Spring Development Bank
✔
17.5K subscribers
2.97K photos
194 videos
1 file
1.28K links
Discover the First Neo Bank for Myanmar.
Download Telegram
♈️ SDBVerse Zodiac — ဒီတပတ်ရဲ့ Comic 🔮✨(Part 2)

နှစ်ပတ်တကြိမ် သောကြာညတိုင်း ပေါ့ပေါ့ပါးပါးနဲ့ အပန်းပြေ ဖတ်ရှုနိုင်မယ့် SDBVerse Comic ကဏ္ဍလေး ပြန်လည်ရောက်ရှိလို့လာပါပြီ။ 💫

ဒီတပတ်မှာတော့ Zodiac Signs တခုချင်းစီရဲ့ ကိုယ်ပိုင်စရိုက်လေးတွေကို SDBVerse ရဲ့ ဟာသအမြင်လေးနဲ့ ဘယ်လိုပုံဖော်ထားလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။ 😁♈️♉️♊️

ကိုယ့် Zodiac နဲ့ တိုက်ဆိုင်တာတွေ့ရင် သူငယ်ချင်းတွေကိုလည်း Tag လုပ်ခဲ့ဖို့ မမေ့နဲ့နော်။ 👀

#SDBVerse #SDBComics #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤52👍5
@SpringcrowdFund ရဲ့ “တစ်ကောင့်ဖွင့် တစ်ခါလှူ၊ 500 Tokens လက်ဆောင်ယူ” အစီအစဉ်မှာ တဖက်တလမ်းကနေ ထောက်ပို့ကူညီရင်း @SpringDevBank ရဲ့ အင်အားသစ်တွေအတွက် ဂုဏ်ပြုလက်ဆောင် 500 SDB Tokens ရယူနိုင်မယ့် နောက်ဆုံးအခွင့်အရေး ဖြစ်ပါတယ်။ 💫

ဘယ်လိုပါဝင်ရမလဲ? 
၁။ SCF တွင် အကောင့်သစ်ဖွင့်ပါ။ ၂။ နှစ်သက်ရာ Campaign တစ်ခုခုကို ပမာဏမရွေး လှူဒါန်းပါ။ ၃။ လှူဒါန်းပြီး Form ဖြည့်ပါ။ 📝 bit.ly/JoinSCF-500SDBTokenReward

ပထမဆုံး အကောင့်သစ် ၃၀၀ ဦးအတွက်သာ 500 SDB Tokens ရရှိမှာဖြစ်လို့ ဒီနေ့နောက်ဆုံးထားပြီး အခုပဲ အားဖြည့်ပါဝင်လိုက်ပါ။ 💛

#SpringDevelopmentBank #SDB #SpringCrowdFund #SCF #SDBTokens #1Plus1Equals500 #RealBankRealFreedom #ChooseSDB
❤55👍4🥰4
SDB Token ကိုင်ထားသူတိုင်း မရှိမဖြစ် နားလည်ထားသင့်တဲ့ Tokenomics အကြောင်း 🪙

@SpringDevBank ရဲ့ SDB Token ကို ကိုင်ထားရုံနဲ့ မပြီးသေးဘူးနော်။ 👀

❇️ ကိုယ်ပိုင်ဆိုင်ထားတဲ့ Token က ဘာလဲ၊ ဘယ်လို ဖြစ်လာတာလဲ၊ ဘာအတွက် အသုံးဝင်တာလဲ၊ ဘယ်လိုမျိုး ဘယ်သူတွေဆီ ဖြန့်ဝေထားတာလဲဆိုတာတွေကို သိထားမှ ကိုယ်ကိုင်ထားတဲ့ Token ကို ပိုနားလည်နိုင်မှာပါ။

❇️ ဒါ့အပြင် Token တစ်ခုရဲ့ နောက်ကွယ်က Project ရဲ့ ရည်ရွယ်ချက်၊ Token ရဲ့ အခန်းကဏ္ဍနဲ့ အသုံးဝင်ပုံတွေကို နားလည်လာတာကလည်း Token ကို ပိုပြီး အမြင်ကျယ်ကျယ်နဲ့ လေ့လာနိုင်ဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

🪙 Token Holder တစ်ဦးချင်းစီက ကိုယ်ပိုင်ဆိုင်ထားတဲ့ Token ကို ကိုယ်တိုင် နားလည်ထားဖို့ သိထားသင့်တဲ့ Owner Mindset နဲ့ စလေ့လာကြည့်ရအောင်။

🪙 SDB Token ကိုင်ထားသူဖြစ်ဖြစ်၊ Crypto Token Project တွေအကြောင်းကို အခုမှ စလေ့လာမယ့်သူဖြစ်ဖြစ် @SIFInstitute ရဲ့ Tokenomics 101 Course ကနေ အခြေခံကစပြီး လေ့လာနိုင်ပါတယ်။

ကိုယ်ပိုင်ဆိုင်ထားတဲ့ Token အကြောင်း ပိုနားလည်ဖို့ Tokenomics 101 ကို ကောမန့်ထဲက Link မှာ Enroll ပြီး အခုပဲ စတင်လေ့လာလိုက်ပါ။ 💪

#SIF #SpringInstituteOfFinTech #CryptoEducation #FinTechKnowledge #SpringDevelopmentBank
❤65👍6
သင့်ရဲ့ SDB အကောင့်ထဲမှာ SDB Token ပမာဏ ဘယ်လောက်အထိ HODL ထားပြီလဲဆိုတာကို အောက်ပါအချက်များထဲက ရွေးချယ်ပြီး Comment မှာ မျှဝေပေးခဲ့ပါဦးနော်။ ✨

အောက်တိုဘာ ၃၁ ရက်နေ့မှာ ပြီးဆုံးမယ့် Galaxy HODLer 2 Mission မှာ ပါဝင်ထားတဲ့ HODLer များအနေနဲ့လည်း ကတိပြုပမာဏကို ခရီးဆုံးသည့်တိုင် ကိုင်ဆောင်ရင်း HODLer Tag နဲ့ 6% APR ဆုလာဘ်များနဲ့အတူ ဖက်ဒရယ်အနာဂတ်ခရီးစဉ် အတူပန်းဝင်လိုက်ကြပါစို့။ 🚀

#SpringDevelopmentBank #SDB #Banking #SDBToken #HODLerMission #CryptoCommunity #RealBankRealFreedom #ChooseSDB
1❤33👍22🥰10🔥1
၂၀၂၆ ခုနှစ် စက်တင်ဘာလရဲ့ @NwayOoHti ဖွင့်ပွဲအခမ်းအနားကြီးကို စက်တင်ဘာလ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီတိတိမှာ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်နော်။

ဒီတခေါက် ဖွင့်ပွဲအခမ်းအနားမှာတော့ @DVBTVNews ၊ @PVTVMyanmar နှင့် မိတ်ဖက် Channel များမှာ အခမ်းအနားမှူး Wendy နှင့်အတူ ဖျော်ဖြေရေး အစီအစဉ်အတွက် Khue Htel Pel တို့မှ ပါဝင်တင်ဆက်ပေးသွားမှာပါ။

မဟာကံကောင်းခြင်းတွေနဲ့အတူ သန်းချီတဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ အခွင့်အရေးက လက်တကမ်းမှာပဲ ရှိနေတာကြောင့် @SpringDevBank Payment နဲ့ အချိန်မီ ချိတ်ဆက်ကံစမ်းရင်း စက်တင်ဘာလဖွင့်ပွဲမှာ အတူတကွ ရင်ခုန်လိုက်ကြရအောင်။

#SpringDevelopmentBank #SDB #NwayOoHti #WeDreamBold #RealBankRealFreedom #ChooseSDB
❤76👍6🔥2
Live stream started
Live stream finished (1 hour)
ထားဝယ်ခရိုင်၊ လောင်းလုံဒေသမှာ ကြုံတွေ့နေရတဲ့ ရေဘေးအတွက် @SpringCrowdFund (SCF) မှာ အရေးပေါ်ကမ်ပိန်း စတင်နေပြီဖြစ်လို့ နွေဦးပြည်သူများ အနေနဲ့ @SpringDevBank ဖြင့်ချိတ်ဆက်ပြီး တတ်နိုင်သလောက် ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။

🔹 ပလက်ဖောင်းအသုံးပြုခ လုံးဝပေးစရာမလိုဘဲ လှူဒါန်းငွေ ရာနှုန်းပြည့် ရေဘေးသင့်ပြည်သူများထံ အမြန်ဆုံးလွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။

🔹 လှူဒါန်းငွေပမာဏကို ပွင့်လင်းမြင်သာစွာ ကြည့်ရှုနိုင်ပြီး ဂုဏ်ပြု Certificate ကိုလည်း ချက်ချင်းလက်ခံရရှိနိုင်မယ်ဖြစ်လို့ ခက်ခဲနေချိန်မှာ အချင်းချင်း ဖေးမကူညီရင်း အတူတကွ အားဖြည့်ပေးကြပါစို့။ 💛

(ဤ Post လေးကို Share ပေးခြင်းဖြင့်လည်း ကူညီနိုင်ပါတယ်)

🔗 ကမ်ပိန်းအကြောင်း အသေးစိတ်ဖတ်ရှုရန်နှင့် ပါဝင်လှူဒါန်းရန်
springcrowdfund.org/c/mNR41W


#SpringDevelopmentBank #SDB #SpringCrowdFund #SCF #EmergencyRelief #RealBankRealFreedom #ChooseSDB
5❤67👍5🥰1
ဒီနေ့မှာတော့ Galaxy HODLer 2 Mission က ဆက်လက်မောင်းနှင်နေဆဲဖြစ်ပြီး ပန်းတိုင်ရောက်ဖို့ရန် အချိန် ၁ လတိတိသာ ကျန်ရှိတော့တဲ့အလျောက် ယခုအချိန်ထိ ကတိပြုထားတဲ့ HODL ပမာဏကို ခိုင်ခိုင်မာမာ ထိန်းသိမ်းလာနိုင်ခဲ့တဲ့ အနာဂတ် HODLer များရဲ့ သမာဓိနဲ့ ဘုံယုံကြည်ချက် တို့အတွက် ဂုဏ်ယူမိပါတယ်။ 💫

အောက်တိုဘာလ (၃၁) ရက်နေ့ Mission ပြီးဆုံးသည်အထိ မိမိတို့ရဲ့ SDB Token တွေကို ခိုင်ခိုင်မာမာ ဆက်လက်ကိုင်ဆောင်ထားပြီး၊ လအကုန်မှာ အထိုက်တန်ဆုံး ဆုလာဘ်များနဲ့အတူ သမာဓိခိုင်မာတဲ့ Galaxy HODLer များအဖြစ် အောင်ပွဲခံလိုက်ကြရအောင်။ 🚀

#GalaxyHODLer2 #SDBToken #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
❤67🥰5👍4
Website နဲ့ App Link အတုအယောင်တွေကနေ မိမိရဲ့ Account နဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူဖို့ ကြိုးပမ်းတဲ့ Phishing Scam တွေ ပိုမိုဖြစ်ပေါ်လာတာကြောင့် Link တွေကို အသုံးပြုတဲ့အခါ အထူးသတိထားဖို့ လိုအပ်ပါတယ်။

🔹 တရားဝင် Channel တွေမှ မျှဝေပေးထားတဲ့ Link တွေကိုသာ အသုံးပြုပါ။

🔹 မသေချာတဲ့ Sender/Channel များမှ Link တွေကို မနှိပ်မိရန် သတိပြုပါ။

🔹 App များအတွက် ပြင်ပ Link (သို့) မသေချာတဲ့ APK ဖိုင်များမှ Download ရယူခြင်းကို ရှောင်ကြဉ်ပြီး တရားဝင် App Store/Play Store မှသာ ရယူပါ။

မသေချာတဲ့ Link တခုကို နှိပ်မိခြင်းက မိမိရဲ့ Account နဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေးကို ထိခိုက်စေနိုင်တာကြောင့် Link တွေကို အမြဲစစ်ဆေးပြီး သတိရှိရှိ အသုံးပြုကြပါ။

#SpringDevelopmentBank #SDB #RealBankRealFreedom #SecurityAlert #SafeBanking #PhishingAwareness #ChooseSDB
❤64👍4🥰3
ဒီနှစ် သီတင်းကျွတ် ညချမ်းလေးကို ပိုပြီး အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်တဲ့ အကြည်ဓာတ်လေးတွေ ရှိလား... ✨

ဂီတသံစဉ်လေးတွေ နားဆင်ရင်း စစ်ဘေးရှောင် ကလေးငယ်လေးတွေရဲ့ ပညာရေးအိပ်မက်တွေကို အတူတူ ဖေးမကူညီပေးနိုင်မယ့် အစီအစဉ်ကောင်းတစ်ခု @SpringDevBank နဲ့ @SpringCrowdFund တို့ဆီကနေ ရောက်လာတော့မယ်နော်။

ဘယ်လို အနုပညာရှင်တွေက ဖျော်ဖြေပေးသွားမလဲ...
ဘယ်လို ရင်ခုန်စရာ အစီအစဉ်တွေ ပါဝင်မလဲ...

လာမယ့် အောက်တိုဘာ (၇) ရက်နေ့မှာ အစီအစဉ်အပြည့်အစုံ ကြေညာပေးသွားမှာမို့... အခုကတည်းက ပြက္ခဒိန်ပေါ်မှာ Date လေး မှတ်ထားလိုက်တော့နော်။ 😍❤️

#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund 
❤67👍5🥰2
SDB မှ အရေးကြီးသတင်းအချက်အလက်များနဲ့ အကောင့်ဆိုင်ရာ အသိပေးချက်တွေကို Email မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားလေ့ရှိပါတယ်။ 📥

ဒါကြောင့်မို့ လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို အချိန်မီသိရှိပြီး မလွတ်သွားစေဖို့ မိမိတို့ SDB အကောင့်ဖွင့်ထားတဲ့ Email ကို ပုံမှန်ဝင်ရောက်စစ်ဆေးတဲ့ အလေ့အကျင့်လေး မွေးမြူကြပါစို့နော်။ 💛

SDB အကောင့်ရယူရန်
📲 bit.ly/m/SDB4all

SDB အသုံးပြုနည်း လမ်းညွှန်
📖 bit.ly/SDBmanual


#SpringDevelopmentBank #SDB #SecurityAwareness #SmartBanking #RealBankRealFreedom #ChooseSDB
👍40❤39
Media is too big
VIEW IN TELEGRAM
သင့်လက်ထဲက SDB ငွေလဲကောင်တာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ မြန်မာချိန် ည ၈:၀၀ နာရီမှာ နွေဦးဘဏ်တွင် ခလုတ်တချက်ဖြင့် လဲလှယ်ရယူနိုင်တဲ့ နိုင်ငံတကာ ငွေကြေးများ၊ $SDB Token နဲ့ ကမ္ဘာ့ရွှေတို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။

ငွေလဲနှုန်းထားများ အချိန်နဲ့တပြေးညီ အပြောင်းလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SDBExchangeFunction #SDBToken #SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
❤51👍5🥰1
Spring Galaxy Store ရဲ့ 10.10 Sales အတွက် ကိုယ်နှစ်သက်တဲ့ SGS Collectibles လေးတွေကို အထူး Offer တွေနဲ့ ရယူနိုင်ပါပြီ။ 💫

🎒 $10.10 Picks
@SpringDevBank Tote Bags • Baseball Caps • @SpringBeesbySDB Keychains
တစ်ခုကို $10.10

🎁 $18 Buy 1 Get 1 Free
SpringBees Figurines • @NwayOoHti Fluffy Keychain • Super 4 Fluffy Keychain
$18 ဖိုးဝယ်ယူတိုင်း Acrylic Keychain တစ်ခု FREE ရရှိမှာပါ။

10.10 Sales က အောက်တိုဘာ ၆ ရက်မှ ၁၀ ရက်နေ့အထိသာ ဖြစ်ပြီး $15 နှင့် အထက် ဝယ်ယူမှုများအတွက် ပြည်တွင်းပို့ဆောင်ခ အခမဲ့ ( Thailand, Singapore,Malaysia) ဖြစ်တာကြောင့် ကိုယ်နှစ်သက်တဲ့ SGS Collectibles လေးတွေကို @SpringZey မှာ SDB Payment နဲ့ အခုပဲ ရယူလိုက်ပါနော်။ ⏳💙

10.10 Sales ဖြင့် SGS ဝယ်ယူရန်
https://www.springzey.com/galaxy-merchandise

SpringZey ရဲ့ Free Delivery အကြောင်း ပိုမိုသိရှိရန်
https://www.facebook.com/share/1CiQx4m7v9/?mibextid=wwXIfr


#SpringGalaxyStore #OurGalaxyOurFuture #SGS #1010Sales #SpringBees #NwayOoHti #SpringDevelopmentBank
❤46🥰3👍2
ဒီသီတင်းကျွတ်မှာ ဂီတနားဆင်ရင်း စစ်ဘေးရှောင်ကလေးငယ်လေးတွေရဲ့ ပညာရေးအိပ်မက်တွေကို အတူတူပံ့ပိုးကြမယ်။ ✨ 

အောက်တိုဘာ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ “Keep Their Dreams Alive” သီတင်းကျွတ်ဂီတညခင်း — Thadingyut Charity Concert 2026 ကို @SpringDevBank နဲ့ @SpringCrowdFund တို့က အွန်လိုင်းကနေ ကျင်းပသွားမှာဖြစ်ပါတယ်။ 

Artist များအနေနဲ့ Abnormal၊ Extant တို့နဲ့အတူ Special Guest ဖြစ်သူ The Circle တို့က ပါဝင်ဖျော်ဖြေပေးသွားမှာဖြစ်ပြီး၊ ဒီပွဲလေးကို ကရင်နီဒေသရှိ စစ်ဘေးရှောင်နေရတဲ့ ကလေးလေးတွေရဲ့ ပညာရေးကို အတူတကွ ထောက်ပံ့ကူညီပေးနိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။

ဒီဂီတညခင်းလေးကနေ ရရှိလာမယ့် လက်မှတ်ရောင်းရငွေများကို SCF platform မှာပြုလုပ်နေတဲ့ South Shan State Kayah Liphu Youth ရဲ့ “Keep Their Dreams Alive” ကမ်ပိန်းသို့ စစ်ဘေးရှောင် ကလေးငယ်များရဲ့ ပညာသင်စရိတ်အတွက် ထောက်ပံ့လှူဒါန်းသွားမှာဖြစ်ပါတယ်။ ဒီလိုလှူဒါန်းမှုနဲ့အတူ ဂီတပွဲဖြစ်မြောက်ရေးအတွက် ကုန်ကျစရိတ်များနဲ့ ပါဝင်အားဖြည့်ပေးကြတဲ့ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်များအတွက်ကိုလည်း ဂုဏ်ပြုပံ့ပိုးပေးသွားမှာပါ။

ဒါကြောင့် လက်မှတ်ဝယ်ယူအားပေးခြင်းဖြင့် စစ်ဘေးရှောင် ကလေးငယ်များအတွက် ပညာဒါနသာမက အမှန်တရားဘက်မှာ ခိုင်မာစွာ ရပ်တည်ပေးနေတဲ့ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်များကိုလည်း ကူညီပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။

လက်မှတ်များကို
- Dolpha Pay 
- SDB Counter Page
- SDB RM 

စတဲ့ နေရာများမှာ အောက်တိုဘာ ၉ ရက်နေ့မှ စတင်ကာ ဝယ်ယူနိုင်မှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်။

#KeepTheirDreamsAlive #ThadingyutCharityConcert2026 #SpringDevelopmentBank #SpringCrowdFund 
❤40👍10🥰3