Spring Development Bank
20.5K subscribers
1.83K photos
93 videos
914 links
Discover the First Neo Bank for Myanmar.
Download Telegram
😱 Binance P2P မှာ SDB သုံးပြီး $11 ရယူနိုင်မယ့် အခွင့်အရေး

နွေဦးဘဏ်ချစ်သူတို့အတွက် လွတ်လပ်မှုကို မြတ်နိုးတဲ့ လူထုခေါင်းဆောင် အမေစုမွေးနေ့ အမှတ်တရအနေဖြင့် SDB အကောင့်ကို ကိုယ်တိုင် ငွေသွင်းငွေထုတ်ရန် နှင့် Binance P2P တွင် လုံခြုံစိတ်ချရသော SDB Payment ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး Binance P2P မှာ SDB နဲ့ ရောင်းဝယ်ရင်း 11 USD ရယူနိုင်မယ့် ကမ်ပိန်းလေး ကျင်းပလိုက်ရပါတယ်။

🟡 ကမ်ပိန်း ကာလ
19th June - 29th June (11 Days)

ကမ်ပိန်း ပါဝင်ရန်
▪️ဇွန်လ ၁၉ မှ ၂၉ ရက် အတွင်း Binance P2P တွင် SDB Payment အသုံးပြုပြီး တစ်ရက်လျှင် အနည်းဆုံး မြန်မာငွေ (၁)သောင်းကျပ် ဖြင့် အရောင်းအဝယ်ပြုလုပ်ရပါမယ်။
▪️တစ်ရက်လျှင် မတူညီသော Buyer/Seller များဆီမှ ရောင်း/ဝယ် (၃) ကြိမ် ပြုလုပ်ပြီး 1 USD လက်ဆောင် ရယူနိုင်ပါတယ်။
▪️မိမိပါဝင်နိုင်သည့် ရက်အလိုက် အမှတ်တရ လက်ဆောင် USD များကို screenshot များနှင့်တကွ SDB email မှ တဆင့် ထုတ်ယူနိုင်မှာပါ။

💰USD လက်ဆောင် ထုတ်ယူရန်
▪️Binance မှ SDB ဖြင့် ဝယ်/ရောင်း Transaction များ၏ Screenshot များ ကို SDB username နှင့် UID တို့ဖြင့် hello@sdbank.co သို့ ဇူလိုင်လ ၁ ရက်နေ့အထိ နောက်ဆုံးထားပြီး အီးမေးလ်ပို့နိုင်ပါတယ်။
▪️သတ်မှတ်ကာလ (၁၁) ရက် ဆက်တိုက် ရောင်း/ဝယ်မှု ပြုလုပ်နိုင်ပါက တစ်ဦးလျှင် 11 USD အထိ အများဆုံး ထုတ်ယူနိုင်မှာပဲဖြစ်ပါတယ်။
▪️နွေဦးဘဏ်မှ အတည်ပြုစိစစ်ပြီးပါက ဇူလိုင်လ ပထမ အပတ်အတွင်း သက်ဆိုင်ရာ အကောင့်များသို့ ထည့်သွင်းပေးသွားပါမယ်။

💛ကမ်ပိန်းအကြောင်း ပိုမိုသိရှိရန်
ကမ်ပိန်းတွင် ပါဝင်ရန်အတွက် အကူအညီများရယူလိုပါက နွေဦးဘဏ်၏ m.me/SpringDevBank ကို ဆက်သွယ်ပြီး Form များ ဖြည့်ကာ စတင်နိုင်ပါတယ်။

ယခု ကမ်ပိန်းတွင် ကြိုးစားပါဝင်သူများနှင့် Transaction အတွက် feedback ကောင်းများ ရရှိသူများအတွက်လည်း Surprise Gift လက်ဆောင်များထပ်မံစီစဥ်ပေးသွားမှာဖြစ်ပါတယ်။

ခရစ်ပတို အရောင်းအဝယ် အခုမှ စမည့် SDB user များ ၊ ကျွမ်းကျင်နားလည်သူများ နှင့် ပကတိ လုံခြုံလွတ်လပ်မှုကို ပိုင်ဆိုင်လိုသူများ အားလုံးကို ကမ်ပိန်းမှာ ပါဝင်ပြီး USD လက်ဆောင်များ ရယူသွားဖို့ ဖိတ်ခေါ်ပါတယ်။ 🫶

Unlock P2P Freedom with SDB !

#SDBCryptoCampaign #SpringDevelopmentBank
#ChooseSDB #realbankrealfreedom
46👍13🥰2👏2
🥳 Unlock P2P Freedom Campaign ပါဝင်ပြီးပြီလား ?

နွေဦးဘဏ်ရဲ့ Unlock P2P Freedom Campaign လေး စတင်ခဲ့တာ (၃)ရက်ရှိခဲ့ပြီး စိတ်ဝင်စားစွာဖြင့် အားတက်သရောပါဝင်ပေးကြလို့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ 💛

ရှေ့ရက်တွေမှာ SDB Payment Method အသုံးပြုပြီး USDT ဝယ်ယူခဲ့တဲ့သူများအနေနဲ့လည်း ကမ်ပိန်းရက်တွေအတွင်းမှာ SDB Payment Platform မှ ပြန်ရောင်းပြီးလည်း Transaction Record များနဲ့ Reward Claim နိုင်ပါတယ်။

ကမ်ပိန်းအတွက် ပြုလုပ်ရမယ့် Transaction (၃) ခု ရဲ့ ရောင်းသူ/ဝယ်သူများဟာ တစ်ရက် နဲ့ တစ်ရက် မတူညီမှ USD လက်ဆောင်လေး အပိုင်သိမ်းနိုင်မှာ ဖြစ်လို့ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းများနဲ့ ခရစ်ပ်တို ကျွမ်းကျင်သူများကိုလည်း ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ကြရအောင်နော်။

USDT ရောင်းရောင်း/ ဝယ်ဝယ် Binance P2P မှာဆို ယုံကြည်စိတ်ချရဆုံး SDB Payment Method ကိုပဲ အသုံးပြုကြမယ်။ 🥰

#SDBCryptoCampaign
#SpringDevelopmentBank
#ChooseSDB
#realbankrealfreedom
40👍7🎉2🥰1
နွေဦးထီကြောင့် ပြည့်ခဲ့တဲ့ နွေဦးအိပ်မက်

"ပေါက်ရင်လည်းကူ ၊ မပေါက်ရင်လည်းအလှူ ပေါ့ " ဆိုပြီး ကူဖို့ လှူဖို့တခုတည်းသော ရည်ရွယ်ချက်နဲ့ ကံစမ်းရင်း မေလမှာ သန်း ၁၀၀ တတိယဆုကြီး ကံထူးသွားတဲ့ ကံထူးရှင် အမ နဲ့

"ကျနော် က အခု ထိ ပါးစပ်စေ့မရ ဘူး" ဆိုတဲ့ ထီကိုယ်စားလှယ်ကြီးတို့ရဲ့
နွေဦးထီကြောင့် သူတို့ရဲ့ နွေဦးအိပ်မက်တွေ ဘယ်လို အသက်ဝင်လာခဲ့ကြပြီ ဆိုတဲ့ အကြောင်းလေးကို ပီတိ ဖြာစေဖို့ .......

အပြည့်အစုံကြည့်ရန် >>
https://www.facebook.com/nwayoohti/videos/778088724528843

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
66👍5🥰1👌1
🫡 သန်းကြွယ်သူဌေးရှင်ဖြစ်ခွင့်ကို ပိုင်ဆိုင်ဖို့ နောက်မကျစေနဲ့နော်။

@nwayoohti ရဲ့ Total activated user - 17,397 ဦးမှာ အမှန်တကယ် ထီ လက်မှတ် ဝယ်ယူသူ - 2,492 ဦး သာ ရှိပြီး ဇွန်လအတွက် လက်မှတ်အရေအတွက် 67,878 စောင်ပဲ ရောင်းချရပါသေးတယ်။ ဒီလ ရဲ့ မျှော်မှန်း အရောင်းလေးနဲ့ဟာ အတော် အလှမ်းဝေးကွာနေပါတယ်။

မိမိတို့ရဲ့ အိပ်မက်တွေနဲ့ အတူ တိုင်းပြည်အနာဂတ်ကိုပါအတူ လက်တွဲတည်ဆောက်နိုင်ဖို့ မြန်မာပြည်ကို ချစ်သူ တစ်ဦးတစ်ယောက်စီတိုင်း နွေဦးထီ ကို လစဥ် ဝယ်ယူကံစမ်းကြဖို့ အလွန်အရေးကြီးပါတယ်။

တစောင်မှ မြန်မာငွေ ၂၀၀၀ ကျပ်ထဲမို့ နိုင်ရာဝန်ထမ်းရင်း နွေဦးထီ နဲ့ နွေဦးအိပ်မက်တွေရဲ့ သူရဲကောင်း ဗိသုကာကြီးများ ဖြစ်ကြစေဖို့ အထူးတိုက်တွန်းနှိုးဆော်အပ်ပါတယ်။
___________________

🎲 ကိုယ်တိုင် ကိုယ်ကျ Web App မှ တဆင့် နွေဦးထီထိုးရန်
https://www.facebook.com/story.php?id=100070552042871&story_fbid=445339424494455

🎲 နိုင်ငံတကာ ကိုယ်စားလှယ်များမှ တဆင့် ထီထိုးရန်
https://www.facebook.com/story.php?id=100070552042871&story_fbid=462718509423213


#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
51👌2🥰1🎉1
သင်ရော ဖက်ဆစ် ဝင်ငွေဖြတ်တောက်ရေးမှာ ဘယ်နေရာက ပါဝင်နေတာလဲ ?

ယခုဖော်ပြပါ စကားစုအား စီမံကိန်း ၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၏ "ပေါ့ပေါ့ပါးပါး ပြည်သူသိစေအပ်ပါသည်- အပိုင်း ၄" မှ ကောက်နှုတ်ထားပါသည်။
https://web.facebook.com/share/p/zzNpdDRMb92AmCkc/

ဘဏ္ဍာရေးဝရဇိန် SDB ကို ကိုင်ဆွဲပါ။ ⚡️

#SpringDevelopmentBank
#ChooseSDB
#realbankrealfreedom
42🥰12👏4👍3🎉1
P2P မှာ SDB payment method သုံးပြီး USD လက်ဆောင်ယူပြီးပြီလား ?

ဖက်_ဆစ်ဝင်ငွေတွေကို ဖြတ်တောက်ရင်း အာ_ဏာ_ရှင်ကို အရှိုက်ထိုးနိုင်မယ့် နည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ ဘဏ္ဍာရေးဝရဇိန် SDB Payment Method ကို အသုံးပြုပြီး ဒစ်ဂျစ်တယ်ငွေကြေး Platform - BinanceBInance P2P မှာလွတ်လပ်စွာ USDT ရောင်းဝယ် ပြုလုပ်နိုင်ပါပြီ။

💰 နွေဦးဘဏ်မှလည်း ချစ်ခင်လေးစားရတဲ့ အမေစု၏ မွေးနေ့အမှတ်တရလက်ဆောင်အနေနဲ့ June 19 ရက်နေ့မှ June 29 ရက်နေ့အတွင်း SDB payment method နဲ့ Binance P2Pမှာ USDT အရောင်းအဝယ်ပြုလုပ်သူများကို 11-USD ထိရရှိနိုင်မယ့် မေတ္တာလက်ဆောင်ကမ်ပိန်းလေး ပြုလုပ်ထားပါတယ်။
➡️ www.facebook.com/SpringDevBank/posts/385652124513954

🫶ဒီကမ်ပိန်းမှာပါဝင်ဖို့ Binance P2P နဲ့ မကျွမ်းကျင်လည်း စိတ်မပူနဲ့နော် ...။
SDB Community Group (Telegram) မှာ ကူညီလမ်းညွှန်ပေးမယ့် နွေဦးဘဏ်ရဲ့ အားကိုးရတဲ့မိတ်ဖက် @MyanCrypto Team ရှိသလို၊ ကမ်ပိန်း Google Form မှာ ဖြည့်စွက်ပြီးတော့လည်း စတင်နိုင်ပါတယ်။
➡️Campaign တွင် ပါဝင်ရန် -
http://bit.ly/unlockP2Pfreedom

#SDBCryptoCampaign
#SpringDevelopmentBank
#ChooseSDB
#realbankrealfreedom
👍3611👌2👏1
⚡️တော်လှန်ပြည်သူတို့၏ ဘဏ္ဍာရေးဝရဇိန်

နွေဦးဘဏ် အနေနဲ့ မြန်မာနိုင်ငံအနှံ့ တကျော့ပြန် လှိုင်းတွေနဲ့ အတူ ပြည်သူ့ဘက်တော်သားတွေအတွက် မျှော်ရည်ရာ ပန်းတိုင်တွေနဲ့ အရေးတကြီး လိုအပ်တဲ့နေရာ တွေကို ရန်ပုံငွေ ရှာဖွေ ဖြည့်တင်းရေး၊ ဝေမျှဖြန့်ချိရေး ကဏ္ဍတွေမှာ အစဥ်တစိုက် အားဖြည့် ပါဝင်လျက်ရှိနေပါတယ်။

အခုအခါ SDB mobile app တောင့်တနေတဲ့ ပန်းသီးပိုင်ရှင်တို့ လည်း AppStore မှာ “Spring Development Bank” စတင် ဒေါင်းလုတ် ရယူနိုင်ပါပြီ။ 🥳

iOS 13 နှင့်အထက် device များမှာ အသုံးပြုနိုင်ပြီမို့ ကြယ်လေးတွေ ရီဗျူးလေးတွေ ပေးဖို့လည်း မမေ့နဲ့နော် ။

📲 iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

📲 Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

လွတ်လပ်လုံခြုံတဲ့ အနာဂတ်ကိုယ်စီအတွက် SDB ကို ဘဏ္ဍာရေးဝရဇိန် အဖြစ် ကိုင်ဆွဲကြပါစို့။

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
62👍7🎉3👏1
🥳 Hi Hi...
ဇွန်လ (၃၀)ရက်နေ့မှာ အောင်လံလွှင့်ချီ နွေဦးထီ ဖွင့်တော့မယ်တဲ့နော်။

ဒီလ နွေဦးထီဖွင့်ပွဲမှာ သန်းဆုကြီးတွေ ရင်ခုန်ကံထူးချင်ရင်တော့ (၄)ရက်အတွင်း ဝယ်ယူကံစမ်းထားမှ အချိန်မှီမှာပါ။ 🥲

နွေဦးထီလက်မှတ်များကို မိမိကိုယ်တိုင် Web App မှာ အကောင့်ဖွင့်ပြီး ဝယ်ယူနိုင်သလို၊ @nwayoohti ရဲ့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာကိုယ်စားလှယ်ကြီးများစာရင်းမှ တဆင့်လည်း ကံစမ်းနိုင်ပါတယ်။ 🥰

အနာဂတ်လန်းဖြာ သန်း (၅၀၀) ပိုင်ဆိုင်ဖို့၊ နွေဦးထီထိုးကြစို့။
___________________
🎲 ကိုယ်တိုင် ကိုယ်ကျ Web App မှ တဆင့် နွေဦးထီထိုးရန် ယခုလင်ခ့်ကို နှိပ်ပါ။
https://www.facebook.com/story.php?id=100070552042871&story_fbid=445339424494455

🎲 နိုင်ငံတကာ ကိုယ်စားလှယ်များမှ တဆင့် ထီထိုးရန် ယခုလင့်ခ်ကို နှိပ်ပါ။
https://www.facebook.com/story.php?id=100070552042871&story_fbid=462718509423213


#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
#SpringDevelopmentBank
54👍11🎉3🥰1
Live stream scheduled for
“SDB အကြောင်း ပြောကြမယ်” Community LIVE

နွေဦးဘဏ်ချစ်သူတို့အတွက် ဇွန်လ၂၉ ရက်နေ့ မြန်မာ စံတော်ချိန် ညနေ ၇ နာရီမှာ SDB Telegram Channel မှာ ပေါ့ပေ့ါပါးပါး LIVE တင်ဆက်သွားမယ့် အစီအစဥ်လေး ရှိကြောင်း အကြောင်းကြားအပ်ပါတယ်။

ဒီအတွက် Special Guest (၂) ယောက်ကိုဖိတ်ခေါ်ထားလို့ SDB mobile app, ဝန်ဆောင်မှု အကြောင်းနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ် ၊ လတ်တလော SDB payment ရရှိထားတဲ့ Binance, Bybit, Bitget
စတဲ့ Crypto Platform တွေပဲ ဖြစ်ဖြစ် မေးခွန်းတွေ အကြံပြုချက်တွေ Comment မှာ ချန်ခဲ့ပေးဖို့ တိုက်တွန်းချင်ပါတယ်။

ဒါကြောင့် LIVE လေးမှာ ကောင်းနိုးရာရာ အမေးများတဲ့ မေးခွန်းလေးတွေကို အထူးဧည့်သည်တော် တွေကနေ တိုက်ရိုက်ဖြေကြားပေးသွားမှာဖြစ်လို့ စိတ်ဝင်စားသူတိုင်း သိသွားရအောင် တခါတည်း Like and Share လုပ်ပေးပါဦးနော်

ဘယ်သူတွေပါဝင်သွားမလဲ…. ဒါတင်ပဲလားဆိုတော့ …🤫
လက်ဆောင်ပေးမယ့်အစီစဥ်‌တွေလည်း ပါသေးတယ် …🤭

LIVE ကြည့်ရန် link >> https://t.me/SpringDevBank?livestream=7c69255b60bd2d1f21

နွေဦးဘဏ်ကို ချစ်တယ်ဆိုရင် SDB Community LIVE ကိုလာရောက် နားထောင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်…

တကယ်ချစ်မချစ် မင်မင်တို့ စောင့်ကြည့်နေပါမယ်နော်…😍😍

#chooseSDB
#SpringDevelopmentBank
#RealBankRealFreedom
👍5028👏1🎉1
🥳 ခရစ်ပတို ချစ်သူတို့ရေ...

ဒီနေ့ 28th June (သောကြာနေ့) မြန်မာအချိန် ည (၈)နာရီမှာ နွေဦးဘဏ်မှ ချစ်ခင်ယုံကြည်ရတဲ့ မိတ်ဖက် @myancrypto မှ Ko Feliz က Unlock Financial Freedom ဆိုတဲ့ အကြောင်းအရာလေးကို Telegram မှာ LIVE နဲ့ ပြောပြသွားမှာပါ။

P2P မှာ SDB Payment Method အသုံးပြုပြီး ဘဏ္ဍာငွေကြေး လွတ်လပ်မှုဧကန်ရဖို့အတွက် အကြံဉာဏ်နဲ့ နည်းလမ်းတွေလည်းပါမယ့်အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတွေကစားပြီး ဆုတွေလည်းပေးမှာဖြစ်လို့ နွေဦးဘဏ်ချစ်သူတို့ အားလုံးကို TGIF မှာ Telegram LIVE ကနေ စောင့်နေမယ်နော်။

အချိန်က - မြန်မာအချိန် ည-၈နာရီ
နေ့ရက်က - 28th June 2024 (သောကြာနေ့)
နေရာက - Myan Crypto Telegram Channel
( https://t.me/myancryptochannel )

မမေ့နဲ့နော်...တူတူလေ့လာဖို့ ဆုံကြမယ် 🫶

#MyanCrypto
#SpringDevelopmentBank
57👍5👏2🥰1
🥳 နွေဦးထီ သိန်း ၅၀ ပေါက်ခဲ့တဲ့ လျို့ဝှက်ချက်....?

ကံမုချ ထူးစေမယ့် နည်းလမ်းကောင်းများပါတဲ့ သိန်း ၅၀ ကံထူးရှင်ရဲ့ အင်တာဗျူး ကို ရှုစားနားဆင်ပြီး ဇွန်လ နွေဦးထီ မဖွင့်ခင်မှာ ကံစမ်းထားပြီး ကျင့်ကြံကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ 🤩

ဇွန်လ ၃၀ မြန်မာချိန် ညနေ ၅ နာရီ မှာ နွေဦးထီ ဖွင့်ပါတော့မယ်။

📌 https://youtu.be/xdIFlIuYcIA

#ဒို့ထီဒို့အနာဂတ်
#NwayOoHti
#WeDreamBold
53👍11👏2🥰1
Media is too big
VIEW IN TELEGRAM
Hello Hello...နွေဦးဘဏ်ချစ်သူတို့ရေ...

ဒီနေ့ ဇွန်လ (၂၉) ရက်နေ့၊ ညနေ မြန်မာချိန် ၇ နာရီမှာ SDB Community LIVE လေး ပြုလုပ်သွားမှာကို အားလုံးသိပြီးကြပြီလို့ ယုံကြည်ပါတယ်နော်။ 💪

SDB Community LIVE မှာ အဓိက ဖိတ်ခေါ်ထားတဲ့ အထူးဧည့်သည်တော်တွေကလည်း နွေဦးဘဏ်ရဲ့ CEO ကို Calvin နဲ့ Chief Strategy Officer ကို Merlin တို့ပဲဖြစ်လို့ နွေဦးဘဏ်ချစ်သူတို့အတွက် စိတ်လှုပ်ရှားစရာ အကြောင်းအရာလေးတွေ ဖြစ်မယ်
ဆိုတာလည်း အသေအချာပဲဗျို့။ 👏👏

ညနေ LIVE အတွက် စိတ်တွေ ခုန်နေကြပြီဟုတ်။
ဒါဆိုရင် "SDB အကြောင်းပြောကြမယ်" မှာ ဘာတွေ တင်ဆက်၊ ပြောပြသွားမလဲဆိုတာ သိရဖို့ ခုပဲ SDB ရဲ့ official Telegram ကို Join ထားလိုက်ရအောင်နော်။

SDB Telegram Channel :
https://t.me/SpringDevBank

Telegram LIVE :
https://t.me/SpringDevBank?livestream=7c69255b60bd2d1f21

#chooseSDB
#SpringDevelopmentBank
#RealBankRealFreedom
👍4619🔥2👏2
🎲 အောင်လံလွှင့်ချီ နွေဦးထီ Bingo ကစားကြမယ်

point ၁၀၀ နဲ့ အထက်ရရှိသူတွေ က နိုင်ငံနဲ့ မိမိ အနာဂတ် လှပအောင် စိတ်အားထက်သန်သူတွေပါတဲ့ 🦸

ဂုဏ်ထူးအောင်တဲ့သူတွေ မန့်သွားကြပါဦးနော် 🫶🤩

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
#SpringDevelopmentBank
69👍11🥰1
Live stream started
Live stream finished (1 hour)
🏆၂၀၂၄ ဇွန်လ နွေဦးထီ ဖွင့်ပွဲ အခမ်းအနား 🏆

မဟာဆုမဲများဖြစ်တဲ့ သန်း ၅၀၀၊ သန်း ၂၀၀၊ သန်း ၁၀၀ နဲ့ အထူးဆု သန်း ၅၀ တို့အပြင် အခြား ဆုမဲပေါင်း နှစ်သောင်းကျော် ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တစ်ခုတည်းသော “အောင်လံလွှင့်ချီ နွေဦးထီ” ၏ အမှတ်စဥ် NOH20240601 ဖွင့်ပွဲ အခမ်းအနား ကို မနက်ဖြန် ဇွန်လ ၃၀ ရက်နေ့ (တနင်္ဂနွေနေ့) မြန်မာစံတော်ချိန် ညနေ ၅ နာရီ မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ယခု အစီအစဥ်ကို Public Voice Television မှ အဓိက မီဒီယာ ပါတနာ အဖြစ် ပံ့ပိုးကူညီပြီး မိတ်ဖက်အဖွဲ့အစည်းများ၊ အခြားသတင်းမီဒီယာများနှင့်အတူ တိုက်ရိုက် LIVE ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

ပြည်တွင်းပြည်ပမှ နွေဦးဘဏ်နှင့် နွေဦးထီချစ်သူများလည်း စောင့်မျှော်ကြည့်ရှုကြပြီး နိုင်ငံ့ဂုဏ်ဆောင်သန်းကြွယ်သူဌေးများ ဖြစ်ခွင့်ကို အတူတူ ရင်ခုန်လိုက်ကြရအောင်နော်။

#ဒို့ထီဒို့အနာဂတ်
#NwayOoHti
#WeDreamBold
#SpringDevelopmentBank
60👍6👏1
🌟 ဒီနေ့ ညနေ (၅) နာရီမှာ ဇွန်လ အတွက် "နွေဦးထီ" ဖွင့်ပါပြီ။ 🌟

နောက်ဆုံးပိတ် အိတ်နဲ့လွယ်၊ မဟာဆုမဲကြီးတွေကို ပိုင်ဆိုင်လိုသူများအတွက်ကတော့ မြန်မာစံတော်ချိန် ညနေ (၄)နာရီမထိုးခင်ထိ နွေဦးထီ ကံစမ်းနိုင်ကြောင်း သတင်းကောင်း ပါးပါရစေနော်။

Express Buy နဲ့ အစောင် (၅၀) တခါတည်း မြန်မြန်ဝယ်နိုင်သလို၊ အရောင်းကိုယ်စားလှယ်ကြီးများဆီမှာလည်း စိတ်ကြိုက် အစောင်ရေများစွာ ဝယ်ယူနိုင်ပါတယ်။

(၁) စောင်ကို မြန်မာငွေ ၂၀၀၀ ကျပ်၊ (၁၀) စောင်ကို မြန်မာငွေ နှစ်သောင်း နဲ့ သန်း (၅၀၀) ပိုင်ဆိုင်မယ့် သန်းကြွယ်သူဌေးခရီးလမ်းကို ခုပဲ စတင် လျောက်လမ်းလိုက်ပါ။

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
#SpringDevelopmentBank
56👏1🎉1
📣 နွေဦးအမျိုးတို့ရေ...

ဒီနေ့မှာ ကျင်းပမယ့် ဇွန်လရဲ့ နွေဦးထီဖွင့်ပွဲမှာ လစဥ်ပြုလုပ်နေတဲ့ အထူးအစီအစဥ်များအပြင် "အထူး ဧည့်သည်တော်" တစ်ဦးလည်း ပါဝင်သွားမယ်ဆိုတာလေး သတင်းကောင်းပါးချင်ပါတယ်ဗျို့။

နွေဦးထီဖွင့်ပွဲကို ယနေ့ မြန်မာချိန် ညနေ (၅)နာရီမှ စတင်ပြီး PVTV၊ နွေဦးထီ၊ နွေဦးဘဏ် နှင့် အခြား မိတ်ဖက်အဖွဲ့အစည်းများရဲ့ Facebook စာမျက်နှာများအပြင် နွေဦးထီ Telegram Channel @nwayoohti မှာလည်း LIVE ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဧည့်သည်တော်ကြီး က ဘယ်သူများလဲဆိုတာ မျှော်လင့်စောင့်စားရင်း၊ နွေဦးထီရဲ့ မဟာဆုမဲတွေကို အတူ ရင်ခုန်ကြရအောင်။

ဒါနဲ့...ဒီနေ့ထိုး ဒီနေ့ ကံထူးစေဖို့ ခုပဲ နွေဦးထီ ကံစမ်းထားလိုက်ဦးနော်။

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
52👍5🎉1