဗျို့…


💻သိလိုရာများအတွက် Clinic ကို လာလိုသူများအတွက်

📲Link:https://t.me/SpringSecClinic
နေ့ရက် 🕐 5th September,2022

အချိန်ကတော့ 🕐7PM-9PM ထိ ပါနော်..

တွေ့ဆုံ..ဆွေးနွေး..အကြံပေးဖို့ ဝိုင်းတော်သားတွေ စောင့်မျှော်နေကြောင်းပါဗျို့....
#DigitalSafetyFirstMM
#Day_1

လူမှုကွန်ရက်ပေါ်မှာ ဘယ်လိုလုံခြုံအောင်နေကြမလဲ။

စကားဝှက်တွေအကုန်လုံးကိုမှတ်မိဖို့ password manager - Keepass ကို အသုံးပြုပြီး စီမံဖို့လိုအပ်တယ်။

Keepass password manager ကို အသုံးပြုရန်အတွက်
Mobile Phone မှာ အသုံးပြုရန် - Keepass DX
iOS မှာအသုံးပြုရန် - Keepassium

Campaign ရဲ့ အစီအစဉ်အတိုင်း ကိုယ့်လူတို့လည်း လိုက်လုပ်ကြပါ။ တခြားသူတွေကိုလည်း ပြောပြပါ။ Forward လုပ်ပါ၊ Share ပါ၊ #DigitalSafetyFirstMM နဲ့ ကိုယ်သိထားတဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို Social Media တွေမှာ မျှဝေကြမယ်။ တိုက်တွန်းကြမယ်။
👍1
#DigitalSafetyFirstMM
#Day-2

လူမှုကွန်ရက်ပေါ်မှာ ဘယ်လိုလုံခြုံအောင်နေကြမလဲ။ မိမိအပြင် တစ်ပါးသူတွေပါတဲ့ပုံတွေကို တင်မယ်ဆိုရင် သူတို့ရဲ့သဘောဆန္ဒ ခွင့်ပြုချက်မေးပြီး အကျိုးဆက်ကို ဆင်ခြင်ပြီးမှ တင်တာမျိုးပြုလုပ်သင့်တယ်။

#DigitalSafetyFirstMM


သူများရဲ့ Privacy ကိုလေးစားဖို့လိုသလို..
မိမိရဲ့ Facebook Setting ထဲမှာလည်း Privacy Setting ကိုလည်းချိန်ညှိချင်တယ်ဆိုရင်တော့

👉Facebook Privacy Setting: https://t.me/SpringRevSecurity/65


Campaign ရဲ့ အစီအစဉ်တိုင်း ကိုယ့်လူတို့လည်း လိုက်လုပ်ကြပါ။ တခြားသူတွေကိုလည်း ပြောပြပါ။ Forward လုပ်ပါ၊ Share ပါ၊ #DigitalSafetyFirstMM နဲ့ ကိုယ်သိထားတဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို Social Media တွေမှာ မျှဝေကြမယ်။ တိုက်တွန်းကြမယ်။
#DigitalSafetyFirstMM
#Day-3

လူမှုကွန်ရက်ပေါ်မှာ ဘယ်လိုလုံခြုံအောင်နေကြမလဲ။ မိမိ အကောင့်များအားလုံးကို Two Factors ခံထားရန်လိုအပ်ပြီး Google Authenticator ဖြင့်အသုံးပြုခြင်းဖြင့် ကုဒ်နံပါတ်ကို အလွယ်တကူရယူနိုင်သည်။

#DigitalSafetyFirstMM

👉Facebook အကောင့်ကို နှစ်ဆင့်ခံလုံခြုံရေးထားနည်း : https://t.me/SpringRevSecurity/993


Campaign ရဲ့ အစီအစဉ်တိုင်း ကိုယ့်လူတို့လည်း လိုက်လုပ်ကြပါ။ တခြားသူတွေကိုလည်း ပြောပြပါ။ Forward လုပ်ပါ၊ Share ပါ၊ #DigitalSafetyFirstMM နဲ့ ကိုယ်သိထားတဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးကို Social Media တွေမှာ မျှဝေကြမယ်။ တိုက်တွန်းကြမယ်။