Spring Development Bank
20.6K subscribers
1.7K photos
85 videos
866 links
Discover the First Neo Bank for Myanmar.
Download Telegram
နွေဦးဘဏ်က ပြောတဲ့ သင့်အကြောင်း 💙🧡

1️⃣ အသက်ကို ၀၀ ရှုပြီး စိတ်ကို တည်ငြိမ်အောင် ထားပါ။

2️⃣ သင်အကြိုက်ဆုံးပုံကို စာတွေ လုံး၀ ဖတ်မကြည့်ဘဲ ရွေးချယ်ပါ။

အကယ်၍ သင့် စိတ်ကူးနဲ့ အဖြေက ကိုက်ညီမှုရှိတယ်ဆိုရင် အခြားသူများလည်း သိအောင် မျှဝေ လိုက်ပါဦးနော်။ 🥰

https://www.facebook.com/SprngDevBank/posts/pfbid02ppWcYvMFXHdjraVvm7utAQwh4RRkANLEn1vH8mv5AWZ8G43r7pew8PsZnsnmqvc2l/
56👍20🥰2
Media is too big
VIEW IN TELEGRAM
🧡 မြန်မာနိုင်ငံ၏ ငွေကြေးစနစ် အစုံလင်ဆုံး ဘဏ် 💙

➡️ နွေဦးဘဏ် အကောင့်ဖွင့်ရန်
https://bit.ly/SDBregister

➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

➡️ SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com
67👍6🥰2
ကုသိုလ်လည်း ရ ဝမ်းလည်း ဝရင်း ပြိုင်တူစုပြီး ပွားများကြမယ်။

နေ့စဉ် ကြိုးစားရှာဖွေထားရတဲ့ ငွေကြေးတွေကို ရင်းနှီး စုဆောင်းပြီး ပိုမိုတဲ့ ဓနအင်အား အဖြစ် အဆ ပမာဏ ပွားများလာချင်ပါသလား။

✔️ နွေဦးဘဏ်ရဲ့ ဘဏ်ဝန်ဆောင်မှုတွေဖြစ်တဲ့ မြန်မာကျပ်အပြင် နိုင်ငံတကာငွေကြေးတွေနဲ့ စာရင်းသေအပ်ငွေ နှစ်စဉ် ၁၁ % အထိ ရရှိနိုင်တဲ့ အတိုးနှုန်း အစီအစဉ်နဲ့ စုဆောင်းလို့ရသလို၊ တပြိုင်နက်တည်းမှာပဲ ကမ္ဘာ့ရွှေစျေးကွက်အတိုင်း ရွှေတိုကင် (Gold Token) ကိုလည်း ဝယ်စုနိုင်ပါသေးတယ် ။

✔️ မကြာခင် လာတော့မယ် နွေဦးဘဏ်ရဲ့ ICO Seed Round မှာလည်း အစုရှယ်ယာတွေ ဝယ်စုဦးမယ် ဆိုရင် သင့်ရဲ့ မူလငွေကြေးပမာဏ ဟာလည်း မပျောက်ပျက်၊ မလျော့နည်းသွားဘဲ အဆပေါင်းများစွာ တန်ဖိုးတက်လာနိုင်သလို

✔️ လက်ရှိ EOD က ဖော်ဆောင်နေတဲ့ နွေဦးပြင်ဦးလွင်ရဲ့ ဖက်ဒရယ် စမ်းရေ စီမံကိန်း တွေမှာပါ နွေဦးဘဏ်က တဆင့် ဝယ်ယူ၊ ရင်းနှီးမြုပ်နှံထားလိုက်မယ်ဆိုရင် အချိန်တစ်ခုရောက်လာတဲ့အခါ ပိုမို ပွားများလာတဲ့ အကျိုးကျေးဇူးတွေအဖြစ် ပိုင်ဆိုင်လာရမှာပါ။

နိုင်ငံ လွတ်မြောက်ရေးအတွက် ရွှေမိုးငွေမိုးတွေ ရွာသွန်းနိုင်အောင် ငွေကြေးစနစ်အစုံလင်ဆုံး နွေဦးဘဏ်မှာ သင့် မိသားစု သူငယ်ချင်းတွေနဲ့ အတူတူ အပြိုင်အဆိုင် စုဆောင်းကြပြီး ပွားများလိုက်ပါ။

________________

🔻 နွေဦးဘဏ် အကောင့်ဖွင့်ရန်
https://bit.ly/SDBregister

🔻 နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

🔻 SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com

#SpringDevelopmentBank
#realbankrealfreedom
#ChooseSDB
Please open Telegram to view this post
VIEW IN TELEGRAM
49👍18👏1
Federal Springs (Pyin Oo Lwin) ဖက်ဒရယ်စမ်းရေ မြေကွက်တွေကို SDB ကနေ ဘယ်လိုဝယ်ယူနိုင်မလဲ။

၁။ SDB မှာ အကောင့်ဖွင့်မယ်။ ၃ မိနစ်အတွင်း အကောင့်ဖွင့်နည်း ဒီမှာရှိတယ်။
https://bit.ly/open-SDB-account-in-3-mins

၂။ SDB ရဲ့ Relationship Manager ကို ဆက်သွယ်ပြီး ငွေသွင်းထားမယ်။ နိုင်ငံအလိုက် ဆက်သွယ်ရမယ် Relationship Managers တွေကို SDB Application ထဲဝင်ပြီး Deposit Money ကို နှိပ်လိုက်တာနဲ့ မြင်ရပြီ။ ဒါမှမဟုတ် currency ၄ မျိုးအလိုက် RM စာရင်း ကို https://bit.ly/SDB-RM က တဆင့် ဆက်သွယ်နိုင်တယ်။

၃။ SDB ရဲ့ RM ရွေးရာမှာ တခါတည်း (EOD) ပါတဲ့ နာမည်ကိုရွေးချယ်ပြီး ငွေကြေး လွှဲပြောင်းတဲ့ ဝန်ဆောင်မှုရော၊ Federal Springs မြေကွက် ဝယ်ယူမှုအတွက်ရော One Stop Service ပေးကြပါလိမ့်မယ်။

၄။ EOD Team ရဲ့ IT System ကလဲ အဆင့်မြှင့်ထားတဲ့အပြင် ဒီနေ့ အောက်တိုဘာ ၇ ရက်နေ့မှာ အရောင်းဖွင့်နေပြီဆိုတော့ ရက်ပိုင်းအတွင်းပဲ မြေပိုင်ဆိုင်မှု အာမခံစာချုပ်လေး စောင့်ယူလိုက်ရုံပါပဲ။

ဖက်ဒရယ်စမ်းရေ စီမံကိန်း အကြောင်း သိကောင်းစရာ -

https://www.facebook.com/EndofDictatorship/posts/pfbid02drgyrzHNZBFPNBka7Ps4FEBHUTsFY9soari4w5nidN5bGFQP8sZqVo4La5TtNWa3l/
52👍17🥰1
ယမန်နေ့ အောက်တိုဘာ ၉ ရက် ည ၁၁ နာရီ အချိန်ခန့် မှာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် ကျေးရွာ စစ်ဘေးရှောင်စခန်းများသို့ အကြမ်းဖက် စစ်ကောင်စီ တပ်များ၏ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား အကြမ်းဖက် လေကြောင်းတိုက်ခိုက်ခဲ့မှု အပေါ် အပြင်းအထန် ရှုတ်ချပါသည်။ ယင်းပစ်ခတ်မှုကြောင့် အပြစ်မဲ့သော ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူအများအပြား ထိခိုက်သေဆုံးမှု အပြင် နေအိမ်ပျက်စီးဆုံးရှုံးမှု ရှိသည့်အတွက် ကချင်သွေးချင်းမောင်နှမများနှင့် ထပ်တူ များစွာ ထိခိုက်နာကျင်ကြေကွဲရပါသည်။

ပြည်သူလူထုအပေါ် လူမဆန်သည့် ရက်စက်မှုများကို စဥ်ဆက်မပြတ် လုပ်ဆောင်နေသည့် ဖက်ဆစ် စစ်တပ် ၏ အာဏာရှင်စနစ်ဆိုးကို မြန်မာပြည်မြေပေါ်မှ အမြန်ဆုံးနှင့် အလုံးစုံ အမြစ်ဖြတ် ပျက်သုဥ်းစေရန် ဦးတည်လျက် ၎င်းတို့ အကြမ်းဖက်မှုများကို ထောက်ပံ့ပေးနေသည့် စီးပွားရေး နဲ့ လက်ဝေခံ ဘဏ္ဍာရေး ထောက်တိုင်များ အား တစစပြိုလဲစေရန် အလို့ငှာ ပြည်သူလူထု တိုင်းရင်းသားအပေါင်း၏ အကျိုးစီးပွားကို ရှေးရှုပြီး နွေဦးဘဏ်မှ အစွမ်းကုန်ကြိုးစားသွားပါမည်ဟု ခိုင်မာစွာ သန္နိဋ္ဌာန်ပြုပါသည်။

တန်ဖိုးမဖြတ်နိုင်သော အသက်အိုးအိမ် ဆုံးရှုံးသွားရသည့် အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူမိသားစုဝင်များ နှင့် ထိခိုက် ဒဏ်ရာရသူများအတွက် အရေးတကြီး လိုအပ်သော အရေးပေါ် ကာကွယ်စောင့်ရှောက်မှုများ၊ ပြန်လည်ကုစားနိုင်ရေးအတွက် သက်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးမှုများ အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကတိပြုပါသည်။
Please open Telegram to view this post
VIEW IN TELEGRAM
👍708👏3🔥1
ပြည်သူလူထုထံ အသိပေးကြေညာချက်📢

လုံခြုံလွတ်လပ်ခြင်းကို ယုံကြည်မြတ်နိုးကြသည့် ပြည်သူလူထု၏ ကြုံတွေ့နေရသော ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ဖြေရှင်းနိုင်ရန် ၊ နိုင်ငံနှင့် လူမှု အကျိုးစီးပွားကို ကာကွယ် တည်ဆောက်နိုင်ရန် ပဓာနထား၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှ စပြီး နွေဦးဘဏ် ရဲ့ UAT Soft Launch (Private Beta) စမ်းသပ်ကာလ ကို စမ်းသပ်အသုံးပြုသူ အကန့်သတ်ဖြင့် စတင်လည်ပတ်ခဲ့သည်မှာ ယနေ့တွင် ရက်ပေါင်း ၈၀ ခန့် ကြာမြင့်ခဲ့ပါပြီ။

အဆိုပါ စမ်းသပ်ကာလ အတွင်း အသုံးပြုသူများနှင့် RMs များ၏ အကြံပေး ကူညီဝန်းရံမှုများကြောင့် ပြင်ဆင်မွမ်းမံမှုများနှင့် အဆင့်မြှင့်တင်မှုများကို စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ထိုမှ တဆင့် တက်ပြီး လူတိုင်း သုံးနိုင်သည့် အခြေအနေ Full Launch အား စတင်တော့မှာဖြစ်ပြီး လက်ရှိ အသုံးပြုနေသော မြန်မာကျပ်၊ ထိုင်းဘတ်၊ အမေရိကန်ဒေါ်လာ၊ စက်ာပူဒေါ်လာ အပြင် အခြားသော နိုင်ငံတကာ ငွေကြေးစနစ် အသစ်များနှင့် ဘဏ်ဝန်ဆောင်မှု အသစ်များကိုလည်း တိုးချဲ့မိတ်ဆက် သွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ထို့ကြောင့် Beta ကာလ အား အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ပြီး အသုံးပြုသူအသစ်များအနေနှင့် စောင့်ဆိုင်းစရာမလိုတော့ပဲ အကန့်အသတ်မရှိ ဘဏ်စာရင်းဖွင့်ကာ ဝန်ဆောင်မှုများကို အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

ယနေ့ လိုင်ဇာ၊ မုန်လိုင်ခက် သတင်းကဲ့သို့ ကြေကွဲရင်နင့်စရာ အဖြစ်ဆိုးမျိုးတွေကို ထပ်မဖြစ်ပေါ်လာအောင် ခိုင်မာတဲ့ သန္နိဋ္ဌာန် ခွန်အားတွေအဖြစ် ပြောင်းလဲပြီး လက်တွေ့ကျတဲ့ ဘဏ္ဍာရံပုံငွေ စုစည်းညီညွတ်မှုတွေ နှင့် တန်ပြန်ချီတက်ပြီး ဘုံရန်သူကို အမြစ် ဖြ-တ် ကြဖို့ ထပ်လောင်း တိုက်တွန်းအပ်ပါသည်။

နွေဦးဘဏ် အကောင့်ဖွင့်ရန်
https://bit.ly/SDBregister

RMs များမှ တဆင့် ငွေသွင်းငွေထုတ်ရန် -
https://bit.ly/SDB-RM

နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com
Please open Telegram to view this post
VIEW IN TELEGRAM
71👍7🔥4🥰2
ကချင်ပြည်နယ် လိုင်ဇာ မုန်လိုင်ခက် စစ်ရှောင်စခန်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အသက်အိုးအိမ် ဆုံးရှုံးသွားရတဲ့ အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူမိသားစုဝင်များ နှင့် ထိခိုက် ဒဏ်ရာရသူများအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် နွေဦးဘဏ် မိသားစုမှ နွေးထွေးမှုတွေနဲ့ အတူ လှူဒါန်းမှုများပြုလုပ်ဖို့ ထည့်ဝင်နိုင်ရန် မတည် ရံပုံငွေ အကောင့် စီစဥ်ဖွင့်လှစ်ထားပါတယ်။

အရေးတကြီး လိုအပ်သော အရေးပေါ် ကာကွယ်စောင့်ရှောက်မှုများ၊ ပြန်လည်ကုစားနိုင်ရေးအတွက် သက်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အလေးပေး ဆောင်ရွက်သွားမှာပါ။ ရရှိလာသော ရံပုံငွေများ အားလုံးကို ပွင့်လင်းမြင်သာစွာ အစီရင်ခံသွားမှာ ဖြစ်ပါတယ်။

အခု အခြေအနေဟာ မြေပြင်ပေါ်က ပြည်သူတွေအတွက် အချိန်နဲ့ အမျှ အရေးကြီးနေတဲ့ အတွက် ကမ္ဘာကြီးက နေစိမ့်ချိန်မှာ နွေဦးဘဏ် အသုံးပြုသူများအနေနဲ့ မတုန့်မဆိုင်းပဲ ပြည်သူ အချင်းချင်းကျောကပ်လက်တွဲလို့၊ လဲသူကိုကူ၊ နာကျင်မှုများကို အတူဝေမျှခံစား ဖေးကူမကြဖို့ နွေဦးဘဏ်မှ မေတ္တာရပ်ခံ လှုံ့ဆော်တိုက်တွန်းလိုက်ရပါတယ်။

SDB Humanitarian Support Fund
username : @sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c2
👍75👏85🥰5🎉1
ကချင်ပြည်နယ် လိုင်ဇာ မုန်လိုင်ခက် စစ်ရှောင်စခန်းမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အသက်အိုးအိမ် ဆုံးရှုံးသွားရတဲ့ အပြစ်မဲ့ ပြည်သူများ၏ ကျန်ရစ်သူမိသားစုဝင်များ နှင့် ထိခိုက် ဒဏ်ရာရသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ဖို့ နွေဦးဘဏ် မိသားစုနှင့် အသုံးပြုသူများမှ နွေးထွေးစွာ ဆုတောင်းမေတ္တာပို့သမှုတွေနဲ့ အတူ ငွေကြေးစုံလင်စွာ ပေးပို့လှူဒါန်းမှုများကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိရပါတယ်။

ယနေ့ အောက်တိုဘာလ ၁၃ (သောကြာနေ့) အထိ အောက်ပါ စာရင်းအသီးသီး အတိုင်း စုစုပေါင်း ပျမ်းမျှ လှူဒါန်းရံပုံငွေ ၁၀,၄၅၂,၀၀၇ ကျပ် (သိန်း ၁၀၀ ဝန်းကျင်) ခန့်ကို ကောက်ခံ ရရှိထားပါတယ်။ လာမယ့် sunday ၁၅ ရက်နေ့ မှာ ကောက်ခံရရှိသော အလှူငွေများကို မြေပြင် အဖွဲ့အစည်းများ သို့ တိုက်ရိုက် ပေးပို့သွားမှာဖြစ်လို့ နွေဦးဘဏ်အသုံးပြုသူများအနေနဲ့ ထပ်မံ လှူဒါန်းလိုပါက အသိမိတ်ဆွေများကိုလည်း တိုက်တွန်းနှိုးဆော် နိုင်ပါကြောင်း အထူး မေတ္တာရပ်ခံလိုပါတယ်။

SDB Humanitarian Support Fund
username : @sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c2
86👍8🔥2🥰2
Media is too big
VIEW IN TELEGRAM
ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်
ဘဏ္ဍာရေး တိုက်ပွဲခေါ်သံ စပါပြီ။
မြန်မာနိုင်ငံ နေရာအနှံ့အပြား မှာ စ-က-စ ရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဒေါက်တိုင်များကို ဖြိုလှဲချဖို့ ဘူးသပိတ်ဆင်နွဲနေချိန် တပြိုင်နက်မှာလည်း ပြည်တွင်းပြည်ပ လူတိုင်းပါဝင်လို့ရသော ဘဏ္ဍာရေးစစ်မျက်နှာပြင် တခုဖြစ်တဲ့ နွေဦးဘဏ်နဲ့အတူ လက်တွဲ တိုက်ပွဲဝင်ကြပါစို့။
82👍19🥰3
အသိပေး ကြေညာချက်

အောက်တိုဘာ ၂၀ (သောကြာနေ့) မှ စပြီး နွေဦးဘဏ်ရဲ့ ပင်မစာမျက်နှာ ဝက်ဘ်ဆိုက်အား အသွင်သစ် အမြင်သစ်နဲ့ ပြင်ဆင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

နွေဦးဘဏ် အသုံးပြုသူများအနေနဲ့ ယခင် beta link အစား အောက်ပါ URL အတိုင်း အောက်တိုဘာ ၂၀ မှ စတင် အသုံးပြုကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

www.springdevelopmentbank.com အဖြစ် စာမျက်နှာသစ်ကုိ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

__________________

➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

➡️ SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com
61👍14🥰2👏2🎉1
ကချင်ပြည်နယ် လိုင်ဇာမြို့ အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအတွက် အောက်တိုဘာလ ၁၀ မှ ၁၅ ရက်အတွင်း နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ စေတနာ ထက်သန်စွာ လှူဒါန်းကြသော လူသားချင်းစာနာမှုဆိုင်ရာ ရံပုံငွေ များကို ပျမ်းမျှ ငွေကျပ် တန်ဖိုး ၁၁,၄၉၁,၅၆၂ နှင့် ညီမျှသော MMK ၃,၈၀၃,၃၀၆.၇၄ ၊ USD ၉၀၁.၂၁၊ SGD ၁,၇၁၀၊ THB ၅၁၄၆.၂၈ နှင့် Gold ၂ အနေဖြင့် ကောက်ခံရရှိခဲ့ပါတယ်။

၎င်း ရံပုံငွေများကို MOHADM လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန မှ တဆင့် မြေပြင်အဖွဲ့အစည်းများအထိ သင့်တော်သည့် လုပ်ငန်းစဥ်များအတိုင်း လှူဒါန်းသုံးစွဲနိုင်ရန် ပထမအသုတ်အဖြစ် နွေဦးဘဏ်အကောင့်ချင်း လွှဲပြောင်းပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

၁၅ ရက်နေ့ နောက်ပိုင်း ကောက်ခံရရှိထားသော ရံပုံငွေ များကို လည်း ဒုတိယအသုတ် အဖြစ် စုစည်းပြီး ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

တော်လှန်ဆီမီး ဆက်လက်ထွန်းညှိရင်း နိုင်ငံနှင့်လူထု လွတ်မြောက်ရေးအတွက် နွေဦးဘဏ်နှင့်အတူ ဆက်လက်ပါဝင် ကြပါဦးစို့။

➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

➡️ SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com
72👍13🥰2
“ဘက်စုံထူးချွန်တဲ့ မိသားစုဝင် အသစ် ၆ ဦး”

မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် အစုံလင်ဆုံးဘဏ်ဆိုတဲ့ အတိုင်း ပြည်ပရောက် တော်လှန်ပြည်သူတို့ တောင်းဆိုမှုနဲ့ အတူ နိုင်ငံတကာ ငွေကြေးကွန်ယက် တိုးချဲ့နိုင်ဖို့ currency အသစ် (၆) မျိုးကို စတင် မိတ်ဆက် အကောင်အထည်ဖော်နေပြီပဲ ဖြစ်ပါတယ်။

နွေဦးဘဏ် ငွေကြေးဝန်ဆောင်မှုစနစ်ထဲမှာ အသစ်ထပ်တိုးလာတဲ့ ငွေကြေးအမျိုးအစားတွေက Australian Dollar (AUD), Malaysian Ringgit (MYR), British Pound (GBP), Euro (EUR), Japan Yen (JPY), Korean Won (KRW) တို့ပဲ ဖြစ်ပါတယ်။

နည်းလမ်းအသွယ်သွယ် ဘက်စုံထူးချွန်တဲ့ မိသားစုဝင်တွေ ရရှိလိုက်သလိုပါပဲနော်။

မကြာခင်မှာ currency အသစ်များနဲ့ စာရင်းသေ အပ်ငွေ ဝန်ဆောင်မှု ပေးနိုင်ဖို့လည်း ကြိုးစားတိုးချဲ့သွားမှာပဲ ဖြစ်ပါတယ်။

➡️ နွေဦးဘဏ် အကောင့်ဖွင့်ရန်
https://bit.ly/SDBregister

➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

➡️ SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com
57👍17🎉8🥰2👏1