Spring Development Bank
21.1K subscribers
2.01K photos
111 videos
982 links
Discover the First Neo Bank for Myanmar.
Download Telegram
SDB Token Holder တိုင်း အတွက် လွတ်လပ်စွာ  Token ကိုယ်တိုင် စီမံခွင့် 

နွေဦးဘဏ်၏ ICO1 နှင့် ICO2 အထိ တခဲနက် ရင်းနှီးမြှုပ်နှံခဲ့ကြသူများ အတွက် Listing ခရီးစဥ် မတိုင်မီ ကနဦးခြေလှမ်းအဖြစ် SDB Token များကို သက်ဆိုင်ရာ စည်းကမ်းချက်များ အလိုက် ကိုယ်တိုင်ကိုယ်ကျ အပြည့်အဝ လွတ်လပ်စွာ စီမံခန့်ခွဲနိုင်တဲ့ အခွင့်အရေးကို ယနေ့မှ စတင် ရယူနိုင်ပါပြီ။
 
Token ကိုယ်တိုင် စီမံပိုင်ခွင့်ဆိုသည်မှာ Token Vesting အချိန်ဇယား အတိုင်း စုစုပေါင်း Token ပိုင်ဆိုင်မှုထဲမှ Available ဖြစ်ထားတဲ့ Token ပမာဏ အားလုံးကို Earn သို့ ထည့်ဝင်ပြီး ဆုငွေပိုင်ဆိုင်ခြင်း ၊ Collateral Loan အဖြစ် အပ်နှံပြီး ချေးငွေရယူခြင်း အပါအဝင် အကောင့်တခုမှ တခုသို့ လက်ခံပေးပို့ခြင်းတို့ နှင့် အတူ မကြာမီ တရားဝင် ခွင့်ပြုမည့် Exchange တွင် လွတ်လပ်စွာ ရောင်းဝယ်နိုင်ခြင်း တို့လည်း ပါဝင်ပါတယ်။ 

အမြတ်တနိုး ပိုင်ဆိုင်ထားတဲ့ SDB Token တွေကို ကိုယ်တိုင် အပြည့်အဝ စီမံခွင့် ရှိတဲ့အလျောက် ဆုံးရှုံးမှုများ မရှိရလေအောင် ထိန်းသိမ်းကာကွယ်နိုင်ဖို့ မိမိ တဦးတည်း၏ တာဝန်သာ ဖြစ်တာကြောင့် အောက်ပါ အချက်များ အတိုင်း လိုက်နာဆောင်ရွက်သင့်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။ 

အထူးသတိပြုရမည့် အချက်များ ⚠️

🔺မိမိတို့ရဲ့ Token ပိုင်ဆိုင်ထားသော SDB အကောင့်နှင့်  ဆက်စပ် email များကို လိမ်လည်သူများထံမှ ကြိုတင်တိမ်းရှောင်နိုင်ရန် ခိုင်မာတဲ့ Password/PIN နှင့် နှစ်ဆင့်ခံ 2FA တို့ဖြင့် အကောင့်လုံခြုံရေးကို မြှင့်တင်ကာကွယ်ထားပါ။

🔺မသမာသူတို့၏ မက်လုံးပေးလှည့်ဖြားမှုများမှ ကင်းဝေးဖို့ အလောတကြီး ဆုံးဖြတ်ချက်မချမီ မိမိကိုယ်တိုင် (သို့) မိမိနှင့် တိုက်ရိုက် သိရှိပြီး ယုံကြည်ရသူများနှင့်သာ အကြိမ်ကြိမ် အတည်ပြုပြီး SDB Token ကို လက်ခံပေးပို့ခြင်း ဆောင်ရွက်ပါ။

🔺ယခုအချိန်တွင် SDB Token လက်ခံပေးပို့မှုများသည် Polygon Network ၏ Wallet Address ဖြင့်သာ အဓိက အလုပ်လုပ်သောကြောင့် အချိန်ယူ စိစစ်ပြီးမှ ဆက်လက် ဆောင်ရွက်ပါ။

🔺SDB အကောင့်အချင်းချင်း လက်ခံပေးပို့ရာတွင် လွှဲခ အခမဲ့ ဖြစ်သော်လည်း ပြင်ပ Polygon Address သို့ ပေးပို့ပါက သတ်မှတ် လွှဲခ ကျသင့်နိုင်မည် ဖြစ်ကြောင်း သတိပြုပါ။

🔺SDB Token လက်ခံပေးပို့မှုများသည် blockchain ပေါ်တွင် လုပ်ဆောင်သည့် အတွက် Polygon Network လိုင်းကြပ်သည့် အချိန်ပေါ်မူတည်၍ ခေတ္တ စောင့်ဆိုင်းရတတ်ခြင်း ကိုလည်း အထူး သတိပြုပါ။ 

🔺SDB Token များကို အချင်းချင်း မှားယွင်းလွှဲပြောင်းခြင်း နှင့် SDB ပြင်ပ External Wallet များ သို့ ထုတ်ယူခြင်းမှ ဖြစ်ပေါ်လာသည့် ဆုံးရှုံးနစ်နာမှုများသည်  မိမိရဲ့တာဝန်သာ ဖြစ်ကြောင်း သိရှိနားလည်ရပါမည်။ 

🔺SDB နှင့် မိတ်ဖက်အဖွဲ့အစည်းတို့၏ တရားဝင်စာမျက်နှာများမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်သော သတင်းများ၊ အသိပေးချက်များကိုသာ ဖတ်ရှု လိုက်နာ ဆောင်ရွက်ပါ။ 

လွတ်လပ် ခိုင်မာသည့် @SpringDevBank ရပ်ဝန်းတခုကို ဖန်တီးနိုင်ဖို့ ဖော်ပြပါ အချက်များကို အချင်းချင်း ဖေးမကူညီ မျှဝေရင်း မကြာမီ လာမယ့် ကမ္ဘာကျော် Exchange စာရင်းဝင်မည့် သမိုင်းသစ်မှာ စောင့်မျှော်ဝန်းရံကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်နော်။

#SpringDevelopmentBank #SDBToken #SDB2theMoon
146👍22🥰6👏5🏆2🔥1
Media is too big
VIEW IN TELEGRAM
ပြည်သူများ ချစ်ခင်အားပေးကြတဲ့ တော်လှန်အနုပညာရှင် ကို Daung - ဒေါင်း မှ Listing ခရီးစဉ် မကြာခင်ရောက်လာတော့မှာ ဖြစ်ကြောင်း နဲ့ SDB Token များထပ်မံဝယ်ယူခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုအကျိုးနဲ့ တော်လှန်ရေးအကျိုးကို ဘယ်လိုညီမျှစေမယ့် သမိုင်းဝင်အခွင့်အရေး ဖြစ်ကြောင်းကို တိုက်တွန်း ဖိတ်ခေါ်ထားတာဖြစ်လို့ အခုပဲ နားဆင်လိုက်ကြရအောင်။

#SDB2theMoon #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
1173👍26🥰10🎉5🏆2👏1
Media is too big
VIEW IN TELEGRAM
SDB Token ပိုင်ဆိုင်ခွင့်အတွက် အတည်ပြုပေးမယ့် Airdrop Enrollment ပြုလုပ်ရာမှာ အခက်အခဲ အဆုံးအရှုံးများမရှိစေဖို့ Ko Kira နဲ့ Ma Ruka တို့မှ Enrollment Criteria ပြည့်မီမှုကစလို့ Pollen ရွေးချယ်မှု အထိ ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်နိုင်စေဖို့ အဆင့်ဆင့် လက်တွေ့ကျကျ ရှင်းပြပေးထားတဲ့အတွက် Enrollment လမ်းခရီးဖြောင့်ဖြူးစေရန် အခုပဲ Video ကို သေချာကြည့်ပြီး လုပ်ဆောင်လိုက်တော့နော်

🕹️t.me/springbees_bot

#SpringBeesAirdrop #StinglikeSDBees
#SpringBeesbySDB #SpringDevelopmentBank #AirdropEnrollment
147👍9👏8🥰5🔥2🏆1
ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးထားတဲ့ Vesting Schedule

SDB Token များ Listing ဝင်ပြီးနောက် စျေးကွက် တည်ငြိမ်မှု နှင့် စီမံကိန်း၏ ရေရှည်ခိုင်မာမှုကို အာမခံနိုင်ရန် အတွက် ICO1 နှင့် ICO 2 မှာ ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ တိုကင်ပိုင်ရှင်များအနေနဲ့ Vesting Schedule နှင့် တိုကင်ဖြန့်ဝေမှု စနစ်ကို ကိုယ်တိုင် နားလည်သဘောပေါက်ထားဖို့ အရေးကြီးပါတယ်။ 

Token Project တခုရဲ့ ရေရှည်ခိုင်မာမှုနှင့် အောင်မြင်မှုအတွက် Vesting ဟာ အဓိက အုတ်မြစ်တစ်ခုဖြစ်တဲ့ အပြင် Exchange Listing စတင်ချိန်တွင် စျေးကွက် မတည်မငြိမ်ဖြစ်ခြင်းမှ ရှောင်ရှားကာ ရုတ်တရက် စျေးနှုန်းပြိုလဲမှုမှ ရင်းနှီးမြှုပ်နှံမှုတို့ကို အပြည့်အဝ ကာကွယ်ပေးသလို SDB ရဲ့ Token စီမံခန့်ခွဲမှုမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

🪙Total SDB Token Holding:  လက်ရှိ ပိုင်ဆိုင်ထားသော စုစုပေါင်း Token ပမာဏ
🪙Available Token: ယခုချက်ချင်း စိတ်ကြိုက် စီမံ အသုံးပြုနိုင်သော Token များ
🪙Restricted Token: Vesting ကာလအလျောက် အချိန်နှင့်တပြေးညီ သတ်မှတ်ကာလအလိုက် ဖြေးဖြေးချင်း ဖြန့်ဝေပေးသွားမည့် ဆိုင်းငံ့ထားသည့် Token များ
🪙Locked Token: SDB ရဲ့ Earn နှင့် Loan ဝန်ဆောင်မှုများတွင် ထည့်သွင်းအပ်နှံထားသောကြောင့် ယာယီကန့်သတ်ထားသည့် Token များ ပဲဖြစ်ပါတယ်။

@SpringDevBank ရဲ့ Vesting Schedule ဆိုတာ ပိုင်ဆိုင်ထားတဲ့ စုစုပေါင်း SDB Token များမှ ကြိုတင် ဖြန့်ဝေထားသည့် ၁၀% ကို Listing နေ့ ရောက်သည့် လတွင် အသုံးပြုခွင့် ရရှိတဲ့အလျောက် Restricted Token အောက်ရှိ တိုကင်များကို Listing စတင်ပြီး တလလျှင် ၁၀% စီဖြင့် ကျန်ရှိ (၉) လ အတွင်း ဖြန့်ဝေပေးသွားမည့် သတ်မှတ်အချိန်ကာလ ဖြစ်ပါတယ်။

ဒီလို ဆုံးရှုံးနစ်နာမှု အနည်းဆုံးဖြစ်အောင် စီစဉ်ထားတဲ့ Vesting ကာလကို ယုံကြည်အားဖြည့်ရင်း SDB Token များ တန်ဖိုးမြင့်မားလာမည့် သမိုင်းဝင်အောင်ပွဲဆီသို့ တော်လှန်ပြည်သူတို့၏ အင်အားဖြင့် အတူတကွ လက်တွဲဆက်လက် ချီတက်ကြပါစို့! 🚀

#SDBToken #SDB2theMoon 
#SpringDevelopmentBank 
#RealBankRealFreedom 
#ChooseSDB
52.16K👍442🥰60👏29🔥21🎉17🏆17🆒6
Media is too big
VIEW IN TELEGRAM
လက်မနှေးကြဖို့ လိုမယ့် သတင်းကောင်း

တန်ဖိုးရှိတဲ့ အစုရှယ်ယာများကို လူထုထံ ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီးဖြစ်တဲ့ @SpringDevBank ဟာ Exchange Listing မှာ စိတ်ကြိုက် ဝယ်ယူရောင်းချနိုင်တော့မယ့် ခိုင်မာတဲ့ သတင်းကောင်းနဲ့အတူ အနာဂတ်အတွက် ထပ်မံဝယ်ယူလိုသူများ ၊ သားသမီးများအတွက် ရင်းနှီးမြှုပ်နှံလိုသူများ ဒီခြေလှမ်းဟာ ဘယ်လို သမိုင်းဝင်အခွင့်အရေးဖြစ်ကြောင်း မသန့်ဝေကျော် မှ အားတက်ဖွယ်ပြောပြထားတာမို့ အခုပဲ နားဆင်လိုက်ကြရအောင်နော်🤩

#SDB2theMoon #SpringDevelopmentBank #RealBankRealFreedom
#ChooseSDB
687👍99👏34🥰19🔥5🏆3
ဒီနေ့ည မြန်မာချိန် ၈ နာရီခွဲမှာ ပြုလုပ်မဲ့ Community Surprise Call မှာ Ko Calvin နှင့် Ko Merlin တို့မှ Listing အောင်မြင်ပြီးနောက် @SpringDevBank ရဲ့ အနာဂတ် နှင့် Token တန်ဖိုးတို့ကို ပုံသွင်းမယ့် ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတို့နဲ့ ပတ်သက်ပြီး ဘာတွေပြောသွားမလဲဆိုတာကို အချိန်နှင့်တပြေးညီ သတင်းထူး ဦးဆုံးသိရဖို့ နွေဦးဘဏ်ချစ်သူအဖွဲ့သားများအနေနဲ့ လက်လွတ်မခံဘဲ လာရောက်နားဆင်ဖို့ တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်နော်

🗓️နေ့ရက်: November 13, 2025
⏱️အချိန်: 8:30 PM MMT

#SDB2theMoon
#SDBToken
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
#SDBCommunityCall
1590👍81👏26🥰22🎉9🔥4
နွေဦးဘဏ် SDB Token များ ကမ္ဘာကျော် Exchange တွင် စာရင်းဝင် listed ဖြစ်လာသည့် နွေဦးပြည်သူများ၏ စုပေါင်းအောင်ပွဲ မှတ်တိုင်သစ် မှ သည် Token တန်ဖိုး ခရီးရှည် Journey ကို ဆက်လက် မောင်းနှင်ဖို့ မနက်ဖြန် SDB 2 the Moon Countdown Party ဖြင့်် LIVE ဂုဏ်ပြုဆင်နွှဲသွားမှာ ဖြစ်ပါတယ်။

Spring Galaxy Ecosystem ရဲ့ သက်ဆိုင်ရာ Page များအားလုံးမှာ တစ်ပြိုင်နက် ထုတ်လွှင့်ပြသသွားမှာဖြစ်လို့ အားလုံးအတူတူ လကမ္ဘာအထိ လိုက်ပါပျံသန်းလိုက်ကြဖို့ တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်နော်🤩

🗓️နေ့ရက်: Nov 14, 2025 (Friday)
⏱️အချိန်: 03:00 PM (MMT)

#SDB2theMoon
#SpringDevelopmentBank
#SDBToken
#ChooseSDB
5916👍197🥰36🎉19👏18🏆13👌3
ယနေ့မှာ ကျရောက်တဲ့ (၁၀၅) ကြိမ်မြောက် အမျိုးသားနေ့ အောင်ပွဲဟာ ပြည်သူများရဲ့ တက်ညီလက်ညီ တုံ့ပြန်မှုကြောင့် သမိုင်းမှာ မှတ်ကျောက်တင်နိုင်ခဲ့တဲ့နေ့ ဖြစ်လာရသလို ပကတိ လွတ်လပ်မှုနဲ့ ဖယ်ဒရယ်အနာဂတ်အတွက် စုပေါင်းအားဖြည့်နေကြတဲ့ တော်လှန်ပြည်သူများ အတွက်လည်း ဒီနေ့မှာ SDB Token များနဲ့ Listing လကမ္ဘာမှ စခြေချနိုင်မယ့် နေ့ရက်လည်းဖြစ်တယ်။

ပြည်သူတဦးတယောက်ချင်းစီရဲ့ ရင်းနှီးမြှုပ်နှံမှုတိုင်းဟာ NUG အစိုးရ ဦးဆောင်တဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကို တိုက်ရိုက် အားဖြည့်ပေးနေတဲ့ အမျိုးသားအင်အားတရပ်ဖြစ်ပြီး @SpringDevBank ကို ဆက်လက် အားပေးရင်း ဘေးကင်းလုံခြုံတဲ့ ငွေကြေးစနစ် ကို အသုံးပြုခြင်းဖြင့် အမျိုးသားရေး ဆန္ဒပြင်းပြမှုကို ကမ္ဘာကို ဆက်လက်ပြသကြစို့လား

#SDB2theMoon
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
362👍66🥰20🎉9👏6🔥2
လကမ္ဘာအထိ ပျံသန်းမည့် Global Listing Countdown Party LIVE 🚀

SDB Token များ Exchange Listed ဖြစ်လာသည့် သမိုင်းဝင်အောင်ပွဲကို ဂုဏ်ပြုဆင်နွှဲရန် Countdown Party LIVE ကို Spring Galaxy Ecosystem ရဲ့ သက်ဆိုင်ရာ Page များအားလုံး မှာ တစ်ပြိုင်နက် စတင်ထုတ်လွှင့်ပြသနေပြီဖြစ်ရာ Token ရဲ့ အနာဂတ်တန်ဖိုးကို ပုံဖော်မည့် ဒီအခမ်းအနားကြီးကို မတက်ရောက်ရသေးပါက အောက်ပါ Link များမှ အခုပဲ Join လိုက်ကြဖို့ တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်နော်

🔗FB Live: https://www.facebook.com/share/v/17EMd3sYjk/?mibextid=wwXIfr

🔗Telegram Live: https://t.me/SpringDevBank?livestream

#SDB2theMoon
#SDBToken
#SpringDevelopmentBank #ChooseSDB #RealBankRealFreedom
262👍30🥰4🎉4🔥2🏆1
SDB Token များဟာ @MEXC_ENchannel နဲ့အတူ Listing ခရီးစဉ်ကို အောင်မြင်စွာနဲ့ စတင်မောင်းနှင်နေပြီ ဖြစ်တဲ့အလျောက် ပျားရဲဘော်တို့ရဲ့ တခဲနက် အင်အားတွေကြောင့် ပထမ ၁ နာရီ အတွင်းမှာ တွန်းတင်ရောက်ရှိခဲ့တဲ့ SDB Token ပေါင်း 30.3M တန်ဖိုးရှိ Trading Volume နဲ့အတူ Global Market မှာ @SpringDevBank ရဲ့ အကြီးမားဆုံး ပထမခြေလှမ်းကို ဂုဏ်ယူစွာနဲ့ ဖော်ပြလိုက်ပါတယ်နော်📈

#SDB2theMoon
#SDBToken
#SpringDevelopmentBank #ChooseSDB #RealBankRealFreedom
294👍35🥰20👏14🎉8🔥2💯2🆒2🏆1
Media is too big
VIEW IN TELEGRAM
🎙️SDB Podcast Friday - Token ကိုင်ဆောင်သူများအတွက် အလွယ်ဆုံး နဲ့ အလုံခြုံဆုံး SDB Counter

အပတ်စဉ် သောကြာနေ့ရဲ့ SDB Podcast Friday ကို ပြည်သိမ်းမောင်၊ မသန့်ဝေကျော်တို့နှင့်အတူ ပြန်လည်တင်ဆက်ဖို့ ရောက်ရှိလာပါပြီ။

ဒီတစ်ပတ် Episode မှာတော့ Exchange Account ဖွင့်ဖို့ ခက်ခဲနေသူများ အတွက် @SpringDevBank app အတွင်း USDT တမျိုးတည်းနဲ့ မကန့်သတ်ထားဘဲ နိုင်ငံခြားငွေ ၁၀ မျိုးဖြင့် စိတ်ချလက်ချ ဝယ်/ရောင်း နိုင်တဲ့ SDB Counter အကြောင်း၊ Listing နဲ့ ပတ်သက်တဲ့ သတိပြုရန် အချက်များ အပြင် Token များလွယ်ကူစိတ်ချစွာ စီမံနိုင်မယ့် နည်းလမ်းကောင်းများ သိရှိရဖို့ အခုပဲ နားဆင်လိုက်ရအောင်နော်။

#SDBPodcastFriday
#SDBCounter
#RealBankRealFreedom
#SpringDevelopmentBank
#ChooseSDB
254👏17👍9🥰4🔥1💯1🏆1
နွေဦးဘဏ်ချစ်သူများအနေနဲ့ Digital Assets တွေကို စိတ်ကြိုက် စီမံခန့်ခွဲရာမှာ Exchange တွေလို ရှုပ်ထွေးမှုမရှိဘဲ @SpringDevBank ရဲ့ ဘဏ္ဍာခံတပ်အောက်မှာ Token တွေကို လုံခြုံစွာ ဝယ်/ရောင်းနိုင်တဲ့ SDB Counter ရဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ အသုံးချနိုင်ဖို့အတွက် သတိပြုရန်အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်နော်။

📕နွေဦးပြည်သူတို့အနေနဲ့ သတိပြုရန်လိုအပ်သည်များမှာ

📌SDB မှ တရားဝင် ဖွင့်လှစ်ထားသော Counter Page သည် တစ်ခုတည်းသာ ရှိပြီး Follower/Like အနည်းအများကိုကြည့်၍ အစစ်ဟုတ်/မဟုတ်ကို အသေအချာစစ်ဆေးပါ။
📌 မိမိတို့ရဲ့ Token ပိုင်ဆိုင်ထားသော SDB အကောင့်နှင့် ဆက်စပ် email များကို လိမ်လည်သူများထံမှ ကြိုတင်ကာကွယ်နိုင်ရန် ခိုင်မာတဲ့ Password/Pincode နှင့် နှစ်ထပ်ခံတပ်ဖြစ်တဲ့ 2FA တို့ဖြင့် အကောင့်လုံခြုံရေးကို မြှင့်တင်ကာကွယ်ထားပါ။
📌Token တွေ လွှဲပြောင်းရာမှာ Polygon Network ၏ Wallet Address ဖြင့်သာ အဓိက အလုပ်လုပ်သောကြောင့် address မှန်/မမှန်အချိန်ယူ စိစစ်ပြီးမှ ဆက်လက် ဆောင်ရွက်ပါ။
📌 မသမာသူတို့ထံ အလိမ်ခံရခြင်းမှ ကာကွယ်ရန်အတွက် အလောတကြီး ဆုံးဖြတ်ချက်မချမီ မိမိကိုယ်တိုင် (သို့မဟုတ်) မိမိနှင့် တိုက်ရိုက် သိရှိပြီး ယုံကြည်ရသူများနှင့်သာ အကြိမ်ကြိမ် အတည်ပြုပြီး SDB Token ကို လက်ခံပေးပို့ခြင်း ဆောင်ရွက်ပါ။

Token Assets များ လုံခြုံစေရန်အတွက် နွေဦးဘဏ်ရဲ့ တရားဝင် SDB Counter page link မှတဆင့်သာ ဝင်ရောက် ဆက်သွယ်ပေးပါရန် တိုက်တွန်းအပ်ပါသည်👇

SDB Counter တရားဝင် Page Link:
🔗 m.me/SDBCounter

#SDBToken
#SpringDevelopmentBank #ChooseSDB #RealBankRealFreedom
#SDBCounter
93👍44🥰7👏2🔥1🎉1🆒1
Media is too big
VIEW IN TELEGRAM
Dr. Thet Ko Ko ပြောတဲ့ မျိုးဆက်သစ်တို့ အတွက် ရေးထိုးမည့် မြန်မာ့ဘဏ္ဍာရေး သမိုင်းသစ် ✍️

@SpringDevBank Exchange Listing ဟာ အနာဂတ် ဖယ်ဒရယ် မြန်မာနိုင်ငံသစ်ရဲ့ မျိုးဆက်သစ်များအတွက် ဘဏ္ဍာရေး အမွေအနှစ် ပေးနိုင်မယ့် မြန်မာ့ဘဏ္ဍာရေး သမိုင်းရဲ့ ပထမဦးဆုံး ကမ္ဘာ့အဆင့်မီသမိုင်းဝင် အခွင့်အရေး ဖြစ်ကြောင်းကို NUG ကိုယ်စားလှယ် Dr. Thet Ko Ko မှ ပြောကြားတိုက်တွန်းသွားတာဖြစ်လို့ ယခုပဲ နားဆင်ကြည့်လိုက်ကြရအောင်နော်

#SDB2theMoon
#SpringDevelopmentBank #RealBankRealFreedom
#ChooseSDB
100163👍41🎉7🥰5🔥1👏1🏆1
SDB Token များဟာ MEXC တွင် စာရင်းဝင်ပြီးနောက် တော်လှန်ပြည်သူတို့ရဲ့ တခဲနက် စုပေါင်းအင်အားနှင့် Project အပေါ် ယုံကြည်မှုတို့ကြောင့် ပထမဆုံး ၂၄ နာရီ အတွင်း SDB Token ပေါင်း 50.0M တန်ဖိုးရှိ Trading Volume ကို အောင်မြင်စွာ တွန်းတင်ရောက်ရှိခဲ့ကာ @SpringDevBank ရဲ့ Global Market ပေါ်က အကြီးမားဆုံး ပထမခြေလှမ်းကို ဒီလို ခိုင်မာသော Volume ဖြင့် စတင်နိုင်ခဲ့သည့်အတွက် အားလုံးကို ဂုဏ်ယူစွာ ဖော်ပြလိုက်ရင်း SDB 2 THE MOON ခရီးစဉ်ကို အားလုံးအတူတကွ ဆက်လက်မောင်းနှင်ကြပါစို့🚀

#SDB2theMoon
#SDBToken
#SpringDevelopmentBank #ChooseSDB #RealBankRealFreedom
170👏22👍8🥰7🎉3🔥1🆒1
"နွေဦးပြည်သူများကို SDB နှင့် SCF မှအထူးဂုဏ်ပြုခြင်း"

နွေဦးပြည်သူများ၏ မဆုတ်မနစ် မလျှော့တမ်း ဇွဲ၊ လုံ့လ၊ ညီညွတ်စွာကြိုးပမ်းမှုများကြောင့် SDB Token များ ကမ္ဘာကျော် Exchange Top 10 ဝင် MEXC တွင် စာရင်းဝင် listed ဖြစ်လာပြီး စုပေါင်းအောင်ပွဲ မှတ်တိုင်သစ်ကို အတူစိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ယခုလိုဂုဏ်ယူဖွယ် မှတ်တိုင်အသစ် စတင်နိုင်ခဲ့ခြင်းကို အမှတ်တရအခိုက်အတန့်အဖြစ် သိမ်းဆည်းထားနိုင်ရန်အတွက် Spring Galaxy Ecosystem ထဲမှာပါဝင်ပြီး SDB ငွေလွှဲစနစ်ကို အဓိကအသုံးပြုထားသည့် လုံခြုံစိတ်ချစွာထောက်ပို့နိုင်သော SCF Platform တွင် အထူးအစီအစဉ်တစ်ခုကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ကမ္ဘာ့ပွဲဦးထွက် SDB Listing လက်တွေ့ စတင်နိုင်ခဲ့ခြင်း ပထမဆုံးရက်သတ္တပတ်ဖြစ်သည့် (15 Nov - 22 Nov) အတွင်း SCF Platform တွင်ထောက်ပို့ကြသော မိဘပြည်သူတိုင်းအတွက် @SpringCrowdFund နှင့် @SpringDevBank တို့ပူးပေါင်းကာ Special Certificate များကို ပေးသွားမှာဖြစ်ပြီး ဒီလို တန်ဖိုးရှိတဲ့ မိမိရဲ့ထောက်ပို့မှု ဂုဏ်ပြုမှတ်တမ်းများကို ရေရှည်လုံခြုံစွာသိမ်းဆည်းထားနိုင်ဖို့အတွက် SCF အကောင့်ဖွင့်ထားဖို့လည်း တိုက်တွန်းလိုပါတယ်။

ဂုဏ်ပြုမှတ်တမ်းရယူရန်
🔶 springcrowdfund.org/sign-in

#SDB2theMoon
#SDBToken
#SpringDevelopmentBank
#SpringCrowdFund
#တို့အတူချီတက်SCF
158👏14🥰9👍6🔥2🆒2🎉1
Media is too big
VIEW IN TELEGRAM
လွတ်လပ်တဲ့ မြန်မာနိုင်ငံတော်သစ်ကို ဦးတည်လှမ်းချီနေတဲ့ နွေဦးဘဏ်ရဲ့ SDB Token များ Global Listing ပေါ် အရောက် ချပြနိုင်ခြင်းဟာ တော်လှန်ပြည်သူများနဲ့ ဘဏ္ဍာရေးအောင်ပွဲ အတွက် အရွေ့ကြီးတခု ဖြစ်ကြောင်းကို ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့် Representative of NUG - Czech Republic မှ အားတက်ဖွယ် တိုက်တွန်းပြောကြားခဲ့တာ ဖြစ်လို့ အတူတူ နားဆင်လိုက်ရအောင်။

#SDBToken #SDB2theMoon #SpringDevelopmentBank #ChooseSDB
115👍19🥰3🔥1
လကမ္ဘာခရီးစဉ် လိုက်ပါဖို့ AirDrop စာရင်းပေးသွင်းစို့ 🌕

ချစ်ပျားတို့ရဲ့ မလျော့သော ဇွဲလုံ့လနဲ့ နေ့စဉ်မပြတ် အားထုတ်မှုကနေ ရရှိလာတဲ့ Pollen များကို ဖယ်ဒရယ် အနာဂတ်အတွက် အရာထင်စေမယ့် SDB Token များနဲ့ လဲလှယ်ပိုင်ဆိုင်ခွင့် ရယူနိုင်နေပြီနော်။ 🐝

ဒိလို နှစ်ခါပြန်မရနိုင်တဲ့ အခွင့်အရေးဖြစ်တဲ့ Listing လကမ္ဘာခရီးစဉ်မှာ အားလုံးတူတူ လိုက်ပါနိုင်ဖို့အတွက် နိုဝင်ဘာ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ဝတ်မှုန်ကူး စာရင်းသွင်းဖို့ကို အောင်မြင်ပြီးဆုံးအောင် လုပ်ဆောင်ဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ 💪

🕹️ t.me/springbees_bot

🪧Enrollment လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ပုံနှင့်တကွ လေ့လာရန်
https://www.facebook.com/share/p/1CPV4UHwUw

🎥Ko Kira နှင့် Ma Ruka တို့ ရှင်းပြထားတဲ့ စာရင်းသွင်းပုံ အဆင့်ဆင့် Video Guide
https://www.facebook.com/share/v/1BZs1DVYTo

#SpringBeesAirdrop #StinglikeSDBees
#SpringBeesbySDB #SpringDevelopmentBank #AirdropEnrollment
106👍11🥰3🔥1
🏆 လကမ္ဘာအထိ လိုက်ပါပျံသန်းနေသူများအတွက် Profile Picture အသစ်

ချစ်ရတဲ့ SDB Token Holder များအတွက် Exchange Listing အောင်မြင်မှုနဲ့အတူ SDB 2 THE MOON ခရီးစဉ်ကို အားတက်သရော ပါဝင်အားဖြည့်ခဲ့ကြတာတွေအတွက် အမှတ်တရ ဖြစ်စေဖို့ လကမ္ဘာအထိ Token အလံစိုက်ထူခဲ့သူများအတွက် ဒီ Exclusive Profile Picture အသုံးပြုနိုင်ဖို့ comment မှာ ချပေးထားတဲ့ Ai Prompt ကနေအတူတကွ ဖန်တီးရင်း စုပေါင်းအင်အားကို ဂုဏ်ယူစွာ ဖော်ပြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။👇


♦️ပြောင်းလိုသည့် profile ကိုsave ပါ
♦️gemini app ကိုဖွင့်ပြီး nano banana ကိုရွေးပါ
♦️မိမိရဲ့ မျက်နှာ selfie ပုံနှင့် save လိုက်သော ပုံကို upload လုပ်ပါ။
♦️ပေးထားသော prompt ကို copy လုပ် gemini app ထဲမှာ paste လုပ်ပြီး ပုံထုတ်နိုင်ပါပြီ

Using my photo, create an image of the astronaut from the reference image , do not change the style of the reference image.


#SDB2TheMoon
#ChooseSDB
#RealBankRealFreedom
#SpringDevelopmentBank
108👍20🥰6🔥3
@SpringDevBank ရဲ့ ဝန်ဆောင်မှုတိုင်းကို တနေရာတည်းမှာ အပြည့်အဝ လေ့လာနိုင်ဖို့ အတွက် ခေတ်မီ ဒီဇိုင်း နဲ့ လုံခြုံရေး ပိုမိုမြှင့်တင်ပြီး ပြန်လည်ဆန်းသစ်ထားတဲ့ SDB Website ကို Browser မှတဆင့် အချိန်နဲ့တပြေးညီ သိရှိလေ့လာနိုင်ပြီ ဖြစ်လို့ အခုပဲ ဝင်ရောက်ကြည့်ရှု လိုက်ရအောင်။👇

SDB Website အသစ်သို့ ဝင်ရောက်ရန်
www.springdevelopmentbank.com

SDB White Paper ဖတ်ရှုရန်
bit.ly/SDBWhitePaper

#SDB2theMoon
#SpringDevelopmentBank #ChooseSDB #RealBankRealFreedom
49👏3👍2🔥1🥰1
နွေဦးဘဏ်၏ ဆန်းသစ်တီထွင် ဘဏ္ဍာရေးအောင်မြင်မှု မှတ်တိုင်များမှသည် မြန်မာနိုင်ငံတော်သစ်၏ စီးပွားရေးလွတ်လပ်မှုဆီသို့

အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ၏ ဦးဆောင်စီမံမှုဖြင့် ပြည်သူ့ဘဏ္ဍာ တည်ဆောက်ရေး နှင့် ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်ရေး ဟူသော  မဏ္ဍိုင် (၂) ရပ်ကို အစဥ်တစိုက် ဖော်ဆောင်နိုင်ရန် ထူထောင်ဖွဲ့စည်းခဲ့သည့် နွေဦးဖွံ့ဖြိုးရေးဘဏ် @SpringDevBank သည် (၂) နှစ်တာ ကာလအတွင်း လုံခြုံလွတ်လပ်သော ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် အောင်မြင်မှု သမိုင်းသစ်မှတ်တိုင်များကို ကမ္ဘာအနှံ့ ပြည်သူ့ ဝန်းရံမှုအင်အားဖြင့် စိုက်ထူလျက်ရှိပါသည်။

ယခုအခါ SDB ၏ ကမ္ဘာကျော် အိတ်စ်ချိန်း စျေးကွက်တွင် တရားဝင် စာရင်းဝင်ခြင်း အောင်မြင်မှု နှင့် မြန်မာနိုင်ငံတော်သစ်၏ စီးပွားရေးလွတ်လပ်မှု အနာဂတ်အတွက် တီထွင်ဆန်းသစ်သော မဟာဗျူဟာများ၊ ရှေ့လုပ်ငန်းစဥ်များ အကြောင်း  အများပြည်သူထံသို့ ရှင်းလင်း တင်ပြနိုင်ရန် SDB ဦးဆောင်အဖွဲ့ဝင်များမှ ကျင်းပပြုလုပ်မည့် သတင်းမီဒီယာ ရှင်းလင်းပွဲအား ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၁၈) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၃) နာရီ၌​ သတင်းမီဒီယာအချို့ နှင့် မိတ်ဖက်အဖွဲ့အစည်းတို့၏ channel များမှ တဆင့် တိုက်ရိုက်တင်ဆက် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

#SpringDevelopmentBank #ExchangeListed #RealBankRealFreedom #SDB2theMoon
62👏10👍3🔥2