Spring Development Bank
✔
20.5K subscribers
1.85K photos
95 videos
916 links
Discover the First Neo Bank for Myanmar.
Download Telegram
🏆 နွေဦးထီ ဆုငွေ ပုံစံအသစ် ပြင်ဆင် သတ်မှတ်ခြင်း 🏆

၂၀၂၄ မတ်လ ၁ ရက်နေ့ မှာ ဆန်းသစ်ဖွင့်လှစ်ခဲ့တဲ့ နွေဦးထီ @nwayoohti version 2 ကို ယနေ့ထိတိုင် ဝန်းရံအားပေးခဲ့တဲ့ အနာဂတ်အိပ်မက် ရဲရဲမက်ကြသူ အယောက်စီတိုင်းကို ကျေးဇူးဂုဏ်ပြုတဲ့ အနေနဲ့ နွေဦးထီ ဆုအရေအတွက်ပေါင်း ကို ယခင် “၂၂,၂၃၈ ဆု” မှ စက်တင်ဘာလ ထီဖွင့်ပွဲတွင် စတင် အသက်ဝင်မည့် “၄၂,၂၂၉ ဆု” အထိ နှစ်ဆ နီးပါး တိုးမြှင့် သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

အသစ်ပြင်ဆင် ပြောင်းလဲထားသည့် ဆုပေါင်း လေးသောင်းကျော်မှာ မဟာဆုကြီးများ ဖြစ်သည့် 🥇ပထမဆု “သန်း ၅၀၀ ကျပ်” ၊ 🥈ဒုတိယဆု “သန်း ၂၀၀ ကျပ်” ၊ 🥉တတိယဆု “သန်း ၁၀၀ ကျပ်” နှင့် 🏅အထူးဆု Jackpot Prize “သန်း ၅၀ ကျပ်” ကို မူလအတိုင်း မပြောင်းလဲပဲ ထားရှိမှာ ဖြစ်ပါတယ်။

🎖️ဂုဏ်ပြုဆုများတွင် ပထမဆုနှင့် နောက်ဆုံး နံပါတ်လွဲသည့် Lucky Prize “သိန်း ၁၀၀ ကျပ်” ကံကောင်းဆု (၉) ဆု မပါရှိတော့ပဲ Gift Prize “သိန်း ၅၀ ကျပ်” လက်ဆောင်ဆု (၁၀) ဆု နှင့် Consolation Prize “သိန်း ၂၀ ကျပ်” နှစ်သိမ့်ဆု (၁၅) ဆု ကို မူလအတိုင်း ထားရှိမှာ ဖြစ်ပါတယ်။

🏵️ နွေဦးထီတွင် ဂဏန်းတူ ပျော်ရွှင်ဆုများကို မဟာဆုများနဲ့ နောက်ဆုံးဂဏန်းများ နှင့် လုံးဝ မတူပဲ သီးခြားဆု အဖြစ် ပေးအပ်ချီးမြှင့် လျက်ရှိပါတယ်။

4️⃣နောက်ဆုံး (၄) လုံးတူ “Last 4 Digits” ဆု အား အရေအတွက် ၂၀၀ အတိုင်း ထားရှိပြီး ဆုငွေ ပမာဏအားဖြင့် ၁ သိန်း ကျပ် မှ ၃ သိန်း ကျပ် အဖြစ် တိုးမြှင့် သတ်မှတ်မှာ ဖြစ်ပါတယ်။

3️⃣နောက်ဆုံး (၃) လုံးတူ “Last 3 Digits” ဆု ၏ အရေအတွက် ကို ၂,၀၀၀ အတိုင်းထားရှိပြီး ဆုငွေ ပမာဏအားဖြင့် ၃ သောင်း ကျပ် မှ ၅ သောင်း ကျပ် အဖြစ် ပြင်ဆင် သတ်မှတ်မှာ ဖြစ်ပါတယ်။

2️⃣နောက်ဆုံး (၂) လုံးတူ “Last 2 Digits” ဆု၏ ဆုငွေ ပမာဏအား ၅ ထောင် ကျပ် မှ ၁ သောင်း ကျပ် အထိ တိုးမြှင့်ထားတဲ့အပြင် ထပ်တိုး နောက်ထပ် (၂) လုံးတူ ဆုအား တိုးချဲ့ထည့်သွင်းပြီး စုစုပေါင်း အရေအတွက် နှစ်ဆ အဖြစ် ၄၀,၀၀၀ ဆု အထိ ချီးမြှင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။

နွေဦးထီ ဆုငွေ ပုံစံအသစ် နှင့်တကွ လွယ်ကူစွာ ငွေဖြည့်ပြီး ကံစမ်းနိုင်ဖို့ NOH Gift Card လက်ဆောင်ကဒ် ၊ နွေဦးရိမ်းဂျား အစီအစဉ်များနှင့် အခြားသော ပိုမိုကောင်းမွန်သည့် Product များလည်း မကြာမီ ရောက်ရှိလာမည်ဖြစ်လို့ ပြည်သူအားလုံးရဲ့အိမ်ပြန်ခရီးအတွက် အိပ်မက်သစ်တို့ မက်ကြရအောင်။

🎁နွေဦးထီ အကြောင်း ပိုမိုသိရှိရန်
https://bit.ly/m/NwayOoHti4u

#NwayOoHti
#WeDreamBold
❤79👍17🥰2
ငွေကြေး (၇)သွယ်၊ ကံစမ်းမယ် 🎰

အောင်လံလွှင့်ချီ နွေဦးထီ ရဲ့ "ငွေကြေး ဆယ်မျိုး၊ ထီပြိုင်ထိုး" Challenge ကြီးကို (၆)လ တိတိ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် ယခု စက်တင်ဘာလမှာတော့ ကံတက်စေမယ့် ဂဏန်းနံပါတ်လေးအတိုင်း ငွေကြေး (၇) သွယ်နဲ့ ကံစမ်းနိုင်မယ့် အစီအစဥ်လေး အဖြစ်ပြောင်းလဲထားပါတယ်။

ဒီ Challenge လေးမှာ ပါဝင်နိုင်ဖို့ အတွက် စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း AUD, EUR, GBP, THB, KRW, JPY, MYR အစရှိတဲ့ ငွေကြေး (၇) သွယ်ကို အသုံးပြုပြီး စိန်ခေါ် ကံစမ်းရမှာဖြစ်လို့ မိမိနှစ်သက်ရာ ထီအစောင်ရေများနဲ့လည်း ကံစမ်းနိုင်ပါတယ်။

ကံတရားကို နည်းအမျိုးမျိုးနဲ့ စမ်းသပ်နေကြတဲ့ NOH ချစ်သူ တဦးချင်းစီ ကို သန်း (၅၀၀) နှင့်တကွ မဟာဆုကြီးများ ကံထူးကြစေရန် အစဥ်မျှော်လင့်ပြီး ဘေးဘယာအပေါင်းမှကင်းဝေးကြပါစေလို့လည်း လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုပါတယ်။

ပိုပိုကံစမ်းပြီး ပိုပိုလှူဒါန်း ကြပါစို့။

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
❤49🥰3
နွေဦးဘဏ်အကောင့် ရှိပြီးပြီလား ?

ပိတ်ပင်တားဆီးမှုတွေကြားမှာ စနစ်တကျနဲ့ အပြန်အလှန် ကူညီချိတ်ဆက်လုပ်ဆောင်နေကြတဲ့ ပြည်သူ့ဘက်တော်သား မောင်နှစ်မများနဲ့ အဖွဲ့အစည်းများကို နွေဦးဘဏ်မှာ အကောင့်ဖွင့်ထားဖို့ ဖိတ်ခေါ်ပါရစေ။

နွေဦးဘဏ်မှာ အကောင့် အခမဲ့ ဖွင့်ထားလိုက်ရုံနဲ့
✅ ပမာဏအကန့်အသတ်မရှိ လက်ခံနိုင်တယ်
✅ အချင်းချင်း အခမဲ့ ပြန်လည်လွှဲပြောင်း ပေးပို့နိုင်တယ်
✅ နိုင်ငံတကာမှ ငွေကြေး (၁၀)မျိုးနဲ့လည်း စီမံခန့်ခွဲနိုင်တယ်
✅ Notes မှာ မိမိစိတ်ကြိုက်လည်း ရေးသား ပေးပို့နိုင်တဲ့အပြင်
✅ ပိတ်ပင်ခံရမှာကို စိုးရိမ်ပူပန်စရာမလိုပဲ လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

အခုလို အခမဲ့ငွေလွှဲစနစ် နဲ့ ငွေကြေးအစုံရှိတဲ့ နွေဦးဘဏ်ကို အသုံးပြုပြီး ပြည်သူမှ ပြည်သူသို့ လူသားချင်းဆိုင်ရာ ကူညီမှုများကို စိတ်လုံခြုံ လွတ်လပ်စွာ ပြုလုပ်လိုက်ရအောင်။

နွေဦးဘဏ် - ပြည်သူ့ဘဏ်။

✨SDB အကောင့်ဖွင့်လိုသူများအတွက်
📲 Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

📲 iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
❤55👍6
နွေဦးဘဏ်ချစ်သူတို့၏ ကျပ် သန်း ၂၄၀ ကျော် စုပေါင်း ရန်ပုံငွေ ✅

ရေဘေး၊ စစ်ဘေးသင့် ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ ၁၂ မှ ၂၁ အထိ (၁၀) ရက်အတွင်း ကောက်ခံရရှိသည့် ရန်ပုံငွေများကို Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ စုစုပေါင်း ငွေကျပ် တန်ဖိုး ၂၄၀,၈၇၇,၀၇၇ (ကျပ် သိန်းပေါင်း ၂၄၀၀ ကျော်) ကို (၃) ကြိမ် ခွဲ၍ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

၂၁ ရက်နေ့ နောက်ပိုင်း ထပ်မံ ရရှိမည့် အလှူငွေများကိုလည်း စုစည်းပြီး စက်တင်ဘာ လကုန်တွင်ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

တိုင်းပြည် ကပ်ဘေးကြုံတွေ့ချိန်တိုင်း ပြည်တွင်းပြည်ပ နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ ရွှေအပါအဝင် နိုင်ငံတကာငွေကြေးများဖြင့် အုတ်တချပ်သဲတပွင့် ထည့်ဝင် လှူဒါန်းကြသည့် အယောက်ဆီတိုင်းရဲ့ စုပေါင်းအင်အားကို ဂုဏ်ယူပီတိ ဖြစ်ကြမယ်လို့လည်း ယုံကြည်ပါတယ်။

လွတ်မြောက်နယ်မြေရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ အနေဖြင့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ ကောက်ခံမြှင့်တင်ခြင်း ၊ ဖြန့်ဝေစီးဆင်းခြင်း ကိစ္စများအတွက် ငွေကြေးစုံလင်သည့် နွေဦးဘဏ်ကို အသုံးပြုနိုင်ကြောင်း ဖ်ိတ်ခေါ် တိုက်တွန်း အသိပေးအပ်ပါတယ်။

အိမ်ပြန်လှိုင်းကို နွေဦးဘဏ်နှင့်အတူ ဆက်ချီတက်ကြရအောင်။

🫶အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
❤60👏8👍4🎉3
“ကြိုက်ရာငွေကြေး လုံခြုံစွာ စုဆောင်းပါ”

သင့် ဥစ္စာဓနများကို ရေ၊ လေ၊ မီး၊ သူခိုး၊ ဓားပြ၊ စကစ စသော ဘေးအန္တရာယ်များမှ ကာကွယ်ဖို့ နွေဦးဘဏ် SDB မှာ အကောင်းဆုံးသော လုံခြုံရေး အာမခံချက် ရရှိနိုင်ပါတယ်။

နိုင်ငံခြားငွေကြေး (၁၀) မျိုး ငွေစုခြင်းလုပ်ငန်းစဉ်များကို အလွယ်တကူ နည်းလမ်း (၂) ခု နှင့် သင့်အိတ်ကပ်ထဲက မီးခံသေတ္တာ သဖွယ် စီမံနိုင်ပါတယ်။

Fixed Deposit – အတိုးနှုန်းများနှင့် အပ်နှံ ကာလလိုက် တိုးရင်းပေါင်း ရရှိခြင်းနဲ့

Multi Saving - ငွေကြေးစုံလင်စွာ အချိန်အကန့်သတ်မရှိ သိမ်းဆည်းနိုင်ခြင်း ပဲဖြစ်ပါတယ်။

အချိန်အခါ၊ နေရာမရွေး အသုံးပြုနိုင်သော SDB မှာ မိမိနှစ်သက်တဲ့ ငွေကြေးတွေကို လဲလှယ်ပြီး လုံခြုံစိတ်ချစွာ သိမ်းဆည်းလိုက်ကြပါစို့။

အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
❤45👍8👏5
“အနာဂတ်အတွက် ရင်းနှီးမြုပ်နှံ နွေဦးဘဏ်”

ရန်သူမျိုးငါးပါး အပြင် မတရားသဖြင့် ချိတ်ပိတ်နေသူတို့လက်ထဲမှာ မိမိတို့ရဲ့ ချွေးနှဲစာ၊ ဥစ္စာဓနပိုင်ဆိုင်မှုများ မပျောက်ပျက်အောင် ဘယ်လိုလုပ်ရမလဲ စိုးရိမ်နေသူတို့အတွက် နွေဦးဘဏ်မှာ အကောင်းဆုံးရင်းနှီးမြုပ်နှံစုဆောင်းမှုများ ပြုလုပ်နိုင်ကြောင်းကို မျှဝေပေးပါရစေ။

နွေဦးဘဏ်မှာ အကောင့် တစ်ခုကို အခမဲ့ဖွင့်ထားရုံနဲ့

✅ ငွေကြေး (၁၀)မျိုး နဲ့ ငွေစုပြီး Fixed Deposit အပ်နှံကာ အတိုးယူနိုင်သလို၊
✅ ကမ္ဘာ့ရွှေစျေး အတက်အကျပေါ်မူတည်ပြီး Digital Gold Token အရောင်းအဝယ်များ ပြုလုပ်နိုင်တဲ့အပြင်၊
✅နွေဦးဘဏ်ရဲ့ အသစ်အသစ်လာမယ့် ရင်းနှီးမြုပ်နှံမှုများမှာလည်း ပါဝင်နိုင်ပါတယ်။

အနာဂတ်အသစ်မှာ ပိုင်ဆိုင်မှုတွေ ပိုမိုပွားများနိုင်ဖို့ နွေဦးဘဏ်မှာ အကောင့်ဖွင့်ပြီး စုဆောင်းလိုက်ကြရအောင် 💪

စု၊ ဆောင်း၊ မြုပ်နှံ ပြည်သူတို့အတွက် နွေဦးဘဏ်

✨SDB အကောင့်ဖွင့်လိုသူများအတွက်
📲 Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

📲 iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
❤45👍3
✨ á€œá€­á€Żá€Ąá€•်ခဝက်တိုင်း အစုံလင်ဆုံး - SDB ကိုလူတိုင်းသုံး

ငွေကြေးရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို နေ့စဥ်ဘဝမှာ ပိုမိုလွယ်ကူစွာ ပြုလုပ်နိုင်ဖို့ နွေဦးဘဏ် ရဲ့ဝန်ဆောင်မှုများကို အသုံးပြုနိုင်ပါတယ်။ 💸

▪️Multiple Currencies - နိုင်ငံတကာ ငွေကြေး(၁၀)မျိုး နဲ့ လွှဲပြောင်း၊ စုဆောင်းပြုလုပ်နိုင်တယ်။
▪️Deposit/ WIthdrawal - RM များနဲ့ချိတ်ဆက်ပြုလုပ်မလား၊ ကိုယ်တိုင်ပဲ USDT နဲ့ polygon network မှ တဆင့် အသွင်းအထုတ်ပြုလုပ်မလား အဆင်ပြေပါတယ်။
▪️ Transfer - အခမဲ့ဝန်ဆောင်မှုနဲ့ တောင်ပံဖြန့်သလို စိတ်ကြိုက် လွှဲပြောင်း၊ လက်ခံနိုင်ပါတယ်။
▪️ Fixed Deposit - ငွေကြေး (၁၀)မျိုး အပြင် ရွှေကိုပါ ရက် ၃၀ မှစတင်ပြီး အတိုးယူဖို့ အပ်နှံနိုင်ပါတယ်။
▪️ Gold Token - ကမ္ဘာ့ရွှေစျေးနဲ့အညီ Digital Gold များကို စိတ်ကြိုက် ဝယ်ယူ/ရောင်းချ နိုင်ပါတယ်။

ဒီလို ဝန်ဆောင်မှုတွေ အပြင်
▪️ Support - ပြည်သူ့ဘဏ် - နွေဦးဘဏ်နဲ့ဆို ဘာကိုမှ စိတ်ပူစရာမလို လုံခြုံစိတ်ချစွာလည်း ပေးပို့နိုင်ပါတယ်။
▪️Nway Oo Hti - သန်း (၅၀၀) ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေကို နွေဦးဘဏ်မှာ ငွေဖြည့် ကံစမ်းနိုင်ပါတယ်။

ဒါပဲလားဆိုတော့ မဟုတ်သေးပါဘူး။ 🤔

မကြာမီ ထပ်မံတိုးချဲ့လာမည့် ဝန်ဆောင်မှုအသစ်တွေကို ရယူဖို့ နဲ့ ခေတ်သစ်ဘဏ္ဍာရေးကဏ္ဍမှာပါ ပါဝင်စီးမျောနိုင်ဖို့ နွေဦးဘဏ်အကောင့်တစ်ခုဖွင့်ထားပြီး အတူတကွ ကြိုဆိုလိုက်ရအောင်။ 💪

ပြည်သူ့ဆန္ဒ ပြည့်စေမည် - အားလုံးအတွက် SDB။

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
❤44👍16🥰2
💰😍 သန်း (၅၀၀) စုဆောင်းနိုင်ဖို့ရာ နွေဦးဘဏ်နဲ့ ကံစမ်းပါ။ 💰

နွေဦးဘဏ်မှာ အကောင့်ဖွင့်ပြီး ငွေကြေး (၁၀)မျိုးနဲ့ ငွေစု၊ ရွှေဝယ် ပမာဏအများကြီးပြုလုပ်ချင်တဲ့ နွေဦးဘဏ်ချစ်သူတွေကတော့ စက်တင်ဘာ လကုန်ရက်ကို ကြိုတင်ရင်ခုန်နေကြပါပြီ။

တစ်စောင်ကို ၂၀၀၀ ကျပ်နဲ့ Nway Oo Hti ဝယ်ယူပြီး သန်း (၅၀၀) ပိုင်ဆိုင်ခဲ့မယ်ဆိုရင် ရွှေငွေစုဆောင်း အတိုးယူနိုင်ရုံတင်သာမက မကြာခင်လာမယ့် ရင်းနှီးမြုပ်နှံမှုတွေမှာလည်း ပါဝင်ဆင်နွဲနိုင်မှာ ဖြစ်ပါတယ်။

ကဲ ပြောနေရင် နောက်ကျနေမယ်၊ ခုပဲ နွေဦးဘဏ်မှာ ငွေဖြည့်ပြီး စတင်လိုက်တော့နော်။


🎲နွေဦးထီ အကောင့်ဖွင့်နည်း
- https://bit.ly/NOHregistration

🎲နွေဦးထီ အကောင့်ငွေဖြည့်နည်း - https://bit.ly/NOHdeposit

🎲နွေဦးထီထိုးနည်း
- https://bit.ly/playNOH

#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
❤47👍2👏2
မျှဝေမှုများစွာ နွေဦးဘဏ်နှင့် အောက်တိုဘာ 🌟

နွေဦးဘဏ်ကို ချစ်ခင်အသုံးပြုကြသူများ နဲ့ အစုရှယ်ယာ token ပိုင်ဆိုင်ထားသူ များ အတွက် ပျားသကာလို ချိုမြိန်ပျော်ရွှင်မှုတွေ မျှဝေသွားမယ့် အစီအစဉ်သစ်တွေက အောက်တိုဘာလ မှာ စောင့်ကြိုနေပါတယ်။ 🐝

မကြာမီ သီတင်းကျွတ်ကာလအတွင်းမှာ အောင်မြင်မှုသတင်းကောင်းများစွာလည်း ရောက်ရှိလာမည်ဖြစ်တဲ့အတွက် SDB အကောင့်မရှိသေးသူများလည်း အကောင့်ဖွင့် ငွေသွင်းပြီး အားတင်း စောင့်မျှော်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 😇

🫶အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#chooseSDB
#SpringDevelopmentBank
#RealBankRealFreedom
❤58👍1
နွေဦးထီ ဖွင့်ရန် (၁)ရက် အလို! 😱

မဟာကံကောင်းခြင်းတွေရရှိဖို့ ကံကြမ္မာက မိမိလက်တစ်ကမ်းမှာပဲ ရှိနေနိုင်ပါတယ်နော်။

နွေဦးထီရဲ့ တိုးမြှင့်ပေးထားတဲ့ ဆုပေါင်း လေးသောင်းကျော်မှာ သန်း ၅၀၀ ပထမဆုကြီးအပြင် သန်း ၂၀၀၊ သန်း ၁၀၀၊ သန်း ၅၀ နဲ့ အခြားဆုတွေလည်း ကံထူးနိုင်တာပါ ။

နောက်ကျမခံဘဲနဲ့ သင့်စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ အခုပဲ @nwayoohti ကံစမ်းလိုက်ပါ။

Nway Oo Hti ကို ပိုမိုလေ့လာရန် ~
https://bit.ly/m/NwayOoHti4u


#WeDreamBold
#NwayOoHti
❤48👍8
သိန်းပေါင်း ၁၄၉၀၀ ထီဖွင့်ပွဲ အခမ်းအနား 👑

ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မြန်မာချိန် ညနေ ၅ နာရီ မှာ နွေဦးထီ အမှတ်စဥ် NOH20240901 ၏ ဖွင့်ပွဲ ပုံစံသစ် ကို အွန်လိုင်းမှတဆင့် နိုင်ငံတကာ ကိုယ်စားလှယ်များမှ ကူညီ အားဖြည့်ပြီး မိဘပြည်သူရင်ခွင်သို့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

▶️ ယနေ့ ဖွင့်ပွဲကို PVTV မှ main media partner အဖြစ် ပါဝင် တင်ဆက်ပေးမှာ ဖြစ်တဲ့ အပြင် နွေဦးထီ ၊ SDB ၊ NOH Gift Card page မှ တိုက်ရိုက် LIVE ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

အိမ်ပြန်ခရီးအတွက် အိပ်မက်သစ်တို့ မက်ကြရအောင်။ 🏠

#NwayOoHti
#WeDreamBold
❤53👍11
ဆန်းသစ်မှုခြေလှမ်းများစွာဖြင့် အောင်လံလွှင့်ချီ နွေဦးထီ

နွေဦးထီ 2.0 ကို ၆ လတာ အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီးနောက် ယခု စက်တင်ဘာလ မှာ ဆန်းသစ်မှုများစွာကို အောက်ပါအတိုင်း ထပ်မံ ခြေလှမ်းချီတက် လျက် ရှိပါတယ်။ 🚩

🏆 @nwayoohti နွေဦးထီကို ကံစမ်းပါဝင်သူတိုင်း နှစ်ဆ ပျော်ရွှင်ရင်ခုန်စေဖို့အတွက် လက်ရှိ ဆုချီးမြှင့်နေတဲ့ပုံစံကို ဆုအရေအတွက်ပေါင်း ၄၂၂၂၉ နဲ့ တန်ဖိုး သိန်းပေါင်း ၁၄,၉၀၀ ကျပ် အထိ တိုးမြှင့်ပြီး ပြောင်းလဲ ပြင်ဆင်ထားပါသေးတယ်။

🤝 လက်ရှိမှာ နိုင်ငံတကာ ကိုယ်စားလှယ်ပေါင်း ၁၈၀ ကျော်က နွေဦးထီကို ကူညီရောင်းချပေးနေပြီး ဓမ္မဘက်မှာ ရပ်တည်နေတဲ့ အလွှာအသီးသီးက မိဘပြည်သူတို့အတွက် တဖက်တလမ်းက အပိုဝင်ငွေ ရရှိနိုင်တဲ့ နွေဦးရိမ်းဂျား အစီအစဥ်ကလည်း အင်အားခြေလှမ်းတရပ်အဖြစ် ပိုမို အသက်ဝင်စေပါတယ်။

လစဥ် နိုင်ငံ့ဂုဏ်ဆောင် ကံစမ်းပြီးတိုင်း ဆုငွေ ချက်ချင်းပိုင်ဆိုင်နိုင်တဲ့ နွေဦးထီမှ ဖိတ်ခေါ်နေတာကြောင့် အခုပဲ SDB နဲ့ ငွေသွင်း (သို့) NOH Gift Card သုံးပြီး လက်မနှေးပဲ ရင်ခုန်ခြေလှမ်းလိုက်ရအောင်။

🎰နွေဦးထီ အကြောင်း ပိုမိုသိရှိရန်
https://bit.ly/m/NwayOoHti4u

#NwayOoHti
#WeDreamBold
❤54👍11🥰2🎉1
SDB နဲ့ USDT ငွေသွင်း/ထုတ်ပြုလုပ်ပါ။

နွေဦးဘဏ်မှာ RM များနှင့် ချိတ်ဆက်ပြီး ငွေသွင်း/ထုတ် လုပ်နိုင်တဲ့အပြင် ခရစ်ပတို ငွေကြေးများနဲ့လည်း ခေတ်မီစွာ အလွယ်တကူ ငွေသွင်း ငွေထုတ် အသုံးပြုနိုင်ပါတယ်နော်။

Binance အပြင် Bybit နှင့် Bitget App များရဲ့ P2P မှာ SDB Payment နှင့် ငွေလွှဲလို့ရနေပြီဖြစ်လို့ USDT ဝယ်/ရောင်း လုပ်မယ်ဆို SDB ကို သတိရလိုက်ပါနော်။

Blockchain နည်းပညာနဲ့ခေတ်မီတာ ပြည်သူများရဲ့ နွေဦးဘဏ်ပါ။

➡️ (Android 10+) application ရယူရန်
https://bit.ly/SDBandroidapp

➡️ ( iOS 13+ ) iOS application ရယူရန်
https://bit.ly/SDBiOSapp

#ChooseSDB
#realbankrealfreedom
#springdevelopmentbank
Please open Telegram to view this post
VIEW IN TELEGRAM
❤51👍1
🤝 အမြဲအတူရှိနေဖို့ SDB နဲ့ လက်တွဲကူစို့။

ကမ္ဘာ့နေရာအနှံံ့အပြားမှာ ရောက်ရှိနေတဲ့ တိုင်းပြည်ကို ချစ်ခင်မြတ်နိုးတဲ့သူတိုင်း နွေဦးဘဏ်ကို အသုံးပြုပြီး မြေပြင်ကိုတိုက်ရိုက် ကူနေ၊ လှူလျက်ရှိပါတယ်။

နှုတ်ခမ်းနီလား၊ နာနတ်သီးလား၊ အနွေးထည်လား၊ မိုးကာလား၊ ရေဘေးလား၊ အာဏာရှင်ဘေးလား ဒီလို အကြောင်းအရာတိုင်းအတွက် နွေဦးဘဏ်ရဲ့ ငွေကြေး (၁၀)မျိုးကိုအသုံးပြုပြီး အချိန်မရွေး၊ နေရာဒေသမရွေး လွှဲပြောင်းပေးပို့နိုင်တာဖြစ်လို့ မိမိစိတ်ကြိုက် စီမံခန့်ခွဲရုံပါပဲ။

ပေးပို့ချင်တဲ့ အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်များထံမှ နွေဦးဘဏ် Scan လေးတောင်း၊ ပေးပို့လိုသော ပမာဏကိုဖြည့်၊ Notes မှာ ချစ်ခြင်းနဲ့ရေးသားထားတဲ့ စာတိုလေးတွေရေးပြီး ပို့လိုက်ရုံပါပဲနော်။
အခမဲ့လွှဲပြောင်း ပေးပို့ကူ၊ နွေဦးဘဏ်နဲ့ အမြဲအတူ။

(SDB အသုံးပြုနေတဲ့ ကမ်ပိန်းများစာရင်းလည်း ဒီလင့်လေးရဲ့ ကွန်မန့်မှာရှိတယ်နော်)
https://www.facebook.com/share/p/4KhQEKTphjRocQwe/

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
❤55👍2
📲 သင့်ဖုန်းထဲက နွေဦးဘဏ်

ဖိနှိပ်ချုပ်ချယ်မှုကင်းတဲ့ ဘဏ်စနစ်ကိုအသုံးပြုခွင့်ဟာ ပြည်သူအားလုံးနဲ့ထိုက်တန်ပါတယ်။

မြန်မာကျပ် အပါအဝင် နိုင်ငံတကာ ငွေကြေး (၁၀) မျိုး စုံလင်လှတဲ့အပြင်၊ လွတ်လပ်လုံခြုံစိတ်ချစွာ ငွေလွှဲခြင်း၊ ငွေစုခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုများ သာမက များစွာသော ပျော်ရွှင်စရာ အစီအစဉ်အသစ်များကို SDB App Download ဆွဲပြီး သင့်ဖုန်းထဲမှာလွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

လှပကောင်းမွန်တဲ့အနာဂတ်ကို SDB App နဲ့အတူ စတင်လိုက်ပါ။

ပြည်သူ့ဘဏ်စစ်စစ် နွေဦးဘဏ်ကို Download ယူရန်

📲 Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

📲 iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
❤51👍9
🛍️SDB နဲ့ Shopping ထွက်ကြမယ်။

ဟုတ်ပါတယ်။ နွေဦးဘဏ်နဲ့ ခေတ်မီစွာ စျေးဝယ်ထွက်လို့ရပါပြီ။

နွေဦးဘဏ်မှာအကောင့်တစ်ခု အခမဲ့ရှိရုံနဲ့ ပြည်သူ့ဘက်ရပ်တည်တဲ့ နွေဦးစျေးဆိုင်၊ အွန်လိုင်းစျေးဆိုင်များထံမှ မိမိနှစ်သက်တဲ့ ပစ္စည်းတွေကို လုံခြုံ၊ လျင်မြန်စွာ ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် ငွေကြေး (၁၀)မျိုးနဲ့ ပါ အပြန်အလှန် လဲလှယ် အသုံးပြုနိုင်တော့ ဘာငွေကြေးနဲ့ပဲ​ဝယ်ဝယ် အဆင်ပြေပြီပေါ့နော်။

ဝယ်ယူလိုတဲ့ ပစ္စည်းလေးတွေကို ရွေးချယ်၊ SDB Account Username/ QR/ UID လေးတောင်းပြီး ဖုန်းထဲမှာတင် တချက်နှိပ်လိုက်ရုံနဲ့ စျေးဝယ်ခြင်း အနုပညာ အောင်မြင်သွားပါပြီ။

ဒါဆို.... ဘာကြောင့်ပဲ လွှဲလွှဲ SDB နဲ့လွှဲ။ ဘာကိုပဲဝယ်ဝယ် SDB နဲ့ဝယ်။ 🥳

📲 Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

📲 iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
❤68👍6👏3
🪄 နွေဦးဘဏ်ကို နေ့စဥ် အသုံးပြုဖြစ်ပြီလား ?

နွေဦးဘဏ်အကောင့်ကို နေ့စဥ်ဘဝမှာ ဘာအတွက် အသုံးပြုဖြစ်လဲ​ ? ဘယ် Function ကို အသုံးပြုရတာ သဘောအကျဆုံးလဲ ? ဘယ်လို ဝန်ဆောင်မှုတွေ ထပ်ပြီး မျှော်လင့်ဖြစ်လဲဆိုတာ ကွန်မန့်မှာ မျှဝေပြီး နွေဦးထီ GIft Card လေးတွေ လက်ဆောင်ယူရအောင်။

အောက်တိုဘာ (၅)ရက်နေ့မှ (၉)ရက်နေ့၊ ညနေ (၆)နာရီ အတွင်း ကွန်မန့်မန့်ပါဝင်သူများထဲမှ နွေဦးဘဏ်ချစ်သူ ဦးရေ (၂၀)ကို ရွေးချယ်ပြီး သန်း (၅၀၀) ကံထူးသွားနိုင်မယ့် Nway Oo Hti ဝယ်ယူဖို့ NOH Gift Cardလေးတွေ လက်ဆောင်ပေးသွားမှာ ဖြစ်လို့ ကွန်မန့်မန့်ဖို့နောက်မကျနဲ့နော်။

ငွေကြေးစီမံခန့်ခွဲရန်၊ ပြည်သူ့တို့အတွက် နွေဦးဘဏ် ✨
https://www.facebook.com/groups/sdbforall

#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
❤57👍8