Spring Development Bank
20.5K subscribers
1.64K photos
82 videos
850 links
Discover the First Neo Bank for Myanmar.
Download Telegram
နွေဦးဘဏ်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ Token Holder ရှယ်ယာဝင်တိုင်း မဖြစ်မနေသိထားသင့်တဲ့ Token Vesting အကြောင်းကို အောက်ပါလင့်မှတဆင့် တပုံချင်းစီနှိပ်ပြီး ဝင်ရောက် လေ့လာလိုက်ရအောင်။🔒

အသေးစိတ် ဖတ်ရှုရန်
👉 www.facebook.com/springdevbank/posts/626678753744622

တိုကင်အပ်နှံခြင်း အသေးစိတိ
စိတ်ချလုံခြုံတဲ့ နွေဦးဘဏ်ကို အသုံးပြုရန်
📲 bit.ly/m/SDB4all

#SpringDevelopmentBank #springdbtoken #realbankrealfreedom #ChooseSDB
🥰5741👍15🆒1
အားလုံး Ready ည ၈ နာရီ🚨

မကြာခင် ဆုံတွေ့ကြမယ့် မြန်မာချိန် ည ၈ နာရီမှာ စတင်မယ့် SCF စကားဝိုင်း အပိုင်း (၁) Community Call Live မှာ ယုံကြည်ချက်နဲ့ အမှန်တရားအတွက် လျှောက်လှမ်းနေကြတဲ့ အကြည်ဓာတ်လေးများရဲ့ အရေးပါပုံကို ပေါ့ပေါ့ပါးပါး ဆွေးနွေးရင်း @springcrowdfund မှာ ပါဝင်သင့်တဲ့ ကမ်ပိန်းတွေ အကြောင်းကိုလည်း သိရမှာဖြစ်လို့ လက်လွတ်မခံ တက်ရောက်ကြရန် နွေးထွေးစွာ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။

တစုံတယောက် အသစ်လေးနဲ့လည်း မိတ်ဆက်ပေးဦးမှာပါနော်။

21 May (မြန်မာစံတော်ချိန် ည ၈ နာရီ)
http://t.me/SpringDevBank?livestream

#SDBCommunityCall
#SpringCrowdFund
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
127👍21🥰7💯2
Live stream started
Live stream finished (1 hour)
Traditional Loan vs Crypto Loan  

ချေးငွေ (Loan) လို့ ပြောတဲ့အခါ လူတော်တော်များများက သမားရိုးကျ ရယူနိုင်တဲ့ဘဏ်ချေးငွေများကို ပြေးမြင်တတ်ကြပါတယ်။ ဒါပေမယ့် နည်းပညာ ဆန်းသစ် ခေတ်မီ တိုးတက်လာတာနဲ့ အမျှ အွန်လိုင်း Exchange Platform တွေ မှ တဆင့်လည်း အလွယ်တကူ ချေးငွေ ရယူနေနိုင်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ဘဏ်တွေမှာ ရယူနိုင်တဲ့ ချေးငွေ နဲ့ Crypto ချေးငွေတွေနဲ့ ဘယ်လိုတွေ ကွာခြားချက်ရှိလဲဆိုတာ လေ့လာကြည့်ရအောင်။  

🔵Traditional Loan ( သမားရိုးကျ ချေးငွေပုံစံ )

ဘဏ်တွေမှာ ငွေချေးပြီဆိုရင် မိမိပိုင်ဆိုင်ထားတဲ့ မြေ၊ အိမ်၊ ကား၊ ရွှေ နဲ့ အခြားသော ပစ္စည်းဥစ္စာများအား အပေါင်ပစ္စည်း (Collateral) အဖြစ် ထားမှသာ  ချေးငွေရယူနိုင်မှာဖြစ်တယ်။ ထိုသို့ ချေးငွေ ရယူရာမှာ မိမိရဲ့ လစဉ်ပုံမှန် ဝင်ငွေ နဲ့ ပြန်လည်ပေးဆပ်နိုင်မှုအပေါ် မူတည်၍ ချေးငွေ ရရှိနိုင်၊ မရရှိနိုင်ကို ဘဏ်ဘက်မှ  ဆုံးဖြတ်ချက်ချလေ့ရှိပါတယ်။

အားသာချက်များ
🔹လူအများနဲ့ ရင်းနှီးကျွမ်းဝင်ခြင်း၊ လက်ခံကြခြင်း
🔹ဒစ်ဂျစ်တယ် ဗဟုသုတ ရှိထားရန် မလိုအပ်ခြင်း
🔹စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေ ကာကွယ်မှုရှိခြင်း

အားနည်းချက်များ
🔹လုပ်ငန်းစဉ်မှာ ကြန့်ကြာနိုင်ပြီး စာရွက်စာတမ်း ပိုများခြင်း
🔹ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုများ ရှိရန် လိုအပ်ခြင်း
🔹ပြန်မဆပ်နိုင်ပါက ပိုင်ဆိုင်မှုများ ဆုံးရှုံးနိုင်ခြင်း

🟠Crypto Loan ( ခရစ်ပတို ချေးငွေပုံစံ )

ခေတ်သစ် blockchain နည်းပညာကြောင့် ပေါ်ပေါက်လာတဲ့ Crypto Exchange Platform များမှာ မိမိပိုင်ဆိုင်သော Crypto Assets များအား ဒစ်ဂျစ်တယ် အပေါင် (Digital Collateral) ထား၍ USDT ကဲ့သို့သော Stablecoin များအနေဖြင့် ချေးငွေ ရယူနိုင်မှာ ဖြစ်ပါတယ်။ 

အားသာချက်များ

🔸မြန်ဆန်ပြီး အွန်လိုင်းပေါ်တွင် ဆောင်ရွက်နိုင်ခြင်း
🔸မိမိ ခရစ်ပတိုကို အပြီးရောင်းရန် မလိုအပ်ခြင်း
🔸စာရွက်စာတမ်းနဲ့ ကြားခံလူ မလိုအပ်ခြင်း
🔸၂၄နာရီ ၇ ရက် ပိတ်ချိန်မရှိ၊ နိုင်ငံတကာမှ ချိတ်ဆက်နိုင်ခြင်း 

အားနည်းချက်များ

🔸ခရစ်ပတို တန်ဖိုး ကျဆင်းပါက အလိုအလျောက် ရောင်းချခံရနိုင်ခြင်း 
🔸အချိန်မီ ပြန်ဆပ်ဖို့ မေ့သွားပါက သင့် ခရစ်ပတို ဆုံးရှုံးနိုင်ခြင်း
🔸ခရစ်ပတိုငွေကြေး အသုံးမပြုတတ်သူအတွက် မသင့်လျော်ခြင်း


ဒါဆိုရင် ချေးငွေ ပုံစံ (၂) ခုရဲ့ ကွာခြားချက်ကို ယေဘုယျ သိရှိပြီဆိုပါက နွေဦးဘဏ်ရဲ့ Product အသစ်က ဘယ် အမျိုးအစား ဖြစ်မလဲဆိုတာ comment မှာ ဆွေးနွေးကြရအောင်နော်။

#SpringDevelopmentBank 
#chooseSDB #CollateralLoan
125👍35🥰9
Collateral Loan ထုတ်ကုန်သစ်

နွေဉီးဘဏ်၏ Collateral Loan မှာ အရေးပေါ် ငွေလိုအပ်ချက်များရှိခဲ့လျှင် အာမခံ အပေါင် ပစ္စည်းပေးအပ်၍ ချေးငွေရယူနိုင်သော ထုတ်ကုန်အသစ် ဖြစ်ပြီး SpringDB တိုကင်အား ဦးစွာ ရှေ့ပြေး အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Collateral Loan အသုံးပြုနိုင်ရန်အတွက် ကန့်သတ်ထားသော ဘဏ်တိုကင် (SpringDB Token) များထဲမှ ၁၀% ကို ဘဏ်ရှယ်ယာရှင်များထံသို့ အသုံးပြုနိုင်သော တိုကင်များအဖြစ် ကြိုတင် အပ်နှင်းပေးသွားမည် ဖြစ်ပါသည်။ ချေးငွေရယူလိုသည့် တိုကင်ပိုင်ရှင်များသည် အသုံးပြုနိုင်သော တိုကင်များအား အာမခံပစ္စည်းအဖြစ် ကနဦး ချေးငွေ ရယူနိုင်မည် ဖြစ်သည်။ ထို့အပြင် ချေးငွေရယူချိန်တွင် ချေးငွေအား USD/ USDT အနေဖြင့် ထည့်သွင်းပေးသွားမည် ဖြစ်သည်။

အသုံးပြုနိုင်သော SpringDB Token(ဘဏ်တိုကင်) သည် အနည်းဆုံး $100 နှင့်ညီမျှသော တိုကင်ပမာဏ ရှိလျှင် ချေးငွေရယူနိုင်မည်ဖြစ်ပြီး အများဆုံး $100,000 အထိ ချေးယူသွားနိုင်မည် ဖြစ်သည်။

ဥပမာ မိမိသည် ပထမဆုံး ချေးငွေအနေဖြင့် $40,000 ဖိုးချေးယူထားပါက $60,000 ဖိုးကိုသာ ထပ်မံ၍ ချေးယူနိုင်မည်ဖြစ်သည်။

Collateral Loan ၏ ချေးငွေအတိုးနှုန်းမှာ ၁၁% နှစ်စဉ်အတိုးနှုန်း ဖြစ်ပြီး တစ်လလျှင် ၀.၉၂% ကျသင့်မည်ဖြစ်သည်။ အတိုးနှုန်းများအား မိနစ်နဲ့အမျှ တွက်ချက်သွားမည်ဖြစ်‌သောကြောင့် အောက်ပါအတိုင်းတွက်ချက်သွားနိုင်မည်ဖြစ်သည်။

မိနစ်အလိုက်အတိုး = ၁၁% / (၃၆၅ ရက် *၂၄ နာရီ * ၆၀မိနစ် )

ဥပမာ မိမိ၏ချေးငွေမှာ ဒေါ်လာ ၁၀၀၀ ဖြစ်ခဲ့လျှင်

မိနစ်အလိုက်အတိုးမှာ
{ ၁၁% / (၃၆၅ ရက် * ၂၄ နာရီ * ၆၀မိနစ် ) } * $ ၁၀၀၀
= $ ၀.၀၀၀၂၀၉၂၈ ဖြစ်ပါမည်။

ချေးငွေအမျိုးအစားမှာ Perpetual Loan (သို့မဟုတ်) ချေးငွေ သက်တမ်းကုန်ဆုံးရက် မရှိသောပုံစံ ဖြစ်သောကြောင့် ချေးငွေ သက်တမ်းကာလ ဟူ၍ မရှိပါ။ ချေးငွေပြန်ဆပ်လိုလျှင် ချေးငွေအရင်း + အတိုး+ စီမံခန့်ခွဲမှုအခကြေးငွေ စုစုပေါင်းအား ချေးငွေပြန်ဆပ်မည့်အချိန်တွင် တစ်ပါးထဲပေးဆောင်ပြီး ပြန်လည်ဆပ်နိုင်မည်ဖြစ်သည်။

ဥပမာ မိမိချေးထားသော ချေးငွေမှာ ဒေါ်လာ ၁၀၀ ဖြစ်ပြီး တစ်နှစ်အတွင်းပြန်လည်ပေးဆပ်လိုလျှင်

ပြန်လည်ပေးဆပ်ရန်ပမာဏ - အရင်း + အတိုး + စီမံခန့်ခွဲ အခကြေးငွေ

ပြန်လည်ပေးဆပ်ရန်ပမာဏ - $ ၁၀၀+ $ ၁၁ + $ ၁ = $ ၁၁၂ ဖြစ်သည်။
ချေးငွေ တွက်ချက်မှု ကာလ (၁) နှစ်ပြည့် ခဲ့လျှင် ချေးငွေပြန်လည်ပေးဆပ်ခြင်း မရှိခဲ့သည်ရှိသော် ကနဦးနှစ်အတွက် ချေးထားသော ချေးငွေ၏အတိုးမှာ ချေးငွေအရင်းထဲသို့ပေါင်း၍ နောက်နှစ်ချေးငွေအတွက် အတိုး ဆက်လက်ကောက်ခံသွားမည် ဖြစ်သည်။
ဥပမာ - မိမိချေးထားသော ချေးငွေမှာ ဒေါ်လာ ၁၀၀ ဖြစ်ပြီး တစ်နှစ် (၃၆၅ ရက်) ပြည့်သွားခဲ့လျှင်

ပထမနှစ် ချေးငွေအရင်း - $ ၁၀၀
ပထမနှစ် အတိုး စုစုပေါင်း - $ ၁၁
ဒုတိယနှစ် ချေးငွေအရင်း - $ ၁၁၁ ဖြစ်သွားပီး အတိုး ဆက်လက် ကောက်ခံသွားမည် ဖြစ်သည်။

Collateral Loan ဖြင့် ချေးငွေထုတ်ကုန်အား အသေးစိတ် သိရှိနားလည်လိုပါက Collateral Loan ၏ FAQ နှင့် Terms and Conditions တွင်ဖတ်ရှုနိုင်ပါသည်။

#SpringDevelopmentBank
#ChooseSDB #CollateralLoan
👍8750🥰17🏆2🆒1
SDB Collateral Loan လမ်းညွှန်🏦

နွေဉီးဘဏ် ၏ Collateral Loan ကို အသုံးပြုလိုသော တိုကင်ပိုင်ရှင်များအတွက် ချေးငွေရယူပုံ အဆင့်ဆင့် လုပ်ငန်းစဉ်များကို တပုံချင်းစီကို နှိပ်ပြီး အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါတယ်။

ငွေကြေးစုံလင် SDB အကောင့် ဖွင့်ပါ
bit.ly/m/SDB4all

#SpringDevelopmentBank
#chooseSDB #CollateralLoan
146👍36🥰7
ရဲရင့်တဲ့ နွေဦးပျားများရဲ့ မဝေးတော့တဲ့ ရွှေရောင် အနာဂတ်ကို လျှောက်လှမ်းနိုင်မယ့် နွေဦးဘဏ်ရဲ့ SpringDB Token များ အခမဲ့ ပိုင်ဆိုင်ဖို့ SpringBees နေ့စဉ် တုပ်ကြရအောင်။ 🌟

🐝 နွေဦးပျားကမ္ဘာသို့
t.me/springbees_bot

#stinglikeSDBees #springbeesbySDB #springdevelopmentbank
161👍33🥰6🆒2
ကောင်းကင်မှာ သံဆူးကြိုးငြိခဲ့သော နေ့ရက်များ ⛓️

မတရားဖိနှိပ်ခံနေရမှုတွေကို အရှုံးမပေးပဲ ကြံ့ကြံ့ခံကျော်ဖြတ်နေကြတဲ့ ထောင်နံရံတွေကြားက နွေဦးသူရဲကောင်းတွေ အကြောင်းကို တနင်္ဂနွေနေ့ မေလ ၂၅ရက် မြန်မာချိန် ည ၈နာရီ Community Call Live မှာ @SpringCrowdFund မှ ကိုထိန်လင်းမှ ကိုယ်တိုင် တွေ့ကြုံမှုများကို မျှဝေပြောပြပေးမှာမို့ အားလုံးအတူတူ နားထောင်စာနာနိုင်ဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။

25 May (မြန်မာစံတော်ချိန် ည ၈ နာရီ)
http://t.me/SpringDevBank?livestream

#SDBCommunityCall
#SpringCrowdFund
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
130👍17🥰8
နွေဦးဘဏ်ရဲ့ Collateral Loan အကြောင်း သိကောင်းစရာ အမေးအဖြေများကို အောက်ပါလင့်မှတဆင့် ပုံတပုံချင်းစီအောက်မှာ လေ့လာကြည့်လိုက်ရအောင်နော်။ 🧡

အသေးစိတ် ဖတ်ရှုရန်
👉 https://www.facebook.com/SpringDevBank/posts/628916706854160

လွတ်လပ်လုံခြုံတဲ့ နွေဦးဘဏ် အကောင့်ဖွင့်ပါ
📲 bit.ly/m/SDB4all

#SDBCollateralLoan #SpringDevBank #ChooseSDB
146👍24🥰11
လွတ်လပ်လုံခြုံသော
မျိုးဆက်သစ် အနာဂတ်ဆီသို့ 🚀

လွယ်ကူလျင်မြန်စွာ SDB အကောင့်ဖွင့်နိုင်မှု နဲ့ မိမိငွေကြေးများကို စိတ်တိုင်းကျ စုံလင်စွာ စီမံထိန်းချုပ်နိုင်တာကြောင့် လုံခြုံကောင်းမွန်တဲ့ မျိုးဆက်သစ် အနာဂတ်ဆီသို့ ပြည်သူ့ဘဏ်မှာ အခုပဲ စတင်စုဆောင်းလိုက်ပါ။

bit.ly/m/SDB4all

#springdevbank #realbankrealfreedom #chooseSDB
👍7145🥰6