Spring Development Bank
20.3K subscribers
1.83K photos
93 videos
910 links
Discover the First Neo Bank for Myanmar.
Download Telegram
Channel created
Channel photo updated
မိဘ ပြည်သူထံ အသိပေး ကြေညာခြင်း
နွေဦးဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လုံခြုံလွတ်လပ်ပြီး အမှီအခိုကင်းသည့် ဒီဂျစ်တယ် ခေတ်သစ်ဘဏ် ဖြစ်ပါသည်။ လုံခြုံမှု အမြင့်မားဆုံး စနစ်ကို အခြေခံသည့် ဘလော့ချိန်းနည်းပညာ ဖြင့် တည်ဆောက်ထား၍ ပြည်သူ့ဓန ဘဏ္ဍာစည်းစိမ်များကို ယုံကြည်စိတ်ချစွာ စုဆောင်းစီမံနိုင်ရေးအတွက် အစဥ်မြဲ ကြိုးစားအားထုတ်သွားမည် ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁-၆-၂၀၂၃) ရက်စွဲဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် ကြားကာလ ဗဟိုဘဏ်မှ စည်းမျဥ်း ချမှတ် ခွင့်ပြုထားသော ဘဏ်လုပ်ငန်းနှင့် ငွေကြေး၀န်ဆောင်မှု တရား၀င်လိုင်စင် ရရှိထားပြီး ဖြစ်ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ကို မျှော်မှန်းကာ မိဘပြည်သူ တိုင်းရင်းသား အားလုံး၏ အကျိုးစီးပွားကို ရှေးရှ၍ ပြည်သူ့ဘဏ်စစ်စစ် အဖြစ် အခိုင်အမာရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။
၁၈.၇.၂၀၂၃
နွေဦးဖွံ့ဖြိုးရေးဘဏ်

ကြားကာလဗဟိုဘဏ်၏ တရား၀င်အမိန့်ကြေငြာချက်
https://www.facebook.com/100094054736568/posts/pfbid02ZGwQYpYmqJRV44PS2ibcYdeLiuDFTPk7pX4hKqaHAA9MmDrjgToA8LwUBqnkG7ELl/?mibextid=cr9u03
96👍27🎉2
Our Bank’s Intro & Missions.💙🧡
Follow our community and be a part of the revolution.

Facebook
fb.me/SpringDevBank

Messenger
m.me/SpringDevBank

Telegram
t.me/SpringDevBank
t.me/SpringDevBankCommunity

Twitter
twitter.com/SpringDevBank

Youtube
youtube.com/@SpringDevBank

Threads
www.threads.net/@springdevbank

#SpringDevelopmentBank
#RealBankRealFreedom
👍6045🎉6🥰1👏1
ယနေ့ ကျရောက်တဲ့ ဇူလိုင်လ (၂၂) ရက်နေ့ ဟာ နွေဦးဘဏ်၏ ကနဦးအကြိုကာလ စမ်းသပ်ဖွင့်လှစ်တဲ့ ပထမဆုံးသော နေ့ဖြစ်ပါတယ်။
ပထမဆုံး ဘဏ်စတင်လည်ပါတ်တဲ့ day 1 မှာပဲ နွေဦးဘဏ် စာရင်း ဖွင့်သူပေါင်း (၁,၀၀၀) ပြည့်ခဲ့ပြီဖြစ်ပါတယ်။ နွေဦးဘဏ် ကို လူမှုကွန်ယက်များကနေ အားပေးဝန်းရံသူ Follower ပေါင်း (၁၀,၀၀၀) ကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ယုံကြည်မှုတခု၊ ပန်းတိုင် တခု တည်းကို နောက်မဆုတ်စတမ်း အတူလက်တွဲ ချီတက်နေကြတာဟာ အားတက်စရာကောင်းသလို ဝမ်းမြောက်ဂုဏ်ယူရပါတယ်။

လက်ရှိ ဆောင်ရွက်သွားမယ့် Beta Version ဟာ အကန့်အသတ်ရှိနေတာမို့ စိန်ခေါ်မှုတွေ အခက်အခဲတွေ ကြုံလာခဲ့ရင်လည်း နိုင်ငံအနှံ့မှာ ခန့်အပ်ထားတဲ့ ပြည်သူ့ဓနဆက်ဆံရေးအရာရှိ (Relationship Managers) အယောက် (၁၀၀) နှင့်အတူ ပြင်ဆင်မွမ်းမံမှုတွေ အစဥ်တစိုက်လုပ်ဆောင်သွားမှာမို့ စိတ်ရှည်စွာနဲ့ ဆက်လက်အားပေး ဝန်းရံကြပါ ၊ အကြံပြုပူးပေါင်း ပါဝင်ပေးကြပါလို့ မိဘပြည်သူများကို မေတ္တာရပ်ခံပါတယ်။

#SpringDevelopmentBank
#RealBankRealFreedom See less

https://www.facebook.com/photo?fbid=179225985156570
171👍51🎉3🏆2