Spring Development Bank
✔
20.6K subscribers
1.69K photos
83 videos
860 links
Discover the First Neo Bank for Myanmar.
Download Telegram
🪙 ခေတ်နဲ့အမီ လိုက်လျောညီဖို့ SDB Payment သုံးကြစို့။။

ဒစ်ဂျစ်တယ်ငွေကြေးရင်းနှီးမြုပ်နှံမှု နှင့် အသုံးပြုမှုများလာတဲ့ ခေတ်မှာ နွေဦးဘဏ်ချစ်သူများလည်း P2P မှာ SDB Payment နဲ့ ခေတ်မီစွာ စီးမျောနိုင်ပါပြီ။

SDB ကို payment တခု အဖြစ် Binance တွင်သာမက Bybit နဲ့ Bitget Wallet ရဲ့ P2P မှာပါ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

Binance အကောင့်အတွက် သိလိုရာများကို @myancrypto တွင် လေ့လာနိုင်ပြီး၊Bybit အကောင့်နဲ့ ပတ်သက်လျှင် @kooecrypto နှင့် Bitget အကောင့်ဖွင့်ဖို့ @cryptobynovafamily မှာလည်း အကူအညီများ ရယူနိုင်ပါတယ်။

#chooseSDB
#SpringDevelopmentBank
#realbankrealfreedom
❤58👍5🔥2
"Congratulations winners နွေဦးထီလက်မှတ် ဂုဏ်ပြုလက်ဆောင် ကံထူးသွားသူ ထောက်ပို့ရဲဘော်များ”

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF နဲ့ အောင်လံလွှင့်ချီ နွေဦးထီ တို့ပူးပေါင်းပြီး ဇွန်လမှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၅၀၀ ကို နွေဦးထီလက်မှတ်များ မဲဖောက်ပေးသွားမယ့် အစီအစဉ်ရဲ့ ဦးဆုံး ကံထူးရှင်တွေ ပေါ်ပေါက်လာပါပြီ။

🔺 ဇွန်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေနဲ့ ရှေ့လတွေမှာ ဇွန်လအတွက် ကြိုတင်တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက ကံထူးရှင် အယောက် ၁၅၀ ကို ကြေညာပေးလိုက်ပါတယ်။ ဂုဏ်ယူပါတယ် ရဲဘော်တို့ ။

🔺 ကံထူးရှင် ထောက်ပို့တပ်သားတွေဟာ Email ကနေ နွေဦးထီကူပွန်တွေကို ရရှိမှာဖြစ်ပြီး

🔺 နွေဦးထီလဲလှယ်ရန် telegram account - @NOHclaim (သို့မဟုတ်) Email - hello@nwayoohti.com ကိုသွားရောက်ကာ ကူပွန်နှင့် နွေဦးထီလက်မှတ်ကို လဲလှယ်ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။

ကံထူးသူ ထောက်ပို့တပ်သားတွေအနေနဲ့ ကူပွန်လေးတွေနဲ့ နွေဦးထီလက်မှတ်လေးတွေကို ဇွန်လ ၂၉ ရက် ည ၁၂ ထိပဲ လဲလှယ်နိုင်မှာ ဖြစ်ပြီး အကယ်၍ ဇွန်လမှာ မလဲလှယ်လိုက်ရရင် နောက်လမှာ ဆက်လက်လဲလှယ်ကံထူးနိုင်ပါသေးတယ်။

အလားတူ နောက်ထပ်

🔺ဇွန်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သား တွေထဲက အယောက် ၂၀၀ ကို ဇွန်လ ၂၁ ရက်နေ့မှာ မဲနှိုက်ပြီး PRF Facebook page မှာ ကြေညာပေးသွားမှာ ဖြစ်ပြီး

🔺 ဇွန်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း တာဝန်ထမ်းဆောင်ထားတဲ့ ထောက်ပို့တပ်သားတွေထဲက အယောက် ၁၅၀ ကို ဇွန်လ ၂၈ ရက်နေ့မှာ မဲနှိုက်ပြီး PRF Facebook page မှာ ကြေညာပေးသွားဦးမှာ ဖြစ်ပါတယ်။

ဒီ နွေဦးထီ ဂုဏ်ပြုလက်ဆောင်အစီအစဉ်လေးကို လစဉ်ပြုလုပ်သွားမှာဖြစ်လို့ ထောက်ပို့တာဝန်ထမ်းဆောင်ရင်း အနာဂတ်အိမ်မက်တွေကို ရဲရဲမက်နိုင်ပါပြီ။ ဒါဆို မြေပြင်ရဲဘော်တွေအတွက် ထောက်ပို့တာဝန်ပိုယူနိုင်မှာ ဖြစ်လို့ ပွဲမြန်မြန်သိမ်းဖို့ တရက်ပိုနီးကပ်မှာ ဖြစ်ပါတယ်။

လာပါ… ငါတို့အတူတူရုန်းမယ်
ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -

🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - @prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

အရေးတော်ပုံ အောင်ရမည်။

#PRF
#နွေဦးထီ
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်
#PRFxNOH
❤80👍8🥰2👌1
✅ စိတ်ချလုံခြုံစွာ SDB Payment အသုံးပြုပါ။

နွေဦးဘဏ်ချစ်သူ ခရစ်ပတို ဘရိုတို့အတွက် နိုင်ငံတကာ ငွေကြေး application များဖြစ်သော Binance, Bybit & Bitget P2P တို့တွင် SDB Payment အသုံးပြုပြီး USDT ရောင်းဝယ်မှုများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သတင်းထပ်မံပါးပါရစေ။

SDB payment ကို အသုံးပြုခြင်းအားဖြင့် မိမိကိုယ်တိုင် နှင့် ကိုယ်ပိုင်ဘဏ်/ pay အကောင့်များ လုံခြုံမှုရှိတဲ့အပြင်

မိမိပိုင်ဆိုင်မှုများကို နွေဦးဘဏ် သို့ အချိန်မီ လွှဲပြောင်းထားခြင်းကလည်း မတရားစွာ အနိုင်ကျင့် ပိတ်သိမ်းခံရခြင်းတို့မှ ကင်းဝေးပြီး လွတ်လပ် အေးချမ်းမှာ ဖြစ်ပါတယ်။

Binance, Bybit နှင့် Bitget အကောင့်ဖွင့်အသုံးပြုခြင်းနှင့် ပိုမိုသိရှိလိုပါက @myancrypto @kooecrypto နဲ့ @cryptobynovafamily ကို ဆက်သွယ်နိုင်ပါတယ်။ 💬
_______________
USDT ရောင်းဝယ်မယ်ဆိုရင် လုံခြုံစိတ်ချမှုအရှိဆုံး SDB Payment ကို ရွေးချယ်လိုက်ရအောင်။

#chooseSDB
#SpringDevelopmentBank
#realbankrealfreedom
❤59👍6🥰2🔥1
🎯 SDB Payment နဲ့ ခေတ်မီလုံခြုံစွာ အသုံးပြုပါ။

လွတ်လပ်မှုကို မြတ်နိုးတဲ့ ပြည်သူများအတွက် စိတ်ချယုံကြည်ရဆုံး တစ်ခုတည်းသော နွေဦးဘဏ် ဟာ အခုဆိုရင် Binance, Bybit နှင့် Bitget Wallet တို့ဖြင့် ချိတ်ဆက်နိုင်ခဲ့ပြီး SDB Payment ဖြင့် USDT အရောင်းအဝယ်များကို လုံလုံခြုံခြုံ ခေတ်နဲ့လိုက်လျောညီစွာ စတင်အသုံးပြုလို့ရနေပါပြီ။

စနစ်ဆိုးရဲ့ အကြောက်တရားနဲ့ ခြိမ်းခြောက်နှိပ်စက်မှုကို အံတုပြီး ကိုယ့်လမ်းကိုယ်ဖောက်ကာ ရဲရဲဆက်လျှောက်ရင်း P2P မှာ SDB Payment သုံးပြီး တစ်ဦးနဲ့တစ်ဦး ပိုမို ချိတ်ဆက်လိုက်ကြရအောင်။

Binance, Bybit နှင့် Bitget အကောင့်ဖွင့်အသုံးပြုခြင်းနှင့် ပိုမိုသိရှိလိုပါက @myancrypto , @koecrypto နဲ့ @cryptobynovafamily ကို ဆက်သွယ်နိုင်ပါတယ်။ 💬
_______________
ခရစ်ပတိုချစ်သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို နွေဦးဘဏ် နှင့်သာ စိတ်ချလိုက်ပါ ✊

#chooseSDB
#SpringDevelopmentBank
#realbankrealfreedom
❤55👍11🔥2🥰1
Media is too big
VIEW IN TELEGRAM
🎲 ငွေကြေး (၁၀)မျိုး ထီပြိုင်ထိုး Challenge အထူးအစီအစဥ်

ဒီလအတွက် ငွေကြေး (၁၀)မျိုး ထီပြိုင်ထိုး Challenge လေးမှာ ထပ်ဆောင်းထားတဲ့ အထူးစပါယ်ရှယ်အစီအစဥ်လေး တစ်ခုရှိပါတယ်။ 👀

အဲဒီအစီအစဥ်လေးက ဘာလေးဖြစ်မလဲ? နွေဦးထီချစ်သူတို့ကရော ဘယ်လိုနေရာကနေ ပါဝင်နိုင်ကြမလဲ? ဆိုတာ သေချာ သိရဖို့ ခု Video လေးမှာ ကြည့်လိုက်ရအောင်။ 🤩

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
#SpringDevelopmentBank
❤47👍3👏2🥰1
🥳 ငွေကြေး (၁၀)မျိုးနဲ့ ထီပြိုင်ထိုးရအောင်။

မင်္ဂလာပါ နွေဦးထီချစ်သူတို့ရေ.... ငွေကြေး(၁၀)မျိုး ထီပြိုင်ထိုး Challenge လေး ပြန်လည်ရောက်ရှိလာပါပြီ။ ဒီလရဲ့ ပထမရက်ကို Euro ငွေကြေးနဲ့ ယှဥ်ပြိုင်ထီထိုးရင်း စတင်လိုက်မယ်နော်။

ဒီလမှာဆိုရင် ချစ်ခင်လေးစားရတဲ့ အမေစုမွေးနေ့ အမှတ်တရအနေနဲ့ ထီပြိုင်ထိုးရင်း ကုသိုလ်ယူနိုင်မယ့် အထူးအစီအစဥ်လေးတစ်ခုလည်း ထပ်ဆောင်းထားရှိပါတယ်။ Challenge နဲ့ အထူးအစီအစဥ် အသေးစိတ်ကိုတော့ ဒီ Video လေးမှာ နားဆင်နိုင်ပါတယ်။
Link - https://t.me/nwayoohti/236

ဥရောပနိုင်ငံက သွေးချင်းများနဲ့အတူ Euro ငွေကြေးနဲ့ ထီယှဥ်ပြိုင်ထိုးရင်း အားလုံးလည်း သိရအောင် ဒီပို့စ်လေးကို မျှဝေပြီး ဖိတ်ခေါ်လိုက်ရအောင်။ 🤩

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
#SpringDevelopmentBank
❤34👍3🥰2🎉1
🌟 ကန့်သတ်မှု ကင်းမဲ့ဇုန် P2P

နွေဦးဘဏ်မှာ မိမိကိုယ်တိုင် လွတ်လပ်စွာ ငွေထုတ်/ငွေသွင်းနိုင်ဖို့ RM များမှ တဆင့်ဆက်သွယ်ခြင်းအပြင် နိုင်ငံတကာ ငွေကြေး Application များဖြစ်တဲ့ Binance, Bitget နဲ့ Bybit တို့မှာ SDB Payment ဖြင့် USDT စိတ်ကြိုက် ရောင်းဝယ်ရင်း ငွေ သွင်း/ထုတ်နိုင်ပါတယ်။

နွေဦးဘဏ်ကို အသုံးပြုခြင်းဖြင့် မိမိပိုင်ဆိုင်မှုများကို စစ်ရှုံး ကောင်စီအောက် မတရားသဖြင့် အတင်းအကြပ် ဖိနှိပ်ကန့်သတ်မှုများမှ ကင်းဝေးစွာ ရပ်တည်နိုင်ပါတယ်။

SDB ကို ရွေးချယ်ပြီး လွပ်လပ်စွာ စီမံခန့်ခွဲပါ။ 💸

#SpringDevelopmentBank
#ChooseSDB
#realbankrealfreedom
❤58👍13🥰1🎉1👌1
နွေဦးဘဏ်ချစ်သူတို့အတွက် P2P Workshop

လွတ်လပ်မှုကိုမြတ်နိုးတဲ့ နွေဦးဘဏ်ချစ်သူတို့အတွက် P2P ဆိုတာဘာလဲ? Binance အကောင့်ဘယ်လိုဖွင့်ရမှာလဲ? Binance P2P မှာ SDB အသုံးပြုပြီး USDT ဘယ်လို ရောင်းဝယ်ရမလဲ ? အစရှိသည်များကို သိရှိကျွမ်းကျင်ရန် အတွက် SDB နှင့် ယုံကြည်အားကိုးရသော မိတ်ဖက် @myancrypto ၏ Special Speaker, ကို Kool တို့မှ ဒီနေ့ညနေ Telegram: SDB User Community မှာ LIVE တင်ဆက်သွားမှာ ဖြစ်ပါတယ်။

SDB Payment အသုံးပြုပြီး USDT စိတ်ကြိုက်ရောင်းဝယ်ပြုလုပ်နိုင်ဖို့အတွက် ယနေ့ ဇွန်လ ၁၆ ရက်နေ့ ညနေ မြန်မာချိန် (၇)နာရီတွင် ကျင်းပသွားမယ့် "P2P with SDB Workshop" မှာ တက်ရောက်ပါဝင်ပြီး လက်တွေ့သင်ယူကြဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

ဒီ Workshop လေးမှာ စိတ်ဝင်တစားနဲ့ တက်တက်ကြွကြွ ပါဝင်မေးမြန်းသူတို့ အတွက်လည်း လက်ဆောင်များ စီစဥ်ထားတာဖြစ်သလို မကြာခင်လာမယ့် နွေဦးဘဏ်ရဲ့အထူး အစီအစဥ်တွေအတွက်ပါ ကြိုတင်ပြင်ဆင်နိုင်တာဖြစ်လို့ အသိမိတ်ဆွေ သူငယ်ချင်းများကိုပါ တက်ရောက်ဖို့ တပါတည်း ဖိတ်ခေါ်ခဲ့ပေးကြပါဦးနော် 🫶

မြန်မာချိန် ညနေ (၇)နာရီ > SDB User Community ဆုံကြဖို့စောင့်နေမယ်နော်။ See you ❤️
Link - https://t.me/SpringDevBankCommunity?videochat

#SDBCryptoDay #SDBxMCM #realbankrealfreedom
❤61👍9👌2🥰1
🌹 သံမဏိနှင်းဆီ မွေးနေ့

သူမရဲ့ (၇၉)နှစ်မြောက်မွေးနေ့မှာ နေကောင်း ကျန်းမာစွာ ရှိနေပါစေကြောင်း နှင့် တိုင်းပြည်ရဲ့မိခင် နှင့် ရဲရင့်သူတို့ရဲ့မိခင်များအားလုံးလည်း အေးချမ်းတဲ့နေ့ရက်တွေအမြန်ပိုင်ဆိုင်နိုင်ပြီး ကွဲကွာနေတဲ့ သား၊ သမီးတွေနဲ့ အတူအမြန် ဆုံစည်းခွင့်ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။

သူမ မိန့်ဆိုခဲ့သလို လွတ်လပ်မှု နှင့် ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် နွေဦးဘဏ်မိသားစုများမှလည်း နောက်ဆုတ်အရှုံးပေးဖို့ လုံးဝမရှိပဲ၊ ပိုမို စိတ်ဓါတ်ခိုင်မာ ကြံ့ခိုင်စွာနဲ့ အားအင်အပြည့် ရှေ့ဆက်နေကြပါတယ်။

နွေဦးဘဏ်ချစ်သူတို့လည်း ချစ်ခင်လေးစားရတဲ့ အမေစု နှင့်တကွ ဝေးကွာနေရသူများ အားလုံးနဲ့အတူ ပြန်ဆုံကြဖို့ အားသွန်ခွန်စိုက်ဖြင့် ဆက်လက် ကြိုးစားပါဝင် သွားကြဖို့ တိုက်တွန်းပါတယ်။ 💪

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
❤137👍4🥰3👏2🎉2
Media is too big
VIEW IN TELEGRAM
📍Part-I : Binance အကောင့်ဖွင့်နည်း လေ့လာကြမယ်။

နွေဦးဘဏ်ချစ်သူတို့အတွက် "P2P with SDB" Workshop လေးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ @MyanCrypto မှ ကို Kool နှင့်အတူ SDB Telegram Community မှာ တင်ဆက်ခဲ့ကြပါတယ်။

ဒီ Workshop လေးကို မတက်ရောက်ဖြစ်ခဲ့သူများအတွက် ပြန်လည်ကြည့်ရှုနိုင်အောင်၂ ပိုင်းခွဲပြီး ပြန်တင်ပေးလိုက်ပါတယ်။

ယခု Part - I မှာ P2P အကြောင်းနဲ့ Binance အကောင့်ဖွင့်နည်းများကို သေချာ ရှင်းပြပေးထားတာဖြစ်လို့ လေ့လာရင်း အကောင့်ဖွင့်ထားကြဖို့ တိုက်တွန်းပါတယ်။ ✨

#SDBCryptoDay
#SDBxMCM
#realbankrealfreedom
❤41👍8🥰1👌1
Media is too big
VIEW IN TELEGRAM
📌 Part-II :Binance P2P မှာ SDB Payment အသုံးပြုနည်း။

နွေဦးဘဏ်ချစ်သူတို့အတွက် "P2P with SDB" Workshop လေးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ @Myan Crypto မှ ကို Kool နှင့်အတူ SDB Telegram Community မှာ တင်ဆက်ခဲ့ကြပါတယ်။

ဒီ Workshop လေးကို မတက်ရောက်ဖြစ်ခဲ့သူများအတွက် ပြန်လည်ကြည့်ရှုနိုင်အောင်၂ ပိုင်းခွဲပြီး ပြန်တင်ပေးလိုက်ပါတယ်။

ယခု Part - II မှBinance P2P မှာ SDB အသုံးပြုပြီး USDT ရောင်းဝယ်နည်း" ကို ဝေမျှ ပေးထားတာဖြစ်လို့ ကိုယ်တိုင်သင်ယူရင်း ကျွမ်းကျင်တဲ့အထိ SDB Payment နဲ့ ရောင်းဝယ် လိုက်ရအောင်နော်။ 🤩

#SDBCryptoDay
#SDBxMCM
#realbankrealfreedom
❤45👍7🥰1👌1
😱 Binance P2P မှာ SDB သုံးပြီး $11 ရယူနိုင်မယ့် အခွင့်အရေး

နွေဦးဘဏ်ချစ်သူတို့အတွက် လွတ်လပ်မှုကို မြတ်နိုးတဲ့ လူထုခေါင်းဆောင် အမေစုမွေးနေ့ အမှတ်တရအနေဖြင့် SDB အကောင့်ကို ကိုယ်တိုင် ငွေသွင်းငွေထုတ်ရန် နှင့် Binance P2P တွင် လုံခြုံစိတ်ချရသော SDB Payment ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး Binance P2P မှာ SDB နဲ့ ရောင်းဝယ်ရင်း 11 USD ရယူနိုင်မယ့် ကမ်ပိန်းလေး ကျင်းပလိုက်ရပါတယ်။

🟡 ကမ်ပိန်း ကာလ
19th June - 29th June (11 Days)

⭐ ကမ်ပိန်း ပါဝင်ရန်
▪️ဇွန်လ ၁၉ မှ ၂၉ ရက် အတွင်း Binance P2P တွင် SDB Payment အသုံးပြုပြီး တစ်ရက်လျှင် အနည်းဆုံး မြန်မာငွေ (၁)သောင်းကျပ် ဖြင့် အရောင်းအဝယ်ပြုလုပ်ရပါမယ်။
▪️တစ်ရက်လျှင် မတူညီသော Buyer/Seller များဆီမှ ရောင်း/ဝယ် (၃) ကြိမ် ပြုလုပ်ပြီး 1 USD လက်ဆောင် ရယူနိုင်ပါတယ်။
▪️မိမိပါဝင်နိုင်သည့် ရက်အလိုက် အမှတ်တရ လက်ဆောင် USD များကို screenshot များနှင့်တကွ SDB email မှ တဆင့် ထုတ်ယူနိုင်မှာပါ။

💰USD လက်ဆောင် ထုတ်ယူရန်
▪️Binance မှ SDB ဖြင့် ဝယ်/ရောင်း Transaction များ၏ Screenshot များ ကို SDB username နှင့် UID တို့ဖြင့် hello@sdbank.co သို့ ဇူလိုင်လ ၁ ရက်နေ့အထိ နောက်ဆုံးထားပြီး အီးမေးလ်ပို့နိုင်ပါတယ်။
▪️သတ်မှတ်ကာလ (၁၁) ရက် ဆက်တိုက် ရောင်း/ဝယ်မှု ပြုလုပ်နိုင်ပါက တစ်ဦးလျှင် 11 USD အထိ အများဆုံး ထုတ်ယူနိုင်မှာပဲဖြစ်ပါတယ်။
▪️နွေဦးဘဏ်မှ အတည်ပြုစိစစ်ပြီးပါက ဇူလိုင်လ ပထမ အပတ်အတွင်း သက်ဆိုင်ရာ အကောင့်များသို့ ထည့်သွင်းပေးသွားပါမယ်။

💛ကမ်ပိန်းအကြောင်း ပိုမိုသိရှိရန်
ကမ်ပိန်းတွင် ပါဝင်ရန်အတွက် အကူအညီများရယူလိုပါက နွေဦးဘဏ်၏ m.me/SpringDevBank ကို ဆက်သွယ်ပြီး Form များ ဖြည့်ကာ စတင်နိုင်ပါတယ်။

ယခု ကမ်ပိန်းတွင် ကြိုးစားပါဝင်သူများနှင့် Transaction အတွက် feedback ကောင်းများ ရရှိသူများအတွက်လည်း Surprise Gift လက်ဆောင်များထပ်မံစီစဥ်ပေးသွားမှာဖြစ်ပါတယ်။

ခရစ်ပတို အရောင်းအဝယ် အခုမှ စမည့် SDB user များ ၊ ကျွမ်းကျင်နားလည်သူများ နှင့် ပကတိ လုံခြုံလွတ်လပ်မှုကို ပိုင်ဆိုင်လိုသူများ အားလုံးကို ကမ်ပိန်းမှာ ပါဝင်ပြီး USD လက်ဆောင်များ ရယူသွားဖို့ ဖိတ်ခေါ်ပါတယ်။ 🫶

Unlock P2P Freedom with SDB !

#SDBCryptoCampaign #SpringDevelopmentBank
#ChooseSDB #realbankrealfreedom
❤46👍13🥰2👏2