Spring Development Bank
20.5K subscribers
1.67K photos
83 videos
856 links
Discover the First Neo Bank for Myanmar.
Download Telegram
“လက်တကမ်းမှာ ရွှေစုမယ်”

ငွေကြေးဖောင်းပွမှုတွေကိုတားဆီးဖို့ နည်းလမ်းကောင်းတခုအဖြစ် SDB နွေဦးဘဏ်မှာ ကမ္ဘာ့ရွှေ စျေးနှုန်းအတိုင်းရောင်းချပေးနေတဲ့ ဒစ်ဂျစ်တယ်ရွှေတိုကင်တွေကို စိတ်တိုင်းကျ ဝယ်ယူနိုင်ပါတယ်။

ဒါ့အပြင် စာရင်းသေအပ်ငွေမှာ နှစ်စဥ် ၊ လစဥ်ရွေးချယ်ပြီးတော့လည်း ရွှေစုရင်းအတိုးယူနိုင်တာမို့ အခုပဲ အကောင့်ဖွင့်ပြီး ရွှေတရွေးမှစ၍ စုဆောင်းလိုက်ကြရအောင်နော်။

📲 Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

📲 iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
44👍12🥰1
“နာကျည်းမှုတွေကို ဘူးသပိတ်နဲ့ တုန့်ပြန်ကြမယ်”

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စကစရဲ့အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆုံးရှုံးသွားရတဲ့ အသက်အိုးအိမ်တွေအတွက် ပြည်သူလူထုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်။

တိုင်းပြည်အနာဂတ် မျိုးဆက်သစ်လူငယ်တွေထပ်ပြီးမဆုံးရှုံးရအောင် မိမိရဲ့ချွေးနဲစာတွေကို တပြားတကျပ် မှ ဖက်ဆစ်ဝင်ငွေထဲ မစီးဆင်းစေဖို့အတွက် ဒီနေ့ကစပြီး ပြည်သူ့ဘဏ္ဍာတည်ဆောက်ရေးမှာ အင်တိုက်အားတိုက် ပါဝင်ကြရအောင်။

ငါတို့မှာ ငါတို့ပဲရှိလို့ ငါတို့ရင်သွေးတွေကို ဘူးသပိတ်နဲ့ကာကွယ်ပြီး ပြည်သူ့အင်အားပြသကြမယ်။

အရေးတော်ပုံ မုချအောင်ရမည်။

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
👍5517👌1
“၂၅% ကန့်သတ်မှု ကင်းမဲ့ဇုန်”

ပြည်ပရောက်ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေအနေနဲ့ မိမိရဲ့လုပ်အားခကို မိသားစုထံသို့ အပြည့်အဝ ရောက်ရှိနိုင်ဖို့အတွက် လုံခြုံစိတ်ချရပြီး အခွန်အခတွေအပြင် ငွေလွှဲဝန်ဆောင်ခ လုံးဝပေးဆောင်စရာမလိုတဲ့ SDB နွေဦးဘဏ်က ကြိုဆိုနေပါတယ်။

မတရားမှုကိုခေါင်းငုံ့မခံဘဲ မိမိဆန္ဒအလျောက် နွေဦးဘဏ် နဲ့အတူ ရပ်တည်ပြီး လွတ်လပ်မှုအတွက် တိုက်ပွဲဝင်လိုက်ပါ။

လွတ်လပ်ဧကန် နွေဦးဘဏ်

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
👍7228🔥2👏1👌1
“အိမ်ပြန်လမ်းအမြန်ရောက်ဖို့ SDB နဲ့ ထောက်ပို့”

နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းတွေကြိုးပမ်းမှုကြောင့် အခုဆိုရင် အိမ်ပြန်လမ်းကိုလှမ်းမြင်နေရပါပြီ။

အိမ်ကိုအမြန်ဆုံးပြန်ရောက်နိုင်ဖို့ အတွက်ဆို သူရဲကောင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အဓိကလိုအပ်ပါတယ်။

ဒါကြောင့် SDBကိုသုံးပြီး နွေဦးတော်လှန်ရေးမှာ ရွပ်ရွပ်ချွံချွံ
တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေကို အားလုံး ဝန်းရံထောက်ပို့ကြပါစို့။

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
👍619🥰2
Hello Hello နွေဦးဘဏ်နဲ့ ခရစ်ပတိုချစ်သူတို့ရေ..

People Power P2P (Bybit with SDB) ကမ်ပိန်းလေးမှာ ပါဝင်အောင်မြင်ခဲ့သူတွေကို USD လက်ဆောင်တွေ ပေးပို့ပြီးပြီဖြစ်တာမို့ Email လေးတွေ စစ်ကြည့်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးချင်ပါတယ်။

ကမ်ပိန်းလေးမှာ ပါဝင်ခဲ့ပြီး အခုထိ လက်ဆောင် မရသေးတဲ့သူတွေရှိရင်လည်း Claim Form လေးဖြည့်ပေးဖို့ မမေ့နဲ့ဦးနော်။
Reward Claim ရန် - bit.ly/BybitxSDBclaim

ခရစ်ပတိုချစ်သူတွေအနေနဲ့ နောက်ထပ်ဘယ်လိုကမ်ပိန်းလေးတွေ မျှော်လင့်ထားလဲဆိုတာကို ဒီ Post လေးရဲ့ Comment မှာ ချရေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။

#PeoplePowerP2P #BybitxSDBcampaign
#SpringDevelopmentBank #chooseSDB
36👍2
🤔 နွေဦးထီ ဘယ်လိုထိုးရမလဲ​ ?

လစဥ်ကံထူးသူတွေကြားမှာ ဒီလမှစ ပါဝင်ကံစမ်းချင်သူများအတွက် နွေဦးထီဝယ်ယူနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။

နွေဦးထီကို ယခင်လများမှာ -

SDB အကောင့်မှတဆင့် ငွေဖြည့်ပြီး - နွေဦးထီ Web App မှာ ကိုယ်တိုင်ဝယ်ယူနိုင်သလို၊
နွေဦးထီကိုယ်စားလှယ် (NOH Agents) များကို ဆက်သွယ်ပြီးတော့လည်း လွယ်ကူစွာ ကံစမ်းနိုင်ပါတယ်။

ဒီလမှာတော့ ဖော်ပြပါနည်းလမ်းများအပြင် -
ကိုယ်စားလှယ်များထံမှ နွေဦးထီလက်ဆောင်ကဒ် NOH Gift Card နဲ့ ဝယ်ယူငွေဖြည့်ပြီး - Web App မှာ စိတ်ကြိုက်နံပါတ်ရွေးချယ်ဝယ်နိုင်သလို
လက်ဆောင်ရတဲ့ နွေဦးထီ Gift Card ကို အသုံးပြုပြီးတော့လည်း ကိုယ်တိုင်ကိုယ်ကျ နွေဦးထီထိုးနိုင်ပါပြီ။

ကဲ ဒါဆိုရင်တော့ တစ်စောင်ကို မြန်မာငွေ ၂၀၀၀ ကျပ်နဲ့ နွေဦးထီကံစမ်းဖို့ နည်းလမ်းလေးတွေလည်း ဖော်ပြပေးပြီးဖြစ်လို့ လွယ်လွယ်ကူကူနဲ့ နွေဦးထီကံစမ်းနိုင်ပြီလို့ ယုံကြည်ပါတယ်နော်။

အနာဂတ်အိပ်မက်တွေ နွေဦးထီနဲ့ ခပ်ရဲရဲမက်လိုက်ကြရအောင်လား။

#ဒို့ထီဒို့အနာဂတ်
#WeDreamBold
#NwayOoHti
47🥰2
အိမ်ပြန်လမ်း ခရီးအတွက် တောင်တန်းမြေပြန့် စုပေါင်းအင်အားနဲ့ ဖက်ဆစ် စကစကို တွန်းလှန်ဖို့အတွက် အထိရောက်ဆုံး ဘဏ္ဍာရေးဗျူဟာအသစ် တွေ လာတော့မှာဖြစ်ပါတယ်။

နွေဦးဘဏ် အကောင့်ရှိထားသူတွေ အတွက် မကြာမီ ရောက်ရှိလာမှာမို့ နောက်ဆုံးပန်းတိုင်လှိုင်းမှာ ဝိုင်းဝန်း ပါဝင် ကူညီပေးသွားကြဖိို့ တိုက်တွန်းအပ်ပါတယ်နော်။

SDB အကောင့်ဖွင့်နည်း Video
https://www.facebook.com/SpringDevBank/videos/820120973375392

Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

လွတ်လပ်ဧကန် နွေဦးဘဏ်
#realbankrealfreedom
#SpringDevelopmentBank
#ChooseSDB
68👍2🥰2👌2
❤️‍🩹 ရေဘေး စစ်ဘေး ရှောင်နိုင်ရေး ၊ ထောက်ပံ့စာနာ ကူညီပေး

ပြည်သူအပေါင်း ပင်ပန်းကြီးစွာ ကြုံတွေ့နေရတဲ့ ဖက်ဆစ်ကောင်စီရဲ့အကြမ်းဖက်မှုများကိုသာမက သဘာဝတရားရဲ့ ရိုက်ခတ်မှုဒဏ်များ ကိုပါ ရင်ဆိုင်နေရပါတယ်။

လက်ရှိ ရေဘေးသင့်နေတဲ့ မြို့နယ်များအတွက် နိုင်ငံအရပ်ရပ်မှ နွေဦးဘဏ်မိသားစုနှင့် အသုံးပြုသူများအနေနဲ့ ဆုတောင်းမေတ္တာ နွေးထွေးမှုတွေ နဲ့အတူ ငွေကြေးစုံလင်စွာနဲ့ SDB မှ လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေ အဖြစ် Ministry of Humanitarian Affairs and Disaster Management - NUG ဖြင့် ချိတ်ဆက်ပြီး လိုအပ်သည့် လုပ်ငန်းစဉ်များအတိုင်း ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့အထိ ကောက်ခံသွားမှာဖြစ်လို့ SDB app မှာ ဖော်ပြပါ QR မှ Scan ဖတ်ပြီး ပါဝင်နိုင်သလို အောက်ပါအတိုင်း ဝိုင်းဝန်းပေးပို့ လှူဒါန်းနိုင်ဖို့ အသိမိတ်ဆွေများကိုလည်း တိုက်တွန်းနှိုးဆော် နိုင်ပါကြောင်း အထူး မေတ္တာရပ်ခံလိုပါတယ်။

📩 SDB Humanitarian Support Fund
username : sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c

🫶အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
57👍8🥰1
ရေဘေး စစ်ဘေး ရှောင်နိုင်ရေး ရန်ပုံငွေ ကောက်ခံရရှိမှု စာရင်းများ ❤️‍🩹

လက်ရှိ ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ ၁၃ ရက်နေ့ ညနေ မြန်မာချိန် ၉ နာရီ အထိ နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ စုပေါင်းမေတ္တာ ထက်သန်စွာ လှူဒါန်းကြသော လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေများကို ငွေကြေးစုံလင်စွာဖြင့် ပျမ်းမျှ ငွေကျပ် တန်ဖိုး ၄၅,၃၁၁,၂၆၃ ( ကျပ် သိန်းပေါင်း ၄၅၀ ကျော် ခန့် ) လက်ခံရရှိနိုင်ခဲ့ပါတယ်။

၎င်း ရန်ပုံငွေများကို Ministry of Humanitarian Affairs and Disaster Management - NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန မှ တဆင့် မြေပြင်အဖွဲ့အစည်းများအထိ သင့်တော်သည့် လုပ်ငန်းစဥ်များအတိုင်း အမြန်ဆုံး ထောက်ကူနိုင်ဖို့ လွှဲပြောင်း ပို့ဆောင်ရန် ပြင်ဆင်လျက် ရှိပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့အထိ ရန်ပုံငွေ ကောက်ခံသွားမှာဖြစ်လို့ နီးစပ်ရာ SDB အသုံးပြုသည့် မိတ်ဆွေများကိုလည်း ဆက်လက် တိုက်တွန်းနှိုးဆော် နိုင်ပါကြောင်း အသိပေးအပ်ပါတယ်နော်။

📩 SDB Humanitarian Support Fund
username : sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c

🫶အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
👏5731👍3🔥3🎉3
Update : ရေဘေး စစ်ဘေး ရှောင်နိုင်ရေး ရန်ပုံငွေ ကောက်ခံရရှိမှု စာရင်းများ

စက်တင်ဘာ ၁၄ ရက်နေ့ ညနေ မြန်မာချိန် ၆ နာရီ အထိ နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ စုပေါင်းမေတ္တာထက်သန်စွာ ငွေကြေးစုံလင်စွာဖြင့် လှူဒါန်းကြသော လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ များကို လဲလှယ်ပြီးနောက် စုစုပေါင်း ငွေကျပ် တန်ဖိုး ၉၀,၀၀၀,၀၀၀ (ကျပ် သိန်းပေါင်း ၉၀၀ တိတိ) ကို Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ လွှဲပြောင်း ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။ ရေဘေးသင့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ် လိုအပ်ချက်များအလိုက် သက်ဆိုင်ရာကဏ္ဍ အသီးသီးရှိ မိတ်ဖက်အဖွဲ့အစည်းများမှ မျှဝေသုံးစွဲသွားမှာ ဖြစ်ပါတယ်။

ကျန်ရှိ ငွေကြေးအလိုက် ပမာဏများကိုလည်း စက်တင်ဘာလ ၂၀ ရက်နေ့အထိ လက်ခံရရှိသွားမည့် ရန်ပုံငွေ နဲ့အတူ ထပ်မံ လွှဲပြောင်းပေးပို့နိုင်ရန် ဆက်လက်ပြီး တတပ်တအား ပါဝင်ထောက်ကူဖို့ တိုက်တွန်းအပ်ပါတယ်နော်။

📩 SDB Humanitarian Support Fund
username : sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c

🫶အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
65👏20👍10
လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေ စာရင်း update

ရေဘေးသင့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကဏ္ဍ အလိုက် မျှဝေသုံးစွဲသွားနိုင်ရန် Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ စက်တင်ဘာ ၁၅ ရက်နေ့ ညနေ မြန်မာချိန် ၅ နာရီ အထိ ကောက်ခံရရှိ ရန်ပုံငွေ ကို လဲလှယ်ပြီးနောက် စုစုပေါင်း ကျပ် တန်ဖိုး ၈၀,၀၀၀,၀၀၀ (ကျပ် သိန်းပေါင်း ၈၀၀ တိတိ) ကို ထပ်မံ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါတယ်။

နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ ငွေကြေးစုံလင်စွာဖြင့် လှူဒါန်းကြသော ကျန်ရှိ ပမာဏများနှင့်အတူ စက်တင်ဘာလ ၂၀ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်၍ ဆက်လက်ပြီး စုပေါင်းမေတ္တာ ထက်သန်စွာ ပါဝင် ထောက်ကူကြဖို့ အသိပေးအပ်ပါတယ်နော်။

📩 SDB Humanitarian Support Fund
username : sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c

🫶အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
55👏6🥰1
လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေ update ❤️‍🩹

ရေဘေးသင့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး အလိုက် မျှဝေသုံးစွဲသွားနိုင်ရန် Ministry of Humanitarian Affairs and Disaster Management - NUG ထံသို့ စုစုပေါင်း ငွေကျပ် တန်ဖိုး ၁၇၀,၀၀၀,၀၀၀ (ကျပ် သိန်းပေါင်း ၁၇၀၀ တိတိ) ကို ၃ ရက်
အတွင်း လွှဲပြောင်းပေးအပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ ညနေ မြန်မာချိန် ၇ နာရီခွဲ အထိ ကျန်ရှိပမာဏများမှာလည်း အောက်ပါ ငွေကြေးအတိုင်း ပျမ်းမျှ ကျပ်ငွေ သိန်း ၂၅၀ ခန့် လက်ခံရရှိထားပါတယ်။


တိုင်းပြည် ကပ်ဘေးကြုံတွေ့တဲ့အချိန်တိုင်း နွေဦးဘဏ် အသုံးပြုသူ မိသားစုဝင်များမှ ငွေကြေးစုံလင်စွာဖြင့် အုတ်တချပ်သဲတပွင့် လှူဒါန်းကြသည့် အယောက်ဆီတိုင်းရဲ့ စုပေါင်း အင်အားကို များစွာ ဂုဏ်ယူမိပြီး တော်လှန်ပီတိ ဖြစ်ကြမယ်လို့လည်း ယုံကြည်ပါတယ်။

ခရစ်ပတိုအသုံးပြုသူများအနေနဲ့ USDT ဖြင့် လှူဒါန်းလိုပါကလည်း အောက်ပါ အတိုင်း ၂၀ ရက်နေ့အထိ သဒ္ဓါ ထက်သန်စွာ ပါဝင်ထောက်ကူကြဖို့ တိုက်တွန်းအပ်ပါတယ်နော်။

SDB နဲ့ ပါဝင်လိုပါက >>>

Spring Development Bank
username : sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c


USDT နဲ့ လှူဒါန်းလိုပါက >>>

Wallet Address :
0xa186a8cDC7f08a329Ef63BF07a3ee8B2a0296aF7

Network Available :
☑️ Binance Smart Chain
☑️ Ethereum
☑️ Polygon

🫶အားလုံးအတွက် နွေဦးဘဏ်
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
54👍7
စိတ်ကြိုက် ကူညီ၊ လှူဒါန်း၊ ထောက်ပို့နိုင်တဲ့ နွေဦးဘဏ် 

၂၀၂၁ က စပြီး ဖိနှိပ်ကန့်သတ်မှုတွေကြားမှာ ရောဂါဘေး၊ စစ်ဘေး ၊ ကပ်ဘေး အန္တာရာယ် တစ်ခုခုကြုံလာတိုင်း လူသားချင်းစာနာမှုမရှိတဲ့ စကစ နဲ့အတူ လက်ဝေခံ ဘဏ်တွေကတော့ အကောင့်တွေကိုပိတ်၊ ငွေကြေးကိုချုပ်နှောင်၊ မတရားစွာ ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ဖမ်းဆီးလျက်ရှိနေဆဲပါ။ 

ခုလို ဝမ်းနည်းဖွယ်ကာလမှာ ကြားသိရတဲ့ "ရေဘေးအလှူ" မှတ်ချက်များကို လွတ်လပ်စွာ ရေးသားခွင့် ပျောက်ကွယ်ပြီး ချွေးနဲစာများလည်း ဆုံးရှုံးနေရပါတယ်။ 

ဒါကြောင့် မိမိပိုင်ဆိုင်မှုများကို အလေအလွင့် မရှိရလေအောင် ငွေကြေးစုံလင်တဲ့ SDB ကို အသုံးပြုပြီး အလိုဆန္ဒရှိရာ ဒေသများဆီ ပို့ဆောင်နိုင်သလို Notes မှာလည်း စိတ်ကြိုက်ရေးသားပြီး လှူဒါန်း ၊ စာနာ ၊ လက်ကမ်းနိုင်တဲ့အတွက် ဘက်စုံသုံး နွေဦးဘဏ် ကိုသာ ရွေးချယ်သင့်ကြောင်း ကို ထပ်လောင်း တိုက်တွန်းအပ်ပါတယ်။ 

ပြည်သူတွေမှာ ပြည်သူတွေပဲရှိတယ်၊ ပြည်သူ့ဘဏ် SDB နဲ့ အတူ ရပ်တည်ကြရအောင်။

📩 SDB Humanitarian Support Fund
username : @sdbhsfund
UID: 2cbade92-e18e-40aa-869e-65e7fbaa091c

🫶အားလုံးအတွက် နွေဦးဘဏ် 
https://bit.ly/m/SDB4all

#ChooseSDB
#SpringDevelopmentBank
👍4319🥰1
“အခမဲ့အကောင့်ဖွင့်၊ အခမဲ့ ငွေလွှဲ”

ကိုယ်ပိုင် E-mail တစ်ခုရှိရုံနဲ့ SDB အကောင့် အခမဲ့ဖွင့်နိုင်သလို၊ SDB အကောင့်တစ်ခုရှိထားရုံနဲ့ အချိန်မရွေး၊ နေရာမရွေး မိမိအလိုရှိရာနေရာကို အခကြေးငွေ ပေးဆောင်စရာမလိုပဲ စိတ်တိုင်းကျ ငွေလွှဲနိုင်ပါတယ်။

နွေဦးဘဏ်နှင့်အတူ အခမဲ့ ဝန်ဆောင်မှုတွေ ရယူပြီး လွတ်လပ်တဲ့ အနာဂတ်ဆီသို့ စိတ်ချလုံခြုံစွာ လျှောက်လှမ်းလိုက်ရအောင်။

📲 Android application ရယူရန် (Android 10+)
https://bit.ly/SDBandroidapp

📲 iOS application ရယူရန် ( iOS 13+ )
https://bit.ly/SDBiOSapp

#realbankrealfreedom
#SpringDevelopmentBank
#chooseSDB
57👏5👍1