Spring Development Bank
20.4K subscribers
1.62K photos
81 videos
847 links
Discover the First Neo Bank for Myanmar.
Download Telegram
အထူးဂုဏ်ပြုလွှာများ ရယူရန် အသင့်ပဲလား 🌈

အရောင်အသွေးစုံလင်တဲ့ ဇွန်လမှာ
Level 10 ရောက်ရှိတဲ့ နွေဦးပျားတို့အတွက် Certificate ပေးအပ်တဲ့ ကမ်ပိန်းလေးကို နောက်ဆုံးအကြိမ် ပြုလုပ်ချီးမြှင့်ခြင်း ဖြစ်ပါတယ်။ 🎉

ကမ်ပိန်းပြီးဆုံးရက် ၂၀ ရက်နေ့မှာ Level 10 ရောက်နေသူများသာ ဂုဏ်ပြုလွှာ ရရှိကြမှာ ဖြစ်ပြီး အရင်ကရပြီးသား ပျားလေးတွေက ထပ်မရတော့ပါဘူးနော်။ ⚠️

ဂုဏ်ပြုလွှာ ရရှိသူများထံသို့ ၂၀ ရက်နေ့ နောက်ပိုင်းမှာ SpingBees နဲ့ ချိတ်ဆက်ထားတဲ့ SDB အကောင့်ရဲ့ email မှတဆင့် certificate များကို ပို့ပေးချီးမြှင့်သွားမှာ ဖြစ်တာကြောင့် ၂၀ ရက်နေ့အမီ အပီတုပ်ပြီး အထူးဂုဏ်ပြုလွှာများ ရယူကြဖို့ ထပ်မံ ဖိတ်ခေါ်ပါတယ်နော်။ 📩

🐝 t.me/springbees_bot

#stinglikeSDBees #springbeesbySDB #springdevelopmentbank #chooseSDB
128👍20🥰6🆒4
အမေစု မွေးနေ့ဆုတောင်း ၊ ပျားတို့ အားသစ်လောင်း 🌹

သံမဏိနှင်းဆီ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် (၈၀) ပြည့်​ အမှတ်တရ အနေနဲ့ ကိုယ်ပိုင် မွေးနေ့ ဆုတောင်း video လေးတွေကို Suu 80 Birthday Campaign မှာ ပေးပို့ပြီးပါက မိမိရဲ့ Reference ID နဲ့အတူ SpringBees UID အား ဇွန်လ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး mission task မှတဆင့် စာရင်းဖြည့်သွင်းရင်း 1906 Pollen လက်ဆောင် ဝတ်မှုန်ကူးလိုက်ရအောင် ပျားအပေါင်းတို့။ 🐝

နွေဦးပျားကမ္ဘာမှာ တာဝန်ထမ်းဆောင်ပါ
t.me/springbees_bot

နှစ် (၈၀) ပြည့် မွေးနေ့ကမ်ပိန်းတွင် ပါဝင်ပေးပို့ရန်
aid2burma.com/bdcampaign

#springdevelopmentbank #springbeesbySDB #aid2burma #Suu80 #ForHerWeCan #FreedomFromFear #chooseSDB
165👍11🥰8
SUM နှင့် SDB မှ ပူပေါင်းယူဆောင်လာတဲ့ Study Saver Program

အားလုံးပဲ မင်္ဂလာပါ။

ပညာရပ်ပေါင်းစုံကို နွေဦးတက္ကသိုလ်နဲ့အတူ လေ့လာသင်ကြားနေသော ကျောင်းသားလူငယ်၊ မိဘပြည်သူများအတွက် @springunimm နှင့် Spring Development Bank မှ ပြုလုပ်သော Study Saver Program လေးကို ဝမ်းမြောက်စွာ မိတ်ဆက်ပေးပါရစေ။

Study Saver Program သည် ပညာလေ့လာနေသော ကျောင်းသား၊ ကျောင်းသူများကို အထောက်အကူဖြစ်စေဖို့ နွေဦးတက္ကသိုလ်နှင့် နွေဦးဘဏ် မှ ပူးပေါင်းစီစဉ်တဲ့ Program ဖြစ်ပါတယ်။

ဒီ Program မှာ ကျောင်းသား၊ ကျောင်းသူများအတွက် နွေဦးတက္ကသိုလ်ရဲ့ June Intake တွင် ဖွင့်လှစ်တော့မယ့် Short course များကို ပထမဆုံးလာရောက်အပ်နှံသူ အယောက် ၂၀၀ အတွက် SDB နှင့် ပေးချေပါက scholarship discount 15% ရရှိမှာဖြစ်ပါတယ်။

Study Saver Program သည် နွေဦးတက္ကသိုလ်တွင် လေ့လာသင်ကြားနေသော ကျောင်းသားလူငယ်တွေ အနည်း နှင့် အများ ပိုမိုအဆင်ပြေသော ပညာရေးရပ်ဝန်းတစ်ခုဖြစ်စေရန် ရည်ရွယ်ပါတယ်။

ဒါကြောင့် နွေဦးတက္ကသိုလ် နှင့် SDB မှ ပြုလုပ်တဲ့ Study Saver Program အခွင့်အရေးကို အမိရယူလိုက်ဖို့ အားလုံးကို တိုက်တွန်းလိုက်ရပါတယ်။

#SpringUniversityMM #SUM
#SpringDevelopmentBank #chooseSDB
130👍16🥰2🏆1
Media is too big
VIEW IN TELEGRAM
အမေ့ရဲ့ နှစ် (၈၀) ပြည့်မွေးနေ့မှာ SDB နဲ့ ပါဝင်ကြမယ် 🌹

ပြည်သူတိုင်း ချစ်ခင်လေးစားရတဲ့ သံမဏိနှင်းဆီ အမေစုရဲ့ နှစ် (၈၀) ပြည့် မွေးနေ့မှာ အမှတ်တရ အဖြစ် SDBxSuu80 ကမ်ပိန်းကို ဇွန်လ ၉ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ပြုလုပ်ခြင်းဖြစ်ပြီး ၈ ဂဏန်းအသုံးပြု၍ SDB ဖြင့် ဘယ်လို လွှဲပြောင်းပါဝင်ရမလဲ ကို အောက်ပါ Video မှာ အသေးစိတ် အတူတူ နားဆင်လိုက်ရအောင်။

SDBxSuu80 ကမ်ပိန်းအကြောင်း လေ့လာရန်
https://www.facebook.com/springdevbank/posts/641011352311362

#SDBxSuu80 #FreedomfromFear
#Suu80Campaign #ForHerWeCan
#SpringDevelopmentBank
#RealBankRealFreedom #ChooseSDB
115🥰8👍5
ချစ်ခြင်း နှင်းဆီ ဘင်ဂို ကစားကြမယ် 💓

အမေစုရဲ့ နှစ် (၈၀) ပြည့် မွေးနေ့ အမှတ်တရ အတွက် SDB နဲ့ ဘက်စုံ အားဖြည့်ထားတဲ့ ပြည်သူ့ အင်အားက အမေ့အတွက် နှင်းဆီလက်ဆောင် အဖြစ် ဂုဏ်ပြုတယ်ဆိုရင် သင့်မှာ ရှိနေမယ့် နှင်းဆီပွင့် အရေအတွက် နဲ့ Bingo ဘယ်နှတန်း ရရှိနေပြီလဲ ဆိုတာကို ဒီပို့စ်ရဲ့ Comment အောက်မှာ ဂုဏ်ယူစွာ ဝေမျှပေးပါဦး။ 🌹

8 USD or 8000 Pollen ကျပန်းပိုင်ဆိုင်နိုင်မယ့် ကမ်ပိန်း
https://www.facebook.com/springdevbank/posts/641011352311362

#springdevelopmentbank #Suu80 #SDBxSuu80 #ForHerWeCan #FreedomFromFear #realbankrealfreedom #chooseSDB
106👍10🥰4
Bybit P2P မစ်ရှင် မှာ ပျံသန်းကြမယ် 🔄

ငလျင်ဘေးသင့်ဒေသများရှိ မြန်မာပြည်သူ လူထုကို အားဖြည့်ကူညီခဲ့တဲ့ @BybitEnglish အတွက် ပျားတာဝန် ကျေပွန်အောင် SpringBees နဲ့ ချိတ်ဆက်ထားတဲ့ SDB မှတဆင့် USDT အရောင်းအဝယ် ပြုလုပ်၍ Pollen 5000 ရယူကြစို့။ 🍯

နွေဦးပျားကမ္ဘာသို့ ဝင်ရောက်ရန်
🐝 t.me/springbees_bot

#stinglikeSDBees #SpringBeesbySDB
#Bybit #SpringDBtoken #SpringDevelopmentBank #ChooseSDB
120👍19🥰4
ဆူးခင်းလမ်းမှာ

အရဲဆုံးပွင့်တဲ့

သံမဏိနှင်းဆီ 🌹

#Suu80Birthday
#FreedomfromFear
#ForHerWeCan
182🥰9
Media is too big
VIEW IN TELEGRAM
“အကြောက်တရားကြောင့်မို့ အဂတိတရားနဲ့ မငြိစေနဲ့”

၁၅ ရက်နေ့ SDB Comunity Call ကောက်နုတ်ချက်မှ မသန့်ဝေကျော်ရဲ့ အမေစု အမှတ်တရ နဲ့ မွေးနေ့ ဆုတောင်း စကားလေးများကို ပြန်လည် မျှဝေလိုက်ပါတယ်။

အမေ့ရဲ့ သွန်သင်ညွှန်ပြမှုအတိုင်း လိုက်နာ ကျင့်သုံးနေကြတဲ့ ပြည်သူတွေ များစွာ ရှိနေမယ်လို့ ယုံကြည်လျက်.....

#SDBcommunitycall #Suu80Birthday
#ForHerWeCan #freedomfromfear
142🥰9👍3👌1
အမေစုမွေးနေ့ အမှတ်တရ
SDB နဲ့ ပါဝင်ပြီးပြီလား 🌹

ယနေ့ ဇွန်လ ၁၉ ဟာ တိုင်းသူပြည်သား လေးစားချစ်ခင်ရတဲ့ လူထုခေါင်းဆောင် သံမဏိနှင်းဆီ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် (၈၀) ပြည့် နေ့ရက်လေး ဖြစ်ပါတယ်။

“ကျမ မှာ အားကိုးစရာဆိုလို့ ပြည်သူပဲ ရှိပါတယ်” ဆိုလေ့ရှိတဲ့ အမေ့ရဲ့ စကားလေးကို နှလုံးသွင်း ကတိသစ္စာပြုလို့ အားကိုးယုံကြည်ရတဲ့ ၊ ကမ္ဘာခြားနေတောင် ဖက်ထားကြမယ့် ပြည်သူသားကောင်းများ ဖြစ်အောင် အမေ့ဆန္ဒ ထပ်တူကျသည်အထိ ကြိုးစားခြင်းက အကောင်းဆုံး မွေးနေ့ လက်ဆောင် ဖြစ်ပါလိမ့်မယ်။ 💓

ဦးလည်မသုန် အားကုန်မောင်းနှင်မယ့် အောင်ပွဲခရီးအထိ SDB အသုံးပြုရင်း ကမ်ပိန်း နောက်ဆုံးရက်မှာ နှမ်းတစေ့ ပန်းတပွင့် တာဝန်ကျေပွန် လိုက်ကြပါဦးစို့ ။ 💪

8 USD or 8000 Pollen ကျပန်းပိုင်ဆိုင်နိုင်မယ့် ကမ်ပိန်း
https://www.facebook.com/springdevbank/posts/641011352311362

#springdevelopmentbank #Suu80 #SDBxSuu80 #ForHerWeCan #FreedomFromFear #realbankrealfreedom #chooseSDB
125👍6🥰3
ငှက်တအုပ်နဲ့ ပျားတုပ်ကြပြီ 🐝📮

၂၀ ရက် သောကြာနေ့ မြန်မာချိန် ည ၈ နာရီမှာ သို့ - စာပို့မယ် ငှက်တွေနဲ့ အတူ ပူးပေါင်းပြီး ငှက်နဲ့ပျားတို့ ပျံသန်းရာ စပယ်ရှယ် LIVE အစီအစဉ်လေး တခု ရှိနေပါတယ် ။ 🎥

SpringBees ချစ်ပျားတွေ နဲ့ စာပို့ငှက် ချစ်သူတွေ အတွက် အမှတ်တရ ပို့စာတွေ ဖတ်ပြမယ် ၊ အမေးအဖြေ ကဏ္ဍအပြင် LIVE မှာ သီးသန့် ရရှိနိုင်မယ့် mission code တွေ ဖော်ပြီး Pollen လက်ဆောင် ယူနိုင်တာမို့ တုပ်ဖော်တုပ်ဖက်အပေါင်း ကြွရောက်လာဖို့ ဖိတ်ခေါ်လိုက်တယ်။ 💌

LIVE အကြောင်း အသေးစိတ် ဖတ်ရန်
https://www.facebook.com/share/p/16nXj6iApN/?mibextid=wwXIfr


#သို့စာပို့မယ်
#SpringBeesbySDB
157👍14🥰5🆒3
SDB ငွေလဲကောင်တာ သင့်လက်ထဲမှာ
🇲🇲🇺🇸🇬🇧🇸🇬🇰🇷🇲🇾🇦🇺🇪🇺🇹🇭🇯🇵

ယနေ့ မြန်မာချိန် နေ့လည် ၁ နာရီခွဲမှာ နွေဦးဘဏ်မှာ ခလုတ်တချက်နဲ့ လဲလှယ်နိုင်တဲ့ နိုင်ငံတကာ ငွေကြေးများနဲ့ ကမ္ဘာ့ရွှေ တို့ရဲ့ လဲလှယ်နှုန်းထားများ ဖြစ်ပါတယ်။ 🌈

ငွေလဲနှုန်းထားများက အချိန်နဲ့အမျှ အပြောင်းအလဲ ရှိနိုင်တာကို သတိပြုပါနော်။

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
96🥰10👍5
Media is too big
VIEW IN TELEGRAM
SDB Podcast - သားရွှေအိုးထမ်းမယ့် SpringBees ဂိမ်း 🐝

အပတ်စဉ် သောကြာနေ့ရဲ့ SDB Podcast Friday ကို ပြည်သိမ်းမောင် ၊ မသန့်ဝေကျော်တို့ နှင့်အတူ တင်ဆက်ဖို့ ရောက်ရှိလာပါပြီ။ 🎙️

ဒီတပတ် episode မှာ တော်လှန်ရေးကို အကျိုးပြုပြီး မိမိလည်း အကျိုးရှိမယ့် နွေဦးဘဏ်ရဲ့ ရှားပါး Airdrop ဂိမ်း SpringBees အကြောင်း နဲ့ ဘာကြောင့်ကစားသင့်လဲ ဆိုတာကို အပန်းပြေ နားဆင်လိုက်ရအောင်။ 🫶🏻

🕹️ အခုပဲ ကစားကြစို့
bit.ly/springbees_bot

#SDBPodcastFriday
#SpringBeesbySDB
#RealBankRealFreedom
#ChooseSDB
74🥰26👏3👍2
ပျားနဲ့ ငှက်အားလုံး Ready ဒီည ၈ နာရီ 🐝📮

ဒီနေ့ည ဇွန်လ ၂၀ နက်နေ့ မြန်မာချိန် ည ၈ နာရီမှာ သို့ - စာပို့မယ် ငှက်တသိုက် နဲ့ ပျားတုပ် သူတို့ ဆုံစည်းကြမယ့် စပယ်ရှယ် LIVE အစီအစဉ်လေး နီးကပ်လာပြီနော်။

အမေးအဖြေ ကဏ္ဍ အပါအဝင် အမှတ်တရ ပို့စာတွေ ဖတ်ပြရင်း LIVE မှာ သီးသန့် ရရှိနိုင်မယ့် mission code တွေဖော်၊ Pollen လက်ဆောင်တွေ ရယူနိုင်ဦးမှာ ဖြစ်လို့ ပျား၊ ငှက် မောင်နှမအားလုံး ကြွရောက် ပျံသန်းလာကြဖို့ အတွက် ထပ်မံတိုက်တွန်း ဖိတ်ခေါ်ပါတယ်နော်။ 💌

LIVE အကြောင်း အသေးစိတ် ဖတ်ရန်
https://www.facebook.com/share/p/16nXj6iApN/

#သို့စာပို့မယ်
#SpringBeesbySDB
98🥰12👍4
ဂုဏ်ပြုလွှာများ ရယူရန် နောက်ဆုံး အခွင့်အရေးနော် 🌈

ဒီည ဇွန်လ ၂၀ ရက်၊ မြန်မာချိန် ၁၁:၅၉ တိတိမှာ မိမိရဲ့ ပျားလေးက Level 10 ကို ရောက်ရှိနေပြီ ဆိုရင်တော့ ရောင်စုံ ဂုဏ်ပြုလွှာများလည်း လက်ခံရရှိပြီလို့သာ မှတ်ယူထားလိုက်ပါ။ 🥳

ဒါပေမယ့် အရင်က Level 10 Certificate များ ရခဲ့ပြီးသား ပျားလေးတွေကတော့ ဒီတကြိမ်ရဲ့ ဂုဏ်ပြုလွှာ ချီးမြှင့်ခြင်းမှာ ထပ်မရတော့ပါဘူးနော် ‼️

ဂုဏ်ပြုလွှာ ချီးမြှင့်ခံရမယ့် ပျားများထံ springbees နဲ့ ချိတ်ဆက်ထားတဲ့ SDB အကောင့် email မှတဆင့် certificate များကို ၂၀ ရက်နေ့နောက်ပိုင်း ပို့ပေးသွားမှာ ဖြစ်လို့ ဒီညအမီ အပီတုပ် လိုက်ကြစို့။ 📩

🐝 t.me/springbees_bot

#stinglikeSDBees #springbeesbySDB #springdevelopmentbank #chooseSDB
170👍18🥰7
လွတ်လပ်ခြင်း နှင်းဆီများ ပန်ဆင်ပေးခဲ့သူ တိုင်းသို့ 🌹

ဇွန်လ ၉ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ဒီမိုကရေစီ မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် (၈၀) ပြည့် မွေးနေ့အမှတ်တရ ကမ်ပိန်းမှာ ၈ ဂဏန်းအသုံးပြုပြီး SDB မှတဆင့် နိုင်ရာကဏ္ဍ လွှဲပြောင်းမှုများနှင့် ဘက်စုံပါဝင် အားဖြည့်ခဲ့တဲ့ ပြည်သူ တဦးတယောက်တိုင်းကို နွေဦးဘဏ်မှ ကျေးဇူးတင် ဂုဏ်ပြုလိုက်ပါတယ်။

#SDBxSuu80 ကမ်ပိန်း Post ကို public share သူ အယောက် ၁၀၀ အတွက် 2000 ကျပ် NOH Gift Card လက်ဆောင်များကို မနက်ဖြန် ဇွန်လ ၂၂ ရက်နေ့မှာ ကျပန်းရွေးချယ် ထုတ်ပြန်ပေးသွားမှာပါ။

ဒါ့အပြင် ဇွန်လ ၂၅ ရက်နေ့မှာ 8 USD (သို့) 8000 Pollen ဆုလက်ဆောင် ၂၀၀ ကို ကျပန်းစနစ်ဖြင့် ရွေးချယ်ပြီးနောက် မကြာမီမှာ ကံထူးသူများထံ သို့ ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ကြောင်း ထပ်မံ အသိပေးလိုက်ပါတယ်နော်။

လွတ်လပ်လုံခြုံတဲ့ ပြည်သူ့နွေဦးဘဏ်
bit.ly/m/SDB4all

#springdevelopmentbank #Suu80 #SDBxSuu80 #ForHerWeCan #FreedomFromFear #realbankrealfreedom #chooseSDB
105🥰9👍3
လက်သီးဆုပ်ထားသော ကဗျာများ အကြောင်း

တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူထုတစ်ရပ်လုံးက ချစ်ခင်နှစ်သက်ရသူ တစ်ဦးလည်းဖြစ်သလို နှလုံးသားနဲ့ ရင်းထားတဲ့ ကဗျာတွေကို ခံစားချက်ပြင်းပြင်း၊ မာန်ပြင်းပြင်းနဲ့ ရွတ်ဖတ်တတ်သူ ကဗျာဆရာ ကိုအောင်လွန်း ရဲ့ ကဗျာတွေကို မနက်ဖြန်လာမယ့် Community Call Live လေးမှာ တိုက်ရိုက် နားဆင်ခံစားရမှာ ဖြစ်ပါတယ်။

သူရွတ်ဖတ်ပြမယ့် ကဗျာတွေရဲ့ နောက်ကြောင်းနဲ့ သမိုင်းကိုလည်း နားဆင်ကြားသိခွင့်ရမှာ ဖြစ်တဲ့အတွက် မနက်ဖြန်ည ဇွန်လ ၂၂ ရက်နေ့၊ မြန်မာချိန် ည ၈ နာရီ Live လေးကို မပျက်မကွက် ဆက်ဆက်တက်ရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။

22 June (မြန်မာစံတော်ချိန် ည ၈ နာရီ)
t.me/springdevbank?livestream

#SDBCommunityCall #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
99👍9🥰4
Bybit P2P Mission ကို နှစ်ရက် ထပ်မံ တိုးမြှင့်

@BybitEnglish နဲ့အတူ ပျံသန်းပြီး Pollen 5000 ရယူနိုင်မယ့် အခွင့်အရေးကို ဇွန်လ ၂၂ ရက်နေ့ အထိ မစ်ရှင်ကာလ တိုးမြှင့်ထားကြောင်း အသိပေးရင်း SpringBees နဲ့ ချိတ်ဆက်ထားတဲ့ SDB မှတဆင့် USDT အရောင်းအဝယ်ကို အချိန်မီ ပြုလုပ်ကြစို့။ 🔄

နွေဦးပျားကမ္ဘာသို့ ဝင်ရောက်ရန်
🐝 t.me/springbees_bot

#stinglikeSDBees #SpringBeesbySDB
#Bybit #SpringDBtoken #SpringDevelopmentBank #ChooseSDB
122👍21🥰6
အားလုံး Ready ည ၈ နာရီ 🚨

တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူထုတစ်ရပ်လုံးက ချစ်ခင် နှစ်သက်ရတဲ့ ကဗျာဆရာ ကိုအောင်လွန်း မှ ခံစားချက်ပြင်းပြင်း၊ မာန်ပြင်းပြင်းနဲ့ ရွတ်ဖတ်ပြရင်း နှလုံးသားနဲ့ ရင်းထားတဲ့ ကဗျာတွေကို ဒီနေ့ည မြန်မာချိန် ၈ နာရီ Community Call Live မှာ တိုက်ရိုက် ခံစားခွင့်ရမှာ ဖြစ်လို့ ကဗျာတွေရဲ့ နောက်ကြောင်းနဲ့ သမိုင်းကို တက်ရောက်နားဆင်ရန် ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။

22 June (မြန်မာစံတော်ချိန် ည ၈ နာရီ)
t.me/springdevbank?livestream

#SDBCommunityCall #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
118👍11🥰5
Live stream started
Live stream finished (51 minutes)