Spring Development Bank
20.6K subscribers
1.71K photos
85 videos
867 links
Discover the First Neo Bank for Myanmar.
Download Telegram
ရွှေမန်းမြေမှ လွတ်လပ်ခြင်း အမွေ

အာဆီယံ ဒေသတွင်းမှာ Smart City အဖြစ် ဝိုင်းဝန်းအသိအမှတ်ပြုမှုတွေနဲ့ ရွှေမန်းသားတို့ ဂုဏ်ယူမဆုံးဖြစ်ခဲ့တဲ့ မန္တလေးမြို့ကြီးကို မြှင့်တင်ပေးခဲ့တဲ့ ပဲ့ကိုင်ရှင်

ဒေါက်တာဇော်မြင့်မောင်၏ လေးနက်ပေးဆပ်မှု၊ လမ်းညွှန်ဦးဆောင်မှုများအတွက် ထာဝရဂုဏ်ယူလေးစားမိသလို မိသားစုဝင် မိတ်ဆွေများ ၊ ရဲဘော်များ နှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။

အနာဂတ် မျိုးဆက်သစ်တို့အတွက်တရားမျှတပြီး ဖွံဖြိုးတိုးတက်သော နိုင်ငံဖြစ်အောင် ဝိုင်းဝန်းတည်ဆောက်ရေးမှာ ကိုယ်စွမ်းဉာဏ်စွမ်းတတ်နိုင်သမျှ ဆက်လက်ကြိုးပမ်း ထမ်းဆောင်သွားမည် ဖြစ်ကြောင်းကိုလည်း ထပ်လောင်း ကတိပြုပါတယ်။

လွတ်လပ်ခြင်း ၊ မြင့်မြတ်ခြင်း ၊ အေးချမ်းခြင်း များစွာဖြင့် အနားယူပါ ဆရာ။

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
114👍20🥰3👏3
🏮 သီတင်းကျွတ် စပါယ်ရှယ် သန်းဆု ထူးမယ် 🏮
( အသေးစိတ်အား ဆက်လက်ဖတ်ရှုပါ )

လစဥ် ဝန်းရံအားပေးသူ @nwayoohti ချစ်သူတို့အတွက် သီတင်းကျွတ်ကာလ အမှတ်တရ အဖြစ် စပါယ်ရှယ်ကံထူးနိုင်မယ့် ပရိုမိုးရှင်းကြီး စီစဥ်ထားပါတယ်နော်။

အဲဒါကတော့ အောက်တိုဘာလ (၇)ရက်နေ့မှ (၂၀) ရက်နေ့အတွင်း အရောင်းကိုယ်စားလှယ် (NOH Agent) များနှင့် Nway Oo Ranger များထံမှသာ ကံစမ်း ဝယ်ယူသူများ အနေဖြင့် -

🎟️ NOH (၁၀) စောင် ဝယ်လျှင် - (၁) စောင် 🆓
🎁 အစောင် (၄၀) နှင့်အထက် ဝယ်ယူလျှင် - (၁)သောင်းကျပ် NOH Gift Card - ၁ ကဒ် 🆓 ရရှိမှာပဲ ဖြစ်ပါတယ်။

လူကြီးမိဘတွေကို ဂါဝရပြုဖို့ ၊ ရင်ဘက်တူ ဘက်တော်သားတွေ အမှတ်တရ ဖြစ်စေဖို့၊ ကိုယ်စီ ချစ်ခြင်းအိပ်မက်တွေ ပိုကြွယ်ဝဖို့ သီတင်းကျွတ်ကာလ အခါသမယမှာ နွေဦးထီနဲ့ အတူ ဖြတ်သန်းလိုက်ကြရအောင်။

🎇 အိမ်ပြန်ခရီးအတွက် အိပ်မက်သစ်တို့ မက်ကြစို့။

#NOHLuckyThadingyut
#NOHGiftCard
#NwayOoHti
#WeDreamBold
115👍26🥰4👌2👏1
ဂါရဝပြုပါ မြတ်မင်္ဂလာ၊ နွေဦးဘဏ်သာ ယုံကြည်ရာ။ 🙏

သီတင်းကျွတ်ရောက်တော့မှာမို့ အဘွားကို လှမ်းကန်တော့မယ်နော်လို့ပြောတော့ အဘွားကစတယ်။
“သူ့ချည်းသာလော”တဲ့
“SDB လေးနဲ့ပါအဘွား”လို့ ပြုံးရင်းပြန်ပြောလိုက်တော့ အဘွားကရယ်တယ်။

သီတင်းကျွတ်အခါသမယမှာ မိမိရဲ့ ချစ်ခင်လေးစားရတဲ့ လူကြီးမိဘတွေကို ဂါရဝပြု၊ ကန်တော့ခြင်းဟာ အလွန်ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ မရည်ရွယ်ပဲ အမှားသေးသေးလေးတွေကျူးလွန်မိခဲ့တာမျိုး ရှိတတ်တာမို့ ဝန်ချတောင်းပန်ခြင်းဟာလိုအပ်ပြီး ခွင့်လွှတ်မှုကိုလည်း တောင်းခံယူသင့်သလို၊ ကျေးဇူးသိတတ်မှုလည်း ပြသရာရောက်လို့ အလွန်ကြည်နူးဖို့ကောင်းပါတယ်။ ဒီလိုတန်ဖိုးရှိတဲ့အခါသမယလေးမှာ နွေဦးဘဏ်နဲ့ ဂါရဝပြုရင် ပိုလို့တောင်အကျိုးရှိစေမှာပါ။

ခေတ်ကာလအခြေအနေတွေကြား ချစ်ခင်ရသူတွေဝေးနေရချိန်မှာ နွေးထွေးလုံခြုံစွာ ကန်တော့နိုင်ဖို့အတွက် ပြည်သူများရဲ့ စိတ်ချယုံကြည်ရတဲ့ နွေဦးဘဏ် SDB ကို အသုံးပြုနိုင်ပါတယ်။ ငွေကြေး (၁၀)မျိုး စုံလင်စွာနဲ့ အခမဲ့ငွေလွှဲနိုင်တာမို့ ပြည်တွင်းသာမက ပြည်ပအထိဝေးနေရင်တောင် အဆင်ပြေစွာ ပေးပို့နိုင်မှာဖြစ်ပြီး လူကြီးမိဘများအကြိုက် ရွှေစုဆောင်းပေးနိုင်သလို ဘဏ်တိုးငွေအပ်နှံပေးပြီး အနာဂတ်တွေပိုခိုင်မာဖို့ ဖန်တီးပေးလို့လည်းရပါတယ်။

ဒါမှမဟုတ် မုန့်ဖိုးထည့်ပေးလိုက်နော်ဆိုပြီး ချွဲရင်း SDB Qr Code ပို့ပေးလို့လည်းရပါသေးတယ်။😉

သီတင်းကျွတ်အခါသမယမှာ ချစ်ခင်လေးစားရတဲ့လူကြီးမိဘများအတွက် နွေဦးဘဏ်နဲ့ ဂါရဝပြုရင်း နွေးထွေးကြည်နူးစရာ အမှတ်တရလေးများကိုပိုင်ဆိုင်နိုင်ကြပါစေ။ ♥️🙏

🫶 အားလုံးအတွက် နွေဦးဘဏ်
https://www.facebook.com/groups/sdbforall

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
1.29K👍304👏30🎉26🥰13🔥12👌11
🪄 နွေဦးဘဏ်ကို နေ့စဉ်အသုံးပြုဖြစ်ပြီလား ?

အောက်တိုဘာ (၅)ရက်နေ့မှ (၉)ရက်နေ့၊ ညနေ (၆)နာရီ အတွင်း ကွန်မန့်မန့်ပါဝင်သူများထဲမှ NOH Gift Card လေး အမှတ်တရလက်ဆောင်ပေးနိုင်ဖို့ ကံထူးရှင် ဦးရေ (၂၀)ကို ကျပန်း ရွေးချယ်ပြီးခဲ့ပါပြီ။ ကံထူးသူများကိုလည်း နွေဦးဘဏ် Facebook Page Messenger မှာ လက်ဆောင်ကဒ်လေး လာရောက်ထုတ်ယူဖို့ ဖိတ်ခေါ်ပါတယ်နော်။🙌

အခုလို အားတက်သရော ပါဝင်ကွန်မန့်မန့်ခဲ့ကြတဲ့ နွေဦးဘဏ်ချစ်သူအပေါင်းတို့ကို ကျေးဇူးတင်ရှိကြောင်းနဲ့ အကြံပြုချက်များမှ တဆင့်လည်း ဒီထက်ကောင်းမွန်တဲ့ ဝန်ဆောင်မှုများနှင့် အစီအစဉ်သစ်များကို လုပ်ဆောင်သွားပေးဖို့ နွေဦးဘဏ်မှ စဉ်ဆက်မပြတ် ကြိုးစားလျက်ရှိကြောင်းလည်း ပြောကြားလိုပါတယ်။ 🥰

ပြည်သူတို့ဘဏ်၊ နွေဦးဘဏ်
https://www.facebook.com/groups/sdbforall

#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
443👍116🥰9🔥3🎉3
Media is too big
VIEW IN TELEGRAM
လက်ဆောင်ပေးဖို့ Gift Card ဝယ်ရအောင်📢

@nwayoohti ရဲ့ အိပ်မက်လက်ဆောင်ကဒ် (ဒစ်ဂျစ်တယ်ငွေဖြည့်ကဒ်) အကြောင်းမသိသေးတဲ့သူတွေရဲ့ 👀

လက်ဆောင်ကဒ်ဆိုတာကဘာလဲ???

ဘာတွေလုပ်လို့ရမှာလဲ???

ဘယ်လိုဝယ်ရမှာလဲ??

အစရှိတဲ့ မေးခွန်းတွေရဲ့အဖြေဟာ ဒီ Video လေးထဲမှာရှိတာကြောင့် အားလုံးအတူတူ လေ့လာရင်း ကိုယ်တိုင်ကိုယ်ကျ Gift Card တွေဝယ်ပြီး ချစ်ရတဲ့သူတွေကို အိပ်မက်လက်ဆောင် ပေးရအောင်နော် 🎁🎁

#NOHGiftCard
#NwayOoHti
#WeDreamBold
324👍70👏10
တော်လှန်သီတင်းကျွတ် ဖြတ်သန်းရန်၊
ပေးပို့/လက်ခံ နွေဦးဘဏ် 💸

သီတင်းကျွတ်အခါသမယမှာ ချစ်ခြင်းမေတ္တာ ဖော်ပြဖို့ ၊ ပျော်ရွှင်စရာ အမှတ်တရ ကောင်းတွေ ပိုင်ဆိုင်ဖို့ အဆင်အသင့်ပဲလား?

မိသားစုဝင် မိတ်ဆွေတွေသာမက ချစ်ခင်လေးစားရတဲ့ မြေပြင်ကမောင်နှမတို့အတွက် သီတင်းကျွတ် ကုသိုလ်ပြုဖို့ဆိုရင် SDB app တခုပဲ လိုပါတယ်။

ငွေကြေးစုံလင် မုန့်ဖိုး (၁၀) မျိုး အပြင် ရွှေ တိုကင် ကိုပါ ပေးအပ်နိုင်လို့ SDB QR တစ်ခုနဲ့ ကမ္ဘာပတ်ပြီး မုန့်ဖိုး တောင်းလို့ရနေပြီနော်။ 🎉

📲 (Android 10+) application ရယူရန်
https://bit.ly/SDBandroidapp

📲 ( iOS 13+ ) application ရယူရန်
https://bit.ly/SDBiOSapp

#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
224👍52🥰5🎉4
“အမွန်မြတ်ဆုံးသော အိမ်ပြန်လက်ဆောင်” 🎁

သီတင်းကျွတ်ကာလမှာ သမားရိုးကျ လက်ဆောင် တွေထက် အနှစ်သာရ ထူးခြားတဲ့ အောင်လံလွှင့်ချီ နွေဦးထီရဲ့ NOH Gift Cardကို အိပ်မက်မက်ခွင့် လက်ဆောင် ပေးလို့ ရပါပြီ!

အနာဂတ်လမ်းပြကြယ်လေးအဖြစ် ရဲရဲတောက် အိပ်မက်တွေ ၊ စွန့်လွှတ်ပေးဆပ်ခြင်းရသတွေ နဲ့ ရေးဖွဲ့သီကုံးထားလို့ ဘယ်သူ့ကိုပဲ လက်ဆောင် ပေးပေး အဓိပ္ပါယ်တွေအပြည့်နဲ့ ခမ်းနား နေမှာပါ။

ဒါကြောင့် တက်ကုန်ဖွင့် ရွက်စုံလွှင့်ထားတဲ့ အိမ်ပြန်ခရီးကြီးရဲ့ပန်းတိုင်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြည်သူတို့နဲ့ အတူတူ အရောက်လှမ်းကြ ရအောင်လား။

#NOHGiftCard
#NwayOoHti
#WeDreamBold
188👍47🥰3
ငွေစုဆောင်းခြင်း အနုပညာ 💐

ငွေစုဖို့ကြိုးစားပေမယ့် မအောင်မြင်သေးတဲ့ သူတွေအတွက် "50-30-20 “ ဆိုတဲ့ Budget Rule လေးတခု ကို မိတ်ဆက်ပေးပါရစေ။

မိမိလစဉ် ဝင်ငွေရဲ့ 50% ကို နေ့စဉ်လိုအပ်ချက်များ အသုံးပြု၍ ရည်မှန်းချက်တွေ အတွက် 30% ကိုဖယ်ထားပြီး ကျန်တဲ့ 20% ကို စုဆောင်းပါ လို့ ဆိုပါတယ်။

ဒါကြောင့် နွေဦးဘဏ်မှာ ပမာဏတခု ကို လစဉ် အပ်နှံပြီး အနာဂတ် သူဌေးလောင်း အဖြစ် ပါဝင်လိုက်ပါ။

💰စုဆောင်း၊ မြုပ်နှံ ပြည်သူ့ဘဏ်။

📲 (Android 10+) application ရယူရန်
https://bit.ly/SDBandroidapp

📲 ( iOS 13+ ) application ရယူရန်
https://bit.ly/SDBiOSapp
#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
200👍35👌2
“အခုလဲ အခုရ” နွေဦးဘဏ် Exchange

နွေဦးဘဏ်မှာ အကောင်းဆုံး Feature တစ်ခုဖြစ်တဲ့ ကိုယ်တိုင် ဖုန်းထဲ စိတ်ကြိုက် စီမံနိုင်တဲ့ နိုင်ငံခြားငွေ လဲလှယ်ခြင်း ဝန်ဆောင်မှုရဲ့ အားသာချက်တွေကတော့ -

☑️ ငွေ (၁၀) မျိုး အပြန်အလှန် လဲလှယ်နိုင်ခြင်း

☑️ Gold Token ရွှေ ကိုပါ လဲလှယ်နိုင်ခြင်း

☑️ ပမာဏများများအတွက် priority rate ရှိခြင်း

☑️၂၄ နာရီ ပိတ်ရက်မရှိ အသုံးပြုနိုင်ခြင်း

☑️ စွန်းထင်း ၊ အတုအပ စိုးရိမ်စရာ မလိုခြင်း

☑️ တဆင့်ခံ လိမ်လည်မှု ကင်းဝေးခြင်း

စိတ်ချမြန်ဆန် နွေဦးဘဏ်။

📲 Android နှင့် iOS application ရယူရန်
https://bit.ly/SDB4all

#ChooseSDB
#realbankrealfreedom
#SpringDevelopmentBank
167👍34
တော်လှန်ဆီမီး ထွန်းညှိရအောင် 🪔

သီတင်းကျွတ်အခါသမယမှာ အမှန်တရားဘက်တော်သား ပြည်သူပြည်သားများအားလုံး ဘေးအန္တရာယ်များမှကင်းဝေးပြီး ခေတ်စနစ်ဆိုးလက်အောက်မှ အမြန်ဆုံး လွတ်မြောက်ကြပါစေလို့ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

တရားမျှတ၊ လွတ်လပ်တဲ့ အနာဂတ်အသစ်အတွက် ဓမ္မဆီမီးကို ထွန်းညှိပြီး အဓမ္မလောင်ကျွမ်းမှုများကို ငြိမ်းသက်ရင်း နွေဦးအောင်ပွဲဆီသို့ နွေဦးဘဏ်နဲ့ အတူ လျှောက်လမ်းလိုက်ကြရအောင်။

သီတင်းကျွတ်အခါသမယမှာ နွေဦးဘဏ်မှ ရင်းနှီးမြှုပ်နှံသူ ဘဏ်ရှယ်ယာရှင်များအတွက် သတင်းကောင်းတွေရှိလို့ နွေဦးဘဏ် Facebook Page မှာ စောင့်မျှော်ဖို့ မမေ့နဲ့နော် 🥳


ပြည်သူတို့ရဲ့ နွေဦးဘဏ် 🫶🏻

➡️ bit.ly/m/SDB4all

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
161👍30🥰6
ချစ်ခင်တန်ဖိုးထားရပါသော နွေဦးဘဏ်အသိုက်အဝန်းသို့

SDB နွေဦးဘဏ်နှင့် ဆက်နွှယ်သော အဖွဲ့အစည်းများနှင့် နွေဦးထီ အပါအဝင် မိတ်ဖက်အစီအစဥ်များကို အင်တိုက်အားတိုက် ဝန်းရံအားပေးမှုများအတွက် ရင်နှင့်အမျှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။  

နွေဦးဖွံ့ဖြိုးရေးဘဏ် ဒါရိုက်တာဘုတ်အဖွဲ့မှ ၂၀၂၄ ဇွန်လ ၃၀ ရက်နေ့ မှာ ပြီးဆုံးသည့် ၆ လတာ အမြတ်ဝေစုခွဲဝေခြင်းကို အတည်ပြုနိုင်ခဲ့ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။ ၂၀၂၄  ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၃၀ ရက်နေ့ အတွက် ဘဏ်ဝင်ငွေ စုစုပေါင်း USD ၅၇၈,၇၆၇  ရရှိခဲ့ပြီး အသားတင်အမြတ်အစွန်းမှာ USD ၃၆၉,၂၈၇ ဖြစ်ပါတယ်။  အသားတင် အမြတ်ငွေများ၏ ရာနှုန်းပြည့်ကို တိုကင်အစုရှယ်ယာရှင်များထံ အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း အတည်ပြုရသည့်အတွက် ဂုဏ်ယူမိပါတယ်။ သတ်မှတ်ထားသော ရက်စွဲတွင် အမြတ်ဝေစုခွဲဝေမှုများ စတင်ဖြန့်ဖြူးမည်ကိုလည်း မကြာမီ ကြေညာပေးမှာပါ။

ဒ့ါအပြင် ကျွန်ုပ်တို့၏ ဒုတိယအကြိိမ် ရှယ်ယာပိုင်ဆိုင်ခွင့် အစီအစဥ် ICO Round 2 ကို ၂၀၂၄  နိုဝင်ဘာလ ၁၅ ရက်နေ့ မှ ဒီဇင်ဘာလ ၅ ရက်အတွင်း စီစဥ်ကျင်းပရန် ဘုတ်အဖွဲ့မှ ခွင့်ပြုခဲ့သည်ကိုလည်း အသိပေးလိုပါတယ်။ ၎င်းကာလအတွင်း နွေဦးဘဏ်တွင် ….

မြန်မာဘာသာဖြင့် အသေးစိတ်ဖတ်ရှုရန်
https://www.facebook.com/SpringDevBank/posts/467515116327654

#ChooseSDB
#SpringDevelopmentBank
#RealBankRealFreedom
174👍42🔥4
ပညာလည်းရ လက်ဆောင်လည်းရမယ့် Community call 🎁

အားလုံးစောင့်မျှော်နေကြတဲ့ Community calls တွေကို SDB နဲ့ MCM တို့ပူးပေါင်းပြီး ပြုလုပ်ပေးသွားမှာပါ။
ယခုတပတ်မှာတော့
📌crypto airdrop ဆိုတာဘာလဲ
📌crypto airdrop beginner တွေအနေနဲ့ ဘာတွေဆောင်၊ဘာတွေရှောင်ရမလဲ ဆိုတာကို မျှဝေပေးသွားမှာဖြစ်ပြီး

Q&A အစီအစဉ်မှာ ကိုယ်သိချင်တာတွေမေးလို့ရသလို ပေါ့ပေါ့ပါးပါးမေးခွန်းလေးတွေကို ပျော်ပျော်ရွှင်ရွှင်ဖြေရင်း ဆုလက်ဆောင်တွေလည်းပေးမှာမို့ အောက်ဖော်ပြပါ link မှတဆင့် လာရောက်နားဆင်ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ 🌟

October 20 ရက် ည 8 နာရီ
👉https://t.me/SpringDevBank?livestream

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
114👍24👏7
တော်လှန်မွေးနေ့ ရှင် ကိုမင်းကိုနိုင်

ယနေ့ကျရောက်သော မွေးနေ့မှစ၍ ပြည်သူ့မေတ္တာ လွှမ်းခြုံကာ သက်ရှည်ကျန်းမာပြီး ဘေးကင်းလုံခြုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ယခုလို ခေတ်စနစ်ဆိုးကို ညီညာပြိုင်တူတွန်းလှန်ရင်း ရင်ဘက်သံစဉ်ညှိတဲ့ပွဲမှာ တရားတဲ့ဘက် အမြဲရပ်တည်ခဲ့သူများနဲ့ အတူ ချီတက်ရတဲ့အတွက် ဂုဏ်ယူမိသလို၊ နွေဦးဘဏ်နဲ့တကွ ပြည်သူများမှလည်း ဘဏ္ဍာရေးလမ်းကြောင်းပေါ်မှ အရွေ့တစ်ခုဆီသို့ ရောက်အောင် မရပ်မနား ကြိုးစားလျက်ရှိပါတယ်။

လွတ်လပ်တဲ့အနာဂတ်ဆီသို့ တဘက်တည်းအတူရပ်ပြီး အောင်ပွဲကို လှမ်းကြပါစို့။

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
218👍28🥰17
နွေဦးဘဏ်ရဲ့ ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုကြတဲ့ တစ်ဦးချင်းစီကို ကျေးဇူးတင်ရှိပါတယ်။ 😍

မှတ်ချက်များကိုလည်း အမြဲမပြတ်လေ့လာနေပြီး ပိုမိုကောင်းမွန်သော ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်အောင် ဆက်လက်ကြိုးစားလျက်ရှိပါတယ်နော်။ 🫶🏻

နွေဦးဘဏ်ချစ်သူတို့လည်း နီးစပ်ရာ မိသားစု၊ မိတ်ဆွေတွေကို SDB အကောင့်အခမဲ့ဖွင့်ပြီး အသုံးပြုဖို့ ဝိုင်းဝန်း တိုက်တွန်းကြရအောင်။ 💪

ငွေကြေးစီမံ၊ လွတ်လပ်ဧကန်၊ နွေဦးဘဏ်။
📲 bit.ly/m/SDB4all

#realbankrealfreedom
#springdevelopmentbank
#chooseSDB
124👍20🥰6
Are you ready for tonight? 🤩

ဒီညမှာ SDB နဲ့ MCM ကပူးပေါင်းပြုလုပ်ပေးမယ့် Community Call ကို လူတိုင်းပျော်ပျော်ရွှင်ရွှင် အခမဲ့နားဆင်ပါဝင်ခွင့်ရရှိမှာဖြစ်ပြီး Crypto Airdrop အကြောင်းကို ဘာသင်တန်းမှတက်စရာမလိုပဲ နားလည်သွားနိုင်တဲ့ အထူးအခွင့်အရေးနဲ့အတူ လက်ဆောင်တွေလဲပေးဦးမှာဆိုတော့ အောက်ကလင့်လေးကို ဒီည ၈နာရီမှာ ပျော်ပျော်ကြီး Join ကြဖို့ မမေ့နဲ့နော်။

October 20 ရက်၊ (မြန်မာစံတော်ချိန် ည 8 နာရီ)
👉https://t.me/SpringDevBank?livestream

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
107👍34🥰4👌3
အနာဂတ်အတွက် စုကြသူများ 🌟

ငယ်ရွယ်ထက်မြက်တဲ့ IT ပညာရှင်လေးက တနေ့မှာ အိမ်အကြီးကြီးနဲ့ နေချင်မယ်။
ကျောင်းပြီးစ လူငယ်လေးက ကိုယ်ပိုင်စီးပွားရေးသမား တယောက်ဖြစ်ချင်မယ်။
မိခင် က သားရဲ့ ပညာရေးအတွက် အကောင်းဆုံး တက္ကသိုလ် ပို့ချင်မယ်။
ချစ်သူစုံတွဲတွေ က ဝါကျွတ်ရင် ခမ်းခမ်းနားနား မင်္ဂလာဆောင်ချင်မယ်။

နည်းပညာတွေ ဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ လိုချင်တက်မက်စရာ ၊ ရုပ်ဝထ္ထု ပစ္စည်းတွေလည်း များပြားလာသလို ကိုယ့် အိပ်မက်တွေကလည်း စျေးကြီးလာတယ်။ ကိုယ့်အနာဂတ်၊ ကိုယ့်သားသမီး အနာဂတ် ကို ထုဆစ်ဖို့ အတွက် စည်းစနစ်ကျတဲ့ ငွေကြေးသုံးစွဲမှုဟာ အရေးကြီးတယ်။

နေရိပ်အလာ၊ နေပူမှ စောင့်ဆိုသည့်အတိုင်း လိုချင်တပ်မက်မှုနောက်ကို အစဥ်တစိုက် မလိုက်ဘဲ လစဥ်ဝင်ငွေထဲမှ တစိတ်တပိုင်းကို စုငွေအဖြစ် ဖယ်ထားလျှင် လပေါင်းများစွာကြာလာတာနဲ့ အမျှ စုဆောင်းထားရှိသည့်ငွေတွေလည်း တိုးပွားလာမယ်။

ငွေစုရတာ ပျင်းစရာမကောင်းအောင် မိမိ မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ group လေးဖွဲ့ပြီး ကိုယ့်အိပ်မက်တွေအကြောင်းဖလှယ်ရင်း အချင်းချင်းအားပေးကြမယ်။ ငွေ စုဆောင်းနိုင်တဲ့ လမ်းကြောင်းလေးတွေ ရှာဖွေကြမယ်။ နောင်တချိန်ရလာမယ့် အသီးအပွင့်တွေ အတွက် အတူရင်ခုန်ကြမယ်။

စုဆောင်းမှု အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ရင်း ကိုယ့်အနာဂတ်၊ ကိုယ် မျိုးဆက်အနာဂတ်တွေအတွက် နွေဦးဘဏ်နဲ့အတူ ရင်းနှီးမြှပ်နှံကြရအောင်။ 💪

အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#chooseSDB
#SpringDevelopmentBank
#RealBankRealFreedom
135👍24🎉6
Live stream started
Live stream finished (1 hour)
အနာဂတ်ကိုပန်းခင်း နွေဦးNeo Banking 🏦

ငွေကြေးသုံးစွဲနေသူတိုင်း မဖြစ်မနေသိထားသင့်တဲ့ -
📌Neo Banking ဆိုတာဘာလဲ ၊ ဘယ်လိုပါ၀င်နိုင်ကြမလဲ?
📌ပြည်တွင်းလုပ်ငန်းနဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးကို ဘယ်လိုအထောက်အကူပြုမလဲ?
📌နည်းပညာနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ အကျဥ်းချုပ်
📌Neo Banking နဲ့ Traditional Banking ကွာခြားချက်များနှင့်အတူ ဉာဏ်စမ်းလေးတွေဖြေရင်းလက်ဆောင်ရယူဖို့ ဖိတ်ခေါ်လိုက်ပါတယ် 😍

October 23၊ (မြန်မာစံတော်ချိန် ည ၈ နာရီ)
👉 https://t.me/SpringDevBank?livestream

#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
94👏12👍10
ရန်သူက ရန်သူအလုပ်လုပ်နေတဲ့ အချိန် ပူဆွေးပျော့ညံ့ခြင်းတွေကို မီးစာအဖြစ် လောင်ကျွမ်း တောက်လောင်ဖို့ လိုပါတယ်။

လတ်တလော ဖြစ်ခဲ့တဲ့ ဘုတလင်မှ အဖြစ်ဆိုးမျိုးဟာ ရက်စက်မှုကမ်းကုန်တဲ့ မိစ္ဆာဘီလူးတွေကို အပြီးတိုင် ပျောက်ကွယ်စေဖို့ ဓမ္မဘက်တော်သားတွေရဲ့ ရင်တွင်းခံယူချက်တွေ ပိုပြီး ထင်ရှားပြင်းပြလာစေတယ်။

စည်းကမ်းပြည့်ဝပြီး သာယာငြိမ်းချမ်းတဲ့ မျိုးဆက် အနာဂတ် ကို တဖန် မွေးဖွားသန့်စင်ဖို့ မကြာမီ ကျရောက်လာမယ့် နွေဦးဘဏ် ICO Round 2 မှာ အသင့်ဖြစ်အောင် မောင်းတင်ပြီး ပါဝင် ချီတက်ကြရအောင်။

Get Ready and Stay Tuned.

အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#ICOround2 #chooseSDB
137👏20👍13🥰3🔥2