Spring Development Bank
20.5K subscribers
1.67K photos
83 videos
857 links
Discover the First Neo Bank for Myanmar.
Download Telegram
နွေဦးထီ V2.0 (၁) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ရွှေလက်ဆောင် ရယူပါ

🎖️ရွှေရောင်လွှမ်းမယ့် အနာဂတ်အိပ်မက်တွေအတွက် ရွှေ+ရွှေ ချင်းထပ် မြတ်စေဖို့ နွေဦးထီမှ Version 2 (၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နွေဦးထီချစ်သူများအတွက် ရွှေစင်ဆုနဲ့ ကတိပြုလိုက်ပါတယ်။

🎉 မတ်လ တစ်လလုံး နွေဦးထီ ကံစမ်းထားသူတိုင်း မည်သူမဆို ရွှေဆုကို ရယူဖို့ ပါဝင်နိုင်ပြီး၊ နွေဦးထီ Web App မှ တဆင့်ကိုယ်တိုင်ဖြစ်စေ၊ နွေဦးထီအရောင်းကိုယ်စားလှယ်များဖြစ်သော Agents & Rangers များထံမှဖြစ်စေ ဝယ်ယူပြီး ပါဝင်နိုင်ပါတယ်။

🏆 ရွှေဆုဆိုတာကတော့ နွေဦးဘဏ်ရဲ့ ဒစ်ဂျစ်တယ်ရွှေဖြစ်ပြီး တစ်နှစ်ပြည့် အမှတ်တရလက်ဆောင်အနေနဲ့ မတ်လအတွက် ထီထိုးကံစမ်းထားသူများထံမှ ကံထူးရှင် (၃)ဦးကို ကျပန်းရွေးချယ်ကာ တစ်ဦးလျှင် တစ်ကျပ်သား (128 Gold Token) နဲ့ ဆုချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

🥳သိန်း 5️⃣0️⃣0️⃣0️⃣ ဆုကြီး နှင့်တကွ ရွှေကတိဆုကို နှစ်ထပ်ကွမ်း ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးကြီးကို လက်မလွှတ်ဖို့ အခုပဲ နွေဦးထီ ဝယ်ယူလိုက်ပါ။

#NwayOoHti
#WeDreamBold
22.39K👍452🥰80👏27🔥18👌16🏆15🆒7💯6🎉5
အမျိုးသမီးများ ပါဝင်ဦးဆောင်နေတဲ့ ဖယ်ဒရယ် နိုင်ငံတော်သစ် ဆီသို့ 🇲🇲

ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ လေးစားကြည်ညိုရတဲ့ ဒီမိုကရေစီမိခင် အမေစု နှင့်တကွ ရဲရင့်စွာ ရပ်တည်နေကြတဲ့ နိုင်ငံရေးအကျဉ်းကျ အမျိုးသမီးများ၊ တရားမျှတမှုအတွက် လွတ်လပ်ရေးတိုက်ပွဲမှာ ရှေ့တန်း၊နောက်တန်းမှတဆင့် ကျရာနေရာမှာ ရွပ်ရွပ်ချွံချွံ ပါဝင်လျက်ရှိကြတဲ့ အမျိုးသမီးများကို နွေဦးဘဏ်မှ လေးစား၊ ဂုဏ်ပြုလိုက်ပါတယ်။ 🌺

အမျိုးသမီးတစ်ဦး၏ တိုင်းပြည်အနာဂတ်အတွက် ပေးဆပ်ခဲ့ခြင်းများကို အလေးထားလျက် အမျိုးသမီးများ ပါဝင်ဦးဆောင်သော ဖယ်ဒရယ် နိုင်ငံတော်သစ်ဆီသို့ ဆိုက်ရောက်သည်အထိ ပြည်သူအားလုံးနှင့်အတူ နွေဦးဘဏ်မှ ဆက်လက်လှမ်းချီသွားမည်ဖြစ်ကြောင်း....

ချစ်ခင်လေးစားလျက်
နွေဦးဘဏ်

#InternationalWomensDay
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
743👍142🥰30🎉13
လျှို့ဝှက်ကုဒ်ကို ရှာဖွေပါ⚡️

ပြည်သူတို့ရဲ့ စုပေါင်းအင်အားနဲ့အတူ မြန်မာနိုင်ငံတော်သစ်ဆီ အရောက်လှမ်းချီ နိုင်ဖို့အတွက် နွေဦးဘဏ်မှ သင့်ကို အလိုရှိနေပါတယ်။ 🫵

အာဏာရှင်စနစ်မှ ပကတိရုန်းထွက်ဖို့ အောက်မှာ ဖော်ပြထားတဲ့ လျှို့ဝှက်ကုဒ် ၈ လုံးကို အမြန်ဆုံးရှာဖွေဖော်ထုတ် ပေးရပါမယ်။ 🔍

ကုဒ်ဘယ်နှခု ထုတ်ဖော်နိုင်သလဲဆိုတာကိုလည်း comment မှာ လက်ဆင့်ကမ်း မျှဝေခဲ့ပါဦး။ 🙌

ပကတိ လွတ်လပ်မှုကို ရယူရန်
bit.ly/m/SDB4all

#NewMyanmarwithSDB
#SpringDevelopmentBank
#RealBankRealFreedom
#ChooseSDB
551👍112🏆20🥰14👏11🔥7
ယနေ့ည Community Call မရှိပါ ⚠️

အပတ်စဉ် တနင်္ဂနွေ နဲ့ ဗုဒ္ဓဟူးနေ့ ည ၈ နာရီတိုင်း အားလုံးစောင့်မျှော်နေကြတဲ့ Live Community Call တွင် ပါဝင်တဲ့ ပျားအဖွဲ့သားများဟာ လတ်တလော လက်မလည်အောင် အလုပ်ရှုပ်နေပါသဖြင့် ရက်အနည်းငယ် ခေတ္တစောင့်ဆိုင်းပြီးမှ လာမဲ့ ဗုဒ္ဓဟူးညမှာ ပြန်လည်ဆုံတွေ့ကြဖို့ မေတ္တာရပ်ခံပါတယ်နော်။ 😁

Call မရှိခင် ၃ မိနစ်နဲ့ အကောင့်ဖွင့်ရန်
bit.ly/m/SDB4all

#SDBCommunityCall
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
442👍95🥰40
ငွေကြေးစုံလင်တဲ့ SDB မှာ စာရင်းသေအပ်နှံပါ 🏦

ငွေကြေးဖောင်းပွမှုနဲ့ ကြုံရတဲ့အခါမှာ မိမိငွေကြေး ပိုင်ဆိုင်မှုတွေကို စိတ်ချလွတ်လပ်စွာ စီမံခန့်ခွဲနိုင်အောင် နွေဦးဘဏ်မှာ စာရင်းသေအပ်နှံထားခြင်းဖြင့် အတိုးနှုန်း ၁၃% အထိ အမြှင့်ဆုံးရယူဖို့ တိုက်တွန်းလိုက်ပါတယ်။ 🔥

SDB မှာ နိုင်ငံတကာ ငွေကြေး ၁၀ မျိုးနဲ့ ကမ္ဘာ့ရွှေ (digital gold) ကိုလည်း အပ်နှံကာလအလိုက်၊ သတ်မှတ်နှုန်းထားများကို SDB အကောင့်တစ်ခုထဲနဲ့ အသုံးပြု ရယူနိုင်တာဆိုတော့ အဆင်သင့်ပဲပေါ့။ 🤩

ဒါကြောင့် ဖော်ပြပါ အနည်းဆုံး အပ်နှံနှုန်းထားများမှ စ၍ အပူအပင်ကင်းတဲ့ အနာဂတ်တခုကို စတင်တည်ဆောက် လိုက်ရအောင်။💪

အားလုံးအတွက် နွေဦးဘဏ်
bit.ly/m/SDB4all

#SDBFixedDeposit
#SpringDevelopmentBank
#ChooseSDB
365👍83🏆19🥰16🎉1
The Weekly Comic - Diary of a Bee
ပျားတို့ရဲ့တိုင်းပြည်အကြောင်း 🐝

ဒီတပတ်ကောမစ်လေးမှာတော့ ပျားတို့ရဲ့တိုင်းပြည်မှာ ဝက်ဝံကြီးတွေနဲ့ ပျားတွေနဲ့ ဘယ်လိုဆက်ဆံရေးမျိုး ရှိခဲ့ကြပြီး ဘာတွေဆက်ဖြစ်ကြသေးလဲကို နွေဦးပျားလေးရဲ့ ဒိုင်ယာရီမှတ်တမ်းထဲမှာ အတူတူ ဖတ်ရှုကြည့်ကြရအောင်။

တနင်္လာနေ့တိုင်း ထွက်ရှိတဲ့ အပတ်စဉ် ကောမစ်ကဏ္ဍလေး ကို အသိမိတ်ဆွေတွေ သိအောင်ရှယ်ဖို့လည်း မမေ့နဲ့နော်။

#SDBeeComic
#StinglikeSDBees
#SpringBeesbySDB
#SpringDevelopmentBank
383👍78🥰19🎉15
ထောက်ပို့၊ ပညာရ SCF နဲ့ တည Community Call 🔊

မနက်ဖြန် မတ်လ ၁၂ ရက် ည ၈ နာရီမှာ စိတ်ဝင်စားစရာကောင်းပြီး အားလုံးသိချင်နေကြတဲ့ ဝေဟင်လေကြောင်း နည်းပညာဗဟုသုတတွေ အကြောင်းကို "ဝေဟင်စိုးမိုး ဇီဝဇိုး" ကမ်ပိန်းမှ ညီအကိုမောင်နှမတွေက မျှဝေပြောပြပေးသွားမှာဖြစ်ပြီး လုံခြုံစိတ်ချရတဲ့ @SpringCrowdFund - နွေဦးလူထုရန်ပုံငွေ SCF Website မှာလည်း ဒီကမ်ပိန်းကို ထောက်ပို့ကူနိုင်ပါတယ်။

အားလုံးအတွက် အကျိုးရှိပြီး အမေးအဖြေလုပ်ကြမယ့် CC လေးမှာ မတ်လတွင် နွေဦးထီ @nwayoohti ကံစမ်းသူတိုင်း သိန်း ၅၀၀၀ အပြင် SDB ရွှေဆု ပါ ကံထူးနိုင်မယ့် NOH Gift Card ၂၀၀၀ တန် များကို အဖြေမှန်သူ ၉ ဦး ကိုလည်း လက်ဆောင်ပေးဦးမှာဖြစ်လို့ လာဖြစ်အောင်လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်နော်။

12 Mar (မြန်မာစံတော်ချိန် ည ၈နာရီ)
http://t.me/SpringDevBank?livestream

#ဝေဟင်စိုးမိုးဇီဝဇိုး
#SpringCrowdFund
#NwayOoHti
#SDBCommunityCall
#SpringDevelopmentBank
#ChooseSDB
275👍59🥰58🏆9
🐝 စာအုပ်စာပေ ပျားမိတ်ဆွေ 📖

ရက်ပေါင်း ၆၅၀ အကျဥ်းကျနေခဲ့ရတဲ့ ပါမောက္ခ ရှောင်တာနယ်၏ An Unlikely Prisoner စာအုပ်အား စာရေးဆရာ အေကေမိုးမှ "သူမတူ အကျဉ်းသား" အမည်ဖြင့် မြန်မာဘာသာ ပြန်ဆိုထားတဲ့ စာအုပ် ကို @SpringBeesbySDB များအတွက် လက်ဆောင်အဖြစ် ပေးသွားမယ့် ကမ်ပိန်းလေးရှိကြောင်း သတင်းကောင်းပါး လိုက်ပါတယ်နော်။

👑 နွေဦးပျားတို့ကမ္ဘာမှ နိုင်ငံရေး အကျဉ်းသားများ ကိုယ်စား ဂုဏ်ပြုရင်း
Level 10 Emperor (၁၀) ဦး အတွက် ဘာသာပြန် မူရင်း စာအုပ် (paperback) နှင့်
Level 5 Warrior နှင့် အထက် (၂၀) ဦး အတွက် ဒီဂျစ်တယ် စာအုပ် (digital copy) ကို
ကျပန်းစနစ်ဖြင့် ရွေးချယ်ပြီး လက်ဆောင် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

မတ်လ ၂၀ ရက်နေ့အထိ Level 5 မှ 10 ရောက်ရှိတိုင်း ဤကမ်ပိန်းမှာ အကျုံးဝင်တာဖြစ်လို့ “သူမတူ အကျဉ်းသား” စာအုပ် ပိုင်ဆိုင်ဖို့ ပါဝင်ကြရအောင်။

SpringBees ကမ္ဘာထဲ ဝင်ရောက်ရန်
📲 t.me/springbees_bot

#AnUnlikelyPrisoner
#သူမတူအကျဉ်းသား
#SpringDevelopmentBank
#RealBankRealFreedom
#chooseSDB
388👍89👏17🥰16🆒4🔥2
အားလုံး Ready ည ၈ နာရီ 🚨

ဒီည ၈ နာရီမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဝေဟင်လေကြောင်း နည်းပညာဗဟုသုတတွေ အကြောင်းကို "ဝေဟင်စိုးမိုး ဇီဝဇိုး" ကမ်ပိန်းမှ ညီအကိုမောင်နှမတွေက @SpringCrowdFund SCF နဲ့အတူ မျှဝေပြောပြပေးသွားမှာဖြစ်ပြီး မတ်လတွင် နွေဦးထီ နွေဦးထီ @NwayOoHti ကံစမ်းသူတိုင်း သိန်း ၅၀၀၀ နဲ့ SDB ရွှေဆု ပါ ကံထူးနိုင်မယ့် NOH Gift Card ၂၀၀၀ တန် များကို CC ရဲ့ အမေးအဖြေကဏ္ဍမှာ အဖြေမှန်သူ ၉ ဦး ကိုလည်း လက်ဆောင်ပေးဦးမှာ ဖြစ်တာကြောင့် နောက်တနာရီအကြာမှာ အမှီလေး ပါဝင်နားဆင်ကြဖို့ ထပ်မံဖိတ်ခေါ် လိုက်ပါတယ်နော်။

12 Mar (မြန်မာစံတော်ချိန် ည ၈နာရီ)
http://t.me/SpringDevBank?livestream

အမေးအဖြေကဏ္ဍမှာ ပါဝင်လက်ဆောင်ယူရန် 🎁
https://t.me/SpringDevBankCommunity

#ဝေဟင်စိုးမိုးဇီဝဇိုး
#SpringCrowdFund
#NwayOoHti
#SDBCommunityCall
#SpringDevelopmentBank
#ChooseSDB
1283👍55🥰14🏆11
Live stream started
Live stream finished (11 minutes)
Live stream started
Live stream finished (17 seconds)