Spring Development Bank
20.5K subscribers
1.66K photos
82 videos
850 links
Discover the First Neo Bank for Myanmar.
Download Telegram
Forwarded from Spring Crowdfund
(၅) ကြိမ်မြောက် ထောက်ပံ့ငွေလွှဲပြောင်းပေးနိုင်မှု သိန်း ၃၀၀၀ ကျပ်
စုစုပေါင်း သိန်းပေါင်း ၁၃၀၀၀ ကျပ် တိတိ
105👍13🥰2
Forwarded from Spring Crowdfund
(၅) ကြိမ်မြောက် ထောက်ပံ့ငွေလွှဲပြောင်းပေးနိုင်မှု သိန်း ၃၀၀၀ ကျပ်
စုစုပေါင်း သိန်းပေါင်း ၁၃၀၀၀ ကျပ် တိတိ


“ မြေငလျင်သဘာဝဘေး ၊ ထောက်ပံ့စာနာ ကူညီပေး “ ကမ်ပိန်းမှာ (၅) ရက်အတွင်း သိန်းပေါင်း ၁၃၀၀၀ ကျော် ရရှိသည်အထိ စာနာရက်ရောစွာဖြင့် တက်တက်ကြွကြွ စုပေါင်းပါဝင်ကူညီပေးလျက်ရှိကြတဲ့ ပြည်တွင်းပြည်ပ နိုင်ငံအရပ်ရပ်မှ @SpringDevBank@NwayOoHti@SpringCrowdFund အသုံးပြုသူ ပြည်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ရရှိထောက်ပံ့ငွေများကို ငလျင်ဘေးသင့်ဒေသများအတွက် အမြန်ဆုံးကူညီနိုင်စေရန်
ပထမအကြိမ်အဖြစ် သိန်း ၂၀၀၀ ကျပ်တိတိ
ဒုတိယအကြီမ်အဖြစ် သိန်း ၂၅၀၀ ကျပ် တိတိ
တတိယအကြိမ်အဖြစ် သိန်း ၂၇၀၀ ကျပ်တိတိ
စတုတ္ထအကြိမ်အဖြစ် သိန်း ၂၈၀၀ ကျပ် တိတိ
ယခု ပဉ္စမအကြိမ်အဖြစ် သိန်း ၃၀၀၀ ကျပ် တိတိ
စုစုပေါင်း သိန်း 1️⃣3️⃣0️⃣0️⃣0️⃣ ကျပ် (၁.၃ ဘီလီယံ) တိတိကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အချိန်နှင့်တပြေးညီအောင်မြင်စွာလွှဲပြောင်းပေးထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူတို့ရဲ့ အခက်အခဲများကို အတတ်နိုင်ဆုံး အလျှင်အမြန်ကူညီနိုင်ဖို့ အထိရောက်ဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေတာသိရတဲ့အတွက် အတူတကွပါဝင်ကူညီထောက်ပံ့ပေးခဲ့ကြသူများအားလုံးကိုယ်စား SCF မှ ကျေးဇူးအထူးတင်ရှိပြီး

ဆက်လက်ပြီးလည်း ဧပြီလ (၁၁)ရက်နေ့အထိ SCF မှာ စိတ်ချယုံကြည်စွာ ဝိုင်းဝန်းကူညီကြဖို့ ဖိတ်ခေါ်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
134👏14👍13🥰2
Media is too big
VIEW IN TELEGRAM
မြေငလျင်သဘာဝဘေး ၊ ထောက်ပံ့စာနာကူညီပေး ကမ်ပိန်းကို ဘာကြောင့်လုပ်ခဲ့ရလဲ?

အို…မြန်မာနိုင်ငံ… အာဏာရှင်ပေးတဲ့ အခက်အခဲတွေကြားမှာ မနည်းရုန်းကန်နေကြရတဲ့ ပြည်သူတွေ….

စစ်ကိုင်းငလျင်ကြောကြီးလည်း သူ့ကျောရိုးပေါ် တည့်တည့်လာချနေတဲ့ ပေါင် ၅၀၀ တွေကို စိတ်ဆိုးသွားရော့ထင်ပါရဲ့ ။ မတ်လ ၂၈ ရက် ပြင်းထန်လွန်းလှတဲ့ ငလျင်ကြီးအဖြစ် ရုတ်တရက် ဒေါသတကြီး လှုပ်ခတ်ခဲ့တဲ့နောက်မှာတော့………..

#EarthquakeDisasterRelief
#SupportAndAid
#SpringDevelopmentBank
#SpringCrowdFund
#NwayOoHti
#TogetherWithSCF
152👍33🥰5👌2
အရေးပေါ်ဒေသတွေကို အချိန်မီထောက်ကူပါ

မတ်လ ၂၈ ရက် ပြင်းထန်စွာလှူပ်ခတ်ခဲ့တဲ့ ငလျင်ဘေးအပြင် နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် ၅.၄.၂၀၂၅ (မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီအထိ)
သေဆုံးသူ - ၄၁၇၄
ထိခိုက်ဒဏ်ရာရသူ - ၆၁၆၈
ပျောက်ဆုံးသူ - ၇၆၉
ကယ်ဆယ်ရရှိသူ - ၄၉၈ ဦးဖြစ်ကြောင်း ယုံကြည်စိတ်ချရသော ဒေတာအချက်အလက်များအရ သိရပါတယ်။

မြေပြင်မှာ အရေးကြီးလိုအပ်နေတဲ့ အကူအညီများစွာကို လျှင်မြန်စွာပေးနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန မှ ငလျင့်ဘေးသင့် ထိခိုက်ဒေသတွေကို ခြုံငုံနိုင်ရန် ကောက်ခံရရှိပြီးသော လှူဒါန်းငွေများကို နေ့စဉ်နဲ့အမျှ လွှဲပို့ ထောက်ပံ့နေလျက်ရှိပြီး ဧပြီလ (၁၁)ရက်နေ့အထိ "မြေငလျင်သဘာဝဘေး ထောက်ပံ့စာနာကူညီပေး" ကမ်ပိန်းမှာ ဝိုင်းဝန်းပါဝင်ထောက်ပံ့ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

SCF အကောင့် Log in ဝင်ပြီး
ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
144👍38🥰8
“ပြင်းထန်ငလျင်
မရွာစေချင်မိုး
လေပြင်းတိုးလို့
ငါတို့ရင်ထဲ
သောကစိုလဲ
မခွဲ အမြဲကူကြမယ်”


မတ်လ ၂၈ မှ စတင်ပြုလုပ်ခဲ့တဲ့ " မြေငလျင်သဘာဝဘေး ထောက်ပံ့စာနာကူညီပေး " ကမ်ပိန်းတွင် လက်ရှိလှူဒါန်းကောက်ခံငွေ သိန်းပေါင်း ၁၄၀၀၀ ကျော် ရရှိထားပြီး ငလျင်ဘေးသင့်ဒေသများတွင် လိုအပ်သောအကူအညီများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန မှ တဆင့် အချိန်နှင့်တပြေးညီ လွှဲပြောင်းထောက်ပံ့ပေးလျက်ရှိပါတယ်။

ဧပြီလ ၁၁ ရက်နေ့အထိသာ ကမ်ပိန်းတွင် ပါဝင်နိုင်မှာဖြစ်လို့ မပြီးဆုံးခင် အတတ်နိုင်ဆုံး ပံ့ပိုးထောက်ကူနိုင်ကြစေရန် ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
131👍19🥰8
ဝက်ဝံတိုက်ခိုက်မှုကို ဧပြီ ၁၀ ရက်နေ့အထိ ထပ်တိုးရပ်ဆိုင်း လိုက်ပြီ 🐻

သဘာဝ ငလျင်ဘေးဒဏ် ကျရောက်တဲ့ နွေဦးပျားရဲဘော်များရဲ့ အခက်အခဲများကို စာနာထောက်ထား၍ -

၂၄ နာရီတိုင်း ပေါ်လာတတ်တဲ့ ဝက်ဝံဆိုးကို ဧပြီ ၄ ရက်နေ့ အထိ ထိမ်းသိမ်းခဲ့ရာမှ ယခုတွင် ဧပြီ ၁၀ ရက်နေ့အထိ ၆ ရက်ထပ်မံ တိုးချဲ့ထိမ်းသိမ်းထားပြီ ဖြစ်ကြောင်း သတင်းကောင်း မျှဝေရင်း နွေဦးပျားတိုင်း ဘေးကင်းလုံခြုံကြဖို့ ဆုတောင်းပြုပါတယ်။

ပျားကမ္ဘာသို့ ဝင်ရောက်ရန်
🐝 t.me/springbees_bot

ငလျင်ဒဏ်သင့်သူများကို ထောက်ကူပါ
🆘 bit.ly/CrowdFundforEarthquake

#StinglikeSDBees
#SpringBeesbySDB
#SpringDevelopmentBank
252👏31👍20🥰5
" အကြည်ဓာတ်တို့ရဲ့တွဲလက်အင်အား "

ဖြစ်ပျက်လျှင်မြန် ငလျင်ဒဏ်
ပြည်သူခံစား မြန်ပြည်တလွှား

မနှေးချိတ်ဆက် အလျှင်အမြန်
Campaign ဆောင်ရွက် SCF

တွဲလက်ညီတူ တို့ပြည်သူ
ကမ်းလင့်ကူကြ မဆိုင်းမတွ

နာရီ ၂၄ မပြည့်မှီ
Target ပြည့်မှီ ကျော်လွန်သည်

၇ရက်တွင်း ၉ဆတိုး
ဘီလီယံ တစ် ဒဿမ သုံး

လှူတန်းသူများ ဝမ်းသာပြန်
ထောက်ပို့ ခပ်မြန်မြန်

ကူညီဆောင်ရွက် ထူထောင်ရေး
NUGလဲ လက်မနှေး

အားလုံးတူညီ ကြိုးစားမည်
တွဲလက် ဘက်ညီညီ

ဤငလျင်ဘေး ကူညီရေး
စိတ်ချယုံကြည် လမ်းကြောင်းရွေး
အကြည်ဓာတ်လေးများ လွှမ်းခြုံနွေး
@SpringCrowdFund ဖြင့် ကူညီပေး....

ကဗျာရေးသူ - Go Go

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
143👍12🥰11
"မနက်ဖြန်တွေ ရှေ့ဆက်မယ်’’

ငလျင်ရဲ့လှုပ်ခတ်မှုတွေ ခုချိန်ထိမငြိမ်သက်သေးသလို နာကျင်မှုတွေ၊ ဝေးကွာမှုတွေ၊ အားငယ်မှုတွေဟာလည်း ပြည်သူတို့ရဲ့ရင်ထဲမှာ လှုပ်ခတ်နေရဆဲပါ ။ သဘာဝဘေးအန္တရာယ်သင့်သူတွေဖြစ်စေ၊ စစ်ဘေးသင့်သူတွေဖြစ်စေ၊ ကိုယ်တိုင်တိုက်ရိုက်မကြုံရပေမဲ့ ထပ်တူကိုယ်ချင်းစာနာတတ်သူတွေဖြစ်စေ... အားလုံးအတွက် စိတ်မကောင်းစရာတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတဲ့ နေ့ရက်တွေဖြစ်ပါတယ်။

ဒါပေမဲ့…အရာအားလုံးကို ဒီအတိုင်း ရပ်တန့်ငေးမှိုင်နေလို့မရပါဘူး။ အဆင်ပြေနေချိန်မှ လက်ခုပ်တီးပေးကြတဲ့ လက်တွေထက် ၊ ပြန်ရုန်းထဖို့အားယူနေရချိန်မှာ ကမ်းပေးတဲ့လက်တွေက ပိုပြီးတန်ဖိုးရှိပါတယ်။ တစ်ဦးနှင့်တစ်ဦး နွေးထွေးစွာ ဖေးမကူညီရင်း ချစ်ခြင်းမေတ္တာတွေ မျှဝေပေးပြီး တစ်နေ့မှာ သေချာပေါက် တောက်ပလာမယ့်အလင်းအတွက် အားလုံးအတူတကွ ရှေ့ဆက်ရှင်သန်ကြစို့။

@SpringCrowdFund SCF ကမ်ပိန်း တွင် ပါဝင်ရန်
bit.ly/CrowdFundforEarthquake

@NwayOoHti နွေဦးထီကံစမ်းရင်း ကူညီရန်
bit.ly/m/NwayOoHtiv2

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
151👍20🥰8
❤️‍🩹 ဖေးမကူညီ လက်တွေတွဲ
စုပေါင်းအားနဲ့ သိန်းတစ်သောင်းခွဲ
🥰6137👍9
❤️‍🩹 ဖေးမကူညီ လက်တွေတွဲ
စုပေါင်းအားနဲ့ သိန်းတစ်သောင်းခွဲ


" မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာကူညီပေး " ကမ်ပိန်းဟာ ပြည်တွင်းပြည်ပ နိုင်ငံအရပ်ရပ်မှ @SpringDevBank@NwayOoHti@SpringCrowdFund အသုံးပြုသူ အကြည်ဓာတ်လေးများရဲ့ စာနာညီညွတ်စွာ စုပေါင်းပါဝင်ထောက်ပံ့မှုကြောင့် ကမ်ပိန်းပြီးရန် ၃ရက်အလိုမှာ ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော် (၁.၅ ဘီလီယံကျော်) ရရှိခဲ့ပြီး

ပထမအကြိမ်အဖြစ် သိန်း ၂၀၀၀ ကျပ်တိတိ
ဒုတိယအကြီမ်အဖြစ် သိန်း ၂၅၀၀ ကျပ် တိတိ
တတိယအကြိမ်အဖြစ် သိန်း ၂၇၀၀ ကျပ်တိတိ
စတုတ္ထအကြိမ်အဖြစ် သိန်း ၂၈၀၀ ကျပ် တိတိ
ပဉ္စမအကြိမ်အဖြစ် သိန်း ၃၀၀၀ ကျပ် တိတိ
ယခု ဆဌမအကြိမ်အဖြစ် သိန်း ၂၀၀၀ ကျပ် တိတိကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အချိန်နှင့်တပြေးညီလွှဲပြောင်းပေးကာ ယုံကြည်စိတ်ချရတဲ့ စနစ်တကျစီမံခန့်ခွဲမှုများနဲ့အတူ မြေပြင်မှာ အရေးပေါ်အကူအညီလိုအပ်နေရှာတဲ့ ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများကို မြန်ဆန်ထိရောက်စွာ ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။

ပြည်သူတွေခမျာ ငလျင်ဘေးသာမက စစ်အာဏာရှင်ရဲ့ ဖိနှိပ်ရက်စက်မှုဘေးတွေကိုပါ ဆက်တိုက်ခံစားနေကြရတာမို့ အတူတကွဖေးမကူညီပြီး ခက်ခဲနေ့ရက်တွေကို ကျော်ဖြတ်ရှေ့ဆက်ကြရအောင်ပါ။ ဆက်လက်၍လည်း ဧပြီလ ၁၁ ရက်နေ့အထိ SCF တွင် စိတ်ချယုံကြည်စွာ ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
🥰9763👍27
မြေငလျင်သဘာဝဘေး ထောက်ပံ့စာနာကူညီပေး
ကမ်ပိန်းပြီးဆုံးရန် ၂ ရက်အလို


ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ဒေသများကို အရေးပေါ်လိုအပ်နေတဲ့ အထောက်အပံ့များ အမြန်ဆုံးကူညီပေးနိုင်ရန်အတွက် ပြုလုပ်လျက်ရှိသော " မြေငလျင်သဘာဝဘေး ထောက်ပံ့စာနာကူညီပေး " ကမ်ပိန်းပြီးဆုံးရန် 2️⃣ ရက်သာလိုပါတော့တယ်။

အလွန်အဓိပ္ပါယ်ရှိပြီး နွေးထွေးတဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် အတူတကွပါဝင်နိုင်ရန် ဧပြီလ ၁၁ ရက်နေ့အထိ @springcrowdfund တွင် စိတ်ချယုံကြည်စွာ ဆက်လက်လှူဒါန်းထောက်ပို့နိုင်ကြောင်း ဖိတ်ခေါ်လိုက်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
1🥰8463👍21
မြေငလျင်သဘာဝဘေး ထောက်ပံ့စာနာကူညီပေး
ကမ်ပိန်းပြီးဆုံးရန် ၁ ရက်အလို

ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ဒေသများကို အရေးပေါ်လိုအပ်နေတဲ့ အထောက်အပံ့များ အမြန်ဆုံးကူညီပေးနိုင်ရန်အတွက် ပြုလုပ်လျက်ရှိသော " မြေငလျင်သဘာဝဘေး ထောက်ပံ့စာနာကူညီပေး " ကမ်ပိန်းပြီးဆုံးရန် ၁ ရက်သာလိုပါတော့တယ်။

အဓိပ္ပါယ်ပြည့်ဝပြီး နွေးထွေးကြင်နာတဲ့ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် အတူတကွပါဝင်နိုင်ရန် မနက်ဖြန် ဧပြီလ ၁၁ ရက်နေ့အထိ SCF မှာ စိတ်ချယုံကြည်စွာ ဆက်လက်လှူဒါန်းထောက်ပို့နိုင်ကြောင်း ဖိတ်ခေါ်လိုက်ပါတယ်။

ကမ်ပိန်းတွင်ပါဝင်ရန်
https://bit.ly/CrowdFundforEarthquake

#မြေငလျင်သဘာဝဘေး
#ထောက်ပံ့စာနာကူညီပေး
#SpringDevelopmentBank
#SpringCrowdFund
#NwayOoHti
#SCF #ကူညီတွဲလက်SCF
1146👍23🥰14
ကမ်ပိန်းတွင်ပါဝင်နိုင်ရန် အချိန်အနည်းငယ်သာကျန်ပါတော့တယ်

“ မြေငလျင် သဘာဝဘေး ၊ ထောက်ပံ့စာနာ ကူညီပေး “ ကမ်ပိန်းကို @SpringCrowdFund မှာ ယနေ့ ဧပြီလ 11 ရက် မြန်မာစံတော်ချိန် ည 12 နာရီတိတိ နောက်ဆုံးထား၍ ပါဝင်နိုင်မှာဖြစ်ပြီး လက်ရှိ ရရှိထောက်ပံ့မှုပမာဏကတော့ ကျပ်သိန်းပေါင်း 1️⃣6️⃣1️⃣0️⃣0️⃣ ကျော် ( 1.6 ဘီလီယံကျော် ) ဖြစ်ပါတယ်။

ငလျင်ဘေးသင့်ဒေသများကို အမြန်ဆုံးကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ကျပ်သိန်းပေါင်း 15000 တိတိကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန သို့ အချိန်နှင့်တပြေးညီ SCF မှ အောင်မြင်စွာ လွှဲပြောင်းပေးထားနိုင်ခဲ့ပြီး ပြည်သူများ၏ ထပ်မံလှူဒါန်းမှုများအားလုံးကိုလည်း ဆက်လက်လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။ ဂုဏ်ယူလေးစားစရာ နွေးထွေးကူညီမှုမှတ်တမ်းမှာ အကြည်ဓာတ်လေးတွေအဖြစ် ကိုယ်တိုင်ပါဝင်ကြရအောင် ❤️

ကမ်ပိန်းနောက်ဆုံးရက်တွင် အချိန်မီပါဝင်ကူညီရန်
https://bit.ly/CrowdFundforEarthquake

#EarthquakeDisasterRelief
#SpringDevelopmentBank
#NwayOoHti #SpringCrowdFund
#TogetherwithSCF
1118👍20🥰6🔥1
ဘဝအနာဂတ်တွေအတွက်
အတူတကွ ပြန်ရုန်းထကြရအောင်
❤️

Make a strong comeback together ❤️‍🩹

https://springcrowdfund.org
102👍14🥰10🎉1
ဘဝအနာဂတ်တွေအတွက်
အတူတကွ ပြန်ရုန်းထကြရအောင် ❤️


မတ်လ ၂၈ ရက် ရုတ်တရက် ပြင်းထန်စွာရင်ဆိုင်လိုက်ရတဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူများကို စာနာကူညီပေးနိုင်ဖို့အတွက် “ မြေငလျင်သဘာဝဘေး ၊ ထောက်ပံ့စာနာကူညီပေး “ ကမ်ပိန်းကို အရေးပေါ်စီစဉ်ခဲ့ပြီး ၂ ပတ်တာအတွင်း တခြားသောကမ်ပိန်းများ၏ အကြောင်းအရာများ၊ ကမ်ပိန်းအသစ်များ စိစစ်လက်ခံခြင်းတို့ကို ခေတ္တရပ်နားထားခဲ့ပါတယ်။ အခြေအနေအရပ်ရပ်ကို နားလည်ကူညီပေးခဲ့ကြတဲ့အတွက် အကြည်ဓာတ် ပြည်သူများအားလုံးနဲ့ ကမ်ပိန်းဦးဆောင်ပြုလုပ်သူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

သဘာဝဘေးအန္တရာယ်ကြုံတွေ့ ရချိန်တိုင်းမှာ ပြည်သူများရဲ့ အသက်ကို ကယ်ဆယ်ပေးခြင်းလုံးဝမရှိတဲ့ စစ်အာဏာရှင်စနစ်ကြောင့် နောက်ဆက်တွဲ ထိခိုက်သေဆုံးနှုန်း အဆမတန် မြင့်တက်ခဲ့ရတာကိုလည်း အားလုံးသဘောပေါက်နားလည်ကြလောက်ပါပြီ။

ဒါကြောင့် ပြည်သူတို့ရဲ့ အနာဂတ်ဘဝတွေ၊ အသက်အိုးအိမ်စည်းစိမ်တွေအတွက် လွတ်လပ်ပြီး လုံခြုံကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တခုကို အောင်မြင်စွာတည်ဆောက်ခွင့်ရနိုင်ဖို့ အားလုံးအတူတကွ အရှိန်မြှင့်ဆက်လက်ချီတက်ကြရပါမယ်။ ဒါမှသာ မျိုးဆက်သစ်တွေနဲ့ နိုင်ငံအတွက် သမိုင်းပေးတာဝန်ကျေပွန်ရာရောက်ပြီး လိပ်ပြာလုံနိုင်မှာပါ။

Make a strong comeback together ❤️‍🩹
https://springcrowdfund.org

#SpringCrowdFund #SCF
#SpringDevelopmentBank
#TogetherwithSCF
1143👍17🥰13🎉2
ချစ်ခင်ရပါသော တော်လှန်ရေးအသိုက်အဝန်းမှ အဖွဲ့ဝင်များခင်ဗျာ

မကြာသေးမီက မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပြင်းအားမြင့် ငလျင်လှုပ်ခတ်မှုဒဏ် ခံခဲ့ရသော ရပ်ရွာလူထုများကို ပံ့ပိုးကူညီရန်အတွက်  @SpringDevBank နွေဦးဘဏ်မှ ဦးဆောင်စီစဥ်သည့် ကမ်ပိန်းကို @SpringCrowdFund နွေဦးလူထုရန်ပုံငွေ SCF ပလက်ဖောင်း အား အသုံးပြု၍ ပါဝင်ပေးခဲ့သည့်အတွက် အထူး ကျေးဇူးတင်ပါတယ်။ 

ပြည်သူတို့ရဲ့ ကရုဏာနဲ့ ရက်ရောမှုကြောင့် အရေးပေါ်လိုအပ်နေတဲ့ မိသားစုတွေအတွက် မရှိမဖြစ် အရင်းအမြစ်တွေ ဖြစ်သည့် ရေသန့်၊ အစားအသောက်၊ ဆေးဝါးနဲ့ အမိုးအကာတွေကို ဖြည့်တင်းပေးနိုင်ရုံသာမက စည်းလုံးညီညွတ်မှုအင်အားအဖြစ် သတင်းစကားလည်း ပျံ့နှံ့စေခဲ့ပါတယ်။ အကျပ်အတည်းဒုက္ခ ကြုံတွေ့ရတိုင်း လူမှုအသိုင်းအဝိုင်းများအနေနဲ့ တကိုယ်တည်း မရင်ဆိုင်ရဘဲ ကျွန်တော်တို့ အားလုံး အတူတကွ ရပ်တည်တန်ဖိုးထားကြောင်း လက်ဆင့်ကမ်းစေပါတယ်။ 

မတ်လ ၂၈ ရက်မှ ဧပြီလ ၁၁ ရက်အထိ အရေးပေါ် ငလျင်တုံ့ပြန်နိုင်ရေး ကမ်ပိန်းကို  တစိုက်တမတ် အာရုံစူးစိုက်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းကြောင့် စုစုပေါင်း 1,646,770,255 MMK (ကျပ်ငွေ ၁.၆၅ ဘီလီယံနီးပါး) မြင့်တင်နိုင်ခဲ့တဲ့အတွက် ကျိုးနွံစွာ ဂုဏ်ယူမိပါတယ်။ ပကတိမြေပြင်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ မဆိုင်းမတွ ဆောင်ရွက်နိုင်ရန် လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) ထံသို့ ၄င်းရန်ပုံငွေ ပမာဏအပြည့်အစုံကို လွှဲပြောင်းပေးထားပြီး ဖြစ်ပါတယ်။ 

ဒါဟာ လောကဓံကို ရင်ဆိုင်ဖြေရှင်းရာမှာ စည်းလုံးညီညွတ်မှုနှင့် သက်လုံကောင်းမှုကို မီးမောင်းထိုးပြတဲ့ အကောင်းဆုံးဥပမာ အဖြစ် ဆိုနိုင်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီ၏ ဖိနှိပ်မှုတွေကို ဆက်လက် တွန်းလှန်နေကြတဲ့အချိန်မှာ သဘာဝ ဘေးအန္တရာယ်များကိုလည်း ပြည်သူအချင်းချင်း ဖေးမကူညီပြီး ထောက်ကူ ရှင်သန်နေကြရတာပါ။ ကျွန်တော်တို့၏ စုပေါင်းခွန်အားနှင့် ကရုဏာ မေတ္တာသာလျှင် ပြန်လည်ထူထောင်မည့်အနာဂတ်၏ အခြေခံအုတ်မြစ် ဖြစ်ကြောင်း ပြသပါတယ်။ 

ဒါကြောင့် ငလျင်ဘေးသင့် ဒေသအားလုံးအတွက် ရည်စူးထားသော Spring CrowdFund ကမ်ပိန်းများမှတစ်ဆင့် လိုအပ်နေသူများအား ကူညီပံ့ပိုးခြင်းဖြင့် ကျွန်တော်တို့၏ စည်းလုံးညီညွတ်မှုကို ဆက်လက် လက်တွဲညီကြပါစို့ခင်ဗျာ။ 

ကျေးဇူးဂုဏ်ပြု လေးစားလျက်
ကယ်လ်ဗင် 
အလုပ်အမှုဆောင်အရာရှိ
နွေဦးဖွံ့ဖြိုးရေးဘဏ်

၂၀၂၅ ဧပြီလ ၁၂ ရက်
1167👍21🥰6👏5🏆1
ငလျင်ဘေးမှာ ကူညီဖေးမပေးခဲ့ကြသော အကြည်ဓာတ်လေးများသို့ 💌

အခက်အခဲတွေကြားကနေ ပြန်လည်ရုန်းထနေရသူတွေအတွက် အတူတကွရှိတယ်နော်" ဆိုတဲ့ ကူညီကမ်းလက်တွေဟာ တကယ့်ကိုခွန်အားဖြစ်စရာပါ။

ငလျင်ဘေးသင့်ဒေသများအတွက် “မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာကူညီပေး” ကမ်ပိန်းမှာ ၁၄ ရက်အတွင်း ကျပ်သိန်းပေါင်း ၁၆၄၀၀ ကျော် (၁.၆၅ ဘီလီယံ နီးပါး) ရရှိတဲ့အထိ အတူတကွ ကူညီဖေးမပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပ နိုင်ငံအရပ်ရပ်မှ @SpringDevBank , @NwayOoHti , @SpringCrowdFund အကြည်ဓာတ်လေးများအားလုံးနဲ့အတူ အဓိပ္ပါယ်ပြည့်ဝပြီး မွန်မြတ်နွေးထွေးတဲ့ နှစ်သစ်ကူးအကြိုအဖြစ် ဆုံတွေ့နိုင်ဖို့ Community Call Live လေးကို ဖိတ်ခေါ်ပါတယ်။

ပြည်သူများနဲ့အတူရပ်တည်ပြီး အကြည်ဓာတ်ခွန်အားတွေဝေမျှပေးနေတဲ့ အမ မေမြတ်နိုးလည်း ပါဝင်သွားမှာဖြစ်တဲ့အတွက် အတူတူဆုံတွေ့ကြမယ်နော် 🙏♥️

13 April , Sunday (မြန်မာစံတော်ချိန် ည ၇နာရီ)
🍀 http://t.me/SpringDevBank?livestream

#SpringDevelopmentBank
#SpringCrowdFund
#NwayOoHti
#SpringBees
#CommunityCall
#တို့အတူချီတက်SCF
1162👍17🥰17👏4🔥1🆒1
နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှု နှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်

မတ်လ ၂၈ ရက်နေ့မှာ ကမ္ဘာတဝှမ်း တုန်လှုပ်စေတဲ့ စစ်ကိုင်း ငလျင်ကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် ယနေ့ထက်တိုင် နောက်ဆက်တွဲ ငလျင်ငယ်များ ကြား အသက် အိုးအိမ် ပျက်စီးခဲ့ရတဲ့ ပြည်သူအပေါင်းဟာ လူသားချင်းစာနာမှု ကင်းမဲ့တဲ့ စစ်အာဏာရှင်ရဲ့ ဖိနှိပ်အကြမ်းဖက်မှုများကိုပါ စိုးရိမ်တကြီး ရင်ဆိုင်နေရပါတယ်။

နေ့စဉ် ခက်ခဲစွာ ဖြတ်သန်းနေတဲ့ ငလျင်ဘေး ၊ စစ်ဘေးသင့်ဒေသများရှိ မြို့ရွာလူထုများကို စာနာနှစ်သိမ့်သောအားဖြင့် ယနေ့ ဧပြီလ ၁၃ ရက်မှ ၂၀ ရက်နေ့ အတွင်းမှာ ထိခိုက်ဆုံးရှုံးမှုများ အတွက် ဆုတောင်းမေတ္တာ ပို့သမှုနဲ့ အတူ ထိရောက်တဲ့ အကူအညီများပေးရင်း လွတ်လပ်လုံခြုံတဲ့ ဖယ်ဒရယ် နိုင်ငံတော်သစ်ဆီသို့ အားမလျော့ပဲ အတူ ဆက်လက် ချီတက် ကြဖို့ နှိုးဆော်အပ်ပါတယ်။

#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
2153👍18🥰18🔥1
အားလုံး Ready ည ၇ နာရီ 🚨

အချိန် နောက်တနာရီ အကြာမှာ “မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာကူညီပေး” ကမ်ပိန်းတွင် ၁၄ ရက်အတွင်း ကျပ်သိန်းပေါင်း ၁၆၄၀၀ ကျော် (၁.၆၅ ဘီလီယံ နီးပါး) ရရှိအောင် ကူညီဖေးမပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပ နိုင်ငံအရပ်ရပ်မှ အကြည်ဓာတ်လေးများအားလုံးနဲ့အတူ အဓိပ္ပါယ်ပြည့်ဝပြီး မွန်မြတ်နွေးထွေးတဲ့ နှစ်သစ်ကူးအကြိုအဖြစ် ဆုံတွေ့ကြမယ့် Community Call Live လေးကို ဖိတ်ခေါ်ပါတယ်။

Special Guest ဖြစ်တဲ့ အမ မေမြတ်နိုးလည်း ပါဝင်အားဖြည့်သွားမှာဖြစ်တဲ့အတွက် အတူတူ ဆုံတွေ့ကြဖို့ ထပ်မံဖိတ်ခေါ်ပါတယ်နော် ♥️

13 April , Sunday (မြန်မာစံတော်ချိန် ည ၇နာရီ)
🍀 http://t.me/SpringDevBank?livestream

#SpringDevelopmentBank
#SpringCrowdFund
#NwayOoHti
#SpringBees
#CommunityCall
#တို့အတူချီတက်SCF
3122👍21🥰7