Spring Development Bank
20.6K subscribers
1.71K photos
85 videos
866 links
Discover the First Neo Bank for Myanmar.
Download Telegram
Channel created
Channel photo updated
မိဘ ပြည်သူထံ အသိပေး ကြေညာခြင်း
နွေဦးဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လုံခြုံလွတ်လပ်ပြီး အမှီအခိုကင်းသည့် ဒီဂျစ်တယ် ခေတ်သစ်ဘဏ် ဖြစ်ပါသည်။ လုံခြုံမှု အမြင့်မားဆုံး စနစ်ကို အခြေခံသည့် ဘလော့ချိန်းနည်းပညာ ဖြင့် တည်ဆောက်ထား၍ ပြည်သူ့ဓန ဘဏ္ဍာစည်းစိမ်များကို ယုံကြည်စိတ်ချစွာ စုဆောင်းစီမံနိုင်ရေးအတွက် အစဥ်မြဲ ကြိုးစားအားထုတ်သွားမည် ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁-၆-၂၀၂၃) ရက်စွဲဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် ကြားကာလ ဗဟိုဘဏ်မှ စည်းမျဥ်း ချမှတ် ခွင့်ပြုထားသော ဘဏ်လုပ်ငန်းနှင့် ငွေကြေး၀န်ဆောင်မှု တရား၀င်လိုင်စင် ရရှိထားပြီး ဖြစ်ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံသစ်ကို မျှော်မှန်းကာ မိဘပြည်သူ တိုင်းရင်းသား အားလုံး၏ အကျိုးစီးပွားကို ရှေးရှ၍ ပြည်သူ့ဘဏ်စစ်စစ် အဖြစ် အခိုင်အမာရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည်။
၁၈.၇.၂၀၂၃
နွေဦးဖွံ့ဖြိုးရေးဘဏ်

ကြားကာလဗဟိုဘဏ်၏ တရား၀င်အမိန့်ကြေငြာချက်
https://www.facebook.com/100094054736568/posts/pfbid02ZGwQYpYmqJRV44PS2ibcYdeLiuDFTPk7pX4hKqaHAA9MmDrjgToA8LwUBqnkG7ELl/?mibextid=cr9u03
95👍27🎉1
Our Bank’s Intro & Missions.💙🧡
Follow our community and be a part of the revolution.

Facebook
fb.me/SpringDevBank

Messenger
m.me/SpringDevBank

Telegram
t.me/SpringDevBank
t.me/SpringDevBankCommunity

Twitter
twitter.com/SpringDevBank

Youtube
youtube.com/@SpringDevBank

Threads
www.threads.net/@springdevbank

#SpringDevelopmentBank
#RealBankRealFreedom
👍5941🎉6🥰1👏1
ယနေ့ ကျရောက်တဲ့ ဇူလိုင်လ (၂၂) ရက်နေ့ ဟာ နွေဦးဘဏ်၏ ကနဦးအကြိုကာလ စမ်းသပ်ဖွင့်လှစ်တဲ့ ပထမဆုံးသော နေ့ဖြစ်ပါတယ်။
ပထမဆုံး ဘဏ်စတင်လည်ပါတ်တဲ့ day 1 မှာပဲ နွေဦးဘဏ် စာရင်း ဖွင့်သူပေါင်း (၁,၀၀၀) ပြည့်ခဲ့ပြီဖြစ်ပါတယ်။ နွေဦးဘဏ် ကို လူမှုကွန်ယက်များကနေ အားပေးဝန်းရံသူ Follower ပေါင်း (၁၀,၀၀၀) ကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ယုံကြည်မှုတခု၊ ပန်းတိုင် တခု တည်းကို နောက်မဆုတ်စတမ်း အတူလက်တွဲ ချီတက်နေကြတာဟာ အားတက်စရာကောင်းသလို ဝမ်းမြောက်ဂုဏ်ယူရပါတယ်။

လက်ရှိ ဆောင်ရွက်သွားမယ့် Beta Version ဟာ အကန့်အသတ်ရှိနေတာမို့ စိန်ခေါ်မှုတွေ အခက်အခဲတွေ ကြုံလာခဲ့ရင်လည်း နိုင်ငံအနှံ့မှာ ခန့်အပ်ထားတဲ့ ပြည်သူ့ဓနဆက်ဆံရေးအရာရှိ (Relationship Managers) အယောက် (၁၀၀) နှင့်အတူ ပြင်ဆင်မွမ်းမံမှုတွေ အစဥ်တစိုက်လုပ်ဆောင်သွားမှာမို့ စိတ်ရှည်စွာနဲ့ ဆက်လက်အားပေး ဝန်းရံကြပါ ၊ အကြံပြုပူးပေါင်း ပါဝင်ပေးကြပါလို့ မိဘပြည်သူများကို မေတ္တာရပ်ခံပါတယ်။

#SpringDevelopmentBank
#RealBankRealFreedom See less

https://www.facebook.com/photo?fbid=179225985156570
171👍51🎉3🏆1
SDB - နွေဦးဘဏ်မှ ရရှိနိုင်သော အဓိက အကျိုးကျေးဇူးများ

နွေဦးဘဏ်သည် တော်လှန်ရေးကာလသုံးပါးကို လွှမ်းခြုံ၍ မိဘပြည်သူ တိုင်းရင်းသားအားလုံး၏ အကျိုးစီးပွားကို ရှေးရှုကာ လက်ရှိပစ္စုပ္ပန်ကာလ၏ စိန်ခေါ်မှုများကို အဓိကကျော်လွှားရန် ကြိုးစားအားထုတ်ပြီး လက်တွေ့ကျသော အကျိုးကျေးဇူးများကိုသာ ဖော်ဆောင်ပေးမည့် ရည်မှန်းချက်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ခေတ်သစ် စနစ်သစ် ဘဏ်စစ်စစ် ပဲ ဖြစ်ပါတယ်။

နွေဦးဘဏ်၏ လက်ရှိ လည်ပါတ်နေသာ Soft Launch ကာလ သည် Private Beta အဆင့်ဖြစ်တဲ့အတွက် ကနဦး စမ်းသပ်အသုံးပြုသူ ( beta users ) အရေအတွက် ၁၀၀၀ ကန့်သတ်ထားပါတယ်။ ဘဏ်စနစ် တည်ငြိမ်စွာ လည်ပတ်နိုင်ရန် ပြင်ဆင်မွမ်းမံမှုများကို တာ၀န်ရှိသူများက အစဥ်တစိုက် မရပ်မနား လုပ်ဆောင်နေတာမို့ လူကြီးမင်းတို့ အနေနဲ့ ဘဏ်အကောင့်ဖွင့်ခြင်းများ မအောင်မြင်သေးပါက beta အရေအတွက် ထပ်မံတိုးချဲ့သည့် အချိန်အား ခေတ္တစောင့်ဆိုင်းပေးပါရန် အထူးမေတ္တာရပ်ခံပါတယ်။

နွေဦးဘဏ်ဝန်ဆောင်မှုများ အသုံးပြုရန် စောင့်မျှော်အားပေးနေသည့် ပြည်သူအယောက်စီတိုင်းကို ဂုဏ်ယူလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်။

#SpringDevelopmentBank
#RealBankRealFreedom
206👍38🎉2🔥1
Maintenance Notice!!!

နွေဦးဘဏ်၏ လက်ရှိ ဖော်ဆောင်နေတဲ့ Beta စမ်းသပ်ကာလမှာ ၀က်ဘ်အပလီကေးရှင်း (Web Application) အား မူလ ခန့်မှန်းထားတဲ့ သုံးစွဲမှု ပမာဏထက် ထင်မှတ်မထားလောက်အောင် များပြားခဲ့လို့ ၀င်ရောက်သုံးစွဲသူများကို ဘဏ်ဝန်ဆောင်မှုများ အထေ့အငေါ့မရှိ စေရန်အတွက် ပိုမိုကောင်းမွန်ပြီး လျင်မြန်သွက်လက်တဲ့ အဆင့်မြှင့်တင်မှုများကို လုပ်ဆောင်နိုင်ဖို့ လာမည့် ၂၆ ရက် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် နံနက် ၄ နာရီ မှာ Beta app အား ခေတ္တခဏ ရပ်ဆိုင်းထားပါမယ်။
ခန့်မှန်းကြာချိန် (၁) နာရီခန့် ဖြစ်သော်လည်း အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်မှာဖြစ်လို့ beta စမ်းသပ် အသုံးပြုသူများအနေနဲ့ မိမိတို့ ထည့်ထားသော အပ်နှံငွေများသည် လုံခြုံစွာ သိမ်းဆည်းထားတာမို့ စိုးရိမ်ရန် မလိုပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
ကနဦး စမ်းသပ်အသုံးပြုသူ အရေအတွက် ၁၀၀၀ ကန့်သတ်ထားတဲ့အတွက် ဘဏ်စနစ် တည်ငြိမ်စွာ လည်ပါတ်နိုင်ရန် ပြင်ဆင်မွမ်းမံမှုများကို အစဥ်တစိုက်လုပ်ဆောင်နေပါတယ်။ လူကြီးမင်းတို့ အနေနဲ့ ဘဏ်အကောင့်ဖွင့်ခြင်းများ မအောင်မြင်သေးပါက beta user အရေအတွက် ထပ်မံတိုးချဲ့သည့် အချိန်အား ခေတ္တစောင့်ဆိုင်းပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါတယ်။
182👍40👏4🎉2
နွေဦးဘဏ်ရဲ့ ဘဏ္ဍာရေးယန္တရားဟာ ငွေကြေးစနစ်စုံလင်တဲ့ Multi-Currency Bank တခုဖြစ်လို့ ယဥ်ကျေးမှုသဏ္ဍာန်စုံလင်တာကြောင့် တာဝန်ဝတ္တရား အလျားအနံ အားဖြင့် ကျယ်ပြန့်ပါတယ်။ ငွေကြေးစနစ်ဆိုတာမှာ ပိုက်ဆံတခုတည်းမဟုတ်ဘဲ ထိတွေ့ကိုင်တွယ်လို့မရတဲ့ ယုံကြည််မှုငွေကြေး (Trust Currency) ကို တိုးပွားမြှင့်တင်နိုင်မှ ဘဏ်တခု အနေနဲ့ ကောင်းမွန်စွာ လည်ပါတ်နိုင်မှာပါ။

ယုံကြည်မှုနဲ့ စပ်လျဥ်းပြီး စစ်ကောင်စီ ထိန်းချုပ်မှုအောက်က ပြည်တွင်း ပုဂ္ဂလိကဘဏ်လုပ်ငန်းများရဲ့ သုံးစွဲသူအခွင့်အရေးချိုးဖောက်ကျူးလွန် ခံရမှုများကိုလည်း မိဘပြည်သူအပေါင်း သိရှိနားလည်ပြီးဖြစ်မှာပါ။

ဒီ့အတွက် တော်လှန်ရေးကာလမှာ အခက်အခဲများကို လက်တွေ့ကျစွာ ဖြေရှင်းနိုင်ဖို့ ငွေကြေးဆိုင်ရာ မူဝါဒနဲ့ ဘဏ်စနစ်လွတ်လပ်မှု၊ လုံခြုံမှုအခြေခံ အုတ်မြစ်တွေချမှတ်တဲ့အခါမှာ ကနဦး စမ်းသပ်မှုများ အဆင့်ဆင့် အောင်မြင်စွာ လုပ်ဆောင်နိုင်မှသာလျှင် ပြည်သူလူထု မျှော်လင့်တဲ့ ယုံကြည်အားကိုးရတဲ့ ပြည်သူ့ဘဏ် ဖြစ်လာမှာပါ။

Read More :

https://www.facebook.com/100092075088594/posts/pfbid021DkSbihRppzEwCBr8KarbZVvmEZZS4tZ3Z57DqiFUWvWm5E1fZzwcSKVnhUvpf9jl/?mibextid=cr9u03
158👍35🥰5🎉4👌2👏1
RM (Relationship Manager) ပြည်သူ့ဓနဆက်ဆံရေးအရာရှိ တွေရဲ့ အခန်းကဏ္ဍက နွေဦးဘဏ်ရဲ့ ကွန်ယက်သဖွယ် ပင်မသွေးကြောများဟု ဆိုနိုင်ပါတယ် ။ နွေဦးဘဏ် နဲ့ လုံခြုံလွတ်လပ်ခြင်းကို မြတ်နိုးတဲ့ ပြည်သူလူထုကြားမှာ တံတားများကဲ့သို့ ဆက်သွယ်ပေါင်းကူးပေးနေတဲ့ SDB ရဲ့ “ဘဏ်ခွဲ” တွေလို့ ပြောလို့ ရပါတယ်။

RM ကွန်ယက် ဆိုတာ တော်လှန်ရေးကာလမှာ ၂နှစ်ကျော် အတွေ့အကြုံများကို ဗဟိုပြုရင်း သွေးမအေးသွားပဲ ရံပုံငွေများ အလေအလွင့်မရှိအောင် ကျရာကဏ္ဍမှာ ဆက်လက်ပြီး တာ၀န်ယူမှု၊ တာ၀န်ခံမှုတွေနဲ့အတူ ဘဏ္ဍာရေးတိုက်ပွဲ၀င်နေကြတဲ့ စေတနာ့၀န်ထမ်းပြည်သူများနဲ့သာ ဖွဲဲ့စည်းထားတာပဲဖြစ်ပါတယ်။ ဒါကြောင့် SDB က အသိအမှတ်ပြု စိစစ်ရွေးချယ်ထားတဲ့ RM တွေကနေ တဆင့် ငွေသွင်း/ ငွေထုတ် ပြုလုပ်ခြင်းက စိတ်အချရဆုံးဖြစ်ပါတယ်။

နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ telegram channel မှာလည်း ၀င်ရောက်ဆွေးနွေးနိုင်သလို Help Center မှာလည်းမိမိ သိလိုသည်များကို လေ့လာနိုင်ပါတယ်။

တော်လှန်ဆီမီး ဆက်လက်ထွန်းညှိရင်း ဘဏ္ဍာရေးတိုက်ပွဲ၀င်ကြပါဦးစို့။

https://www.facebook.com/100092075088594/posts/pfbid0UBePvSMfGFQhGKJrkRZunae3A2TnrECZXajmf41DN56i1TCebX3YLaA4pHWiaVPxl/?mibextid=cr9u03
👏8537👍37🥰12👌6🎉2🔥1
စစ်အာဏာရှင်ကို ခုခံတွန်းလှန်ခဲ့ကြသည့် တော်လှန်ရေး ခေတ်အဆက်ဆက် အနက် ၈၈၈၈ အရေးတော်ပုံ နှင့် ၂၀၂၁ နွေဦးတော်လှန်ရေး တို့ဟာ လူထုတရပ်လုံး အုံကြွပါဝင်မှု အများဆုံး အမြင့်ဆုံး ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာတော့ အတွေးအခေါ် နည်းပညာတော်လှန်ရေး တဆင့်တက်ခဲ့တယ်။ "သတင်း အချက်အလက်နဲ့ ဒစ်ဂျစ်တယ်နည်းပညာ" ဆိုတဲ့ လက်နက် နှင့် ဒီလက်နက်ကို ပိုင်ပိုင်နိုင်နိုင် အသုံးပြုနိုင်တဲ့ မျိုးဆက်တွေကြောင့်ပဲ ပြည်သူ့ အောင်ပွဲကို လှမ်းမြင်နေရလေပြီ။

အခုတဖန် “လွတ်လပ်ဧကန် နွေဦးဘဏ်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ပြည်သူ့အခြေပြု ဘဏ္ဍာရေးခေတ် တခု ထွန်းသစ်အောင် ငွေကြေးစနစ်စုံလင်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank ) ကလည်း စစ်အာဏာရှင်လက်အောက် ဒူးထောက်နေတဲ့ ဘဏ်စနစ်များကို စတင်တွန်းလှန် လည်ပတ်နေပြီ ဖြစ်တယ်။

၈၈ စိတ်ဓာတ်ကို အရင်းတည်ကာ နည်းပညာအား နွေဦးဘဏ်ရဲ့အားနဲ့ “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်” ကြမယ်ဆိုရင် အောင်လံကိုင်သူ အစစ်အမှန်ဟာ ပြည်သူတွေဖြစ်ရမှာ မြေကြီးလက်ခတ်မလွဲ မုချပါပဲ။

https://www.facebook.com/100092075088594/posts/pfbid02X7Mm56sfsnrTDNPWC6YqDtmtTW7bbm6dLTtRzxAcwEkwLBU99DRv1p7J8Nmphtuml/?mibextid=cr9u03
👍10346🔥4🥰2🎉2👏1
ကနဦး beta ကာလ အတွင်း နွေဦးဘဏ် အသုံးပြုသူများရဲ့ အထူး တောင်းဆိုမှုများကြောင့် မိမိတွင် DMMK ငွေကြေးရှိထားပြီး SDB ဘဏ်စာရင်းထဲသို့ မြန်မာကျပ်အဖြစ် အပ်နှံစုဆောင်းလိုပါက RM များကို တိုက်ရိုက် ဆက်သွယ်၍ အကန့်အသတ်မရှိ ငွေသွင်းနိုင်ပြီး မိမိအလိုရှိရာ အခြား ငွေကြေးများသို့ ဝယ်ယူ၊ ပြောင်းလဲနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

DMMK ဖြင့် အကန့်အသတ်မရှိ ငွေသွင်းခြင်းအား ပရိုမိုးရှင်းကာလ Aug 15 မှ Aug 31 အတွင်း (သို့) အသစ် ထပ်မံ ကြေညာမည့်အချိန်ထိ အကျုံးဝင်ပါတယ်။

အမှီအခိုကင်းပြီး အလုံခြုံဆုံး အလွတ်လပ်ဆုံး ငွေကြေးပလက်ဖောင်း နှစ်ခု ဖြစ်တဲ့ SDB - နွေဦးဘဏ် နှင့် NUGPay ၏ ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများအား အချိန်နဲ့ တပြေးညီ တင်ပြထုတ်ပြန်သွားမှာပဲ ဖြစ်ပါတယ်။

နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ telegram channel မှာလည်း ၀င်ရောက်ဆွေးနွေးနိုင်သလို Help Center မှာလည်းမိမိ သိလိုသည်များကို လေ့လာနိုင်ပါတယ်။

SDB User Community - https://t.me/SpringDevBankCommunity
SDB Help Center - https://help.springdevelopmentbank.com
👍7637
ဘဏ်အကောင့်ဖွင့်ရန် စောင့်ဆိုင်းစာရင်းတွင် ရောက်ရှိနေသူများအတွက် အထူး သတင်းကောင်း

နွေဦးဘဏ် ကနဦး Private Beta စမ်းသပ် ကာလ ဆောင်ရွက်နေသည်မှာ အချိန်အားဖြင့် ၃ ပတ်မြောက် ရှိလာခဲ့ပါပြီ။ စမ်းသပ်အသုံးပြုသူ အရေအတွက် ၁၀၀၀ သတ်မှတ်ထားပြီးနောက် ထိုက်သင့်သော ပမာဏအချို့အား အမှတ်စဥ်အလိုက် တိုးချဲ့ခဲ့ပါတယ်။

ယခုတခါမှာတော့ သြဂုတ်လ ၁၇ ရက်နေ့မှ စပြီး waiting list တွင် စောင့်ဆိုင်းနေသူများအနက်မှ beta activation ပမာဏ ၁၀၀၀ စီ အား တရက်ခြား၍ (၂) ရက် လျှင် (၁) ကြိမ် စီ ထပ်မံတိုးမြှင့်ပေးသွားမည့် အစီအစဥ် ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ဘဏ်စနစ် လည်ပတ်နိုင်မှု အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ beta တိုးမြှင့်မှုအချိန်ကာလအား ပြန်လည်စိစစ်ကန့်သတ်နိုင်သည်ကိုလည်း သတိပြုစေလိုပါတယ်။

နွေဦးဘဏ် အနေဖြင့် စမ်းသပ်ကာလအတွင်း ဖြစ်ပေါ်လာသော error များနှင့် စိန်ခေါ်မှုများကိုလည်း အသုံးပြုသူများ၊ RM များနှင့်တကွ ဖြေရှင်းကျော်လွှားပြီးဖြစ်သော်လည်း ဘဏ်စနစ် ချောမွေ့ ကောင်းမွန်စွာ လည်ပတ်နိုင်ရန် ပြင်ဆင်မွမ်းမံမှုအချို့ အကန့်အသတ်ရှိနေသေးတာမို့ တတပ်တအား ကူညီပံ့ပိုးပြီး အကြံပြု၀န်းရံပေးကြပါရန် ထပ်လောင်း မေတ္တာရပ်ခံအပ်ပါတယ်။
👍17086🥰12👏3👌2
Spring Development Bank ရဲ့ အားသာချက် တစ်ခုကို ပြောပါရစေ။ မတူညီတဲ့ ငွေကြေးအမျိုးအစားတွေကို စီမံခန့်ခွဲနိုင်ဖို့က ဘဏ်အကောင့် တစ်ခုပဲ လိုတာပါ။

နွေဦးဘဏ် အကောင့် တစ်ခုရဲ့ အောက်ထဲမှာပဲ အမျိုးမျိုးသော နိုင်ငံခြားငွေတွေကို အကန့်အသတ်မရှိ ပြင်ပ ပေါက်စျေးထက်မနည်း လဲလှယ်/ လွှဲပြောင်း/ စုဆောင်းထားနိုင်ပါတယ်။

ဒါ့အတွက်ကြောင့် တော်လှန်ရေးအတွက် အထောက်အကူပြုဖို့ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းအတွက်ဖြစ်စေ၊ မိမိကိုယ်ပိုင် စုဆောင်းဖို့အတွက်ဖြစ်စေ ဧကန်မုချ လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

ယခုအချိန်လို အကြမ်းဖက်စစ်အာဏာရှင်ရဲ့ အာသာငမ်းငမ်း ဖြစ်နေတဲ့ နိုင်ငံခြားငွေတွေကို နွေဦးဘဏ်ထဲမှာ လက်ဖျောက်တချက်တီးပြီး လုံခြုံစွာ သိမ်းထားနိုင်ပါပြီ ဆိုတဲ့ သဘောပါပဲ။

အမိမြေကို စွန့်ကာ နိုင်ငံရပ်ခြားမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ရှာဖွေရလာတဲ့ နိုင်ငံခြားငွေတွေကို မိသားစုတွေ ထံပြန်ပို့တဲ့အခါမှာ စစ်အာဏာရှင် လက်ဝေခံ ဘဏ်တွေမှာ ရင်တထိတ်ထိတ်နဲ့ ခေါင်းပုံဖြတ်ခံနေရမယ့်အစား SDB - နွေဦးဘဏ် မှာ ဂုဏ်ယူစွာ အပ်နှံထားနိုင်ပါတယ်။

SDB User Community - https://t.me/SpringDevBankCommunity
SDB Help Center - https://help.springdevelopmentbank.com
👏6150👍20🔥1