Spring Development Bank
✔
20.6K subscribers
1.69K photos
83 videos
860 links
Discover the First Neo Bank for Myanmar.
Download Telegram
🤩 ငွေကြေးစုံလင်စွာ အတိုးနှုန်းမြင့် စာရင်းသေ အပ်နှံပါ

ကိုယ်ပိုင်ငွေကြေးများကို လွတ်လပ်စွာ စီမံပြီး လုံခြုံစွာ စုဆောင်းနိုင်ဖို့အတွက် နွေဦးဘဏ်မှာ Fixed Deposit (စာရင်းသေအပ်ငွေ) အပ်နှံလိုက်ပါ။ သက်ဆိုင်ရာ ငွေကြေးအလိုက် အနဲဆုံး $100 နှင့် ညီမျှသော ငွေပမဏမှစ အပ်နှံလို့ရပြီး ငွေကြေး(၁၀)မျိုးကို စိတ်ကြိုက်ရွေးချယ်ကာ နှစ်စဥ်၊ လစဥ်အတိုးများရယူနိုင်တဲ့အပြင် ရွှေချစ်သူတို့အတွက်လည်း ရွှေကို စာရင်းသေအပ်ပြီး အတိုးထပ်ယူနိုင်တဲ့ ဝန်ဆောင်မှုလည်းရှိပါတယ်။

ခေတ်မီသူတိုင်းကတော့ နွေဦးဘဏ်ကို ဒစ်ဂျယ်တယ်မီးခံသေတ္တာလို အသုံးပြုဖို့ အကောင့်ဖွင့်ပြီး ငွေကြေးစုဆောင်းရင်း အတိုးယူနေကြပါပြီ။

သင်လည်း ဒီနေ့ပဲ SDB အကောင့်ကို အခမဲ့ဖွင့်ပြီး အတိုးရယူနိုင်ဖို့ စတင်လိုက်ပါ။🫰
____________

➡️ SDB Application Download လုပ်ရန်
https://bit.ly/SDBandroidapp


➡️ SDB အကောင့်ဖွင့်နည်း Video
https://fb.watch/orQB8TEFDh/

➡️ SDB Facebook Group သို့ Join ရန်
https://www.facebook.com/groups/sdbforall

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
👍42❤20🔥1🎉1
🎲 ငွေကြေး (၁၀)မျိုး ထီပြိုင်ထိုး - Day 01

မေလအတွက် "ငွေကြေး (၁၀) မျိုး ထီပြိုင်ထိုး" Monthly Challenge လေး ဒီနေ့မှ စတင်လိုက်ပါပြီ။


Challenge လေးကတော့ လစဥ်လတိုင်း ၁၅ရက်နေ့မှ ၂၅ရက်နေ့အတွင်းမှာ ငွေကြေး (၁၀)မျိုးကို တစ်နေ့ထဲ အသုံးပြုပြီး Challenge ဝင်သည်ဖြစ်စေ (သို့မဟုတ်) တစ်နေ့ကို မတူညီတဲ့ ငွေကြေး တစ်မျိုးစီ အသုံးပြုပြီးဖြစ်စေ နွေဦးထီထိုးပြီး Challange ဝင်ရမှာဖြစ်ပါတယ်။ 🥳


နွေဦးထီထိုးရာမှာ နွေဦးထီ Web App မှ ကိုယ်တိုင်ကိုယ်ကျ ကံစမ်းနိုင်သလို ကိုယ်စားလှယ်များမှ ဝယ်ယူပြီးလည်း ပါဝင်နိုင်ပါတယ်။ ✨


မတ်လ၊ ဧပြီလအတွက် Challenge Winner များကို အမှတ်တရဂုဏ်ပြုမှတ်တမ်းလွှာများ ပေးပို့ပေးခဲ့ပြီး ဧပြီလအတွက် Surprise Gift များကို လည်း ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။ 🤩


ကဲ ပထမနေ့မှာတော့ ဥရောပရောက် မောင်နှစ်မများနဲ့အတူ Euro ငွေကြေးအသုံးပြုပြီး နွေဦးထီထိုး
Challenge လုပ်ရင်း Grand Prizes တွေကို ကံစမ်းလိုက်ကြရအောင်နော်။ 🫶
________________
မေလအတွက် နွေဦးထီထိုးရန် -
🎲 နိုင်ငံတကာ ကိုယ်စားလှယ်များမှ တဆင့် ထီထိုးမယ်ဆိုရင်
https://www.facebook.com/photo/?fbid=479423901086007&set=a.266976622330737

#NwayOoHti
❤36🎉3🥰1
ခေတ်မီ နည်းပညာ SDB app လေး Download ဆွဲပြီးပြီလား ?

အဆင့်မြင့် လုံခြုံရေး အတွက် Android version 10 နဲ့ အထက် အသုံးပြုသူ နွေဦးဘဏ်ချစ်သူများအတွက် Google Play Store မှာ SDB Mobile App လေး Download လုပ်ပြီး အသုံးပြုလို့ရနေပြီ ဖြစ်ကြောင်း သတင်းကောင်း ထပ်မံပါးပါရစေ။

Play Store မှာ "SpringDevelopmentBank" လို့ရှာလို့လည်း ရသလို ဒီလင်ခ့်လေးကနေလည်း Download လုပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။

➡️ Play Store download link -
https://bit.ly/SDBandroidapp

🍎 ပန်းသီးပိုင်ရှင်တွေအတွက်လည်း မကြာခင် iOS App လေး ရောက်ရှိလာမှာဖြစ်လို့ အကောင့်ဖွင့်၊ ငွေသွင်းရင်း အတူတူ စောင့်ကြရအောင်။📱
_______________
#ChooseSDB
#SpringDevelopmentBank
#RealBankRealFreedom
❤40👍4🥰1
🥳 ငွေကြေး (၁၀)မျိုး ထီပြိုင်ထိုး - Day 02

မေလအတွက် "ငွေကြေး (၁၀) မျိုး ထီပြိုင်ထိုး" Monthly Challenge လေး ဒုတိယနေ့ မှာတော့ သြစတေးလျရောက် နွေဦးမောင်နှစ်မများနဲ့အတူ AUD နဲ့ စိန်ခေါ်ပြီး နွေဦးထီကံစမ်းကြမယ်နော်။

ဒီ Challenge လေးကတော့ လစဥ်လတိုင်း ၁၅ရက်နေ့မှ ၂၅ရက်နေ့အတွင်းမှာ ငွေကြေး (၁၀)မျိုးကို တစ်နေ့ထဲ အသုံးပြုပြီး Challenge ဝင်သည်ဖြစ်စေ (သို့မဟုတ်) တစ်နေ့ကို မတူညီတဲ့ ငွေကြေး တစ်မျိုးစီ အသုံးပြုပြီးဖြစ်စေ နွေဦးထီထိုးပြီး Challenge ဝင်ရမှာဖြစ်ပါတယ်။

နွေဦးထီ Web App မှ ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူနိုင်သလို ကိုယ်စားလှယ်များမှတဆင့်လည်း နွေဦးထီထိုးပြီး ပါဝင်နိုင်ပါတယ်။

ခုပဲ - AUD နဲ့ စိန်ခေါ်ကံစမ်းပြီး သန်းကြွယ်သူဌေးအနာဂတ်ဆီသို့ လှမ်းကြရအောင်။

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
#SpringDevelopmentBank
👍19❤12🥰1🎉1
💫 လုံခြုံခေတ်မီစွာ နွေဦးဘဏ်ကို နေ့စဥ်သုံးပါ။

SDB အကောင့်ဖွင့်ထားပြီး ဘယ်လို အသုံးပြုရမလဲ မသိဘူးဆိုရင်တော့ နေ့စဥ်လူမှုဘဝမှ စပြီး ဘက်စုံအသုံးပြုလို့ရကြောင်းလေး ပြောပြချင်ပါတယ်။ 🪄

နွေဦးဘဏ်မှာ မိမိကိုယ်ပိုင်အကောင့်ကို အခမဲ့ အကောင့်ဖွင့်ပြီးတာနဲ့ စာရင်းသေအပ်ပြီး အတိုးယူ၊ Gold Mart မှာ ရွှေဝယ်ပြီး ရွှေစု၊ ငွေကြေး (၁၀)မျိုး ကို အပြန်အလှန်လဲလှယ်၊ အကောင့်အချင်းချင်းလည်း အခမဲ့ ငွေလွှဲပေးပို့ခြင်းများကို ပြုလုပ်နိုင်သလို EOD နဲ့ အစုရှယ်ယာ များလည်း ရင်းနှီးမြုပ်နှံနိုင်ပါတယ်။ 💰

ဒါ့အပြင် အရေးကြီးဆုံးအချက်ကတော့ ရန်ပုံငွေ ပရောဂျက်များမှာ နွေဦးဘဏ်နဲ့ ထိရောက်၊ လုံခြုံ၊ လွတ်လပ်စွာ လှူဒါန်းထောက်ပံ့နိုင်တာပဲဖြစ်ပါတယ်။ 🫶

သင်လည်း SDB ကို ဘက်စုံအသုံးပြုနိုင်ဖို့ ခုပဲ အကောင့်ဖွင့်၊ ငွေစုလိုက်တော့နော်။ 😻
_______________
#ChooseSDB
#SpringDevelopmentBank
#RealBankRealFreedom
👍31❤3👏3🎉1
မျိုးဆက်သစ်တို့ အနာဂတ်အိပ်မက်များ အတွက်

ဒီကနေ့ မေ ၁၈ မှာ ကျရောက်တဲ့ ၄၄ နှစ်မြောက် ဂွမ်ဂျူး ပြည်သူ့အရေးတော်ပုံ အောက်မေ့ဘွယ် နဲ့အတူ မြန်မာနိုင်ငံအတွက် ဖက်ဒရယ် ဒီမိုကရေစီအရေးကို လျှောက်လှမ်းနေတဲ့ အောင်လံလွှင့်ချီ နွေဦးထီ ရဲ့ ငွေကြေး(၁၀)မျိုး ထီပြိုင်ထိုး challenge မှာ SDB ဖြင့် လဲလှယ် ငွေသွင်းပြီး Korean Won - KRW နဲ့ ပါဝင် လိုက်ရအောင်။

ထီပြိုင်ထိုး challenge ပါဝင်ရန် -

https://www.facebook.com/nwayoohti/posts/pfbid02apzPWoZHo1qXHxpPiPtunA7NgJGunshmqAc2TGwWJHnqE2UsfsF782yuL7WaNTFEl

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
#SpringDevelopmentBank
❤21👍3👏2🥰1
Media is too big
VIEW IN TELEGRAM
နွေဦးထီ သန်း ၅၀၀ ပေါက်ခဲ့ရင် SDB မှာ ရင်းနှီးမြှုပ်နှံပါမယ်တဲ့ 🤩

ဧပြီလ ဖွင့်ပွဲမှာ အောင်လံလွှင့်ချီ နွေဦးထီ ရဲ့ လက်ဆောင်ဆု သိန်း (၅၀) နဲ့ နှစ်သိမ့်ဆု သိန်း (၂၀) အစရှိတဲ့ နွေဦးထီချစ်သူများထံမှ နိုင်ငံ့ဂုဏ်ဆောင် ကံထူးရှင်များ ထွက်ပေါ်လာခဲ့ပါတယ်။

ယခုလို ဂုဏ်ပြုထိုက်တဲ့ ကံထူးရှင်တို့ရဲ့ အမှတ်တရ ရင်တွင်း စကားသံများကို အတူတူ နားဆင်ခံစားပြီး ကံကောင်းခြင်းများလည်း ကူးစက်မျှဝေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

ဧပြီလ ကံထူးရှင်တို့ စကားသံများ အပြည့်အစုံ နားထောင်ရန် -
https://fb.watch/s8oN54wGVe/

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
#SpringDevelopmentBank
❤42🎉3
နွေဦးဘဏ်မှာ မိမိစိတ်ကြိုက်ငွေကြေး (၁၀)မျိုးကို စာရင်းသေအပ်နှံနိုင်တဲ့အပြင် ရွှေကိုပါ (၁)လ၊ (၃)လ၊ (၆)လ၊ (၁)နှစ် စသည်ဖြင့် ရွေးချယ်ပြီး အတိုးရယူနိုင်ပါတယ်။

စာရင်းသေငွေအပ်နှံမယ်ဆိုရင်တော့ သက်ဆိုင်ရာ ငွေကြေးအလိုက် အနိမ့်ဆုံး $100 နှင့် ညီမျှတဲ့ ငွေပမဏမှစ အပ်နှံလို့ရပြီး နွေဦးဘဏ်အကောင့်ရဲ့ Fixed Deposit Tab ထဲမှ Invest Now ကိုနှိပ်၊ မိမိအပ်နှံလိုတဲ့ ငွေကြေးနဲ့ အချိန်ကာလကို ရွေးချယ် အပ်နှံနိုင်ပါတယ်။ အတိုးများကို စုဆောင်းကာလ အချိန်ပြည့်တာနဲ့ (၄၈) နာရီစောင့်ပြီး တိုးရင်းပေါင်း ကို မိမိရဲ့ ဘဏ်စာရင်းထဲမှာ ပြန်လည် ထုတ်ယူလို့ ရပြီနော်။

အတိုးလေးတွေ ရမယ့်ရက်ကို တစိမ့်စိမ့်ထိုင်ကြည့်နေတဲ့ နွေဦးဘဏ်ချစ်သူတွေရှိရင်လည်း ကွန်မန့်မှာ မျှဝေခဲ့ပါဦး။ ❤️

အတိုးနှုန်းများ ကြည့်ရှုရန် -
https://www.facebook.com/photo/?fbid=362779473467886&set=a.176666738745828

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
❤35👍1🥰1
🤩 ငွေကြေး (၁၀)မျိုး ထီပြိုင်ထိုး - Day 05

မေလရဲ့ "ငွေကြေး (၁၀) မျိုး ထီပြိုင်ထိုး" Monthly Challenge လေး (၅)ရက်မြောက်နေမှာတော့ UK ရောက် နွေဦးအမျိုးတို့နဲအတူ GBP နဲ့ နွေဦးထီကံစမ်းကြရအောင်။

UK မှာရှိတဲ့ မြန်မာသွေးချင်း မောင်နှစ်မတွေရဲ့ စိတ်အားထက်သန်မှု နဲ့ တက်ကြွပါဝင်မှုတွေကို ပြသနိုင်မယ့်အချိန်ကောင်းဖြစ်သလို နွေဦးထီချစ်သူတို့ရဲ့ စိန်ခေါ်ယှဥ်ပြိုင် ပါဝင်မှုတွေကလည်း အဓိကကျတဲ့ ခွန်အားဖြစ်စေပါတယ်။ 💪

Challenge လေးမှာ ပါဝင်ဖို့အတွက် နွေဦးထီ Web App မှ ကိုယ်တိုင်ကိုယ်ကျ GBP ငွေကြေးနဲ့ ဝယ်ယူနိုင်သလို ကိုယ်စားလှယ်များမှတဆင့်လည်း နွေဦးထီထိုးပြီး ပါဝင်နိုင်ပါတယ်။

အိပ်မက်တွေ လက်တွေ့အကောင်အထည်ဖော်ခွင့်ရဖို့ နွေဦးထီကံစမ်းကြပါစို့။ 🥰

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
👍24❤9🎉2🥰1
တောင်တန်းမြေပြန့် အိပ်မက်များအတွက် 🫶

တိုင်းရင်းသားအားလုံးချစ်တဲ့ မနောမြေ
သဘာဝအလှတွေ ဟန်ဝင့်ကြွားနေတဲ့ ကချင်မြေ

သိင်္ဂါရ ရသအပြည့်နဲ့ အနုပညာမြောက်တဲ့
"ချစ်ခြင်းတည်စေ မနောမြေ"

မနောမြေကို ချစ်တဲ့ @nwayoohti မှလည်း ချစ်ခြင်းမေတ္တာများနဲ့ အတူ ဒီကမ်ပိန်းလေးမှာ အထူးအစီအစဥ်လေးတရပ် အနေနဲ့ ကူညီ အားဖြည့်ထားပါတယ်။

မနောမြေချစ်သူတို့ ဘယ်လို ပါဝင်ရမလဲ ?

၁။ မေလ ၂၀ မှ ၃၀ ရက် အတွင်း မနောမြေ ကမ်ပိန်းမှာ SDB ဖြင့် တိုက်ရိုက်လှူဒါန်းပြီး (သိို့မဟုတ်) FR များမှ တဆင့် စိတ်ကြိုက် ဆက်သွယ်ပြီး ပါဝင်ထောက်ကူပါ။ https://www.facebook.com/SupportKachin

၂။ ရရှိလာတဲ့ ဂုဏ်ပြုလွှာ certificate နဲ့ အတူ အမည် ၊ email ကို နွေဦးထီ messenger m.me/nwayoohti မှာ ပို့ပေးပါ။

၃။ စာရင်းသွင်း အတည်ပြု စစ်ဆေးပြီးတာနဲ့ နွေဦးထီ လက်မှတ် တစောင် ကို email စောင့်ယူပါ။

မနောမြေမှ ချစ်ခြင်းမေတ္တာ တင်သာမက ကမ်ပိန်းပြီးတာနဲ့ ဂုဏ်ထူးဆောင် သန်းကြွယ် သူဌေးလောင်း ဖြစ်ခွင့်ပါ ဝေမျှနေတာမို့ အတူလက်တွဲ ပါဝင်ကြဖို့ နွေဦးထီမိသားစုမှ မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

#အောင်လံလွှင့်ချီနွေဦးထီ
#ချစ်ခြင်းတည်စေမနောမြေ
❤39👍5🥰2👏1
🤩 ငွေကြေး (၁၀)မျိုး ထီပြိုင်ထိုး - Day 06

မေလရဲ့ "ငွေကြေး (၁၀) မျိုး ထီပြိုင်ထိုး" Monthly Challenge (၆)ရက်မြောက်နေ့ကို ရောက်ရှိခဲ့ပါပြီ၊ ဒီနေ့မှာတော့ ဆူရှီမြေက နွေဦးမောင်နှမတွေနဲ့အတူ ဂျပန်ယန်း (JPY) နဲ့ ထီထိုးပြီး ကံစမ်းကြစို့နော်။

ကံတရားကို စမ်းသပ်ကြည့်လိုပြီး ယှဥ်ပြိုင်စိန်ခေါ်မှုတွေကို နှစ်သက်တယ်ဆိုရင် လစဥ် (၁၅) ရက်နေ့မှ (၂၅) ရက်နေ့အထိ တစ်နေ့ကို ငွေကြေးတစ်မျိုးနဲ့ ဖြစ်စေ ၁၀ ရက်အတွင်း SDB ရဲ့ ငွေကြေး (၁၀)မျိုးလုံးကို တပြိုင်နက် ဝယ်ယူပြီးဖြစ်စေ အသုံးပြုပြီး ပါဝင်နိုင်ပါတယ်။

ဂျပန်ယန်းနဲ့ အောင်လံလွှင့်ချီ နွေဦးထီ ကံစမ်းရင်း သန်းကြွယ်သူဌေးဖြစ်ခွင့်တွေ ပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်းပြုပါတယ်။ 😘

#WeDreamBold
#NwayOoHti
#SpringDevelopmentBank
👍28❤8👏1🎉1
📲ဖုန်းထဲကနေ အချိန်မရွေး ရွှေဝယ်နိုင်ပါတယ်။

အချိန်နဲ့အမျှပြောင်းလဲနေတဲ့ ကမ္ဘာ့ရွှေစျေးအရ ရွှေဝယ်ဖို့ကို ဆိုင်ဖွင့်ချိန် စောင့်ပြီး ဝယ်မယ်ဆိုရင်တော့ စျေးတွေသာ ပြောင်းလဲသွားပါမယ်၊ ကိုယ်ဝယ်ချင်တဲ့ စျေးနဲ့ ဝယ်ယူနိုင်ဖို့က မသေချာပါဘူး။ 🥺

ဒါပေမယ့် နွေဦးဘဏ်မှာဆိုရင်တော့ တစ်ရေးနိုး ရွှေစျေးအတက်အကျကို ကြည့်ပြီးတော့လည်း ညနက်သန်းခေါင် အချိန်မရွေး ရွှေဝယ်နိုင်ပါတယ်။ 😎

နွေဦးဘဏ်မှာ ကမ္ဘာ့ရွှေစျေးနဲ့အညီရောင်းချပေးနေတဲ့ Gold Token ရွှေဝယ်မယ်ဆိုရင် နွေဦးဘဏ်အကောင့်ဖွင့်၊ အကောင့်ထဲ ငွေသွင်းထားရုံနဲ့၊ SDB App မှာရှိတဲ့ Gold Mart ဆိုတဲ့ နေရာလေးမှာ ဝင်ပြီး နေရာမရွေး၊ အချိန်မရွေး မိမိစိတ်ကြိုက် ငွေကြေးနဲ့ လဲလှယ် ဝယ်ယူလိုက်ရုံပါပဲနော်။ 🥳

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
❤40👍5🥰1👏1