Spring Development Bank
✔
20.5K subscribers
1.67K photos
83 videos
857 links
Discover the First Neo Bank for Myanmar.
Download Telegram
Merry Christmas Eve, SpringBees! 🎄

ခရစ်စမတ် အကြိုနေ့မှာ Jingle Bees တွေ အတွက် နားသောတဆင်ဖို့ နွေဦးပျားတဦးမှ ပေးပို့လာတဲ့ "Bees of Spring" သီချင်းလေးကို အတူနားဆင်ကြည့်ရအောင်။ 🐝

🎶 သီချင်းနားဆင်ရန်
https://youtu.be/pN0IPk6v6-Q

#SpringBeesbySDB
#RealBankRealFreedom
#SpringDevelopmentBank
#ChooseSDB
❤322👍33🥰7🔥1🎉1
ကြည်နူးဖွယ်ရာ ခရစ္စမတ်ချိန်ခါ 🌟

မင်္ဂလာရှိတဲ့ ဒီခရစ္စမတ်နေ့လေးမှာ နွေဦးဘဏ်အပေါ် ယနေ့ အချိန်အထိ စဉ်ဆက်မပြတ် ယုံကြည် ပံ့ပိုးကြတဲ့ ရင်းနှီးမြှုပ်နှံသူများ နဲ့ ဒေသအသီးသီးမှ ပြည်သူ တယောက်ချင်းစီတိုင်းကို ဦးစွာ နွေးထွေးမှုများနဲ့ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ 🥰

ပေးဆပ်မှုတွေ အပြန်အလှန် ဖလှယ်နေကြတဲ့ ဒီကာလရဲ့ အိမ်ပြန်လှိုင်းအသီးသီးမှာ ချစ်ခြင်းမေတ္တာ၊ ကံကောင်းခြင်းနဲ့ အောင်မြင်မှုများ အလုံးစုံ ဖမ်းဆုပ်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်နော်။ ✨

မကြာခင်မှာ ပြန်ဆုံရတော့မယ့် ချစ်ရသူတွေဆီကို SDB နဲ့အတူ အပျော်တွေ ကူးစက်စေရင်း မေ့မရတဲ့ ခရစ္စမတ်နေ့လေးတနေ့ကို လက်ဆင့်ကမ်းမျှဝေ လိုက်ကြရအောင်။ 🎄

Merry Christmas to you all 🎅
📲 https://bit.ly/m/SDB4all

#xmas2024
#realbankrealfreedom
#springdevelopmentbank
#chooseSDB
2❤249👍20🥰11🔥5🎉1
Ho Ho Ho ….. 🎅🏻🎄

ခရစ်စမတ်ညမှာ လက်ဆောင်လေးတွေ အသီးသီး လာပေးသွားတဲ့ Secret Santa ကို သိလိုက်ကြရဲ့လား? 😱

အပျော်တွေ ကူးစက်မယ့်တဲ့ Surprise Christmas လက်ဆောင် အမျိုးအစားတွေက ~

💝 နွေဦးပျားတိုင်းကို ခရစ္စမတ် လက်ဆောင်အဖြစ် 2,512 Pollen နှင့် SpringBees Level အလိုက် Mobile Wallpaper များ

💝 ICO round 2 မှာ ကိုယ်တိုင် SDB ငွေကြေး (၄) မျိုးနှင့် အထက် အသုံးပြုပြီး ရင်းနှီးခဲ့သူတိုင်းအတွက် Certificate ဂုဏ်ပြုလွှာ

💝 “ခရစ်စမတ်လက်ဆောင် ပေးမယ့်သူ သင့်မှာရှိပြီလား” ဆိုတဲ့ Post မှ အကောင်းဆုံး ကျပန်း comment ၅၀ အတွက် NOH Gift Card ၂၀၀၀ ကျပ်

💝 ဒီဇင်ဘာ၂၄ ရက် နေ့ အထိ SpringBeesကို စဉ်ဆက်မပြတ် ဆော့ပြီး referral သူငယ်ချင်း 5 ယောက် နှင့် အထက်ရှိတဲ့ အမြင့်ဆုံး Level 7 ရောက်နေသူများကို 3 USD လက်ဆောင်

တို့ပဲ ဖြစ်ပါတယ်။

အားထုတ်ကြိုးပမ်းမှုတိုင်းကို နွေဦးဘဏ်မှ အသိအမှတ်ပြုလျက် နောက်ထပ် အံ့ဩဖွယ် လက်ဆောင် အစီအစဉ်သစ်တွေမှာ ပြန်လည် ဆုံတွေ့ကြရအောင်။

❄️ https://bit.ly/m/SDB4all

#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
❤288👍43🔥6🥰5🎉2
အန်ကယ်စီအသည်း လှုပ်ခတ်စေသူ 🥸
NOH Gift Card လက်ဆောင်ယူ 💝 

ဒီဇင်ဘာလလေး မပြီးဆုံးခင် Uncle C ရဲ့နှလုံးသားကို လှုပ်ခတ်စေဖို့ နွေဦးပျားတွေ အတွက် Year End အစီအစဉ် အထူး ဖန်တီးထားပါတယ်။
@nwayoohti နွေဦးထီ ကို မိမိစိတ်ကြိုက် အစောင်ရေနဲ့ ကံစမ်းပြီး Note လေး ရေးပေးရုံဖြင့် နွေဦးပျား ၁၀၀ ဦး တိတိ ကို NOH Gift Card (10,000 MMK တန်ဖိုး) ကို ချီးမြှင့်ပေးမှာဖြစ်ပါတယ်။ 

💡 ပါဝင်နည်း အသေးစိတ်ကို fb link တွင် ဖတ်ရှုရန်
www.facebook.com/springdevbank/posts/516796568066175

ဒါဆိုရင် အန်ကယ်စီ အသည်း လှုပ်ခတ်ဖို့ အရိုးရှင်းဆုံး ကြံဆပြီး ဒီဇင်ဘာ 25 ရက် မှ 31 ရက်အတွင်း နွေဦးထီ အမြန်ဆုံး ဝယ်ယူပြီး ဒီ အခွင့်အရေးကို ရယူလိုက်ပါနော်! 💖

 NOH အကြောင်းပိုမိုသိရှိရန် ~
https://bit.ly/m/NwayOoHti4u 

SpringBees ကမ္ဘာသို့ ဝင်ရောက်ရန်
bit.ly/SpringBeesBot 

တုပ်မယ့်ပျားများ စည်းလုံးရာ
t.me/SpringDevBankCommunity 

#WeDreamBold #NwayOoHti #SpringDevelopmentBank #StinglikeSDBees
❤2.4K👍468🥰55🔥32👏27🎉20👌17
SpringBees Community နဲ့ အမြဲအတူတကွရှိနေမယ့် SDB 🐝

ဘယ်သူတွေလဲ? ဘယ်ကလဲ? ဘာတွေလုပ်လဲ?
ပြည်သူများအတွက် အကောင်းဆုံး ဘဏ္ဍာရေးဝန်ဆောင်မှုပေးနိုင်အောင် အမြဲကြိုးစားပေးနေကြတဲ့ SDB က ကိုကို၊မမ၊မောင်လေး၊ညီမလေးတွေက ဘယ်သူတွေလဲ ၊ ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာ နွေဦးဘဏ်ချစ်သူများအားလုံး သိချင်ကြတယ် ဟုတ်တယ်ဟုတ်။

ဒါကြောင့် မနက်ဖြန်ည ၈နာရီ Community Call Live မှာ SDB ရဲ့ team member တချို့နဲ့ သူတို့အကြောင်းလေးတွေကို မိတ်ဆက်ရင်း ဒီဇင်ဘာစကားဝိုင်းလေးတခု ပြုလုပ်သွားမှာဖြစ်ပါတယ်။

လက်ဆောင်လေးတွေလဲပေးဦးမှာမို့ အတူတူရင်းနှီးနွေးထွေးစွာ ဆုံတွေ့ချင်ပါတယ်။
နွေဦးဘဏ်ချစ်သူများအားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

🎄26 Dec (မြန်မာစံတော်ချိန် ည၈နာရီ)❄️
http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
❤1.03K👍213🥰20👏12🎉12👌6🔥5
နှစ်သစ်ကူးမည့် Fixed Deposit အသစ်

ပကတိ လွတ်လပ်ခြင်း ၊ အောင်မြင်ခြင်းတွေ ပြည့်နှက်နေမည့် 2025 နှစ်သစ်မှာ နွေဦးဘဏ်ချစ်သူတို့အတွက် မြန်မာကျပ်ငွေ စာရင်းသေအပ်နှံမှု အတိုးနှုန်းများကို တိုးမြှင့် သတ်မှတ်ပေးမှာ ဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မှ စတင်ပြီး မြန်မာကျပ်ငွေ စာရင်းသေအပ်နှံမှု၏ ၃၆၀ ရက် အတွက် 11% p.a မှ 13% p.a အထိ နှင့် ၁၈၀ ရက် အတွက် 7% p.a မှ 8% p.a အထိ တိုးမြှင့် ပြောင်းလဲ ပေးသွားမှာ ဖြစ်ပါတယ်။

စိုးရိမ်ကြောင့်ကျမှုတွေ မလိုဘဲ အနာဂတ်လမ်း ဖြောင့်ဖြူးပြီး မိမိပိုင်ဆိုင်မှုတွေ လုံခြုံ စိတ်ချနိုင်ဖို့အတွက် SDB မှာ ယုံကြည်စွာ အပ်နှံလိုက်ကြရအောင်။

အနာဂတ်လွတ်လပ်မှုဆီ SDB
bit.ly/m/SDB4all

နွေဦးဘဏ် အသုံးပြုသူများစုဝေးရာ
t.me/SpringDevBankCommunity

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
❤630👍120🥰21👏7🎉7🔥5
"အားလုံးReady ည၈နာရီ"

အေးမြတဲ့ဆောင်းတညမှာ မီးရောင်ထိန်ထိန်လူအများနဲ့.....

ဒီည ၈ နာရီ Community Call Live မှာ ပြည်သူများအတွက် အကောင်းဆုံးဘဏ္ဍာရေး ဝန်ဆောင်မှုပေးနိုင်အောင် အမြဲကြိုးစားပေးနေကြတဲ့ SDB Team member တချို့နဲ့ သူတို့အကြောင်းလေးတွေကို မိတ်ဆက်ရင်း အတူတူ ရင်းနှီးနွေးထွေးတဲ့ ဒီဇင်ဘာစကားဝိုင်းလေးတခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Call မှာ ချပေးမယ့် code နဲ့ Pollen ရရှိနိုင်တဲ့အပြင် လက်ဆောင်လေးတွေလည်း ပေးဦးမှာဆိုတော့ နွေဦးဘဏ်ချစ်သူများအားလုံးကို ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

အတူတူဆုံတွေ့ချင်တာမို့ မျှော်နေမယ်နော်။

🎄26 Dec (မြန်မာစံတော်ချိန် ည၈နာရီ)❄️
http://t.me/SpringDevBank?livestream

#springbeesbysdb
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
❤1.59K👍361🥰55🎉24👏21🔥14
Live stream started
Live stream finished (1 hour)
နှလုံးသားချင်း စည်းချက်မိမယ့် RHYTHM 🎶

လွတ်လပ်ခြင်း အလင်းတန်း ဂီတအနုပညာရှင်များ ဖြစ်တဲ့ လင်းလင်း၊ ချစ်သုဝေ၊ ဒေါင်းနှင့် ဒယ်နီရယ်စော တို့ရဲ့ RHYTHM-concert LIVE ကို ဒီဇင်ဘာလ ၂၉ ရက်နေ့ မြန်မာချိန် ည ၇:၃၀ မှစ၍ သီချင်းအပုဒ် ၂၀ ကျော်ကို ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။

မိမိချစ်မြတ်နိုးတဲ့ အနုပညာရှင်တွေ ဆုံမယ့် www.rhythm-concert.com လက်မှတ်များကို ဇန်နဝါရီလ ၇ ရက်နေ့အထိ SDB နဲ့ ဝယ်ယူအားပေးနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်နော်။

ရင်ခုန်သံတွေ စည်းချက်မိတဲ့ ဒီဆုံမှတ်မှာ ခံစားစီးမျော ကြရအောင်။

🎟️ RHYTHM လက်မှတ်ဝယ်ယူရန်
https://m.me/RHYTHMconcert

📲 SDB အကောင့်ဖွင့်ရန်
https://bit.ly/m/SDB4all

#rhythm_concert2024
#springdevelopmentbank
#realbankrealfreedom
❤446👍71🥰12🎉8🔥2
ကံကောင်းခြင်း အိပ်မက်တွေနဲ့
အိမ်ပြန်ခရီးကို ရဲရဲလျှောက်ပါ!

🚩ဓမ္မတရားနဲ့ ပြည့်စုံသောလမ်းပေါ်ရှိ အိမ်ပြန်ခရီးသည် မိဘပြည်သူတို့အတွက် @nwayoohti နွေဦးထီ မှ ကံကောင်းခြင်း အိပ်မက်တွေကို လက်တွေ့ ဖော်ဆောင်ပေးဖို့ အဆင်သင့်ရှိနေပါတယ်။

🤝 ကိုယ်စားလှယ်ပေါင်း ၁၈၀ ကျော် နှင့် နွေဦးရိန်းဂျားများ မှ ခရီးလမ်းဖြောင့်ဖြူးဖို့ အင်အားဖြည့်ကာ ပံ့ပိုးနေကြပါတယ်။

🎁 သန်း ၅၀၀ ဆုကြီးနှင့် အခြား ဆုပေါင်း လေးသောင်း ကျော် ပိုင်ဆိုင်ဖို့ လစဉ် အခွင့်အရေးတွေ ဆက်တိုက် ဖန်တီးပေးနေတဲ့ နွေဦးထီနဲ့ အတူ ပိုမိုသစ်လွင်တဲ့ အနာဂတ်ကို ခုပဲ စတင်လိုက်ပါ။

နွေဦးထီ အကြောင်း ပိုမိုသိရှိရန်
bit.ly/m/NwayOoHti4u

NOH Gift Card ဝယ်ယူရန်
m.me/nwayoohtigiftcard

#NwayOoHti
#WeDreamBold
❤245👍33🥰10🎉5
LUCKY DECEMBER ကံထူးရှင်များ 🎄🏆

@nwayoohti နွေဦးထီ၏ လစဉ် ဆုပေါင်း လေးသောင်းကျော်အပြင် ဒီဇင်ဘာ ၇ မှ၂၄ ရက် အတွင်း နွေဦးထီ ၁၀ စောင် နှင့်အထက် ကံစမ်းသူတိုင်း ပါဝင်ခွင့်ရှိတဲ့ “ဆုထူးဝေဆာ Lucky December” အပိုဆု အစီအစဉ်လေးမှာ အကျုံးဝင်သည့် ထီလက်မှတ် ID စုစုပေါင်း 9538 ခု ရှိသည်ကို လှိုက်လှဲစွာ အသိပေးပါရစေ။

၄င်းတို့ အနက်မှ ဆုငွေ သိန်း ၃၀ ကျပ် (၅) ဦး ၊ $30 နွေဦးဘဏ်ရှယ်ယာ SDB Token (၅) ဦး နှင့် ၃၀၀၀၀ ကျပ် NOH Gift Card (၅) ဦးတို့ကို ဆုအလိုက် အလှည့်ကျ ကျပန်း ရွေးချယ်နိုင်ခဲ့ပါတယ်။

ကံထူးရှင် (၁၅) ဦး ၏ ထီလက်မှတ် ID အသီးသီးကို ကျပန်း ရွေးချယ်သည့် video ကိုလည်း ထုတ်လွှင့် တင်ပြသွားမှာ ဖြစ်ပါတယ်။

💝Lucky December ဆု ဘယ်လိုထုတ်ယူရမလဲ?

✅မိမိ၏ ကံထူးသည့် ထီလက်မှတ် ID နှင့်တကွ Lucky December ဆု အသီးသီးကို ၃ လ အတွင်း ထုတ်ယူနိုင်ပါတယ်။

✅တဆင့်ကံစမ်းသူများအနေဖြင့် သက်ဆိုင်ရာ ကိုယ်စားလှယ် ၊ ရိမ်းဂျားများနှင့် ဆက်သွယ်ပြီး မိမိ၏ SDB အကောင့် UID နှင့် email ကို အတည်ပြုပေးအပ်ရမှာ ဖြစ်ပါတယ်။

✅ကိုယ်တိုင်ကံစမ်းသူများအနေဖြင့် ဆုထုတ်ယူရန် နွေဦးထီ messenger မှတဆင့် ဆက်သွယ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ဆုထူးဝေဆာ ကံစမ်းပါဝင်သူ အားလုံးကို ဂုဏ်ယူရင်း လစဉ် သန်း ၅၀၀ ဆုကြီး ကို ဖွင့်လှစ်မည့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာလည်း ကံထူးရှင်တွေအတွက် ဆက်ပြီး ရင်ခုန်သံတွေ တိုးမြှင့်လိုက်ရအောင်။ 😇

နွေဦးထီ အကြောင်း ပိုမိုသိရှိရန်
bit.ly/m/NwayOoHti4u

NOH Gift Card ဝယ်ယူရန်
m.me/nwayoohtigiftcard

#NwayOoHti
#WeDreamBold
❤202👍28🥰7👏3🎉2
၂၇ ရက်အတွင်း သမိုင်းဝင် ဘုံအောင်မြင်မှု 🚀

နိုဝင်ဘာ ၁၅ မှ ဒီဇင်ဘာ ၁၁ အထိ စုစုပေါင်း ၂၇ ရက် ကျင်းပပြုလုပ်ခဲ့တဲ့ ICO Round 2 အတွင်း အမေရိကန် ဒေါ်လာ သန်းပေါင်း 13.4 M နီးပါး မြှင့်တင်နိုင်ခဲ့ပါတယ်။

ဒုတိယအကြိမ် ICO round 2 ဟာ ICO seed round ပထမအကြိမ်မှာ ရရှိခဲ့သည့် $ 11.85M ထက် 12% ကျော် ပိုမို အောင်မြင်နိုင်ခဲ့တဲ့ ပြည်သူ့အောင်ပွဲ မှတ်တိုင်သစ် ဖြစ်ပါတယ်။

၄င်းရလာဒ်များကို သက်ဆိုင်ရာ အိမ်ပြန်လှိုင်းကဏ္ဍ အသီးသီးမှာ ထိရောက် ကောင်းမွန်စွာ မျှဝေ အသုံးပြုနေပြီ ဖြစ်ကြောင်း လည်း ထပ်လောင်း အသိပေးလိုပါတယ်။

နိုင်ကိုနိုင်ရမယ့် ဘုံယုံကြည်ချက်ကို အတူအပ်နှံထားရင်း မဝေးတော့တဲ့ အဆုံးသတ်ခရီးကို ချီတက် မောင်းနှင် ကြရအောင်။

📲 https://bit.ly/m/SDB4all

#ChooseSDB  
#realbankrealfreedom  
#SpringDevelopmentBank
❤416👏38👍28🥰8🔥5🎉2
ကရင်နှစ်သစ်ကူးနေ့ ဂုဏ်ပြုကြိုဆိုခြင်း

ယနေ့ ကျရောက်တဲ့ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်နှစ်သစ်ကူးနေ့ မှာ ကရင်ပြည်သူလူထုအားလုံးအတွက် မင်္ဂလာအခါသမယ ချစ်စရာ နှစ်သစ်ကို ရောင်စုံရိုးရာ အစဉ်အလာများနှင့်အတူ တရင်းတနှီး ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။

ကရင်အမျိုးသားများနှင့် တိုင်းရင်းသားသွေးချင်းပြည်သူတို့ အားလုံး စည်းလုံးညီညွတ်ကာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်ရေး ဆင်နွှဲနိုင်ဖို့ နွေဦးဘဏ်မှ တောင်းဆု ဆန္ဒပြုပါတယ်။

#KarenNewYear
#realbankrealfreedom
#springdevelopmentbank
#chooseSDB
1❤227👍33🥰9👏4🎉3
တုပ်ချိန်မှန်ကန် Pollen စုရန် 🐝

အချိန်မှန် မတုပ်ဖြစ်ပဲ ဝက်ဝံ ကိုက်ခံရဖူးတယ်ဆိုရင်တော့ တကယ် ဂွကျမယ့် ပျားလေး ဖြစ်နေမယ်နော့်

အိပ်မက်ထဲထိ စွဲနေတဲ့ Pollen မှန်မှန်စုဖြစ်ဖို့ ဒီနည်းလမ်းလေးတွေ အကြံပေးလိုက်ပါတယ်။

🍯 နေ့စဉ် ၂ ကြိမ် (ဥပမာ - မနက် ၉ နဲ့ ည ၉) မှန်မှန်တုပ်နိုင်ဖို့ အချိန် သတ်မှတ်ပါ။

🍯 ကိုယ်မတုပ်ရသေးတဲ့ တာဝန် တွေ ကျန်မကျန်ကို စစ်ဆေးပြီး history မှာ check နှိပ်ပါ။

🍯 တုပ်ချိန်မှန်ဖို့ အတူ သတိပေးမယ့် တုပ်ဖော်တုပ်ဖက် Friend ရှာပါ။

တရေးနိုး ထတုပ် ဒဏ်မှ ကင်းဝေးဖို့ အမြဲအတူရှိမယ့် SpringBees wallpaper လေးတွေကိုလည်း ယူထားဖို့ မမေ့နဲ့နော်။

📱SpringBees Wallpaper ရယူရန်
bit.ly/SpringBeesWallpaper

🎮 SpringBees ကမ္ဘာသို့ ဝင်ရောက်ရန်
bit.ly/SpringBeesBot

#ချစ်ပျားတုပ်ချက် #StinglikeSDBees
#SpringBeesbySDB #chooseSDB
❤211👍35🥰12🔥1
နှစ်သစ်ကံကြမ္မာ ဖန်တီးမယ့် နွေဦးထီ ဖွင့်ပွဲ

ဒီဇင်ဘာလ ၃၁ ရက်နေ့ မြန်မာချိန် ညနေ ၅ နာရီမှာ @nwayoohti နွေဦးထီ အမှတ်စဥ် NOH20241201 ၏ ဖွင့်ပွဲ အခမ်းအနား ဖြစ်မြောက်အောင် အဓိက မီဒီယာ ပါတနာအဖြစ် Public Voice Television နှင့်အတူ အထူးဧည့်သည်တော် ယိမ်းနွဲ့ပါး အဖွဲ့မှ ၂၀၂၅ နှစ်သစ်ကို ကံကောင်းခြင်းများနှင့် ကြိုဆိုနှုတ်ခွန်းဆက်ပြီး ထုတ်လွှင့် တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

အိမ်ပြန်နှစ်သစ် ကံထူးရှင်လောင်းများအတွက် ရင်ခုန်သံများ စည်းချက်ကျအောင် ဓမ္မအလင်း ထွန်းညှိမယ့် မီးခြစ် အဖွဲ့သားများ မှ ကျောချင်းကပ်ပြီး အင်အားဖြည့် သီဆိုဂုဏ်ပြုပေးမှာ ဖြစ်ပါတယ်။

အားလုံးနဲ့ သက်ဆိုင်တဲ့ ဒီအောင်ပွဲကံကြမ္မာကို တွဲလက်များခိုင်မြဲပြီး အတူ ရေးစပ် သီကျူးကြရအောင်။

လစဥ် ကံတရား စိန်ခေါ်ရန်
bit.ly/m/NwayOoHti4u

#WeDreamBold
#NwayOoHti
❤178🥰13👍8🎉5