Spring Development Bank
21.1K subscribers
2K photos
111 videos
980 links
Discover the First Neo Bank for Myanmar.
Download Telegram
"ခေတ်သစ် ဘဏ္ဍာရေး ၀ရဇိန်"

ခေတ်စနစ် အဟောင်းကနေ ခေတ်စနစ် အသစ်ကို ပြောင်းလဲဖို့ လျှောက်လှမ်းနေတဲ့ အခုလို တော်လှန်ကာလမှာ "နွေဦးဘဏ်" ဆိုတာ

➡️ မြန်မာနိုင်ငံရှိ ပြည်ထောင်စုသားများရဲ့ ကြုံတွေ့နေရသော ငွေကြေးဆိုင်ရာ အခက်အခဲမှန်သမျှ ကို ရင်ဆိုင် ကျော်လွှား နိုင်ဖို့ ၊ လာမယ့် မျိုးဆက်သစ်တို့ ရဲ့ အနာဂတ် ခေတ် အတွက် ဘဏ္ဍာရေးဆိုင်ရာ ယန္တရား အသစ်တွေ၊ အခွင့်အလမ်း အသစ်တွေ ဖန်တီး နိုင်ဖို့ ပေါ် ပေါက်လာခဲ့ခြင်းဖြစ်သလို

➡️ အမှောင်ကို ခွင်း အလင်းကို ဆောင်ရင်း ဖက်-ဆစ်-တပ် သရဲစိမ်းတို့ရဲ့ ဝင်ငွေရလမ်း အသက်ရှု ပေါက် များကို တစစနဲ့ အမြစ် ဖြတ် ချေ မှုန်း ဇီဝိန်ချွေ သွားမယ့် ပြည်သူ့ အားအင် ခေတ်သစ် ဘဏ္ဍာရေး ၀ရဇိန် လည်း ဖြစ်ပါတယ်။
________

တော်လှန်ပြည်သူ တို့လည်း နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများကို ခေတ်သစ် ဘဏ္ဍာရေး ၀ရဇိန် ကိုင်ဆွဲနိုင်ဖို့ အတွက် နွေဦးဘဏ်မှာ စာရင်း သွင်းကြဖို့ နှိုးဆော် ပါဝင်လိုက်ပါ။

⬇️ (အောက်ပါ link ကို copy ပြီး browser တွင် ဖွင့်ပါ)
https://beta.springdevelopmentbank.com/register

#SpringDevelopmentBank
#realbankrealfreedom
#MyanmarSpringRevolution
👍6229🎉2👏1👌1
သင့်အနာဂတ် မျိုးဆက် ဘဏ္ဍာစီမံရေး၏ အဓိက သော့ချက်

💭 နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများ နဲ့ ငွေကြေးဖောင်းပွမှု တွေကြားမှာ မိသားစု အနာဂတ် ကောင်းစားရေး အတွက် စိုးရိမ်ပူပန် ကြောင့်ကြမှုတွေ ရှိနေပြီလား။

သင်နဲ့ နောင်လာမယ့် သင့်မျိုးဆက် မိသားစုရဲ့ အနာဂါတ် ဘဏ္ဍာရေးအတွက် ငွေကြေးဥစ္စာ တွေကို ကောင်းမွန်စွာ စီမံခန့်ခွဲထားနိုင်ဖို့ နွေဦးဘဏ်မှာ -

စာရင်းသေ အပ်နှံပြီး နှစ်စဥ် အတိုးနှုန်း ၁၁% အထိ ရယူမလား။
နိုင်ငံတကာ ငွေကြေးစနစ်တွေကို တနေရာထဲမှာ လုံခြုံစွာ လဲလှယ်ထား မလား။
ကမ္ဘာ့ရွှေစျေးကွက် အတိုင်း ခိုင်မာယုံကြည်ရတဲ့ ရွှေဝယ် စုဆောင်းထား မလား။
ခေတ်မီ အစုရှယ်ယာ အိမ်ခြံမြေ ပရောဂျက် တွေမှာ ရင်းနှီးမြုပ်နှံ ကြမလား။

ဒီလို အလားအလာ အကန့်အသတ်မဲ့ ဝန်ဆောင်မှုတွေအပြင် ငွေစုနေရင်းနဲ့ပဲ ဆုကြေးတွေလည်း ပိုင်ဆိုင်နိုင်တဲ့ အခွင့်အလမ်းသစ်တွေလည်း မိတ်ဆက် သွားမှာ ဖြစ်လို့ -

ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီကို အရောက်သွားနိုင်ဖို့ရာ နွေဦးဘဏ်ဟာ သင့်အတွက် အဓိက သော့ချက် အဖြစ် လက်တကမ်းမှာ ရှိနေတာမို့ အခုပဲ​ အတိုင်းအဆမရှိတဲ့ တံခါးကို ဖွင့်လှစ်လိုက်ပါ။🚪
85👍21🎉2🥰1
⌛️စောင့်ဆိုင်းစာရင်း (Waiting List) တွင် ရောက်ရှိနေသူများ အတွက် ယနေ့ 9.9 Special အမှတ်တရအဖြစ် မိမိတို့ နှင့် သက်ဆိုင်ရာ နိုင်ငံရှိ နွေဦးဘဏ်မှ အတည်ပြုထားသော ပြည်သူ့ဓနဆက်ဆံရေး အရာရှိ (Relationship Manager - RM) များကို ဆက်သွယ်၍ အကောင့် activation ဖွင့်နိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။
ပုံမှန် ရက်စွဲအလိုက် စောင့်ဆိုင်းစာရင်း ဖြစ်နေသူ များအား အမှတ်စဥ်အတိုင်း Activation များ နေ့စဥ် ပြုလုပ်ပေးလျက် ရှိတဲ့ အပြင် စက်တင်ဘာ ၉ ရက်မှ စပြီး ၁၅ ရက်နေ့ အတွင်း ပြည်သူ့ဓနဆက်ဆံရေးအရာရှိ RM (၁) ဦးလျှင် အယောက် (၁၀၀) အထိ အကောင့် Activation ပြုလုပ်ပေးနိုင်ရင် အောက်ပါ စီမံချက်များ အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

စောင့်ဆိုင်းစာရင်းတွင် အသုံးပြုရန် စောင့်နေသူ အများအပြားရှိနေသည်ကို ထောက်ရှုသော အားဖြင့် -

1️⃣ September 9 ရက်နေ့ မတိုင်ခင် Waiting List တွင် ရှိနေသူ ဖြစ်ရပါမယ်။
2️⃣ မိမိ တို့ စာရင်းပေးခဲ့သော အီးမေးလ် email ကိုသာ RM ထံ ပေးရန် လိုအပ်ပါတယ်။
3️⃣ လူတဦးလျှင် ဘဏ်အကောင့်တခု စီသာ RM ထံ ဆက်သွယ် ဖွင့်ပေးပါရန် လေးစားစွာ အထူး မေတ္တာရပ်ခံပါတယ်။
87👍34🥰1🎉1
အရှိန်အဟုန််နဲ့ ပြောင်းလဲနေတဲ့ခေတ်ကြီးထဲ မိတ်ဆွေ တွေကြားမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် သင်ဟာ ဆရာတဆူ ပဲ လို့ ချီးကျူးခံရဖူးလား?

ယနေ့ခေတ်ရဲ့စျေးနှုန်းအတက်အကျတွေကြားမှာ မိမိ နောင်ရေး နဲ့ တိုင်းပြည်လွတ်လပ်ရေးကို ရှေးရှုပြီး ကိုယ်ပိုင်ဝင်ငွေတွေကို မပျောက်ပျက် မလျော့နည်းသွားအောင်၊ တိုးပွား ကြွယ်ဝလာအောင် လုံခြုံလွတ်လပ်စွာ စီမံခန့်ခွဲချင်တယ်ဆိုရင် နွေဦးဘဏ်ရဲ့ ဝန်ဆောင်မှုတွေကိုအသုံးပြုဖို့ အကြံပြုပါရစေ။

လူကြီးမင်းတို့ရဲ့ ကိုယ်ပိုင်ငွေများကို လုံခြုံစိတ်ချရတဲ့နွေဦးဘဏ်မှာ နှစ်စဥ် အတိုးနှုန်း ၁၁ ရာခိုင်နှုန်းရရှိနိုင်တဲ့ စာရင်းသေနဲ့ အပ်နှံလို့ရသလို၊ အစုရှယ်ပရောဂျက်တွေ မှာလည်း ရင်းနှီးမြုပ်နှံထားလို့ရပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေကြေးတွေ စုဆောင်းထားချင်ရင်လည်း အချိန်ကုန်၊ လူပင်ပန်းမခံပဲ​ ချက်ချင်းလဲလှယ်လို့ရပြီး ရွှေကိုလည်း ဘဏ်ကနေပဲ ဝယ်လို့ရနေပြီဆိုတော့…

မိမိပိုင်ဆိုင်မှုတွေကို ရန်သူမျိုး ငါးပါး ကနေ စိတ်မပူရတော့တဲ့အပြင် သင့်အပေါင်းအသင်းတွေကြား ငွေကြေးစီမံ ချန်ပီယံဖြစ်စေဖို့ နွေဦးဘဏ်ကို အခုပဲ​စာရင်းပေးပြီး စတင် အသုံးပြုလိုက်ပါ။

ဘဏ် အကောင့်ဖွင့်ဖို့ စာရင်းပေးရန်
https://beta.springdevelopmentbank.com/register
👍6530👏3
"ကျား အတောင်ပံ တပ်သကဲ့သို့ နွေဦးကို ဒုံးပျံတပ်မယ့် နွေဦးဘဏ်"

ကျွန်တော်တို့ အားလုံးရဲ့ နွေဦးတော်လှန်ရေးဟာ ၂ နှစ်ကျော် ရောက်ရှိလာတဲ့အခါ စစ်ရေး၊ အုပ်ချုပ်ရေး နဲ့ သံတမန်ရေး အပိုင်းတွေမှာ အရင်နှစ်တွေထက် သိသာစွာ အရှိန်အဟုန် မြင့်လာပြီး ကျား အတောင်ပံ တပ်ထားသကဲ့သို့ ကဏ္ဍအသီးသီးမှာ တိုက်ပွဲဝင်လျက်ရှိပါတယ်။

ဒီလို အဖက်ဖက်က အားကောင်းလာတဲ့ တော်လှန်ရေးကာလမှာ ပြည်သူ့ဘဏ္ဍာရေးကဏ္ဍမှာလည်း အခက်အခဲတွေကို ကျော်လွှား ပျံသန်းပြီး၊ အလေအလွင့်မရှိဘဲ လိုအပ်တဲ့နေရာတွေကို ပိုမိုလျင်မြန် ထိရောက်စွာ ထောက်ပို့နိုင်ဖို့အတွက် နွေဦးဘဏ် ရောက်ရှိလာပါပြီ။

✔️ ရံပုံငွေ သယံဇာတ အင်အား ပိုမို တိုးပွားမြှင့်တင်နိုင်ဖို့
✔️ ပြည်ပငွေကြေးတွေနဲ့ ချိတ်ဆက်ပြီး လုံခြုံစွာ စီးဆင်းနိုင်ဖို့
✔️ နိုင်ငံနှင့်လူမှုစီးပွား ပြန်လည်ထူထောင်ရေးကဏ္ဍများမှာ ပံ့ပိုးကူညီနိုင်ဖို့

လစဥ် မိမိ၀င်ငွေရဲ့ ပမာဏ အချို့ကို နွေဦးဘဏ်မှာ စုထားရုံနဲ့ အထောက်အပံ့ဖြစ်စေတဲ့ အပြင်

မိသားစု နောင်ရေးအတွက် လွတ်လပ်ပိုင်ခွင့်တွေ အပြည့်အဝ ခံစားရမယ့် မဝေးတော့တဲ့ အနာဂတ်ကို အရောက်လှမ်းနိုင်အောင် အဆင့်မြင့် ဒုံးပျံ တပ်ဆင်ပေးလိုက်သလိုပဲ တသံတည်းညီ တချီတည်း ရုန်းရင်း အတူ ချီတက်ကြပါဦးစို့။
108👍20🎉2🥰1👏1
နွေဦးဘဏ်နှင့် အတူ Bingo ဆော့ရအောင် 🌟

အမှတ် အများဆုံး ဘယ်လောက်ထိ ရကြလဲ share ပေးကြပါဦးနော် 🏆

Facebook
https://fb.me/SpringDevBank

User Community
https://t.me/SpringDevBankCommunity

X (formerly Twitter)
https://www.twitter.com/SpringDevBank

Threads
www.threads.net/@springdevbank

Youtube
www.youtube.com/@SpringDevBank

#SpringDevelopmentBank #RealBankRealFreedom
78👍9👏8🥰3🎉1
သင့်မှာ $1,000 ရှိိတယ်ဆိုရင်... 🤑

📱 အသစ်ထွက်နေတဲ့ iPhone 15 ဝယ်မလား ?
📈 ဒီငွေကို ဘဝအာမခံချက် အတွက် ရင်းနှီးမြှုပ်နှံပြီး ပိုပွားအောင်လုပ်မလား ?

ရွေးချယ်ဆုံးဖြတ်မှုက သင့်လက်ထဲမှာပါ။ 😎

_______

ခိုင်ခံ့ထည်ဝါတဲ့ အနာဂတ်တွေ ဖန်တီးဖို့ နွေဦးဘဏ်မှာ ငွေစုပါ။

➡️ နွေဦးဘဏ်အကောင့်ဖွင့်ရန်
(အောက်ပါ link ကို copy ပြီး browser တွင် ဖွင့်ပါ)
https://beta.springdevelopmentbank.com/register
_________
➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

➡️ SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com

#MyanmarSpringRevolution
#SpringDevelopmentBank #ChooseSDB
#realbankrealfreedom
68👍24🥰1
(၇၈)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာပြည်သူလူထုတရပ်လုံး၏ အသံအစစ်အမှန်ကို ကိုယ်စားပြုပေးနေသည့် သံအမတ်ကြီးဖြစ်သော ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ပေးရေးအတွက် နွေဦးဘဏ်မှ ကြိုဆိုထောက်ခံပါတယ်။ 🦾

Spring Development Bank welcomes and supports the continued appointment of U Kyaw Moe Tun, who represents the voice of the people of Myanmar, as the Permanent Representative of Myanmar at the 78th United Nations General Assembly.

#ourambassadorourvoice
👍12178🔥2🥰2
အီးမေးလ် တွေ စစ်ပြီးကြပြီလားဗျို့ 🚨

နွေဦးဘဏ် အသုံးပြုဖို့ waiting list ထဲ စောင့်ဆိုင်းနေသူများအတွက် အကောင့် activation ဖွင့်တဲ့ email တွေ ပမဏ အများအပြား ပို့ပေးထားပြီ ဖြစ်လို့ မိမိတို့ စာရင်းပေးထားတဲ့ email address ကို စစ်ဆေးကြည့်ကြဖို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်။

အကယ်၍ Mail Inbox ထဲမှာ ရှာမတွေ့ ခဲ့ရင် Spam Folder ထဲမှာ စစ်ကြည့်ပါဦးနော်။

🪙 နွေဦးဘဏ် အကောင့်ဖွင့်ရန် -
(အောက်ပါ link ကို copy ပြီး browser တွင် ဖွင့်ပါ)
https://beta.springdevelopmentbank.com/register

🪙 နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ -
https://t.me/SpringDevBankCommunity

🪙 SDB Help Center မှ အကူအညီရယူရန် -
https://help.springdevelopmentbank.com

_________

Facebook
https://fb.me/SpringDevBank

X (formerly Twitter)
https://www.x.com/SpringDevBank

Threads
www.threads.net/@springdevbank

Youtube
www.youtube.com/@SpringDevBank

#SpringDevelopmentBank #RealBankRealFreedom
66👍22
တော်လှန်ရေး ဘက်တော်သားတို့ရဲ့ ဘဏ်
The Revolutionary Bank of Myanmar.

Director - Na Gyi
Agency - Artists' Shelter

https://youtu.be/vDCpxjSTjG4
117👍18🥰3👏1
ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးမှာ ဆွဲငင်အားတွေရှိသလို နေ့စဥ် လူတွေ အသုံးပြုနေကြတဲ့ ငွေကြေးမှာလဲ​ သံလိုက်ဓါတ်လို တူရာကို စီးကပ်ပွားများတတ်တဲ့ စွမ်းအားရှိပါတယ်။

💰ငွေကို တန်ဖိုးထားပြီး ရှာဖွေ စုဆောင်းတတ်သူရဲ့ ငွေတွေဟာ သူတို့အချင်းချင်းဆွဲဆောင်ပြီး ပိုမိုများပြားတဲ့ငွေများကို ခေါ်ဆောင်လာတတ်ပါတယ်။

🤑သင်ဟာ ဝင်ငွေရ နည်းလမ်းအမျိုးမျိုးနဲ့ ချမ်းသာကြွယ်ဝတဲ့သူ ဖြစ်ချင်တယ်ဆိုရင်တော့ နေ့စဥ်နဲ့အမျှ ပိုမိုပွားများလာအောင် နဂိုရှိရင်းစွဲငွေကို ရင်းနှီးမြုပ်နှံတတ်ဖို့လည်းလိုအပ်ပါတယ်။

နွေဦးဘဏ်မှာ ငွေစုတဲ့အခါ စာရင်းသေအပ်ငွေအတွက် နှစ်စဥ်အတိုးနှုန်း ၁၁ ရာခိုင်နှုန်း အထိ ရရှိနိုင်တဲ့ အပြင် နွေဦးဘဏ်ကို အသုံးပြုခြင်းကြောင့် တနည်းအားဖြင့် EOD ကဲ့သို့သော တော်လှန်ရေး ပရောဂျက်တွေမှာလည်း ပါဝင် ရင်းနှီးမြှုပ်နှံ နိုင်တော့မှာ ဖြစ်လို့ လုံခြုံ၊ စိတ်ချရပြီး ခိုင်မာလွတ်လပ်တဲ့ အနာဂါတ်ဆီ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ 🌱💪

_________


🪙 SDB Help Center မှ အကူအညီရယူရန် -
https://help.springdevelopmentbank.com
79👍24🥰1
သမိုင်းကြောင်း ကောင်းတဲ့ EOD ရဲ့ Project တွေ ထဲမှာမှ ပထမဆုံး တောင်ပေါ်မြို့

ဖယ်ဒရယ် အငွေ့အသက် စုံတဲ့ဒီ တောင်ပေါ် မြို့လေးမှာ အကောင်အထည် ဖော်ဖို့ “Spring Pyin Oo Lwin” လာပါတော့မယ်။

“Spring Pyin Oo Lwin” ဟာ ဆိုရင်ဖြင့် ကြော်ငြာစရာ အထူးမလိုပဲနဲ့ကို ဘာလာလာ Pre-order ဆိုသူတွေ ရှိနေပြီလို့ ကြားသိရပါတယ်။

အကွက်မြင်သူ၊ ချစ်ခင်သူတွေ ကြားမှာ ကိုယ်ကြိုက်တဲ့ မြေကွက်လေး လက်မလွတ်သွားဖို့ အရေးကြီးတယ်မို့လား။ ရောင်းရေး ဝယ်တာမှာ အဓိက ကျတာက အချိန်မှီ အမြန်ဆုံး ငွေပေးချေနိုင်မှုပဲလေ။

Spring Development Bank ဟာ EOD နဲ့ ချိတ်ဆက်ထားမှာမို့ SDB ကနေ တဆင့် Spring Pyin Oo Lwin က မြေကွက်တွေ အတွက် ကျသင့်ငွေ ပေးချေနိုင်ပါတော့မယ်။

စျေးစဖွင့်တာနဲ့ SDB ရဲ့ ဘဏ်စံနစ်ကို အသုံးပြုပြီး ချက်ချင်း ငွေလွှဲနိုင်ပြီး၊ အမြန်ဆုံး မြေကွက်ပိုင်ဆိုင်သူတွေ ဖြစ်နိုင်ကြမှာပါ။

နောက်ကျ မသွားရလေအောင် ခုကတည်းက နွေဦးဘဏ် ထဲမှာ ကြိုတင်စုထား အတွေးမများကြပါနဲ့ တော်လှန်ပြည်သူများ ခင်ဗျား။
81👍27🥰1👌1
Fixed Deposit ၁ လ အပ်ပြီး အတိုးရထားတဲ့ user တွေ ရှိရင် လက်ညှိုးထောင် ☝️
Currency ၄ မျိုး အပြင် ရွှေလည်း စုလို့ရတယ်နော်။
အနည်းအများ ပဓာန မထားပဲ ငွေစုတဲ့ အကျင့်ကို စုကြပါစို့။ 😎
128👍25🔥2🎉2
တော်လှန်ပြည်သူတို့ရေ...

နွေဦးတော်လှန်ရေးမှာ မိမိ တတ်နိုင်တဲ့အပိုင်းက ပါဝင်တော်လှန်ကြရင်း မိသားစုအနာဂါတ်အတွက်ပါ စိတ်အေးရအောင် ကြိုတင်စုဆောင်းလို့ရတဲ့ နည်းလမ်းကောင်းတွေ နွေဦးဘဏ်မှာ ရှိနေတာ သိပြီးပြီလား။ 😳

၁ - နွေဦးဘဏ်နဲ့ Spring Pyin Oo Lwin Investment မှာ ဝယ်ထားမယ်။
EOD Project တစ်ခုဖြစ်တဲ့ Spring Pyin Oo Lwin ရဲ့ မြေကွက်တွေကို ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ နွေဦးဘဏ်စနစ်ကို အသုံးပြုပြီး ငွေချေဝယ်ယူထားမယ်ဆိုရင် မိမိအနာဂါတ်အတွက်လည်း အိမ်မက်နေရာလေးတစ်ခု ကြိုတင်စုဆောင်းပြီး ဖြစ်သလို တော်လှန်ရေးအတွက်လည်း ထောက်ပို့ပါဝင်ပြီးဖြစ်ပါတယ်။

၂ - နွေဦးဘဏ်မှာ​ တည်ငြိမ်တဲ့ နိုင်ငံတကာ ငွေကြေးများနဲ့ ငွေစုမယ်။
နွေဦးဘဏ်ကိုအသုံးပြုတဲ့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးအတွက် လိုအပ်တဲ့ ထောက်ပို့လုပ်ငန်းတွေကို စကစ ရန် ကနေ ကင်းဝေးစွာ နှင့် လုံခြုံလွတ်လပ်စွာ ပေးပို့လှူဒါန်းနိုင်ရုံသာမက နွေဦးဘဏ်မှာ စာရင်းသေစုငွေ အပ်နှံထားမယ်ဆိုရင် နှစ်စဉ် အမြင့်ဆုံး ၁၁ ရာခိုင်နှုန်း အထိ အတိုးနှုန်း ရရှိသွားမှာဖြစ်လို့ -

တော်လှန်စုဆောင်း နွေဦးသူဌေးလောင်းတွေဖြစ်နိုင်မယ့် အခွင့်အရေးကို လက်မလွှတ်ရဖို့၊ အခုပဲ နွေဦးဘဏ် အကောင့်ဖွင့်ပြီး ငွေစုလိုက်ပါ။
84👍35🔥1👏1
အချိန် ၃ မိနစ်အတွင်း ဘဏ်အကောင့်ဖွင့်မယ် (လွယ်မှ လွယ်)
နွေဦးဘဏ် အကောင့်ဖွင့်ချင်တယ်၊ ဘာတွေလိုအပ်တာလဲ ???
အကောင့်ဖွင့်ခ ပေးရမှာလား?? ဘယ်မှာဖွင့်ရမှာလဲ ?? ဘယ်လိုဖွင့်ရမှာလဲ ??
မေးခွန်းတွေမေးနေရင်းသာ အချိန်ကုန်သွားမယ်နော်။
ကနဦးသွင်းငွေ ထည့်ထားစရာလည်းမလို၊ ​သမားရိုးကျဘဏ်တွေလို တကူးတက ရုံးခွဲတွေ အချိန်ကုန် သွားဖို့မလိုတဲ့အပြင် စာရွက်စာတမ်း အချက်အလက်တွေ အများကြီး ပေးစရာမလိုပဲ ခေါက်ဆွဲပြုတ်ရုံ မိနစ်ပိုင်းလောက်နဲ့ အကောင့်ဖွင့်ပြီး နွေဦးဘဏ် စတင် အသုံးပြုလိုက်ပါ။
➡️ နွေဦးဘဏ် အကောင့်ဖွင့်ရန်
(အောက်ပါ link ကို copy ပြီး browser တွင် ဖွင့်ပါ)
https://beta.springdevelopmentbank.com/register
➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity
➡️ SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com
80👍28👏3🔥1🥰1🎉1
ချစ်ခြင်းမေတ္တာနှင့် လုံခြုံလွတ်လပ်ခြင်း ဆုံစည်းရာ ❣️

ယခုကဲ့သို့ ငွေကြေးမတည်ငြိမ်မှု၊ ဖိနှိပ်ခံရမှုများ ပြည့်နှက်နေသောကာလအတွင်း ငွေကြေး စုဆောင်းခြင်း၊ လွှဲပြောင်းခြင်း နှင့် လဲလှယ်ခြင်းဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန်အတွက် ပြည်သူများရှေ့မှောက်သို့ ချစ်ခြင်းမေတ္တာများဖြင့် နွေဦးဘဏ် ရောက်ရှိလာခဲ့ပါပြီ။

နွေဦးဘဏ်တွင် အသုံးများသော Currency လေးမျိုးကို လဲလှယ်ခြင်း၊ စာရင်းသေအပ်နှံခြင်း၊ ရွှေဝယ်ယူခြင်း နှင့် ရင်းနှီးမြုပ်နှံမှုကိစ္စများကိုပါ ဆောင်ရွက်နိုင်ရုံသာမက နွေဦးဘဏ်၏ RM - ပြည်သူ့ဓနဆက်ဆံရေးအရာရှိ များနဲ့ လက်ရှိ user များ အချင်းချင်းကလည်း အသုံးပြုသူများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက်အကူအညီပေးနိုင်ရန် နွေးထွေးစွာဖြင့် အမြဲအဆင့်သင့်ရှိနေကြပါတယ်။

ပြည်သူများမှလည်း နွေဦးဘဏ်ကို ယုံကြည်ချစ်ခင်စွာဖြင့် ဘဏ်ဝန်ဆောင်မှုများနှင့် လိုအပ်နေသည့်နေရာများကို ထိရောက်စွာ ထောက်ပံ့ရေးအတွက် အသုံးပြုလာကြတာကို တွေ့ရှိရတဲ့အတွက် ကျေးဇူးတင်ရင်း အသုံးပြုသူအသစ်များကိုလည်း အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်။

နွေဦးဘဏ်သည် ပိုမိုကောင်းမွန်သော ဘဏ်ဝန်ဆောင်မှုများပေးနိုင်အောင် အမြဲကြိုးစားသွားမည်ဖြစ်ပြီး နိုင်ငံကိုချစ်ခင်မြတ်နိုးကြသလို၊ လုံခြုံလွတ်လပ်သောအနာဂါတ်ကို လိုလားတောင့်တကြတဲ့ ပြည်သူများအတွက် စိတ်ချ၊ ယုံကြည်ရသော ဆုံစည်းရာနေရာ တစ်ခုအဖြစ် ချစ်ခြင်းစစ်မှန်စွာဖြင့် ရပ်တည်သွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါတယ်။


➡️နွေဦးဘဏ် အကောင့်ဖွင့်ရန်
https://beta.springdevelopmentbank.com/register

➡️ နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ
https://t.me/SpringDevBankCommunity

➡️SDB Help Center မှ အကူအညီရယူရန်
https://help.springdevelopmentbank.com
Please open Telegram to view this post
VIEW IN TELEGRAM
👍7216🥰5🎉3🔥1