Spring Development Bank
20.5K subscribers
1.66K photos
82 videos
850 links
Discover the First Neo Bank for Myanmar.
Download Telegram
ကံစပ်ယှဉ်ပြိုင် ဒုတိယဂိုး အောင်ပွဲ

ဇန်နဝါရီ ၁၁ မှ ၂၀ ရက် အထိ ည ၁၁ နာရီတိတိမှာ နွေဦးထီ လက်မှတ် ၁၁၀,၀၀၀ ဒုတိယဂိုးကို အားလုံး တစည်းတလုံး ကြိုးစားခဲ့မှုကြောင့် အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိခဲ့ပါတယ်။

ပထမဂိုး ရဲ့သင်ခန်းစာနဲ့ ဘယ်လိုအခြေအနေမျိုးမဆို သက်လုံကောင်းဖို့ ခံနိုင်ရည်ရှိဖို့ လဲကျရင် ပြန်ထမယ့် ပစ်တိုင်းထောင်တွေ နဲ့ နွေဦးပျားတွေကပဲ သက်သေပြလိုက်တာပါ။

ယနေ့အချိန်ထိ "ဒူးမထောက်စတမ်း၊ လက်မမြောက်စတမ်း၊ နောက်မဆုတ်စတမ်း" တော်လှန်ခရီးကြမ်းမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်၊ တွန်းလှန်တာ ကျနော်တို့ နောက်ဆုံးမျိုးဆက်ပဲမို့ အရှုံးမပေးပဲ တတိယဂိုး အဆုံးထိ ချီတက်ဖို့ တိုက်တွန်းအပ်ပါတယ်။

#10Days1Goal
#WeDreamBold
#NwayOoHti
1155👍26🥰9
SpringBees Feature အသစ်ထွက်ပြီ ပျားကြီးတို့ 📢

နွေဦးထီ @nwayoohti ရဲ့ ကံစပ်ယှဉ်ပြိုင် ဒုတိယဂိုးကို နွေဦးပျားတွေ အင်အားအပြည့်နဲ့ အောင်မြင်စွာ ဂိုးသွင်းနိုင်ခဲ့ခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ SpringBees မှာလည်း feature အသစ်ကို အမြန်ဆုံးရရှိအောင် စပရိုက်တိုက်ပါတယ် ချစ်ပျားတို့ရေ။ 🎉

ဒီနေ့ကစပြီး SpringBees ကမ္ဘာထဲကို ပျားစစ်သည်လေးတွေ ဖိတ်ခေါ် တဲ့နေရာမှာ SDB UID မရှိတဲ့သူများအတွက် Telegram အကောင့်ရှိရုံ အလွယ်တကူ အစမ်းဝင်တုပ်နိုင်ပြီ ဖြစ်တဲ့အပြင် Profile မှာလည်း မိမိရဲ့ Rank နံပါတ်ကို ဝင်ကြည့်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်နော်။ 🐝

#SpringBeesNewFeature
#StinglikeSDBees
#SpringBeesbySDB
#SpringDevelopmentBank
#ChooseSDB
225👍38🥰10🆒5🎉2💯2🏆2
Glory Glory နွေဦးထီ @nwayoohti
အောင်ပွဲဆက်ချီ 3rd Goal ဆီ 🤩

ပစ်တိုင်းထောင်လေး ဘောလုံးဆွဲလာပါပြီ၊ အခက်အခဲတွေကိုကျော်ဖြတ်တယ်၊ မက်ဆီနဲ့ ရော်နယ်ဒိုတို့တောင် ငေးမောရမယ့်အကွက်တွေနဲ့ လှလှပပ တရှိန်ထိုးပြေးလာနေပါပြီ၊ ဘေးက အသင်းဖော် နွေဦးထီချစ်သူတွေကို ဘောလုံးထိုးပေးလိုက်တယ်။ ⚽️

ပထမတခါသွင်းချိန်က ဂိုးပေါက်လွဲချော်ခဲ့ရပေမဲ့ ယုံကြည်မှုကတော့အပြည့်ရှိနေဆဲ၊ နွေဦးထီချစ်သူတွေက ညာတောင်ပံကနေ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးက သပ်သပ်ရပ်ရပ်......ပစ်တိုင်းထောင်လေးဟာ အားမာန်အပြည့်......ခုန်ပြီး နောက်ပြန်ကန်သွင်းလိုက်ရာမှာတော့........ဂိုး....!!!!! 🥳

ဟုတ်ပါတယ်ခင်ဗျာ.....ကံစပ်ယှဉ်ပြိုင် ဒုတိယဂိုးဟာ နွေဦးထီချစ်သူများအားလုံးရဲ့ ကြိုးစားမှုတွေနဲ့အတူ အောင်မြင်သွားခဲ့ပါပြီ။ တကွင်းလုံး အားပေးကြတဲ့ နွေဦးပျားတွေအတွက် 2277 Pollen ကို ချီးမြှင့်ပေးလိုက်ပြီး ဖြစ်ပါတယ်။ 

ဒါကြောင့် မနက်ဖြန် ၂၂ ရက် ဗုဒ္ဓဟူးနေ့ ည ၈ နာရီ LIVE မှာ ၅ သိန်းဆု စီ ၁၀ ဦး ကို Community Call မှာ မဲဖောက်ပေးသွားမှာမို့ အတူတူလာပြီး အောင်ပွဲခံကြဖို့ မမေ့နဲ့နော်။ 💖

22 Jan (မြန်မာစံတော်ချိန် ည ၈နာရီ)
http://t.me/SpringDevBank?livestream

#10Days1Goal
#springbeesbysdb
#NwayOoHti
#SpringDevelopmentBank
#ChooseSDB
210👍28🥰9🔥7👏6🎉3
လိုရင်းတိုရှင်းတုပ်ကြမယ် - အပိုင်း (၁) 💭

“လိုရင်းတိုရှင်းတုပ်ကြမယ်” ဆိုတာ နွေဦးပျားတို့အတွက် အထောက်အကူဖြစ်မယ့် လမ်းညွှန်ချက်လေးတွေကို ပေါ့ပေါ့ပါးပါး ဖတ်ရှုလေ့လာနိုင်မယ့် ကဏ္ဍလေးတခု ဖြစ်ပါတယ်။

ဒီ အပိုင်း (၁) မှာတော့ SpringBees ကမ္ဘာဆီ ဘယ်လို ဝင်ရမလဲအပြင် ပရိုဖိုင်အောက်မှာ ကြည့်နိုင်မယ့် အဓိက အချက်အလက်တွေကို လေ့လာနိုင်တာဖြစ်လို့ အခုပဲ ဖတ်ကြည့်လိုက် ကြရအောင်နော်။

#SDBeeComic
#StinglikeSDBees
#SpringBeesbySDB
#NwayOoHti
#SpringDevelopmentBank
165🥰14👍4
အောင်ပွဲခံဖို့ Ready ည ၈ နာရီ 🚨

ဒုတိယဂိုးကို လက်တွဲညီညီ သွင်းနိုင်ခဲ့ကြတဲ့ @nwayoohti နွေဦးထီချစ်သူများအားလုံးကို ဒီည ၈နာရီ Community Call မှာ အတူတူအောင်ပွဲခံဖို့အတွက် ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။

LIVE မှာ ၅ သိန်းဆု ကံထူးရှင် ၁၀ ဦး ကို မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်တဲ့အပြင် တတိယဂိုး အတွက်လည်း နည်းဗျူဟာအမိုက်စားတွေကို အတူတူတိုင်ပင်ချင်တာမို့ မလာမဖြစ် လာရမယ်နော်.....see you soon🏆

22 Jan (မြန်မာစံတော်ချိန် ည ၈ နာရီ)
http://t.me/SpringDevBank?livestream

#10Days1Goal
#springbeesbysdb
#NwayOoHti
#SpringDevelopmentBank
#ChooseSDB
1186👍33🥰9🔥1
Live stream started
Live stream finished (1 hour)
ကံစပ်ယှဥ်ပြိုင် 3rd Goal အောင်ပွဲဝင်မယ် 🚩

ပြည်သူ့ဘဏ္ဍာ ခွန်အားဖြည့်ဖို့ 2nd Goal ကို အောင်မြင်စွာ ပစ်သွင်းနိုင်ခဲ့တဲ့ ပစ်တိုင်းထောင်လေးတွေရဲ့ ဇွဲအားမာန်က ဇန်နဝါရီလရဲ့ နောက်ဆုံး တတိယဂိုးကို ထပ်ပြီး လှပစွာ အဆုံးသတ်အောင်ပွဲခံမယ်လို့ ယုံကြည်ပါတယ်။ 🙆‍♂️

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီး စပါယ်ရှယ်ဝုန်းဖို့ ထပ်တိုး ဆုပမာဏ အသစ်တွေနဲ့

🥉3rd Goal အဖြစ် နွေဦးထီ လက်မှတ်ပေါင်း ၂၀၂,၅၀၀ ထိ ချီတက်ကြ ရမှာပါ။

ဇန်နဝါရီလ ၃၁ ရက်နေ့ ထီပိတ်ချိန် မြန်မာ ၄ နာရီမှာ တတိယပန်းတိုင် အောင်မြင်တဲ့အခါ...

🎯 ပထမဂိုး မှ စပြီး ယခုဂိုးအထိ အတူ ထီထိုးပါဝင်ခဲ့တဲ့သူတွေထဲမှ ကျပန်းမဲနှိုက်ရွေးချယ်ပြီး

🏆 တဦးလျှင် အပိုဆု ၁၀ သိန်း ကျပ် နဲ့ ကံထူးရှင် (၁၀) ဦး တိတိ ကို ချီးမြှင့်မည့်အပြင်

🐝 ချစ်သော ပျားကမ္ဘာသားတို့အတွက်လည်း Pollen 2025 ထပ်ပြီး ပေးအပ်သွားပါမယ်ဗျို့။

3rd Goal ပြည့်မှီဖို့ ဘယ်လိုပါဝင်ရမလဲဆိုရင်တော့...ထုံးစံအတိုင်း လွယ်လွယ်လေးပါနော်။

ခုပဲ @SpringDevBank မှ ငွေသွင်းပြီး နွေဦးထီ ရွေးချယ် ကံစမ်းလိုက်ပါ။

ကိုယ်တိုင် ၀ယ်ယူပြီးရင် ကိုယ့်ပတ်၀န်းကျင် နီးစပ်ရာတွေကို ဂိုး ကူသွင်းပေးဖို့ လက်တွဲခေါ်ရင်း နှိုးဆော်တိုက်တွန်းပေးပါ။

🎲 NOH Gift Card နဲ့ ကိုယ်တိုင် စိတ်ကြိုက် ဝယ်ယူနိုင်သလို၊

🌎 ကမ္ဘာအနှံ့ နွေဦးထီကိုယ်စားလှယ်များ နဲ့ နွေဦးရိန်းဂျားများထံမှလည်း

🎟️ တစောင် ၂၀၀၀ ကျပ်နဲ့ လွယ်ကူစွာ ကံစပ်နိုင်ပါတယ်။

သိန်း 5️⃣0️⃣0️⃣0️⃣ အပါအဝင် အခြား ဆုများစွာရဲ့ ပိုင်ရှင်တွေ ဖြစ်တဲ့အထိ အပိုဆု ဂိုး လက်ဆောင်တွေနဲ့ နောက်ဆုံးပန်းတိုင်ကို ကျောချင်းကပ် အရောက်လှမ်းဖို့ အတူတကွ အောင်ပန်းဝင် လိုက်ကြရအောင်။ 💨

#10Days1Goal
#NwayOoHti
#WeDreamBold
175👍36🥰10🔥1
ဝက်ဝံဆိုးရန်စွယ် နေ့စဉ် ကာကွယ် 🐻

မြန်မာနိုင်ငံတွင်း နေ့စဉ်နှင့်အမျှ အကြမ်းဖက် စစ်တပ်မှ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တွေကို မတရားသဖြင့် နည်းမျိုးစုံနှင့် မြေပြင် ဝေဟင် စိတ်ပိုင်းရုပ်ပိုင်းမကျန် ဖိနှိပ်ဖျက်ဆီးမှုများစွာနဲ့ နေရာအနှံ့အပြား လူတန်းစားမရွေး ဒုက္ခအတိ ခံစားနေကြရပါတယ်။

ထိုနည်းတူစွာ ပျားတို့ကမ္ဘာမှာလည်း ပျားအိမ်တွေကို ဖျက်ဆီးတိုက်ခိုက်နေတဲ့ ဝက်ဝံဆိုးတွေ ရှိပါတယ်။ ဒီလို ရန်စွယ်တွေကို ရရာနည်းနဲ့ နွေဦးပျားတွေက ခုခံတွန်းလှန်ပြီး ပျားအိမ်တွေ ပြန် တည်ဆောက်နေကြတာပါ။

နေ့စဉ် ၂၄ နာရီ မတုပ်မိပါက ပျားအိမ်တွေ ပျက်ဆီးသွားတာနဲ့ အမျှ နွေဦးပျားတွေရဲ့ ရောက်ရှိနေတဲ့ level လည်း ၁၀% လျော့နည်းသွားပါတယ်။

လက်တွေ့ဘဝမှာလည်း ထိုနည်း ၄င်းပါပဲ။
ဖက်ဆစ်တပ်ကို တော်လှန်လိုစိတ် တစ တစလျော့နည်းလာလေ လက်ရှိ လူနေမှုအဆင့်အတန်းများနဲ့ မျိုးဆက်သစ်တို့ရဲ့ အနာဂတ်လည်း နိမ့်ကျသွားမယ်ဆိုတာ အသေအချာပါပဲ။

ဒီနေရာမှာ ဝက်ဝံဆိုးတွေကြောင့် ပျားအိမ်တွေ ဆုံးရှုံးသွားပေမယ့် နွေဦးပျားတွေ အတွက် Pollen များ လျော့နည်းသွားခြင်းမရှိသည်ကို တွေ့နိုင်ပါတယ်။
ဒါဟာ မိမိရဲ့ ပိုင်ဆိုင်မှုတွေကို ဖက်ဆစ်တပ်မှ ချယ်လှယ်ချုပ်ကိုင်ခွင့် မရှိတဲ့ SDB မှာ ပြောင်းလဲစုဆောင်းထားသကဲ့သို့ ဖြစ်ပါတယ်။
စစ်အာဏာရှင်ကြောင့် အိုးအိမ်တွေ ပျက်ဆီးဆုံးရှုံးခဲ့ပေမယ့် SDB ထဲ အချိန်မှီ ပြောင်းရွှေ့ထားတဲ့ငွေကြေး ပိုင်ဆိုင်မှုတွေနဲ့ ဘဝကို ထိုက်သင့်စွာ ပြန်လည် စတင်နိုင်ပါတယ်။

ဒါကြောင့် နေ့စဉ် ၂၄ နာရီ ၇ ရက်ပတ်လုံး တော်လှန်အသိ တော်လှန်သတိ ကို မြဲမြံစွာ နှလုံးသွင်းရင်း နွေဦးပျားတို့ အားမာန်နဲ့ ဝက်ဝံဆိုးအာဏာရှင်တွေကို ခပ်ပြင်းပြင်း တုပ်ကြရအောင်။

🐝နွေဦးပျားကမ္ဘာသို့ ဝင်ရောက်ရန်
bit.ly/SpringBeesBot

#SpringBeesbySDB
#SpringDevelopmentBank
#StinglikeSDBees
170👍30🥰7🔥4
ကံစပ်ယှဉ်ပြိုင် သန်းဆုပိုင်

ဒုတိယဂိုး (၅) သိန်းဆု ကံထူးရှင်များ


နွေဦးထီ ရဲ့ ဇန်နဝါရီလ နှစ်သစ်ကမ်ပိန်းအနေနဲ့ “ကံစပ်ယှဉ်ပြိုင် သန်းဆုပိုင်” ကို ဂိုး အလိုက် (၃) ကြိမ်ကျင်းပလျက်ရှိပါတယ်။

ပထမဂိုး အတွက် ဂိုးလွန်ဘော ဖြစ်ခဲ့ပေမယ့် ဒုတိယဂိုး ၁ သိန်း ၁ သောင်း လက်မှတ်ဝယ်ယူမှုကို အောင်မြင်စွာ အတူတူ ဂိုးသွင်း နိုင်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့ ည ၈ နာရီမှာ @SpringDevBank Community Call နှင့်အတူ ၅ သိန်း ကျပ် ကံထူးရှင် (၁၀) ဦးကို ကျပန်းရွေးချယ် မဲနှိုက်ခဲ့ပါတယ်။

ဆက်လက်ပြီး တတိယဂိုး ၂၀၂၅၀၀ လက်မှတ် အထိ ခြေလှမ်းညီပြီး အတူချီတက်ကြရအောင်။

🏆 တတိယဂိုး အောင်ပွဲဝင်ရန်
https://www.facebook.com/nwayoohti/posts/649349760760086

#10Days1Goal
#NwayOoHti
#WeDreamBold
173👍30🥰5👏3
ဓမ္မအိပ်မက် အနာဂတ်လမ်းသစ်ကို
အောင်လံလွှင့်ချီနွေဦးထီနဲ့ လှမ်းကြစို့!

😇 ဓမ္မတရားနဲ့ ပြည့်စုံသောလမ်းပေါ်ရှိ အိမ်ပြန်ခရီးကို လိပ်ပြာလုံစွာ အတူသွားလာနေကြတဲ့ မိဘပြည်သူတို့အတွက် ၂၀၂၅ ဇန်နဝါရီလမှ စပြီး အိပ်မက်အသစ်တွေ ရဲရဲမက်နိုင်ပါပြီ။

🤝 ပိုမိုသစ်လွင်တဲ့ အနာဂတ်အတွက် ကမ္ဘာအနှံ့ နွေဦးထီ ကိုယ်စားလှယ်ပေါင်း ၁၈၀ ကျော် နှင့် နွေဦးရိန်းဂျာများ က ခရီးလမ်းဖြောင့်ဖြူးဖို့ အတူတူ လက်တွဲ ကူညီ အင်အားဖြည့်နေပါတယ်။

သိန်း ၅၀၀၀ ဆုကြီးနှင့် အခြား ဆုပေါင်း လေးသောင်း ကျော်ပိုင်ဆိုင်ဖို့ လစဉ် အခွင့်အရေးတွေ ဆက်တိုက် ဖန်တီးပေးနေတဲ့ နွေဦးထီနဲ့ အတူ ခုပဲ စတင်လိုက်ပါဗျို့။ 🥳

🏆 တတိယဂိုး အောင်ပွဲဝင်မယ်
https://www.facebook.com/nwayoohti/posts/649349760760086

🌟ပြည်သူ့အစိုးရထီ ကံစမ်းရန်
app.nwayoohti.com/login

💝NOH Gift Card ဝယ်ယူရန်
m.me/nwayoohtigiftcard

#10Days1Goal
#NwayOoHti
#WeDreamBold
120👍24🥰9🔥1